29/08/2026
🧘♀️🧘♂️🧘
ခန္ဓာကိုယ်အတွက်အချိန်ပေးသင့်ပြီ စောင့်ရှောက်သင့်ပြီလို့ အတွေးလေးဝင်လာရင် ယောဂကို ရွေးချယ်လိုက်ပါ။ စိတ်ကျေနပ်မှုရမှာ အသေအချာပါပဲနော်။
စက်တင်ဘာလ အတွက် Yoga Online Class လေးတွေ အပ်လို့ရပါပြီရှင် ။ ဒီလမှာ အတန်းသစ်လေးတစ်တန်းထပ်တိုးထားပါတယ်နော်။
Weekend Morning Class (Beginner)
Sat & Sun
6:30 Am to 7:30 Am
စနေ ၊တနင်္ဂနွေ အားလပ်ရက်လေးမှာ ကိုယ့်ရဲ့လုပ်ငန်း ဆောင်တာလေးတွေ မထိခိုက်စေပဲ ကျန်းမာရေးအတွက် လုပ်လို့ရတဲ့ မနက်အစောပိုင်းအချိန်လေးပါရှင်။
Weekend Evening Class ( Intermediate)
Sat ,Sun
7:00 Pm to 8:00 Pm
ရုံးမသွားခင် ဒါမှမဟုတ် ကိုယ့်ရဲ့တနေ့တာကို အားအင်အပြည့်နဲ့ ဖြတ်သန်းချင်သူတွေအတွက် သင့်တော်တဲ့အတန်းလေးပါရှင်
Weekday Morning Class (All levels )
Mon & Tue
6:00 Am to 7:00 Am
ဒီအတန်းလေးကတော့ ရုံးချိန်လွတ်ဖြစ်ပြီး တနေ့တာလှုပ်ရှားမှုတွေကြားထဲ တင်းမာမှုတွေကိုဖြေလျှော့ပေးဖို့အတွက် အရမ်းအဆင်ပြေသောအတန်းလေးပါရှင်။
Weekday Evening Class (All levels )
Thur & Fri
7:00 Pm to 8:00 Pm
စနေ၊ တနင်္ဂနွေကို တခြားလူမူဆောင်တာကိစ္စတွေအတွက် အပြည့်အဝအချိန်ဖယ်ထားချင်တဲ့သူတွေအတွက် ကြားရက်အတန်းလေးဖြစ်ပါတယ်ရှင်။
***အွန်လိုင်း အတန်းချိန်လေးတွေအားလုံးက မြန်မာစံတော်ချိန်အတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်ရှင်။
တစ်ယောက်တည်း သီးသန့်သင်ကြားချင်သူများအတွက်လဲ ကိုယ်လိုချင်တဲ့ အချိန်ညှိပြီး သင်ကြားပေးနေပါတယ်ရှင်။ဘန်ကောက်မှာနေတဲ့ မြန်မာတွေအတွက် အပြင်သီးသန့်အတန်း၊ အဖွဲ့လိုက်အတန်း လေးတွေလည်းရှိပါတယ်ရှင့်။ သီးသန့်လေ့ကျင့်ချင်သူအများအတွက် ကိုယ်လေ့ကျင့်ချင်တဲ့အချိန်နဲ့ ရက် ညှိယူလို့ရပါတယ်ရှင်။
#ယောဂ
Instructor Gi
28/08/2026
မွေးနေ့အမှတ်တရလုပ်ဖြစ်ခဲ့တဲ့ August Free Class ကနေရတဲ့ အသီးအပွင့်လေးတွေပါ။ တန်ဖိုးထားတက်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အကြောင်းမတိုက်ဆိုင်လို့ မတက်နိုင်ခဲ့တဲ့သူတွေနဲ့လဲ အကြောင်းတိုက်ဆိုင်တဲ့တစ်နေ့ ပြန်ဆုံချင်ပါတယ်ရှင်။
03/08/2026
🧘♀️🧘🧘♂️Online Free Yoga Class လေး သတ်မှတ်လူဦးရေပြည့်သွားပါပြီရှင်။ လာတဲ့သူတိုင်းကိုပြည့်ပြည့်ဝဝလေးရစေချင်တာမို့ လူအရမ်းမများသွားခင် မန့်လေးပိတ်လိုက်ရပါတယ်။ Post ကို Share ပေးကြတဲ့ ချစ်ခင်ရသူတွေရော စိတ်ဝင်တစား လာ စာရင်းပေးကြတဲ့ ယောဂချစ်သူအားလုံးကိုရော ကျေးဇူးတင်ပါတယ်ရှင် ။ 🙏🙏🙏
03/08/2026
Edited သတ်မှတ်လူဦးရေ ပြည့်သွားပြီမို့လို့ မန့်လေး ပိတ်လိုက်ပါပြီရှင် ။
🪷🪷🪷ဂီ့ရဲ့ မွေးလလေးဖြစ်တဲ့ August လ မှာ Yoga Free Class လေး ပေးဖို့ စီစဉ်ထားပါတယ်။ ဒီလရဲ့ Free Class ကို လာတက်တဲ့သူတွေထဲကမှ ၃ ယောက်ကိုရွေးပြီး နောက်ထပ် ၃ လ ကို Inner Space ရဲ့ ပုံမှန်အတန်းချိန်တွေမှာ Free ထပ်တက်ခွင့်ရမယ့် အခွင့်အရေးလဲ ပေးပါမယ်။ ယောဂကို တကယ်လိုလားလားနဲ့ လေ့ကျင့်ချင်တဲ့သူ ဘယ်သူမဆို လာရောက်လေ့ကျင့်နိုင်ပါတယ်။ Free Class အတန်းချိန်နဲ့ရက်ကို comment မှာ မန့်ထားပေးပါတယ်။ ဂီနဲ့အတူယောဂကျင့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် Join လို့မန့်ပေးပါ ။ Zoom ID & Passcode လေး messenger က တစ်ဆင့်ပို့ပေးပါမယ်။ အတန်းရက်နဲ့အချိန်က ကိုယ့်အတွက် အဆင်ပြေတာသေချာမှ လာပေးပါရှင် ။ လေ့ကျင့်သူတွေအနေနဲ့ အတန်းချိန်မှာ စိတ်ပါဝင်စားစွာနဲ့လေ့ကျင့်ပေးဖို့ကလွဲလို့ ဘာမှပြန်လုပ်ပေးစရာမလိုပါဘူးရှင် ။ ဝန်ထမ်းတွေလဲ အဆင်ပြေအောင် ကလေးမေမေတွေ ၊ အိမ်ရှင်မတွေလဲ အဆင်ပြေအောင် နှစ်ရက်ကို အချိန်မတူအောင် ခွဲပေးထားပါတယ်ရှင်။ အဆင်ပြေတဲ့ ၁ ရက် ဒါမှမဟုတ် ၂ ရက်လုံးတက်လို့ရပါတယ်နော် ။ ယောဂကို တန်ဖိုးထားမြတ်နိုးစွာလေ့ကျင့်ချင်သူ ယောဂီ အားလုံးကို ဖိတ်ခေါ်ပါတယ်နော် ။🪷🪷🪷
Instructor Gi
🪷🪷🪷
31/07/2026
ဘယ်လိုစိတ်နဲ့ယောဂလေ့ကျင့်မလဲ
ယောဂကျင့်ဖို့ ဘယ်လိုအခြေအနေ ဘယ်လိုအကြောင်းတရားတွေကြောင့် စပြီးကျင့်ဖြစ်ခဲ့တာလဲ ။ လက်ရှိမှာရော ဘယ်လိုစိတ်နဲ့ယောဂလေ့ကျင့်ဖြစ်နေလဲ ။ ယောဂီတို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြရအောင်။ အညောင်းအညာပြေဖို့ ၊ပိုကျန်းမာချင်လို့၊ကိုယ့်အတွက်တစ်ခုခုမှာအချိန်ပေးပြီးသေချာလေးလုပ်ကြည့်ချင်လို့၊ယောဂပိုစ့်လှလှလေးတွေလုပ်တတ်ချင်လို့၊ခန္ဓာကိုယ်ပျော့ပျောင်းချင်လို့ စသဖြင့် ယောဂကျင့်ဖြစ်စေတဲ့ အကြောင်းတရားတွေရှိကြမှာပါ။ ဘယ်လိုအကြောင်းတရားကြောင့်ပဲ ယောဂလမ်းပေါ် စပြီးလျှောက်လှမ်းခဲ့ပါစေ ခုချိန်မှာ ကိုယ့်ရဲ့ယောဂအပေါ်ထားရှိတဲ့သဘောထားနဲ့ အကျိုးရလဒ်တွေကို ပြန်ဆန်းစစ်ကြည့်ရင် ရှေ့လျှောက် ယောဂလမ်းက ကိုယ့်အတွက် အများကြီးအထောက်အကူဖြစ်စေမှာပါ။ ယောဂရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ ကိုယ်၊စိတ်၊နှလုံး (Body, Mind & Spirit) ဒီ သုံးပါးကို ပေါင်းစည်းစေဖို့ပါ။ ယောဂကို စွဲစွဲမြဲမြဲလေ့ကျင့်တာကြာလာတဲ့ ယောဂီတွေဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့သဘာဝ ၊ စိတ်ရဲ့သဘာဝတွေကို ပိုပြီးနားလည်သဘောပေါက်လာကြပါတယ်။ ယောဂလေ့ကျင့်ရင်း ကိုယ့်ခန္ဓာကိုယ်ရဲ့အားသာချက်၊အားနည်းချက်တွေ တွေ့လာရတယ်။ ခန္ဓာကိုယ်ကြောင့်ဖြစ်လာတဲ့စိတ်ခံစားမှုတွေ၊စိတ်ကြောင့်ဖြစ်တဲ့ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို ဖြည်းဖြည်းချင်း သိမြင်လာကြပါတယ်။ ယောဂလေ့ကျင်မှုမှာ ပိုပြီးပျော်ဝင်နိုင်အောင် နောက်တစ်ချိန်ယောဂကျင့်တဲ့အချိန်ကစပြီး ဒီအချက်လေးတွေနဲ့အတူလေ့ကျင့်ကြည့်ရအောင်နော်။
* ပစ္စုန်ပ္ပန်မှာနေပါ ။ ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာတသားတည်းရှိပါစေ ။ အတိတ်ကိုလည်းလှမ်းမမျှော်သလို အနာဂတ်ကိုလဲ ကြိုမတွေးပါနဲ့။
* မဝေဖန်ပါနဲ့ ။ ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာ နှစ်ခုစလုံးကို သူများနဲ့ နှိုင်းယှဉ်ပြီးမဝေဖန်လိုက်ပါနဲ့ ။ ကိုယ့်ခန္ဓာကိုယ်က ပြောလာတဲ့အရာကိုပဲ အာရုံစိုက်နားထောင်ပေးပါ။
* မိမိကိုယ်ကို ချစ်ပါ။ ကိုယ့်ရဲ့အရှိအတိုင်းလေးလက်ခံပေးပါ။တန်ဖိုးထားပေးပါ။ ယောဂပိုစ့် တစ်ခုကိုမလုပ်နိုင်သေးတာ ကိုယ် မတော်လို့မဟုတ်ပါဘူး။
* စိတ်ရှည်ပါ ။ ကိုယ်စိုက်ပျိုးတဲ့အပင်ပေါ်မူတည်ပြီး ဘယ်ချိန်ပန်းပွင့်မယ် အသီးသီးမယ်ဆိုတာ အဖြေရှိပြီးသားမို့ စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးပါ။
🪷 Yoga is a practice – not a performance.
Instructor Gi
30/07/2026
ဒီနေ့မှာတော့ Asana တွေထဲမှာ ယောဂလေ့ကျင့်နေသူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Warrior 1 (Virabhadrasana) ရဲ့ အကျိုးကျေးဇူးလေးတွေ ပြောပြပေးမယ်နော်။
🧘♀️ပခုံးနဲ့နောက်ကျောအပေါ်ပိုင်းက တင်းကျပ်မှုတွေကို ပြေလျော့စေတယ်။
🧘♀️ရင်ဘတ်ဖွင့်ပေးထားရတာကြောင့် အသက်ကောင်းကောင်းရှူနိုင်စေတယ်။
🧘♀️ကျောရိုးကိုဆန့်ထုတ်ပေးထားရတာကြောင့် ကိုယ်နေဟန်ထားပိုကောင်းမွန်လာစေတယ်။
🧘♀️ဗိုက်ကြွက်သား အားကောင်းလာစေတယ်။
🧘♀️တင်ပါးနဲ့ပေါင်အတွင်းဘက်ကြွက်သားတွေ ပြေလျော့စေပြီး ၊ အားကောင်းလာစေတယ်။
🧘♀️ကိုယ်နေဟန်ထားကို ဟန်ချက်ညီအောင် ထိန်းရင်း အာရုံစူးစိုက်မှုပိုအားကောင်းလာစေတာကြောင့် စိတ်ဖိစီးမှုတွေကိုလဲ လျော့ကျစေပါတယ်ရှင် ။
ဒီ Asana လေးတစ်ခုတည်းကနေ ရရှိတဲ့အကျိုးကျေးဇူးတွေ အရမ်းများတာမို့ နောက်တစ်ချိန် လေ့ကျင့်ဖြစ်တဲ့အခါတိုင်း စိတ်ရှည်ရှည်နဲ့ ထိန်းထားပေးနိုင်မယ့်အားအင်တစ်ခုဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။
Inner Space Yoga
Instructor Gi
30/07/2026
ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ စိတ်ဆုံးဖြတ်ပြီးပြီဆိုရင် ယောဂက ကိုယ်၊စိတ်၊နှလုံး သုံးပါးစလုံးကို စောင့်ရှောက်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုဆိုတာ သံသယကင်းကင်းနဲ့ယုံကြည်လိုက်ပါနော်🧘♀️။
ဩဂုတ်လ အတွက် Yoga Online Class လေးတွေ အပ်လို့ရပါပြီရှင် ။ ဒီလမှာ အတန်းသစ်လေးတစ်တန်းထပ်တိုးထားပါတယ်နော်။
Weekend Morning Class (Beginner)
Sat & Sun
6:30 Am to 7:30 Am
စနေ ၊တနင်္ဂနွေ အားလပ်ရက်လေးမှာ ကိုယ့်ရဲ့လုပ်ငန်း ဆောင်တာလေးတွေ မထိခိုက်စေပဲ ကျန်းမာရေးအတွက် လုပ်လို့ရတဲ့ မနက်အစောပိုင်းအချိန်လေးပါရှင်။
Weekend Evening Class ( Intermediate)
Sat ,Sun
7:00 Pm to 8:00 Pm
ရုံးမသွားခင် ဒါမှမဟုတ် ကိုယ့်ရဲ့တနေ့တာကို အားအင်အပြည့်နဲ့ ဖြတ်သန်းချင်သူတွေအတွက် သင့်တော်တဲ့အတန်းလေးပါရှင်
Weekday Morning Class (All levels )
Thur & Fri
6:00 Am to 7:00 Am
ဒီအတန်းလေးကတော့ ရုံးချိန်လွတ်ဖြစ်ပြီး တနေ့တာလှုပ်ရှားမှုတွေကြားထဲ တင်းမာမှုတွေကိုဖြေလျှော့ပေးဖို့အတွက် အရမ်းအဆင်ပြေသောအတန်းလေးပါရှင်။
Weekday Evening Class (All levels )
Thur & Fri
7:00 Pm to 8:00 Pm
စနေ၊ တနင်္ဂနွေကို တခြားလူမူဆောင်တာကိစ္စတွေအတွက် အပြည့်အဝအချိန်ဖယ်ထားချင်တဲ့သူတွေအတွက် ကြားရက်အတန်းလေးဖြစ်ပါတယ်ရှင်။
***အွန်လိုင်း အတန်းချိန်လေးတွေအားလုံးက မြန်မာစံတော်ချိန်အတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်ရှင်။
တစ်ယောက်တည်း သီးသန့်သင်ကြားချင်သူများအတွက်လဲ ကိုယ်လိုချင်တဲ့ အချိန်ညှိပြီး သင်ကြားပေးနေပါတယ်ရှင်။ဘန်ကောက်မှာနေတဲ့ မြန်မာတွေအတွက် အပြင်သီးသန့်အတန်း၊ အဖွဲ့လိုက်အတန်း လေးတွေလည်းရှိပါတယ်ရှင့်။ သီးသန့်လေ့ကျင့်ချင်သူအများအတွက် ကိုယ်လေ့ကျင့်ချင်တဲ့အချိန်နဲ့ ရက် ညှိယူလို့ရပါတယ်ရှင်။
#ယောဂ
Instructor Gi
01/07/2026
ကိုယ်စိတ်နှလုံးကျန်းမာအောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ အတွက် ယောဂကိုရွေးချယ်လိုက်ပါ 🧘♀️
ယောဂ က ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာအတွက်အကောင်းဆုံးစောင့်ရှောက်မှုတွေထဲက တစ်ခုပါပဲ။ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးပြီးချစ်ဖို့ ယောဂနဲ့အစပြုလိုက်ရအောင်နော် ။
ဂျူလိုင်လ အတွက် Yoga Online Class လေးတွေ အပ်လို့ရပါပြီရှင် ။
Weekend Morning Class (Beginner)
Sat & Sun
6:30 Am to 7:30 Am
စနေ ၊တနင်္ဂနွေ အားလပ်ရက်လေးမှာ ကိုယ့်ရဲ့လုပ်ငန်း ဆောင်တာလေးတွေ မထိခိုက်စေပဲ ကျန်းမာရေးအတွက် လုပ်လို့ရတဲ့ မနက်အစောပိုင်းအချိန်လေးပါရှင်။
Weekend Evening Class ( Intermediate)
Sat ,Sun
7:00 Pm to 8:00 Pm
ဒီအတန်းလေးကတော့ ရုံးချိန်လွတ်ဖြစ်ပြီး တနေ့တာလှုပ်ရှားမှုတွေကြားထဲ တင်းမာမှုတွေကိုဖြေလျှော့ပေးဖို့အတွက် အရမ်းအဆင်ပြေသောအတန်းလေးပါရှင်။
Weekday Evening Class (Beginner)
Thur & Fri
7:00 Pm to 8:00 Pm
စနေ၊ တနင်္ဂနွေကို တခြားလူမူဆောင်တာကိစ္စတွေအတွက် အပြည့်အဝအချိန်ဖယ်ထားချင်တဲ့သူတွေအတွက် ကြားရက်အတန်းလေးဖြစ်ပါတယ်ရှင်။
***အွန်လိုင်း အတန်းချိန်လေးတွေအားလုံးက မြန်မာစံတော်ချိန်အတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်ရှင်။
တစ်ယောက်တည်း သီးသန့်သင်ကြားချင်သူများအတွက်လဲ ကိုယ်လိုချင်တဲ့ အချိန်ညှိပြီး သင်ကြားပေးနေပါတယ်ရှင်။ဘန်ကောက်မှာနေတဲ့ မြန်မာတွေအတွက် အပြင်သီးသန့်အတန်း၊ အဖွဲ့လိုက်အတန်း လေးတွေလည်းရှိပါတယ်ရှင့်။ သီးသန့်လေ့ကျင့်ချင်သူအများအတွက် ကိုယ်လေ့ကျင့်ချင်တဲ့အချိန်နဲ့ ရက် ညှိယူလို့ရပါတယ်ရှင်။
#ယောဂ
Gi
30/06/2026
မနက်ခင်းကို ယောဂနဲ့ စတင်လိုက်ပါ။
မနက်ပိုင်း ယောဂလုပ်တဲ့အခါ တင်းတောင့်နေတဲ့အကြောအခြင်တွေ ပြေလျော့ပြီး ပေါ့ပါးစေပါတယ်။တနေ့တာလုံးကို လန်းဆန်းတက်ကြွစွာနဲ့ ဖြတ်သန်းနိုင်အောင် ကူညီပေးပါတယ်။ အာရုံစူးစိုက်မှုလဲကောင်းစေတာကြောင့် နေ့စဉ်ဘဝဖြတ်သန်းမှုကို အဆင်ပြေချောမွေ့စေပါတယ်။
စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်တော့ သင့်ရဲ့မနက်ခင်းကို ယောဂနဲ့သာ စတင်လိုက်ပါရှင်။
Instructor Gi
Inner Space
#ယောဂ