08/07/2026
နီကိုကာလီလို ကတော့ ဖယ်သာဝိတ်တန်းချန်ပီယံပေါင်းစည်းပွဲထိုးဖို့အတွက် တာဝမ်ချိုင်း မစောင့်နိုင်တော့ဘူးထင်ပါတယ်။
လာမယ့်သြဂုတ်လ၁၄ရက်နေ့ OnefightNight46 ပြိုင်ပွဲမှာ ZHOU နဲ့ ကစ်ဘောင်ဆင် ပွဲတစ်ပွဲ ဝင်ရောက်ထိုးသတ်သွားဦးမှာဖြစ်ပါတယ်။
08/07/2026
ကဲ အမျိုးသမီးစတော့ဝိတ်မွေထိုင်းချန်ပီယံလုပွဲလာပါပြီး။
ရုရှားသူလေး နာတလီယာ က ပြီးခဲ့တဲ့ နောက်ဆုံးပွဲမှာ မမဘာရော်နီကာ ပြိုင်ဘက်ဟောင်း ဖာဆိုင် ကို အလဲထိုးအနိုင်ယူပြီး စတယ်လာ ကို နာမည်တပ်ပြီးစိန်ခေါ်ခဲ့ပါတယ်။
အခုတော့ သူမရဲ့စိန်ခေါ်မှုကို ဥက္ကဌကြီးချက်ထရီက အခွင့်ရေပေးလိုက်ပါပြီ။
ဆိုတော့ ပွဲကောင်းတပွဲကြည့်ရဦးမှာဖြစ်ပါတယ်။ဒီပွဲကိုတော့လာမယ့် သြဂုတ်လ ၁၄ရက်နေ့မှာ ကျင်းပသွားမယ့် OnefightNight 46 ပြိုင်ပွဲမှာပါဝင်ထည့်သွင်းသွားမှာဖြစ်ပါတယ်။
08/07/2026
ကဲ လာမယ့်ဇူလိုင်လ၁၁ရက်နေ့ UFC329 ပြိုင်ပွဲမှာ အဓိကဂေါင်ထိုးသတ်သောမယ့် ကော်နာ နဲ့ ဟော်လိုဝေး တို့ရဲ့ပွဲပေါက်ကြေးဖြစ်ပါတယ်။
ကော်နာ ကို 2.653 ထိ ပေးထားပြီးတော့ ဟောလိုဝေး ကို 1.49 ထိကို ပေးထားတာတွေ့ရပါတယ်။
ကြေးကတော့ နှစ်ဆဝန်းကျင်လောက် ကွာပါတယ်။
ဟော်လိုဝေး က အပေါ်ကြေးဖြစ်ပြီးတော့ ကော်နာ က အောက်ကြေးပေါက်နေပါတယ်။
ဒါကလည်း ကော်နာ ပွဲဝေးလို့ထင်ပါတယ်။
မကျေပွဲမှာ ဘယ်သူစားသွားမယ်လို့ထင်ပါသလဲဗျ။
08/07/2026
ကဲ ဆေမာပတ် ရဲ့ တပည့်ကျော်ကြီး မောင်ကျော်ထက်ကတော့ မနက်ဖြန်ညပွဲအတွက် ဒီကနေ့2နာရီအချိန်မှာ ဆေးစစ်ဝိတ်ချိန်မှာ ဖြစ်ပါတယ်။
အားပေးကြပါဦးလို့ မြန်မာပရိသတ်တွေကိုဖိတ်ခေါ်အပ်ပါတယ်။
07/07/2026
အခုပဲ SRC promotion မှာ မွေထိုင်းပွဲတစ်ပွဲထိုးသတ်သွားတဲ့ ကျနော်တို့ရဲ့မြန်မာဖိုက်တာလေး စောငြိမ်းပြည့် ကတော့ အီရတ် ဖိုက်တာ ကို ဒိုင်အဆုံးအဖြတ်နဲ့ရှုံးနိမ့်သွားပါတယ်။
ထိုးသွားတာတော့ ကောင်းပါတယ် သက်လုံပြင်ဆင်လိုက်ရင် ပိုပြီးကောင်းသွားမယ်။
ဆက်လက်ကြိုးစားပါ ညီလေး👏👏👏💪💪💪💪
07/07/2026
ကဲ One ကတော့ လာမယ့်ဇူလိုင်လ၂၄ရက်နေ့ ကျင်းပပြုလုပ်သွားမယ့် Onefridayfights 163 ပြိုင်ပွဲအတွက် တွဲဆိုင်းတစ်ဆိုင်းကြီးကိုချပြလာပါပြီး။
ကျနော်တို့မြန်မာကစားသမား နတ်ခ္ခမင်း ကတော့ သူ့ရဲ့ပထမဦးဆုံး One အဖွင့်ပွဲထိုးသတ်သွားဦးမှာဖြစ်ပါတယ်။
သူနဲ့ထိုးသတ်သွားရမယ့် ဖိုက်တာကတော့ PK ဆန်ချိုင်းGym က Pompet နဲ့ ထိပ်တိုက် ရင်ဆိုင်သွားရဦးမှာဖြစ်ပါတယ်။
👏👏👏👏👏🇲🇲🇲🇲🇲🇲🇲🇲💪💪💪💪💪
07/07/2026
ကဲ ဒီရက်ပိုင်း ကိုအောင်လအန်ဆန်း ကြိုဝိုင်းထဲမှာပြန်လာတော့မယ်ဆိုတာ ပရိတ်သတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။
ဆိုတော့ ကိုအောင်လကြီး ONE သို့မဟုတ် PFL သို့မဟုတ် UFC ကို ရောက်သွားမလားဆိုတာ ရင်ခုန်စွာနဲ့ နားစွပ်ထားရဦးမယ်။
ပရိသတ်ကြီးတို့ကရော ကိုအောင်လကြီး ဘယ်နေရာကိုရောက်သွားနိုင်မယ်ထင်တယ်။ဗျ🤔🤔🤔🤔
07/07/2026
ဒီကနေ့ည SRC မှာ ပါဝင်ထိုးသတ်သွားမယ့် ကျနော်တို့ရဲ့ မြန်မာကစားသမား စောငြိမ်းငြိမ်းပြည့် ပွဲကိုလည်းအားပေးကြပါဦးလို့မြန်မာပရိတ်သတ်တွေကိုဖိတ်ခေါ်အပ်ပါတယ်။
နောက်တစ်ယောက်ကတော့ One မှာ ထိုးဖူးတဲ့ ဟောင်ကောင်သူလေး ပွဲဖြစ်ပါတယ်။👏👏👏👏👏
07/07/2026
ကဲ စူပါလတ် နောက်တစ်ကြိမ် ထပ်ပြီးစိန်ခေါ်လာပြန်တဲ့ ဂျပန်ဖိုက်တာ နိုင်တို
နိုင်တို ဟာ OneSAMURAI 1 ပွဲအပြီးမှာကတည်းက စူပါလတ် ကို စိန်ခေါ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့One ဘက်က ပွဲမဖန်တီးပေးပါဘူး အခုတခါမှာဆိုရင်လည်း နိုင်တို ဟာ စူပါလတ် ကိုင်ဆောင်ထားတဲ့ ကစ်ဘောင်ဆင် ခါးပတ် ကို စိန်ခေါ်ထိုးသတ်ချင်ပါတယ်ဆိုပြီး ထပ်ပြီးပြောလာပါတယ်။
ဆိုတော့ ဒီနှစ်မကုန်ခင် ပွဲဖြစ်လာနိုင်ပါတယ်။အကယ်၍ပွဲဖြစ်လာမယ်ဆိုရင် ဘယ်သူစားသွားနိုင်လဲဗျ။