Art Of Football

Art Of Football

แชร์

Football Entertainment

22/08/2026

ပွဲစဉ်တစ်မှာ ရှုံးခဲ့တဲ့မန်ယူ

Hull City 2-0 မန်ယူ FT

This is just fans reaction and credit to premier league and manchester united.

22/08/2026

ချန်ပီယံတွေ ရာသီတစ်ခုကို
ဘယ်လိုဖွင့်ရသလဲဆိုတာကို ပြသလိုက်တဲ့ အာဆင်နယ်

22/08/2026

မန်ယူလည်း အေးဆေးပဲ

အာဆင်နယ်ကတော့ အဖွင့်ပွဲကို သာသာယာယာအနိုင်ယူသွားတယ်။ သုံးဂိုးပြတ်နဲ့ ​သုံးမှတ်ရသွားပြီ။ ခြေကလည်းငြိမ်တယ်။ ချန်ပီယံခြေစွမ်းကိုထိန်းထားပြီးအနိုင်ရသွားတာဖြစ်ပါတယ်။

ဒီညကတော့ မန်ယူနဲ့စဖွင့်မှာပါ။ ​ညနေ ၆ နာရီမှာ ဟူးလ်စီးတီးနဲ့မန်ယူပွဲရှိပါတယ်။ အဝေးကွင်းဆိုပေမယ့် မန်ယူတို့မနိုင်ဘူးဆိုတာမဖြစ်သင့်ပါဘူး။ နိုင်ဖို့ရုန်းကန်ခဲ့ရတယ်ဆိုတာလည်းမဖြစ်သင့်ဘူး။ အေးအေးဆေးဆေးနိုင်သင့်တယ်။ လူအင်အားအရ၊ အဆင့်အတန်းအရ ဂိုးပြတ်နိုင်မှကြည့်ကောင်းမယ့်ပွဲဖြစ်ပါတယ်။

ဒီပွဲမှာ အန်ဒရေဆန်းတို့စ်၊ တိုင်လီမန်းတို့ ကစားမှာသေချာပါတယ်။ ပွဲထွက်လူစာရင်းမှာပါလာမလား၊ လူစားဝင်ကစားမလားဆိုတာပဲတစ်ချက်ကြည့်ရမှာပါ။ ဘရူနိုခြေစွမ်းပြနိုင်ဦးမလားက အဓိကအချက်ဖြစ်ပါတယ်။ မန်ယူတို့ ချွင်းချက်မရှိ အေးဆေးသက်သာစွာပဲ အနိုင်ရသွားမယ်လို့ယုံကြည်ချင်ပါတယ်။

#

19/08/2026

Carlos Baleba ကိုခေါ်နိုင်တော့မဲ့ ယူနိုက်တက်
တက်ဆက်သူ - ကိုစုံ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား Carlos Baleba အတွက် သဘောတူညီမှုရဖို့ အနီးစပ်ဆုံးအနေအထားကိုရောက်ရှိနေပါပြီ။ ပြောင်းရွှေ့ကြေး ပေါင်သန်း 60 + add ons 5သန်းနဲ့ ယူနိုက်ဘက်က ကမ်းလှမ်းခဲ့တာပါ။

17/08/2026

EPL မှာ တကောင်တည်းပြေးဖို့ အသင့်ဖြစ်လာတဲ့ အာဆင်နယ်
တင်ဆက်သူ - ကိုစုံ

ပက်မရှိတဲ့ စီးတီးဟာ အဆိပ်မရှိတော့တာကို ကျွန်တော်တို့တွေမြင်ခဲ့ရပြီ။ ယူနိုက်တက် ၊ ချဲလ်ဆီး ၊ လီပါပူး နဲ့ စပါးအသင်းတွေကလဲ rebuilding ကာလမှာရောက်နေပြီး တည်ငြိမ်မှုရဖို့အချိန်တစ်ခုယူအုံးမယ်။ ဒီပုံစံ အတိုင်းသာ သွားခဲ့ရင် အာဆင်နယ်ဟာ EPL မှာ တစ်ကောင်တည်းပြေးတဲ့မြင်း ဖြစ်လာဖို့ရှိနေပါတယ်။

16/08/2026

ဘယ်လင်ဂမ်လက်သစ်လေးကို မန်ယူခေါ်ပြီ

လက်စတာစီးတီးအသင်းရဲ့ကွင်းလယ်လူ လူးဝစ်ပါ့ဂျ်ကို မန်ယူအသင်းကခေါ်ယူလိုက်ပါတယ်။ ဒီကစားသမားဟာ လူငယ်ဖြစ်ပေမယ့် ဘယ်လင်ဂမ်လက်သစ်ဆိုပြီးနာမည်ကြီးနေသူပါ။ ဒါကြောင့်ပဲမန်ယူအသင်းက လက်ဦးမှုရယူပြိိးခေါ်လိုက်တာဖြစ်နိုင်ပါတယ်။ ၁၈နှစ်သားလေးဟာ မန်ယူကွင်းလယ်ကိုအထောက်အကူဖြစ်စေမလားစောင့်ကြည့်ရပါမယ်။

မန်ယူအသင်းဟာ ကာစီမဲရိုးရဲ့နေရာကိုမဖြစ်မနေအစားထိုးဖို့လိုအပ်နေတာပါ။ ဒါကြောင့် ပါ့ဂျ်ကိုရွေးချယ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ Potential မြင့်ပေမယ့် အသင့်သုံးမဟုတ်သေးတာကကြောင့် ရုန်းကန်ရတာမျိုးရှိနိုင်ပါတယ်။ ချန်ပီယံရှစ်မှာတော့ ပါ့ဂျ်ရဲ့ခြေစွမ်းကမဆိုးလှပါဘူး။ ပရီးမီးယားလိဂ်မှာခြေစွမ်းပြဖို့ကတော့ပိုကြိုးစားဖို့လိုပါလိမ့်မယ်။ Here We Go မဖြစ်သေးပေမယ့် မန်ယူကိုရောက်ဖို့နီးစပ်လွန်းနေပါပြီ။ နှစ်သင်းကြားမှာရော ကစားသမားနဲ့ရော သဘောတူညီမှုတွေရပြီး​နေပြီဖြစ်တာကြောင့် မကြာခင်မှာတရားဝင်ကြေညာတာကို​တွေ့ရတော့မှာဖြစ်ပါတယ်။ ဘယ်လင်ဂမ်းလက်သစ်လေးက မန်ယူအတွက်ခြေစွမ်းပြနိုင်မလား စိတ်ဝင်စားစရာကောင်းပါတယ်။

15/08/2026

ကေအသစ်နဲ့ ဂိုး ၁၀၀၀ ပြည့်အောင်
ထင်တိုင်းကစ်တော့မယ့် ကညာပျိုရဲ့ဆရာအို

14/08/2026

ယူနိုက်တက်သမိုင်းကို ပြောင်းလဲသွားစေနိုင်ခဲ့တဲ့
"မဖြစ်ခဲ့တဲ့အိမ်မက်"

#

09/08/2026

UCL ဝင်ခွင့်အတွက် အဆင်သင့်ဖြစ်လာတဲ့ စပါး
တင်ဆက်သူ - ကိုစုံ

လူစာရင်းအရကြည့်ရင် စပါးဟာ တော်တော်လေးကိုတောင့်တင်းနေပါပြီ။ သူတို့သာ တိုက်စစ်ဖြည့်နိုင်ခဲ့ရင် လာမဲ့နှစ် UCL ဝင်ခွင့်က ပြိုင်ဆိုင်မှုပိုပြင်းထန်လာမှာ။ တခြားအသင်းတွေထက်အားသာနေတာက သူတို့ကတစ်ပတ်မှာတစ်ပွဲပဲ ကန်ရဖို့ရှိနေတာ။ စပါးက လာမဲ့ရာသီမှာ မထင်မှတ်ထားတာမျိုးတွေလုပ်ပြလာနိုင်မဲ့ အလားအလာကိုတော့မြင်နေရပါတယ်။

05/08/2026

မန်ယူပစ်မှတ်ထားနေတဲ့ လူးဝစ်ဟော

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok