Football's Redemption

Football's Redemption

แชร์

ဘောလုံးနှင့်ပတ်သက်၍ ခံစားထိတွေ့မှုတို့ကို ရေးသားပါသည်။

13/05/2026

အာဆင်နယ်အသင်းရဲ့ ဂိုးသမား ဒေးဗစ်ရာယာ ဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့ပါပြီ။အသက်(၃၀)အရွယ် စပိန်နိူင်ငံသားဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ယခုအကြိမ်နဲ့ဆိုရင် (၃)ကြိမ်ဆက်တိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားကိုတော့ စပိန်နိုင်ငံလက်ရွေးစင်အသင်းနှင့် တကြိမ်မှ ပါဝင်ကစားထားခြင်း မရှိသေးပါဘူး။ (၂၀၂၆)ကမ္ဘာ့ဖလားမှာတော့ စပိန်အသင်းအတွက် နံပါတ်(၁)ဖြစ်သင့်ပြီလို့ထင်ပါသလား။ မှတ်မှတ်ရရ လန်နိူ(Bernd Leno) ကို အရံခုံပို့ပစ်လိုက်တဲ့ ရမ်စ်ဒယ်(Aaron Ramsdale) နှင့်ယှဉ်ပြိုင်ပြီးတော့ အာဆင်နယ်ရဲ့ နံပါတ်(၁)‌ဂိုးသမားနေရာကိုယူခဲ့တာပါ။ ရောက်ခါစအချိန်မှာ ရမ်စ်ဒယ်ကို အရံနေရာမှာထားလို့ အာတီတာကိုတောင် မီဒီယာတချို့က ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် သူ့အပေါ်ထားတဲ့ အားကိုးယုံကြည်မှုကို အပျက်စီးမခံပဲနဲ့ ကြိုးစားခဲ့တာ အခုချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်နေပါပြီ။

07/05/2026

အာဆင်နယ်အသင်းရဲ့ စပိန်ကွင်းလယ်လူ မီခေးမယ်ရီနို ရဲ့ဒဏ်ရာကုသမှုဟာ မျှော်မှန်းထားတာထက် အနည်းငယ်မြန်ဆန်ချောမွေ့နေတာကြောင့် ပီအက်စ်ဂျီအသင်းနှင့် ကစားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ကို ပါဝင်နိူင်ဖို့ရာ အာဆင်နယ်အသင်းပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ အစောပိုင်းမှာတော့ ဇွန်လ မှသာ မြက်ခင်းတွေပေါ်အခြေချနိူင်မည်လို့ မျှော်မှန်းခဲ့ကြတယ်။ သူ့ရဲ့ ဂိုးကံကောင်းမှုနှင့် ခေါင်းတိုက်ဘောကောင်းမွန်မှုတွေကြောင့် ပရိသတ်တွေက ဖိုင်နယ်ပွဲမှာ တခုခုလုပ်ပြနိူင်မယ်လို့ ယုံကြည်နေကြတာပါ။

30/04/2026

အက်သလက်တီကို အာဆင်နယ်(ပွဲပြီး)
- တီကိုက ပထမပိုင်း (၁၀)မိနစ်အထိ ဘောလုံးကိုင်ဖို့ကြိုးစားခဲ့ပေမယ့် ကစားကွက်ကိုမတည်နိူင်ဘူးဖြစ်ခဲ့တယ်။ နောက်ပိုင်း အာဆင်နယ်တို့ ဘောလုံးကိုင်ပြီး ထိန်းချုပ်ကစားနိူင်ပေမယ့် ကောင်းမွန်တဲ့အခွင့်အရေးမရခဲ့ပါဘူး။ အဲဗားရတ်စ်ရဲ့ကန်သွင်းချက်ကောင်းခဲ့ပေမယ့် ဂိုးသမား ရာယာ အကောင်းဆုံး ပုတ်ထုတ်ကာကွယ်နိူင်ခဲ့ပါတယ်။ အာဆင်နယ်က ညာခြမ်းမှာပဲ အိုဒီဂတ်က ဦးဆောင်လှုပ်ရှားခဲ့ပြီး ဘယ်ခြမ်းမှာတော့ အင်ကာပီယေးနှင့်မာတင်နယ်လီတို့ အချိတ်အဆက်ပျောက်နေပါတယ်။ ရိုက်စ်က ဂါဘရီရယ်နှင့်ဆာလီဘာ တို့ရဲ့ အလယ်မှာရပ်ပြီးတော့ ဘောလုံးဖြန့်ပြီး တီကိုရဲ့တန်ပြန်တိုက်စစ်ကိုတားဆီးဖို့ရာ တာဝန်ယူပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ ရရှိခဲ့တဲ့ပင်နယ်တီမှာတော့ ဇူဘီမန်ဒီရဲ့ (Pass & Move) က အခရာကျခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ တီကိုက ပြင်းထန်မှုအပြည့်နဲ့ ပွဲကို ထိန်းချုပ်ဖို့ရာ ကြိုးစားခဲ့ပါတယ်။ ပယ်နယ်တီရလို့ ချေပဂိုးပြန်ရခဲ့ပေမယ့် အဲဗားရတ်စ်ဒဏ်ရာကြောင့် ကွင်းထဲကနေထွက်ခွာလာပြီးချိန်မှာပဲ အာဆင်နယ်ကလည်း တစ်ချိန်တည်းမှာ အယ်ဇီးရဲ့ ခံစစ်လိုင်းနဲ့ကွင်းလယ်လိုင်းကြားထဲမှာ ဘောလုံးဆွဲယူပြီး မြန်နှုန်းမြင့်ပြီး ကစားခဲ့ပါတယ်။ နှစ်သင်းလုံးက အမှားမခံပဲနဲ့ ဂိုးမပေးရဖို့ပဲ ကြိုးစားခဲ့ကြတော့ ဒီရလဒ်ဟာ အဆန်းမဟုတ်ပါဘူး။
Photo - X

29/04/2026

အေစီမီလန်အသင်းရဲ့တောင်ပံကစားသမား ရဖေးလီယို ကို မန်ယူအသင်းဟာ လာမယ့်နွေရာသီအပြောင်ူအရွှေ့မှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ (၂၆)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ အရင်ရာသီတွေကတည်းက အသင်းပြောင်းဖို့ရာစဉ်းစားနေပြီး သင့်တော်မယ့်အသင်းတွေ့ရင် ပြောင်းဖို့ရာပြင်ဆင်နေတာပါ။ မန်ယူအသင်းက သူတို့ရဲ့ ကစားသမားတွေဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် (Marcus Rashford)၊ မန်နူရယ် အူဂါတီ (Manuel Ugarte) နဲ့ ဂျိုရှူအာ ဇက်ဇီး (Joshua Zirkzee) တို့ကို အလိုက်ပေးပြီး ခေါ်ယူချင်နေပေမယ့် အေစီမီလန်ကတော့ ငွေသားချည်းသီးသန့် ယူရိုသန်း(၅၀)အထက် လိုချင်နေတာပါ။

29/04/2026

ပီအက်စ်ဂျီ ၅-၄ ဘိုင်ယန်မြူးနစ်(ပထမအကျော့)
- ဥရောပရဲ့အကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင်နယ်ဆိုတဲ့အတိုင်းပဲ ဒီပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ တိုက်စစ်အားသန်တဲ့ နှစ်သင်းဖြစ်တဲ့အတွက် ဂိုးမိုးရွာခဲ့တာက အဆန်းမဟုတ်ပါ။
- ဒီပွဲမှာ အိမ်ရှင်PSG က ဘိုင်ယန်ကို အစောပိုင်းမိနစ်မှာ ပင်နယ်တီပေးခဲ့ရလို့ တစ်ဦးအသာနဲ့ ဦးဆောင်ခွင့်ပေးပြီး နောက်က လိုက်သွင်းပြီးအနိူင်ယူခဲ့တာပါ။ PSG က လူစုံထုတ်သုံးလာနိူင်ပြီးတော့ ဘိုင်ယန်ကတော့ နည်းပြကွန်ပနီ ပွဲပယ်ပြစ်ဒဏ်နှင့် ဆာ့ခ်ျဂနာဘရီ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ သူ့နေရာမှာ လူငယ်ကစားသမား မူစီယာလာက ဝင်ကစားပေးပေမယ့် အဆင်ပြေပါတယ်။
- နည်းစနစ်ပိုင်းကတော့ အများကြီး ပြောစရာမရှိပါဘူး။ နှစ်သင်းလုံးက မြန်နှုန်းမြင့်တိုက်စစ်ဆင်မှုတွေနဲ့ တစ်ဦးချင်းစီရဲ့ Pace, Intensity, Skills, Sublime Finishing, Quick Transition, Counter စတဲ့ အရာတွေနဲ့ပြည့်နေတဲ့ပွဲတစ်ပွဲပါ။ ဘိုင်ယန်က တိုက်စစ်မှူး ဟာရီကိန်းက အလယ်ထိဆင်းပြီး ဘောလုံးလက်ခံတယ်၊ဖြန့်တယ်။ PSG ကတော့ နောက်တန်းတောင်ပံနှစ်ဘက်ကိုပိုပြီးတော့ ဘောလုံးပေးပြီးကစားကြတယ် ပြီးရင်အတွင်းကနေ Line-Beeaking Pass တွေနဲ့ ထိုးဖောက်ပါတယ်။ တန်ပြန်တွေကနေဂိုးရသလို၊တစ်ဦီးချင်း အတွင်းချိုးဝင်ပြီး(Cut Inside) သွင်းဂိုးတွေ၊ တည်ကန်ဘောကနေ ခေါင်းတိုက်သွင်းတာ၊ ဒေါင့်ကန်ဘောကနေခေါင်းတိုက်သွင်းတာ၊ Overlap ပြေးပြီး ဂိုးဧရိယာထဲဖြတ်တင်ပေးတာကို ပိတ်သွင်းတာ၊ လက်ထိလို့ပင်နယ်တီပေးရတာ နှင့် ဖြတ်ထုတ်လို့ ပင်နယ်တီပေးရတာ စတဲ့ ရှုဒေါင့်ပေါင်းစုံကနေသွင်းတဲ့ အဆင့်မြင့်ဂိုးတွေ‌နဲ့ပွဲဟာ ရင်သပ်ရှုမောဖွယ်ကောင်းခဲ့ပါတယ်။
Photo - X

27/04/2026

အီဒါမီလီတောင်း ဟာ ဒဏ်ရာဟောင်းက အမာရွတ် ပြန်ပွင့်သွားတာကြောင့် နောက်ပေါင်ကြွက်သား ဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူရတော့မှာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူခဲ့ရသလိုအခုလည်း နောက်ထပ်နှိပ်စက်မှုဒဏ်ကိုခံရဦးမှာ ဖြစ်တဲ့အတွက်ကြောင့် (၅)လကျော်နားရဦးမှာပါ။ (၄)နှစ်မှ (၁)ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားကို လွဲချော်သွားတဲ့အတွက်ကြောင့် သူ့အတွက် စိတ်မကောင်းစရာပါပဲ။ ကစားသမားဘဝရဲ့အကောင်းဆုံးအရွယ်မှာ ဒဏ်ရာပြဿနာတွေဆက်တိုက်ကြုံနေရတာဟာ ဘယ်ဘဝက ဝဋ်ကြွေးလဲဆိုတာ မပြောပြတက်တော့ပါဘူး။ (၂၈)နှစ်ဆိုတာ လျင်မြန်မှုလည်းရှိသေးသလို၊အတွေ့အကြုံလည်းလုံလောက်ပါတယ်။ တည်ငြိမ်မှုနဲ့ ယုံကြည်မှုကလည်း အမြင့်ဆုံးမှာရှိနေတဲ့အချိန်ပါ။ ကစားသမားဘဝပြန်ပြီးတော့ အဓိပ္ပါယ်ရှိပါစေ အီဒါရေ။🤍

27/04/2026

စပါးအသင်းရဲ့ တောင်ပံကစားသမား ဇာဗီဆီမွန် ဟာ ဝုဗ်လ် နှင့်ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လက်ကျန်ရာသီပိတ်ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့သလို ကမ္ဘာ့ဖလားကိုလည်း နယ်သာလန်အသင်းနှင့်အတူ ပါဝင်ကစားနိူင်တော့မှာ မဟုတ်ပါဘူး။ သူ့ရဲ့ အင်စတာဂရမ်မှာ ဝမ်းနည်းစရာသတင်းကို အခုလို ရေးသားလာပါတယ်-
- "ဘဝက တခါတလေ အရမ်းရက်စက်တတ်တယ်လို့ ဆိုကြတဲ့အတိုင်းပဲ ဒီနေ့တော့ ကျွန်တော် ခံစားနေရတယ်။ ကျွန်တော့်ရဲ့ ရာသီက ရုတ်တရက်ကြီး အဆုံးသတ်သွားခဲ့ရပြီ၊ ဒါကို လက်ခံနိုင်ဖို့ ကျွန်တော် ကြိုးစားနေတုန်းပါပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော် ရင်ကွဲမတတ် ခံစားနေရပါတယ်။ ဘယ်အရာကမှ အဓိပ္ပာယ်မရှိတော့သလိုပါပဲ။"
"ကျွန်တော် ဖြစ်ချင်ခဲ့တာကတော့ ကျွန်တော့်အသင်းအတွက် တိုက်ပွဲဝင်ပေးဖို့ပါပဲ၊ ဒါပေမဲ့ အခုတော့ အဲ့ဒီလိုလုပ်ဖို့အပြင်... ကမ္ဘာ့ဖလားကစားခွင့်ပါ ကျွန်တော့်ဆီကနေ အလုယူခံလိုက်ရပါပြီ။" ဆိုပြီးရေးသားခဲ့ပါတယ်။
Hotspur

25/04/2026

အာဆင်နယ် ၁-၀ နယူးကာဆယ်(ပွဲပြီး)
- ဒီပွဲဟာ မန်စီးတီးကိုရှုံးပြီးတော့ အာဆင်နယ်အတွက် ချန်ပိယံစိန်ခေါ်မှုဟာ မပြီးဆုံးသေးဘူးဆိုတာကို သက်သေပြခဲ့တဲ့ပွဲပါပဲ။
-အာဆင်နယ်ဟာ လူစာရင်းအရတော့ (၄-၂-၃-၁)ကို အရင်ပွဲအတိုင်းကို ညာနောက်ခံအစွန်မှာ မော့စ်ကွဲယားနေရာမှာ ဘန်ဝှိုက် ပြောင်းပြီးတော့ပွဲထွက်လာပါတယ်။ ဒီပွဲမှာ အယ်ဇေးက ဘယ်တောင်ပံဆိုပေမယ့် အတွင်းဘက်ကို ယိမ်းခဲ့ပြီး သူထားခဲ့တဲ့ နေရာ‌လွတ်တွေကို အင်ကာပီယေးက လိုသလိုဖြည့်ပြီးတော့ ကစားပေးပါတယ်။ ရိုက်စ်က အစောပိုင်းတွေမှာ အလယ်ကြောမှာ(Deep)ထိုင်ပြီးတော့ ဇူဘီမန်ဒီကတော့(Mobile Midfielder)အနေနဲ့ ရွေ့လျားမှုတွေပြုလုပ်ခဲ့ပါတယ်။ အယ်ဇီးက ဘယ်တောင်ပံမှာသိပ်ပြီးဖြန့်မကစားတော့ ညာဘက်ခြမ်းမှာ မာဒူကီ၊ ဟားဗတ်စ် နှင့် အိုဒီဂတ်တို့က ညာခြမ်းမှာ ဖိပြီး (Overload) ကစားခဲ့ပါတယ်။ နယူးကတော့ (၄-၃-၃) နဲ့ ပွဲထွက်လာပြီး အသင်းခေါင်းဆောင် ဂွီမားရေ့စ် ဒဏ်ရာကနေသက်သာပြီး ပထမဆုံးပွဲထွက်လူစရင်းမှာ ပါဝင်လာတာပါ။ နယူးက ဘောလုံးကိုင်ထားချိန်တွေမှာ နောက်ခံလူနှစ်ယောက်ဖြစ်တဲ့ ဘော့မန်းနှင့်မယ်လစ်ချောင် ကြားထဲမှာ တိုနာလီကဝင်ပြီးတော့ အရင်းအမြစ်မှာ (၃)ယောက်ပုံစံ ရှေ့မှာ ဂွီမားရေ့စ်ကို ဝီလော့နှင့်ရမ်ဆေးကဝန်းရံပေးပြီး (LB နှင့် RB) တို့က လိုင်းနားကပ်ပြီးနေရာယူပါတယ်။ တိုက်စစ်လိုင်းမှာတော့ အိုဆူလာနှင့်မာဖီတို့က လှုပ်ရှားပါတယ်။
ပွဲအစကတည်းက အာဆင်နယ်ဟာ ရရှိတဲ့ ဒေါင့်ကန်ဘောတွေကို နည်းဗျူဟာအသစ်တွေနဲ့ အမြင့်ဘောမဟုတ်ပဲ လူပေးပြီးတော့ (၁၈)ကိုက်ထိပ်စည်းကအသင့်စောင့်နေတဲ့ အယ်ဇီးဆီကိုပေးဖို့ကြိုးစားခဲ့တာပါ။ ဒီလိုနည်းလမ်းကို (၃)ကြိမ်မြောက်မှာပဲအောင်မြင်ပြီး (၉)မိနစ်ကတည်းက ဦးဆောင်နိူင်ခဲ့တာပါ။ အယ်ဇီးရဲ့ကန်ချက်ကောင်းခဲ့သလို အိုဒီဂတ်ရဲ့ အယောင်ပြလှုပ်ရှားမှု၊ ဟားဗတ်ဇ်ရဲ့ နေရာယူပြီး ခင်းပေးတဲ့ ဘောလုံးကို အလှပဆုံးဝေ့ဘောကန်သွင်းသွားတာပါ။
ပွဲနောက်ဆုံးပိုင်းတွေမှာ အာဆင်နယ်ရဲ့နောက်တန်းတွေဟာ နယူးရဲ့တိုက်စစ်ဆင်မှုတွေကြောင့် အနည်းငယ် လှုပ်လှုပ်ရွရွလေးတွေဖြစ်ပေါ်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ဖို့ဆိုရင် ဒီထက်ပိုပြီးတော့ တည်ငြိမ်သင့်တယ်ဆိုတာ သတိကပ်စေချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးမှာ (၃)မှတ်ရယူပြီး အနိူင်ရခဲ့လို့ လက်ကျန်ပွဲတွေကန်ဖို့ရာ ခွန်အားအသစ်တွေဖြစ်ပေါ်လာပါပြီ။

21/04/2026

- ဒီတပတ် ပရီးမီးယားလိဂ်ရဲ့ ပွဲကောင်းတွေထဲမှာ စနေညက (ချဲလ်ဆီးVsမန်ယူ) တနင်္ဂနွေညမှာတော့ (မန်စီးတီးVsအာဆင်နယ်) တို့လို့ ပွဲကောင်းတွေကြောင့် တကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲတစ်ပွဲဟာ တိမ်မြုပ်နေခဲ့ပါတယ်။ ဒီပွဲကတော့ အဲဗာတန်နှင့်လီဗာပူးလ် တို့လို မြို့ခံအသင်း(၂)သင်း တွေ့ဆုံတဲ့ မာဆေးဆိုဒ်ဒါဘီ (Merseyside Derby) ပဲဖြစ်ပါတယ်။
- ဒီပွဲကို အဲဗာတန်ရဲ့ကွင်းသစ် (Hill Dickinson Stadium) မှာ ကစားသွားခဲ့တာပါ။ ပွဲရလဒ်ကတော့ (၁-၂) နဲ့ ဧည့်သည် လီဗာပူးလ်အသင်းက အနိူင်ရလို့ လီဗာပူလ်ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပေမယ့် လီဗာပူးလ်အသင်းအတွက်ကတော့ အနည်းငယ်စိုးရိမ်စရာနှင့် စိတ်မကောင်းစရာသတင်း ထွက်ပေါ်လာပါတယ်။ ဒါကတော့ အဓိကဂိုးသမားအက်လီဆွန်ဘတ်ကာ ဒဏ်ရာရနေတဲ့အတွက်ကြောင့် ရာသီအစမှာ ဗလင်စီယာအသင်းကနေခေါ်ယူခဲ့တဲ့ ဂိုးသမားသစ် မာမာဒါရှဗေးလီ ဝင်ဖမ်းခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းစွာပဲ ပွဲချိန်မိနစ်(၅၀)ကျော်မှာ ဒဏ်ရာ ရရှိခဲ့တဲ့အတွက်ကြောင့် လူစားလဲခဲ့ရပါတယ်။ ကွင်းပြင်ပကို ထမ်းစင်နဲ့ခေါ်ထုတ်သွားရပြီးတော့ ဆေးရုံတင်လိုက်ရတဲ့သတင်းကို ပွဲပြီးမှာ ကြားသိလိုက်ရပါတယ်။ ဒီသတင်းကြောင့် လက်ကျန်ရာသီပိတ်ပွဲ (၅)ပွဲကို လီဗာပူးလ်အနေနဲ့ တတိယဂိုးသမား ဖရတ်ဒီဝုဒ်မန်း နဲ့ နှစ်ပါးသွားရတော့မယ်အခြေအနေဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အတွေ့အကြုံမရှိသေးတဲ့ ဒီဂိုးသမားနဲ့ လီဗာပူးလ်တို့ ဘယ်လိုရလဒ်တွေထွက်ပေါ်မလဲ ဆက်ပြီးတော့ စောင့်ကြည့်ရတော့မှာပါ။

20/04/2026

တခါ‌တလေမှာ အမြင့်ဆုံးရောက်ခါနီးမှပြုတ်ကျတဲ့အဖြစ်မျိုး၊ တဖြောင့်ထဲလာနေရင်းမှထစ်သွားတဲ့အခါမျိုး၊ နောက်ဆုံးအချိန်ရောက်မှဆုံးရှုံးရတာမျိုး၊ နှစ်ဦးတည်းကျန်တော့မှ တရားခံဖြစ်ရတာမျိုး၊ ဒီလိုချော်လွဲသွားတဲ့ ဖြစ်စဉ်တွေအထဲမှာမှ ဝမ်းနည်းစရာအကောင်းဆုံးသူ တစ်ယောက်ရှိပါတယ်။ အန်တွမ်ဂရေးဇ်မန်း က စပိန်ဘုရင့်ဖလားမှာ သူ့အတွက်တီကိုအသင်းမှာ နောက်ဆုံးနှစ်၊နောက်ဆုံးဖိုင်နယ်ရောက်ခါမှ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့ပြီး အချိန်ပိုအပြင်၊ ပင်နယ်တီရောက်မှပဲ ကိုယ့်ဘက်က လွဲချော်မှုတွေကြောင့် ဖလားနှင့်နှုတ်ဆက် လွဲချော်ခဲ့ရပါတယ်။ အသက်အရွယ်ပိုင်းမှာ အကျဘက်ကို ရောက်နေတယ်ဆိုပေမယ့် သူ့ရဲ့ သေသပ်တဲ့ ‌ဘောလုံးထိန်းပုံ တိကျ‌တဲ့ပေးပို့မှုတွေနဲ့ ဥရောပမှာ ကျန်ရှိနေတဲ့ လက်ကျန်အဆိပ်နဲ့ တိုက်ပွဲဝင်နေတာပါ။ “ငြိမ်းခါနီးမီးတစ်ချက်ထတောက်သလို”လို့ပဲ ပြောရမလား။ ဒီနှစ်ဟာ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ကိုရောက်ရှိလာခဲ့တယ်။ အခုစပိန်ဘုရင့်ဖလားမှာ ဒုတိယအနေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီပုံကိုမြင်ရတာက အန်တွမ်ဂရေးဇ်မန်းကို ချစ်တဲ့သူတွေတင်မကပဲ ဘောလုံးချစ်ပရိသတ်တွေအတွက်ပါ စိတ်နှလုံးထိခိုက်စေမှာ အမှန်ပါ။ မေဂျာလိဂ်ကိုရောက်ဖို့သတင်းထွက်နေတယ်ဆိုတော့ သူ့ဘဝနောက်ဆုံးအချိန်မှာ ရေခပ်ဖို့(ငွေ) အတွက်သင့်တော်ပါတယ်။ သူဟာ အောင်မြင်မှုတွေအများကြီးမရခဲ့ရင်တောင် ကမ္ဘာ့ဖလားနှင့်အတူ အက်သလက်တီကိုရဲ့ ဂန္တဝင်ကစားသမားတစ်ဦးတော့ဖြစ်နေပါပြီ။
We love you Griezzzz❤️

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok