JTS Sport

JTS Sport

แชร์

Welcome to JTS Sport.

25/08/2026

🔥🥊Xavier Gonzalez နဲ့ သွေးလင်းထက်တို့က ဖလိုင်းဝိတ် (၁၃၅ ပေါင်) တန်းမှာ မွေထိုင်းထိုးကြပါမယ်။ ONE Friday Fights ပြိုင်ပွဲမှာ စပိန်ဖိုက်တာ Xavier Gonzalez က (၇) ပွဲနိုင် (၆) ပွဲရှုံးဖြစ်ပြီး ရလဒ်ကောင်းတယ်လို့ မဆိုသာပါဘူး။ သွေးလင်းထက်လည်း သိပ်တော့ မထူးပါဘူး။ (၅) ပွဲနိုင် (၄) ပွဲရှုံးဖြစ်ပါတယ်။ ရလဒ်အားဖြင့် မတိမ်းမယိမ်းပါ။

မတူတဲ့အချက်ကိုပြောရရင် Xavier Gonzalez က (၂) ပွဲဆက်နိုင်ထားပြီး သွေးလင်းထက်က (၃) ပွဲဆက်ရှုံးထားတာပါ။ ပြီးတော့ စတောဝိတ်ဖိုက်တာ သွေးလင်းထက်က ဖလိုင်းဝိတ်တက်ထိုးတာပါ။ အဲလိုတော့ ကွာပါတယ်။

နေဦး။ ရက်စွဲကို ပြောမယ်။ စက်တင်ဘာလ (၁၁) ရက်မှာ ကျင်းပမယ့် ONE Friday Fights 170 ပြိုင်ပွဲမှာ ကစားကြမှာမို့ (၁၆) ရက်ပဲ လိုပါတော့တယ်။ အစောပိုင်းမှာ သွေးလင်းထက်က ရလဒ်ကောင်းပေမယ့် နောက်ပိုင်းမှာ ဇောက်ထိုးဆင်းသွားတာပါ။ မွေထိုင်းဂန္ထဝင် Sam-A ကို ရှုံးပြီးတည်းက တောက်လျှောက်ကျလာတာပါ။ ပုံမှန်ပွဲရချင်ရင်တော့ ဒီထက်ပိုကြိုးစားရလိမ့်မယ်။ မဟုတ်ရင်တော့ လိုသုံးဘဝမှာ ခြေတော်တင်ခံရမယ်။

စပိန်ဖိုက်တာ Xavier Gonzalez က ပြီးခြေပြီးလက်ရှိသလို ပါဝါကြီးတယ်။ မကျေပွဲမှာ ပိုကောင်းတတ်တယ်။ ပြိုင်ဘက်ရဲ့ ကစားဟန်ကို ကျေညက်လွန်းသူပါ။ အခုပွဲမှာ သွေးလင်းထက်က အတော်ပြင်ဆင်နိုင်မှ တော်ကာကျမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝိတ်တန်းတက်ထိုးရလို့ပါ။ ပြီးတော့ ပြိုင်ဘက် Xavier Gonzalez က ပြီးခြေပြီးလက်ရှိတယ်မလား။

15/08/2026

🔥😍🇲🇲မြောက်ကြွမြောက်မြနဲ့ ပဲ ဆိုက် အပြည့်နဲ့ Joshua Van

- Alexandre Pantoja က တော့ သူ့ရဲ့ခါးပတ်ကို ခြေတွန်းချက်တစ်ချက်တည်းနဲ့ ရသွားတဲ့ Joshua Van တင်းနေလောက်မှာ အသေချာဘဲ။ ဒီနေ့မနက် Press Conference မှာလည်း Pantoja က လူကြီးလူကောင်းပီသတယ် ရင့်ကျက်တယ်လို့ ချီးကျူးခံရလေ့ရှိတဲ့သူက Personal အမုန်းကို သယ်လာခဲ့ပြီး ဗန်နဲ့ရန်တွေ့ လိုက်သေးတယ်။

15/08/2026

🔥🇲🇲😍Joshua Van vs Alexandre Pantoja မကျေပွဲ First Face Off

- ပွဲမထိုးခင်က မီးတော့မွေးပြီးသွားပြီဆိုတော့ ပွဲကလုံးဝမိုက်ပြီး စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ကဲ ရင်ခုန်ကြနေပြီလား? မကျေပွဲမှာ ဘယ်သူနိုင်မယ်ထင်ကြလဲ?

03/08/2026

🔥😍ဓာတ်ပုံကို ကြည့်လိုက်ပါဦး။ Eagle Team ဆိုရင် အောင်မြင်တာချည်းပဲ။ ညာအစွန်က ဖိုက်တာကြီးပဲ စမုံတုံးနေတာပါ။ နာမည်က Abubakar Nurmagomedov ပါတဲ့။ အသက် (၃၆) နှစ်ရှိပါပြီ။ Khabib Nurmagomedov ရဲ့ ဝမ်းကွဲညီပါ။ ပွဲမထိုးတာလည်း (၃) နှစ်ကျော်ပါပြီ။ Global Fight League ကို ရောက်တယ်လို့ အသံကြားပေမယ့် အဖွဲ့အစည်းပျက်သွားတော့ မကစားလိုက်ရဘူး။

Abubakar Nurmagomedov က ကမ္ဘာ့ဆမ်ဘိုကြေးတံဆိပ်ဆုရှင်ပါ။ နပန်းတော်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် Fight IQ သိပ်မကောင်းဘူး။ ဝင်လုံးရင်လည်း မအောင်မြင်တာက များပါတယ်။ Striking လည်း ဒီလောက်မဟုတ်ဘူး။ အဲဒီတော့ UFC အဖွဲ့အစည်းမှာ ကစားဖူးပေမယ့် ရလဒ်မကောင်းတော့ နောက်စာချုပ်မရတော့ဘူး။ အဲဒီတည်းက ပွဲမရတော့တာပါ။

တစ်ခါတုန်းက မှတ်မိသေးတယ်။ Khabib Nurmagomedov က Conor McGregor ကို ပွဲသိမ်းပြီး သံဇကာထဲကနေ ခုန်ထွက်သွားတယ်။ Abubakar Nurmagomedov နဲ့ Zubaira Tukhugov တို့က Conor McGregor ကို ဝိုင်းထိုးကြတယ်။ Conor McGregor ရဲ့ နာမည်ကျော်ဘယ်ဝိုက်က ကြောက်စရာပါ။ Abubakar Nurmagomedov နဲ့ Zubaira Tukhugov တို့လည်း သပြေသီးမှည့်သွားတယ်။ ဒါတောင်မှ Conor McGregor က မောနေလို့ ပါဝါအပြည့်မထွက်တာပါ။ Abubakar Nurmagomedov နဲ့ Zubaira Tukhugov တို့က ပြန်ထိုးပါသေးတယ်။ လုံခြုံရေးတွေကြောင့် ရှုပ်ကုန်တယ်။ နီဗားဒါးပြည်နယ် အားကစားကော်မရှင်က Abubakar Nurmagomedov ကို တစ်နှစ်ပွဲပယ်ပြီး ဒေါ်လာ (၂) သောင်းခွဲဒဏ်ရိုက်ပါတယ်။

Eagle Team ရန်ဖြစ်ပြီဆိုရင် Abubakar Nurmagomedov အမြဲပါတယ်။ သံဇကာထဲမှာသာ Abubakar Nurmagomedov က စွမ်းဆောင်ရည်မကောင်းပေမယ့် သွေးဆူတတ်တာမို့ ရန်ပွဲတိုင်းပါတယ်။ ရန်ဖြစ်ရတာကို တော်တော်ဝါသနာပါပုံပဲ။ အခုတော့ လေ့ကျင့်နေရပေမယ့် ပွဲမရတာမို့ အီလည်လည်ကြီးပါ။ ဘယ်တော့မှ ပွဲရမယ်မသိသေးဘူး။

03/08/2026

🔥😍🥊တိုက်ခိုက်ရေးအားကစားမှာ Real American Freestyle (RAF) ပေါ်လာတာ ကြိုဆိုရမယ်။ ဒါမှလည်း ကစားသမားတွေက အပိုဝင်ငွေရမှာပါ။ UFC Contract ရရင် ကစားသမားက တခြားအဖွဲ့အစည်းတွေမှာ ကစားခွင့်မရှိဘူး။ UFC အဖွဲ့အစည်းမှာပဲ ကစားရလိမ့်မယ်။ ပွဲဝေးရင် ဝင်ငွေထိပြီး နွမ်းပါးကုန်မယ်လေ။

အခုတော့ အရင်လို မဟုတ်တော့ဘူး။ ဘရာဇီးနိုင်ငံမှာ Hype အဖွဲ့အစည်းပေါ်လာသလို အမေရိကန်နိုင်ငံမှာလည်း RAF အဖွဲ့အစည်းပေါ်လာတယ်။ UFC အဖွဲ့အစည်းကလည်း အရင်လို မဟုတ်တော့ဘူး။ စည်းကမ်းကို နည်းနည်းလျှော့ပေါ့ပေးလိုက်တယ်။ ကစားသမားတွေကို Hype အဖွဲ့အစည်း Grappling ကစားဖို့ ပြီးတော့ RAF အဖွဲ့အစည်းမှာ နပန်းဆော့ဖို့ ခွင့်ပြုပေးထားတယ်။ ဒါကိုတော့ ချီးကျူးရမယ်။ တကယ်တမ်းပြောရရင် Hype အဖွဲ့အစည်းထက် RAF အဖွဲ့အစည်းက ခြေလှမ်းသွက်ပါတယ်။

RAF အဖွဲ့အစည်းက နာမည်ကြီးဖိုက်တာတွေကို ဗန်းပြပြီး စီးပွားရှာတာပါ။ UFC အဖွဲ့အစည်းက ခွင့်ပြုပေးထားတော့ သူတို့လည်း အဆင်ပြေလာတယ်။ Khamzat Chimaev နဲ့ Arman Tsarukyan တို့လို နာမည်ကြီးတွေအပြင် Aaron Pico နဲ့ Bo Nickal တို့လို အလယ်အလတ်တန်းစားတွေကိုလည်း စာချုပ်ထားတယ်။ အခုလည်း Shara Bullet ကို ခေါ်လိုက်ပါပြီ။ အနားယူထားတဲ့ ဖိုက်တာတွေလည်း နပန်းဝင်ဆော့ပြီး အပိုဝင်ငွေရလာကြတယ်။ အားလုံးအတွက် အဆင်ပြေပါတယ်။

RAF အဖွဲ့အစည်းပေါ်လာတာ (၂) နှစ်မပြည့်သေးပါဘူး။ တိတိကျကျပြောရရင် (၁၅) လပဲရှိသေးပြီး ကာလတိုပါသေးတယ်။ UFC အဖွဲ့အစည်းရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် RAF အဖွဲ့အစည်းက သက်တမ်းနုနုလေးအတွင်းမှာ ကမ္ဘာကျော်လာတာပါ။ ကစားသမားတွေ အပိုဝင်ငွေရစေဖို့ RAF အဖွဲ့အစည်းလည်း ဆက်လက်အောင်မြင်ပါစေလို့ ဆန္ဒပြုမိပါတယ်။

31/07/2026

🔥😍🥊 UFC ကို ယှဉ်ဖိုက်တော့မယ့် Jake Paul ရဲ့ MVP‼️

လတ်တလောမှာ တိုက်ခိုက်ရေးလောကကို ရိုက်ခတ်သွားစေမယ့် သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ Jake Paul ပိုင်ဆိုင်တဲ့ MVP အဖွဲ့အစည်းက PFL နဲ့ ပူးပေါင်းလိုက်တာပါ။ ဒါကြောင့် နောက်ပိုင်းမှာ PFL ဆိုတဲ့ အဖွဲ့အစည်းက ရှိတော့မှာမဟုတ်ဘဲ MVP ဆိုတဲ့နာမည်နဲ့ ဆက်လက်ရပ်တည်သွားတော့မှာ ဖြစ်ပါတယ်။

MVP က သူတို့ရဲ့ ပထမဆုံးပြိုင်ပွဲမှာဆိုရင်လည်း Ronda Rousey, Francis Ngannou တို့လို ဖိုက်တာတွေကို ပွဲထုတ်နိုင်ခဲ့ပြီး Netflix မှာလည်း ပြသခဲ့ပါတယ်။ PFL နဲ့ ပူးပေါင်းပြီးတဲ့နောက်မှာတော့ အရင်ကထက် ပိုကောင်းတဲ့ ခြေလှမ်းတွေနဲ့ MVP အဖွဲ့အစည်းက UFC ကို ယှဉ်ဖိုက်လာတော့မှာပါ။ ဒါပေမယ့် MVP ကတော့ MMA တစ်မျိုးတည်းမဟုတ်ဘဲ ဘောက်ဆင်ပွဲတွေနဲ့ တခြား တိုက်ခိုက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ဆောင်ရွက်မယ့် Organization အဖြစ် ရပ်တည်သွားမှာပါ။

UFC ကို ယှဉ်ဖိုက်မယ့်ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းတွေက ခေတ်အဆက်ဆက် ပေါ်ထွက်ခဲ့ကြပါတယ်။ One Championship, Bellator တို့လည်း ဒီလိုအိပ်မက်မျိုး ရှိခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဒီတစ်ခါမှာ Jake Paul ရဲ့ MVP အဖွဲ့အစည်းကရော UFC ကို ယှဉ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

31/07/2026

🔥🥊 One Championship ကို တောင်းပန်လိုက်တဲ့ Rodtang ‼️

မကြာသေးခင်ကပဲ One Championship နဲ့ Rodtang တို့ကြားက ပြဿနာတွေ အဆုံးသတ်သွားခဲ့ပြီးတော့ Rodtang အနေနဲ့လည်း One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။ Rodtang နဲ့ One Championship တို့ဟာ ပြီးခဲ့တဲ့ လတွေအတွင်း ပြဿနာတချို့ ရှိခဲ့ပြီးတော့ ဥပဒေကြောင်းအရ တရားရင်ဆိုင်‌တာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ Rodtang က One Championship နဲ့ CEO မစ္စတာချက်ထရီတို့ကို တောင်းပန်စကား ပြောလာခဲ့ပြီး ပြဿနာရဲ့ အရင်းအမြစ်တချို့ကိုလည်း ထုတ်ပြောသွားခဲ့ပါတယ်။ Rodtang ရဲ့ ပြောကြားချက်အရဆိုရင် One Championship က ၀န်ထမ်းတစ်ယောက်က သူ့ရဲ့ လက်မှတ်အတုထိုးပြီးတော့ ပြဿနာတွေ ဖြစ်စေခဲ့တာလို့လည်း သိရပါတယ်။

“အောင်မြင်ပြီး ၀င်ငွေကောင်းလာရင် လူတွေက ကိုယ့်နားကို ကပ်လာတတ်ကြတယ်။ အဲ့ဒီလူတွေက ကျွန်တော်တို့ ကောင်းဖို့အတွက် မဟုတ်ဘဲ ကိုယ်ကျိုးရှာမယ့်သူတွေပါ။ အကြောင်းအရာအသေးစိတ်ကို မပြောချင်ပေမယ့် လူတစ်စုရဲ့ အကြံဉာဏ်တွေကို ယုံပြီး ကျွန်တော်ကိုယ်တိုင်လည်း အမှားလုပ်မိခဲ့ပါတယ်။ အခုတော့ အဲ့ဒီလူတွေကို ဘ၀ထဲကနေ ထုတ်ပယ်ပြီးပါပြီ။”

“One Championship က အမြဲတမ်း စာချုပ်ပါ ထိုးကြေးထက်တောင် ကျွန်တော့်ကို ပိုပေးခဲ့ပါတယ်။ One Championship နဲ့ မစ္စတာချက်ထရီတို့ကိုလည်း စိတ်ရင်းအမှန်နဲ့ ကျွန်တော် တောင်းပန်ချင်ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ကျွန်တော့်ကြောင့် One Championship ဘက်မှာ ထိခိုက်နစ်နာခဲ့ရတာတွေအတွက်လည်း တောင်းပန်ပါတယ်။” ဆိုပြီး Rodtang က ပြောသွားခဲ့တာပါ။

30/07/2026

🔥🇲🇲👏ဩဂုတ်လ (၂၁) ရက်မှာ ကျင်းပမယ့် ONE Friday Fights 167 ပြိုင်ပွဲမှာ ကျော်စွာဝင်းနဲ့ Komawut ဆုံကြပြီ။ ဘင်တန်ဝိတ် (၁၄၅ ပေါင်) တန်းမှာ ကစားကြပါမယ်။ ပရိသတ်အချစ်တော် ကျော်စွာဝင်းက အပြင်းအထန်ကြိုးစားပြီး စွမ်းဆောင်ရည်ကြမ်းလို့သာ နိုင်ပွဲရနေတာပါ။ အစောပိုင်းမှာ Komawut က ရလဒ်ကောင်းပေမယ့် အခုတော့ (၅) ပွဲဆက်ရှုံးထားတာပါ။

အစောပိုင်းမှာ Komawut က လွှတ်ကြမ်းခဲ့တာပါ။ ONE Friday Fights ပြိုင်ပွဲတွေမှာ ခေါင်ပွဲတွေ ရခဲ့ဖူးတယ်။ အခုနောက်ပိုင်းကျမှ ရှုံးပွဲဆက်လာတာပါ။ (၇) ပွဲနိုင် (၇) ပွဲရှုံးဆိုတော့ ရလဒ်ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ ပြီးခြေပြီးလက်အားနည်းလည်း ပါပါတယ်။

ONE Friday Fights ပြိုင်ပွဲတွေမှာ ကျော်စွာဝင်းက (၂) ပွဲနိုင်ပြီး (၁) ပွဲရှုံးဖူးပါတယ်။ မဟာပြိုင်ဘက် Samingdam က ကျော်စွာဝင်းနဲ့ Komawut တို့ကို ဖြုတ်ချထားတာပါ။ အဲဒါကြောင့် ရှုံးထားသူတွေကို အခုလို ပြန်တည်ပေးတယ်လို့ ယူဆတယ်။

နောက်ဆုံးပွဲမှာ ကျော်စွာဝင်းက Slatan ကို အမှတ်ပြတ်နိုင်ထားပြီး Komawut က Samingdam ကို ကပ်ရှုံးထားပါတယ်။ အခုလာမယ့် တွဲဆိုင်းမှာတော့ ဘယ်သူနိုင်မယ်လို့ထင်လဲ။ ကျော်စွာဝင်း နိုင်ပွဲဆက်မလား၊ Komawut ရှုံးပွဲဆက်မလား။

29/07/2026

🔥😍 UFC 330 ရဲ့ အရန်ဖိုက်တာအဖြစ် ရှိမယ့် Michael Morales‼️

လာမယ့် UFC 330 ပြိုင်ပွဲမှာတော့ Islam Makhachev နဲ့ Ian Garry တို့ရဲ့ ဝယ်တာဝိတ်ချန်ပီယံလုပွဲကို ခေါင်ပွဲတွဲဆိုင်းအနေနဲ့ ပွဲတည်ပေးထားပါတယ်။ ဒီပွဲက ပရိသတ် စိတ်၀င်စားနေတဲ့ တွဲဆိုင်းလည်း ဖြစ်ပြီးတော့ အရပ်မောင်း ကောင်းကောင်းနဲ့ Ian Garry က Islam Makhachev ကို အခက်တွေ့အောင် လုပ်နိုင်မလား၊ ချန်ပီယံဘွဲ့ကို လွှဲပြောင်းယူနိုင်မလားဆိုတာ စောင့်ကြည့်နေကြပါတယ်။

UFC က ဒီလိုတွဲဆိုင်းတွေအတွက် အရန်ဖိုက်တာတွေ စီစဉ်ထားတတ်ပြီးတော့ Islam Makhachev နဲ့ Ian Garry တွဲဆိုင်းအတွက်လည်း အရန်ဖိုက်တာ စီစဉ်ထားပါတယ်။ ၀ယ်တာဝိတ်တန်းရဲ့ အလားအလာရှိဖိုက်တာတစ်ယောက်ဖြစ်တဲ့ Michael Morales ကပဲ ဒီတွဲဆိုင်းအတွက် အရန်ဖိုက်တာအနေနဲ့ ရှိနေမှာပါ။ ဒီအကြောင်းကို ကာယကံရှင်ဖြစ်တဲ့ Michael Morales ကိုယ်တိုင်က အတည်ပြုပေးသွားတာပါ။

Michael Morales အနေနဲ့ အရန်ဖိုက်တာတို့ရဲ့ ထုံးစံအတိုင်းပဲ ပွဲအတွက် လေ့ကျင့်ပြင်ဆင်ထားရမှာဖြစ်သလို သတ်မှတ်ဝိတ်အတွင်း ၀င်အောင်လည်း ပြင်ဆင်ထားရမှာပါ။ ဒီအတွက်လည်း UFC ဘက်က ပွဲမထိုးရဘူးဆိုရင်တောင် ထိုးကြေးပေးရမှာ ဖြစ်ပါတယ်။ အရန်ဖိုက်တာအနေနဲ့ ပွဲဝင်ထိုးခွင့်မရရင်တောင် နောက်ပွဲမှာတော့ Michael Morales အနေနဲ့ ချန်ပီယံလုခွင့်ရလာနိုင်ပါတယ်။

29/07/2026

🔥Meta Ai နဲ့ ကမောက်ကမ ဖြစ်လာတဲ့ UFC Ranking‼️

UFC ကတော့ Ranking သတ်မှတ်တဲ့ စနစ်ကို အပြောင်းအလဲလုပ်ထားပြီးတော့ အရင်လို ဂျာနယ်လစ်တွေ မဲပေးမှုနဲ့ သတ်မှတ်တဲ့စနစ်ကို မကျင့်သုံးတော့ပါဘူး။ အဲ့ဒီအစား UFC က Meta နဲ့ ပူးပေါင်းပြီးတော့ Ai နည်းပညာနဲ့ တွက်ချက်ပြီး Ranking သတ်မှတ်တဲ့ စနစ်မျိုးကို အသုံးပြုလာပါတယ်။ ဒီလိုသတ်မှတ်တဲ့ ပုံစံအသစ်ကြောင့် ကမောက်ကမဖြစ်လာရတဲ့ ပုံစံမျိုးတွေ့လာရပါတယ်။

လက်ရှိမှာတော့ Joshua Van တို့ရဲ့ ဖလိုင်းဝိတ်တန်းမှာ Ranking ကမောက်ကမဖြစ်တာက အထင်ရှားဆုံး ဖြစ်နေပါတယ်။ မကြာသေးခင်ကပဲ Van ကို စိန်ခေါ်ခဲ့တဲ့ ဖိုက်တာ Ramazonbek Temirov ဆိုတဲ့ဖိုက်တာက ချက်ချင်း Ranking အဆင့် ၇ နေရာကို ၀င်ရောက်လာပါတယ်။ ဒီဖိုက်တာက UFC မှာ ၃ ပွဲထိုးသတ်ပြီး အဲ့ဒီ ၃ ပွဲပဲ အနိုင်ရထားသေးတာ ဖြစ်ပါတယ်။ နိုင်ပွဲ ၃ ပွဲတည်းနဲ့ Ranking တက်လာတဲ့အချိန်မှာလည်း ချက်ချင်း Top 10 ထဲကို ၀င်ရောက်လာတာမျိုး ဖြစ်ပါတယ်။

ဒါ့အပြင် ဖလိုင်းဝိတ်တန်းမှာ Van ရဲ့ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ Kevin Borjas ကလည်း အဆင့် ၁၁ နေရာမှာ ရောက်နေပါတယ်။ ဒီဖိုက်တာကလည်း UFC မှာ ၆ ပွဲထိုးထားပြီး ၂ ပွဲတည်း နိုင်ပွဲရထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Meta Ai နဲ့ UFC Ranking သတ်မှတ်တဲ့ ပုံစံက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok