Thanlarwaddy Fc

Thanlarwaddy Fc

Share

One Team One Dream

01/09/2026

စစ်ကိုင်းတိုင်း ဒေသကြီးကို အခြေခံဖွဲ့စည်းထားသည့် မုံရွာမြို့ ကိုယ်စားပြု သံလ္လာဝတီ ဘောလုံးအသင်းသည် Myanmar Soccer League Season-2 Round -10 Match-4 ပွဲစဉ်အဖြစ် White Eagle Fc အသင်းနှင့် West
Spring Secondary School ကွင်းတွင် အိမ်ကွင်းပွဲစဉ်အားလက်ခံယှဉ်ပြိုင်သွားမည်ဖြစ်သည်။

သို့ဖြစ်ပါသောကြောင့် အောက်ဖော်ပြပါ အစီစဉ်အတိုင်း ကျင်းပပြုလုပ်မယ် ဖြစ်ပါသဖြင့် တတ်ရောက်ချီးမြှင့်ပေးပါရန်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

Myanmar Soccer League SG



01/09/2026

Thanlarwaddy FC ရဲ့ အဓိကဦးစားပေးကကစားသမားတွေကျန်းမာရေးနဲ့ ထိခိုက်ဒဏ်ရာမရှိရှိရေးဘဲ ဖြစ်ပါတယ် ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ရဲ့ ဆေးအဖွဲ့ကို ဂုဏ်ယူစွာ မိတ်ဆက်ပေးလိုက်ပါတယ်။ ဆေးမှူးညီမလေးက ကျွန်တော်တို့အသင်းကကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အပြည့်အဝ ဂရုစိုက်ပေးသွားမှာပါ။ ကစားသမားတွေဟာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဖို့ သူတို့ရဲ့အကူအညီက မရှိမဖြစ်လိုအပ်ပါတယ်။ သူတို့ရဲ့ စိတ်နှစ်ကိုယ်နှစ် ကူညီပေးမှုအတွက် ကျေးဇူးအထူးတင်ပါတယ်!"

25/08/2026

အရင်တစ်ပတ်က ကစားခဲ့တဲ့ MSL League ပွဲစဉ်မှာတော့ ကျွန်တော်တို့ရဲ့ တိုက်စစ်မူး ထောင်ကန် ဂိုးကျော် ခေါင်းမိုးပေါ်ဆိုတဲ့ သူ့ရဲ့ဆောင်ပုဒ်အတိုင်း Man Of The Match အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြန်ပါပြီခင်ဗျာ 😁😁
PHOENIX BROTHER FC နဲ့ပွဲစဉ်မှာ တစ်ဖက် ကစားသမားတွေကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ရည်များ ပြသထားခဲ့တာကြောင့် ရွေးချယ်ခြင်းခံခဲ့ရပါတယ် ပရိတ်သတ်ကြီးများ ခင်ဗျာ congratulations ပါ တိုး တက်အောင်

24/08/2026

ကျွန်တော်တို့ သံလ္လာဝတီအသင်းဟာ ဒီတစ်ပတ်ရဲ့ပွဲစဉ်မှာ Phoenix Brothers FC ကို (၂-၀) ဂိုးနဲ့ အနိုင်ရယူပြီး MSL Season (2) ရဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ် ခင်ဗျာ
Thanlarwaddy FC [2] - [0] Phoenix Brothers FC
အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ပါတယ်။
Respect to Phoenix Brothers FC
Congratulations to Phoenix Brothers FC on a well-fought match. Keep pushing for your next challenges.
Myanmar Soccer League SG




23/08/2026

မင်္ဂလာပါ MSL Match Day! ဒီနေ့ပွဲအတွက် Thanlarwaddy FC အသင့်ပါပဲ။ ကွင်းထဲမှာ အကောင်းဆုံး ပေးဆပ်ကစားသွားမယ်။

📅 23 AUG | ⏰ 3 PM
📍 61 Choa Chu Kang Street 51, Singapore
Myanmar Soccer League SG

11/08/2026

လူမစုံဘဲ ကစားခဲ့ရပေမဲ့ အဆုံးထိ မလျှော့ဘဲ အားစိုက်ခဲ့ကြတဲ့ Thanlarwaddy FC က ညီအစ်ကိုတွေကို လေးစားပါတယ်! 💪
၃ - ၂ နဲ့ ကပ်ရှုံးသွားတာတော့ အနှမြောကြီး နှမြောရပေမဲ့ ကွင်းထဲမှာ ရခဲ့တဲ့ အတွေ့အကြုံနဲ့ အမောတွေကတော့ အပြည့်ပါပဲ။
မောင်နိုင်ထွေးရဲ့ free kick (rocket kick) ကိုမြင်တွေ့ရတာ အမြတ်လို့ဘဲ ဆိုရပေမပေါ့။ 😁

Myanmar Soccer League SG




#စလုံးရောက်ရွှေမြန်မာ

28/07/2026

ပြီးခဲ့သော sunday မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MSL Season-2 (Round-7 / Match-1) ပွဲစဉ်မှာတော့ ကျွန်တော်တို့ Thanlarwaddy F.C ဟာ Amigos FC အသင်းကို ၅ ဂိုး - ၁ ဂိုး ဆိုတဲ့ ပွဲပြီးရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါတယ်! ⚽️💥
ကွင်းအတွင်း ပွဲချိန်ပြည့် အကောင်းဆုံး ပုံစံနဲ့ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် ပွဲစဉ်တိုင်းမှာ အားပေးကြတဲ့ ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
နောက်ထပ် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေမှာလည်း ဒီထက်မက အကောင်းဆုံး တိုက်ပွဲဝင်သွားပါဦးမယ်! 💪🔥
Amigos FC 1 - 5 Thanlarwaddy F.C
"ONE TEAM, ONE DREAM" ✨

08/07/2026

ပွဲရှိသည် 🔥🔥

Myanmar Soccer League SG



18/06/2026

🆚 THANLARWADDY FC VS MYANMAR UNITED FC
📅 21 June 2026 | 🕒 3:00 PM
📍 10 Compassvale Ln, Singapore 545090






15/06/2026

ကွင်းလယ်ကနေ ပွဲကို လိုသလိုထိန်းကျောင်းပြီး အသင်းကို ဂိုးပြတ်နိုင်ပွဲ ရောက်အောင် သယ်ဆောင်ပေးခဲ့တဲ့ Naing Htwe (No.16) ကပဲ MSL Season 2, Round 3 Match - 5အတွက်MAN OF THE MATCH ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။ 🏆

Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Singapore