Yaung Ni FC

Yaung Ni FC

Share

Myanmar Football Team in Singapore

21/08/2026

"သစ်တောထဲ သို့ အမဲလိုက်ထွက်ခန်း"

Tempinis ဆိုတဲ့ သစ်ပင်တွေ ခပ်များများပေါက်တဲ့နေရာကို အစွဲပြုပြီး Tampines ဆိုတဲ့ မြို့နယ်လေး ဖြစ်လာတယ်လို့ အယူရှိခဲ့ကြပါတယ်....။

လာမယ့် တနင်္ဂနွေနေ့မှာတော့.... အဲ့ဒီ Tampines ရဲ့ အနောက်အရပ်မှာ ရောင်နီလုလင်တို့ဟာ သစ်တောတွေထဲ အမဲလိုက်ထွက်ကြမှာပဲဖြစ်ပါတယ်.....။

ပွဲတိုင်း ကြည့်ကောင်းတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ MPL ပွဲစဥ်တွေထဲက ပွဲကောင်းလေး တစ်ပွဲကို လက်မလွတ်ချင်ဘူး..... ရောင်နီလုလင်တို့ရဲ့ အမဲလိုက်ခန်းကို ကြည့်ရှုအားပေးချင်တယ်ဆိုရင်တော့ဖြင့်.... Safra ကွင်းထဲက ပရိတ်သတ်ထိုင်ခုံတန်းတွေက မိတ်ဆွေတို့ကို ကြိုဆိုလျက်ပါဗျာ.....။

Yaung Ni FC Vs Woodland FC (MPL Match Day)

16/08/2026

"Slay with respect"

MPL လိဂ်ရဲ့ ပွဲစဥ်တစ်လျှောက် နိုင်ပွဲတွေကို တစ်ပွဲချင်းစီ တည်ဆောက်နေတဲ့ ရောင်နီလုလင်တို့ဟာ..... ဒီတစ်ပတ် တနင်္ဂနွေရဲ့ ညနေခင်းအောက်မှာ..... နဂါးတို့နဲ့ ရင်ဆိုင်စည်းချင်းထိုးခဲ့ပြန်ပါတယ်...။

ပြိုင်ဘက်တိုင်းကို လေးစား အလေးထားပြီး ကစားခဲ့တဲ့ ရောင်နီလုလင်တို့ဟာ ဒီပွဲမှာလည်း ပြိုင်ဘက်ကို အလေးထားပြီး စက္ကန့်တိုင်းကို အာရုံစိုက်ကစားသွားခဲ့ပြီး..... ရယူသင့်တဲ့ ဂိုးမှန်သမျှကို အပြီးသတ် သိမ်းပိုက်သွားခဲ့ကြပါတယ်...။

ရောင်နီလုလင်တို့ရဲ့ Tampines အရှေ့ဘက်ညနေဟာတော့ နဂါးသွေးရောင် လွှမ်းတဲ့ ညနေခင်းတစ်ခု ဖြစ်ခဲ့ပြီး..... ရောင်နီလုလင်တို့ဟာ သူတို့ရဲ့ တိမ်တိုက် ချပ်ဝတ်တန်ဆာတို့ကို နဂါးဝတ်ရုံတွေပြောင်းဝတ်ရင်း...... တိုက်ပွဲရဲ့ အောင်ပွဲ ခရာကိုမှုတ်ရင်း အိမ်ပြန်ခဲ့ကြပါပြီ....။

ဘယ်ပြိုင်ဘက်ကိုမှ ပေါ့ဆလို့မရတဲ့ MPL မှာတော့ ရောင်နီလုလင်တို့ဟာ အာရုံစိုက်မှု စုဖွဲ့မှုကောင်းကောင်းနဲ့ ဆက်လက်ပြီး ချီတက်နေဆဲဖြစ်ပါတယ်....။

နောက်ထပ် ရှေ့ဆက်ရမယ့် MPL ခရီးစဥ်ဟာတော့ လက်ကျန် အင်အားကောင်း ကစားအားကောင်း အဆိပ်ပြင်းတဲ့ ပြိုင်ဘက်များစွာ ကျန်ရှိနေသေးတာမို့ ယခုမောင်းနှင်အားကို ဆက်လက်ထိန်းသိမ်းပြီး ရှေ့ဆက်သွားဖို့လည်း လိုအပ်နေပါသေးတယ်...။

Good Game.... Well Played and keep up the good work ပါ ရောင်နီလုလင်တို့ခင်ဗျာ....။

Another solid 3 points....!!!

ရောင်နီမီဒီယာ

16/08/2026
Photos from Yaung Ni FC's post 10/08/2026

ပြီးခဲ့တဲ့ စနေနေ့က ရန်ပုံငွေ ဖူဆယ်ဖလားပွဲမှာ ရောင်နီလုလင်တို့ ပျော်ပျော်ပါးပါး ဖလားသိမ်း 🏆




Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Singapore