Taunggyi Zone Fc

Taunggyi Zone Fc

Share

"Football is our passion."

21/08/2026

⚽ Myanmar Premiership League SG

ဒီပတ်ပွဲစဉ် 🔥
Taunggyi Zone FC 🆚 Irrawaddy FC

📅 23.08.2026 (Sunday)
🕔 5:00 PM – 7:00 PM
📍 SAFRA Tampines

အကောင်းဆုံးယှဉ်ပြိုင်ကြမဲ့အတွက် အားပေးဖို့ ဖိတ်ခေါ်ပါတယ် 💙💪

13/08/2026

⚽🔥 MPL MATCH 🔥⚽

TGI ZONE 🆚 TRIPLE ALLIANCE

📅 16.8.2026 | Sunday
⏰ 5:00 PM
📍 UWC Dover

🔥 Game On! Let’s Go TGI Zone! 💙⚽

31/07/2026

🔥 Match Day 🔥

⚽ Taunggyi Zone FC 🆚 Phoenix Brother FC

📅 2.8.2026 (Sunday)
🕖 7:00 PM
📍 SAFRA Tampines

အကောင်းဆုံးကြိုးစားသွားမယ့် Taunggyi Zone FC ကို အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ 💙💪


03/07/2026

မင်္ဂလာပါ ညီအကိုတို့ရေ 💙⚽

ဒီတစ်ပတ်မှာတော့MPL Match 3ပွဲစဥ်အဖြစ်

Taunggyi Zone FC 🆚 Dragon Eleven Force

FC တို့ရဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါ

တယ်။

အသင်းကို အားပေးဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ 💪🔥

26/06/2026

🏆 MATCH 2 🏆

TGI ZONE 🆚 WARRIORS UNITED FC

ဒုတိယပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ 💙

📅 28 June 2026 (Sunday)
🕔 5:00 PM – 7:00 PM
📍 SAFRA Tampines, Tampines

ပြိုင်ဘက်ကောင်း Warriors United FC နှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ဖြစ်သည့်အတွက် ပရိသတ်များအားလုံး ကွင်းအတွင်း လာရောက်အားပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

See you at the match! ⚽🔥

Photos from Taunggyi Zone Fc 's post 14/06/2026

📢 Taunggyi Zone FC & Taunggyi Youth FC ⚽🏆

ယခုကျင်းပပြုလုပ်ခဲ့သော အပျော်တန်းဖူဆယ်ပြိုင်ပွဲတွင် ကျွန်တော်တို့၏ Taunggyi Zone FC နှင့် Taunggyi Youth FC အသင်းတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြိုးစားအားထုတ်မှုများ၏ ရလဒ်အဖြစ် —

🥇 Taunggyi Zone FC – ပထမဆု
🥉 Taunggyi Youth FC – တတိယဆု

ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါသည်။

ဒီအောင်မြင်မှုဟာ ကစားသမားများ၏ စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုများနှင့် အားပေးဝန်းရံပေးကြသော ပရိသတ်များအားလုံး၏ ပံ့ပိုးမှုကြောင့် ဖြစ်ပါသည်။

ဆက်လက်၍လည်း ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များဖြင့် ရှေ့ဆက်သွားမည်ဖြစ်ပြီး အားပေးမှုများကို အမြဲတန်ဖိုးထားလျက်ရှိပါသည်။ 💙⚽





🏆🔥

13/06/2026

🔥 ပြန်လည်တွေ့ဆုံခြင်း 🔥

ပြိုင်ဘက်ကောင်း Yaung Ni FC နှင့် ကျွန်တော်တို့ Taunggyi Zone FC အသင်းတို့၏ ပြန်လည်တွေ့ဆုံမည့် ပွဲစဉ်။

လေးစားမှုအပြည့်၊ ယှဉ်ပြိုင်မှုအပြည့်နဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

💙 Taunggyi Zone FC
🆚
❤️ Yaung Ni FC

မင်္ဂလာပါပရိတ်သတ်ကြီး ။
ဒီပွဲစဉ်ကတော့ ဒီတစ်ပတ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲစဉ်တစ်ပွဲလို့ ကျနော်တင်စားချင်ပါတယ် ။

လာမယ့် Sunday ( 14 June 2026 ) ညနေ 5 pm တွင် Tampines Safra Stadium ဘောလုံးကွင်းကြီး၌ ယှဉ်ပြိုင်ကစားကြမယ့် Yaung Ni FC နှင့် Taunggyi Zone FC တို့ရဲ့ပွဲစဉ်ဟာ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ Myanmar New Year Cup 2026 ရဲ့ အငွေ့အသက်တွေကို ပြန်လည်ထင်ဟပ်လာစေပါတယ် ။

MNYC 2026 1st Runner Up & 2nd Runner Up အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကို စောင့်မကြည့်ပဲ ဘယ်သူနေနိုင်မှာလဲဗျာ ။ စောင့်ကြည့်ချင်လောက်စရာခြေစွမ်းတွေနဲ့ အောင်မြင်ခဲ့တဲ့ အသင်းတွေဆိုတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ ပရိတ်သတ်ကြီးရေ ။

ကဲ ဒီပွဲစဉ်မှာရော တောင်ပေါ်သားတစ်သိုက်က ကြွေးသစ်ချပြီး နေဝင်ချိန်တွေကို စိုးမိုးသွားမလား ၊ ရောင်နီလုလင်တွေကပဲ MNYC ရှုံးကြွေးကို အတိုးရောအရင်းပါပေါင်းဆပ်ပြီး တောင်ပေါ်မြေအထိ လင်းလက်သွားမလား ဆိုတာ အားပေးရင်း စောင့်ကြည့်ကြမယ်ဗျို့ ။

MPL သတင်းနှင့်မီဒီယာ ✍️








08/06/2026

မင်္ဂလာပါ ပရိသတ်ကြီးရေ 💙⚽

ပွဲနားထားခဲ့ရတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပေမယ့် ယခုအချိန်မှာတော့ ကျွန်တော်တို့ Taunggyi Zone FC အသင်းဟာ Myanmar Premiership League 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ အသင်းပေါင်း (16) သင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကျွန်တော်တို့အသင်းအနေနဲ့လည်း ကစားသမားသစ်များ၊ စုဖွဲ့မှုအသစ်များနဲ့အတူ အကောင်းဆုံးပြင်ဆင်ထားပါတယ်။

ပြီးခဲ့တဲ့ Myanmar New Year Cup ပြိုင်ပွဲမှာလည်း ကျွန်တော်တို့အသင်းဟာ အကောင်းဆုံးစွမ်းဆောင်ရည်များ ပြသနိုင်ခဲ့ပြီး ရလဒ်ကောင်းများ ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီအတွက် အသင်းကို အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

လာမယ့် Myanmar Premiership League 2026 မှာလည်း ကျွန်တော်တို့ Taunggyi Zone FC အသင်းကို ဆက်လက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

💙 ပရိသတ်များရဲ့ အားပေးမှုက ကျွန်တော်တို့ရဲ့ အင်အားပါ။



Photos from Taunggyi Zone Fc 's post 25/05/2026

🏆 MNYC 2026 🖤⚽

ဒီနှစ် MNYC 2026 ပြိုင်ပွဲမှာ
ကျွန်တော်တို့ Taunggyi Zone FC အသင်းဟာ
ချန်ပီယံအိပ်မက်ကို အပြည့်အဝမရောက်နိုင်ခဲ့ပေမယ့်
ဒုတိယဆုနဲ့ ဂုဏ်ယူစွာ ရပ်တည်နိုင်ခဲ့ပါတယ်။ 🥈

ပြိုင်ပွဲတစ်လျှောက်
အသင်းသားတစ်ယောက်ချင်းစီရဲ့ ကြိုးစားမှု၊
ကွင်းဘေးကနေ အသံကုန်အားပေးခဲ့တဲ့ ပရိသတ်များ၊
နောက်ကွယ်ကနေ အမြဲထောက်ပံ့ပေးခဲ့ကြတဲ့ Sponsor များ၊
တာဝန်ရှိသူများအားလုံးကို
Taunggyi Zone FC မှ အထူးကျေးဇူးတင်ရှိပါတယ်။ 🙏

ကျွန်တော်တို့ဟာ ဒီနေရာမှာ မရပ်ပါဘူး။
ရှုံးနိမ့်မှုကို သင်ခန်းစာအဖြစ်ယူပြီး
ပိုကောင်းတဲ့ Taunggyi Zone FC အဖြစ်
ရှေ့ကို ဆက်ချီတက်သွားမှာပါ။ 🔥

“တောင်ပေါ်သားတို့ရဲ့ နှလုံးသားက
အောင်ပွဲအတွက် အမြဲရင်ခုန်နေဆဲ…” ⚫️⚪️

Thank You Everyone ❤️

20/05/2026

# # 🏆 **MNYC FINAL MATCH ပွဲကြီးပွဲကောင်း လာပြီဟေ့!** 🏆

ဘောလုံးဝါသနာရှင် မိဘပြည်သူများနှင့် အသင်း

ပရိသတ်များအားလုံး စောင့်မျှော်နေကြတဲ့

**MNYC ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ (FINAL

MATCH)** ကြီး ရောက်ရှိလို့ လာခဲ့ပါပြီ။ 🔥

ချန်ပီယံဆုဖလားကြီးကို ဘယ်သူက သိမ်းပိုက်သွား

မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အတူတူ စောင့်

ကြည့်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

# # # ⚔️ **ယှဉ်ပြိုင်မည့်အသင်းများ**

**TAUNGGYI ZONE FC 🆚 BAGAN FC**

# # # 📅 **ပွဲစဉ်အသေးစိတ်**

* 📍 **ကျင်းပမည့်နေရာ:** Tampines SAFRA

(Singapore)

* 📅 **ရက်စွဲ:** ၂၄ ရက်၊ မေလ၊ ၂၀၂၆

(24.5.2026)

* ⏰ **အချိန်:** ညနေ ၅:၀၀ နာရီ မှ ည ၇:၀၀ နာရီ

အထိ (5 PM - 7 PM)

💪 မိမိတို့အားပေးတဲ့အသင်း ပိုမိုအင်အားရှိစေဖို့

ကွင်းအပြည့် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်အပ

ပါတယ်။ ကိုယ့်အသင်းအတွက် အားပေးစကားတွေ

ကိုလည်း Comment မှာ ရေးခဲ့ကြဦးနော်!

Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Category

Website

Address

42 Joo Avenue
Singapore
219337