Learning & Sharing with Khin

Learning & Sharing with Khin

Share

♻️♻️♻️ personal development အောင်မြင်‌ေပျာ်ရွှင်‌ေငွဝင်ချင်သူတိုင်း/ဘဝအမောတွေပြေချင်သူတိုင်းအတွက် မျှဝေပေးနေတဲ့နေရာလေးပါ♻️♻️♻️

07/08/2026

🌿Morning🌿‎

🍁Have a nice day!

လူတော်တော်များများဟာ
‎အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ
‎ဘာလို့ ငါ့ကျမှ ဒီလိုဖြစ်ရတာလဲ ဆိုပြီး
‎ကံကြမ္မာကို အပြစ်တင်မိတတ်ကြတယ်...

‎ဒါပေမဲ့ တကယ်တော့ ဘဝဆိုတာ
‎ပြဿနာတွေကို အစဉ်လိုက်
‎ဖြေရှင်းသွားရတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ...

‎တောင်ထိပ်ကို ရောက်ချင်ရင်
‎တောင်တက်တဲ့ ပင်ပန်းမှုကို
‎ ခံယူရသလိုပဲ...

‎ပိုမို ရင့်ကျက်ခိုင်မာတဲ့
‎လူတစ်ယောက် ဖြစ်လာဖို့ဆိုရင်
‎လောကရဲ့ ရိုက်ခတ်မှုတွေကို
‎ရင်ဆိုင်ကျော်ဖြတ်ရပါတယ်...

‎ဒုက္ခနဲ့ ကြုံရတိုင်း
‎ထွက်ပြေးဖို့ မကြိုးစားပါနဲ့...

‎လွတ်မြောက်ရာလမ်းဆိုတာ
‎လှည့်ထွက်သွားခြင်းမှာ မဟုတ်ဘူး
‎ ရင်ဆိုင်ဖြေရှင်းခြင်းမှာပဲ ရှိတာပါ...

‎ပြဿနာမရှိတဲ့
‎သက်သောင့်သက်သာ
‎ဘဝမျိုးကို မမျှော်လင့်ပါနဲ့...

‎အဲဒီအစား ဘယ်လို
‎ရိုက်ခတ်မှုမျိုး လာလာ မပြိုလဲဘဲ...

‎ပြန်ထရပ်နိုင်မယ့် အသိဉာဏ်နဲ့
‎သတ္တိ ကိုပဲ စနစ်တကျ တည်ဆောက်ပါ...

‎မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့
‎သစ်ပင်ဟာ အမြစ် ပိုမို နက်ရှိုင်းစွာ
‎စွဲကျန်ရစ်ခဲ့သလိုပါပဲ...

‎ကျောက်တုံးကြီးကို
‎တောင်ပေါ်ရောက်အောင်
‎တွန်းတင်နေရသလို ဘဝက
‎မောပန်းစရာ ကောင်းနေပါစေ...

‎ဒီအပင်ပန်းနဲ့ ဒီဒဏ်ရာတွေကပဲ
‎သင့်ကို ပိုမို သန်မာထက်မြက်တဲ့
‎လူတစ်ယောက်ဖြစ်အောင် သွေးပေးနေတာပါ...

‎လဲကျသွားတာဟာ အရှုံးမဟုတ်ဘူး
‎မထချင်တော့ဘဲ လက်လျှော့
‎လိုက်တာသာ တကယ့် အရှုံးဖြစ်ပါတယ်...

‎ဒါကြောင့် ဒီနေ့
‎သင့်ရှေ့မှာ ရောက်နေတဲ့
‎အခက်အခဲတွေကို မကြောက်ပါနဲ့...

‎မင်းမှာ ဒါတွေကို
‎ကျော်ဖြတ်နိုင်တဲ့ အင်အားနဲ့
‎သတ္တိ အပြည့်အဝ ရှိပြီးသားပါ...

‎ကြံ့ကြံ့ခံပါ၊ ဉာဏ်နဲ့ယှဉ်ပြီး
‎တိုက်ပွဲဝင်ပါ အောင်မြင်ခြင်းက
‎မင်းနဲ့ မဝေးပါဘူး...

#စာပေ

03/05/2026

🌿Morning🌿

🍁Have a nice day‼️

‼️လူဆိုတာ ရေလိုကျင့်ရမယ် ....
ရေဆိုတာ ကျောက်တုံးတွေ ခံနေလို့ ဆိုပြီး
ရောက်တဲ့နေရာမှာ ရပ်တန့်မနေပါဘူး ....
ကွေ့ဝိုက်ပြီး စီးဆင်းသွားကြတာပါပဲ ....
နောက်ဆုံးတော့ ဖြာကျပြီး လှပတဲ့
ရေတံခွန်လေးတစ်ခု ဖြစ်သွားတာပဲ ....

မကောင်းတာတွေ မတွေးပဲ
ကောင်းတဲ့ အတွေးတွေကိုပဲ
တွေးပြီး နေရမှာ ....

ဘဝမှာ
စိတ်ဓာတ်ခွန်အားတွေ ရချင်ရင် -
အေးချမ်းချင်ရင် ကျန်းမာရေးကို ဂရုစိုက် -
ဥပမာ ... လမ်းလျှောက်တာလိုမျိုးလေးပေါ့ ....

ဘာသာရေးကို အလေးထားပေါ့ ....
ဂုဏ်တော်တွေ ပွားပေါ့ .....
တရားတွေ အားထုတ်ပေါ့ ....
စာအုပ်တွေ ဖတ်ပေါ့ ....
အဲ့ဒါဆို အရာရာကို ကျော်လွှားနိုင်ပါလိမ့်မယ် ....

အရှိကို အရှိအတိုင်း လက်ခံရင်
ကိုယ်စိတ်နှလုံး မပင်ပန်းပဲနဲ့
အေးချမ်းသွားပါလိမ့်မယ် ....


#ချစ်တဲ့


02/05/2026

🌿Morning 🌿

လူတွေရဲ့ သဘောကျမှုကို မရှာနဲ့။​
ခင်ဗျာကို လူတွေကို ဒီနေ့ချစ်မယ်။
ညနေအမြင်ပြောင်းသွားနိုင်တယ်။

ကျွန်တော်လဲအဲ့လိုပဲ။
မနက်မှာ အထင်ကြီးနေတဲ့သူတစ်ယောက်က
သူပြောလိုက်တဲ့ အကြောင်းအရာတစ်ခုကြောင့်
ညနေမှာ အထင်ကြီးတာ ပျောက်သွားနိုင်တယ်။

အရေးကြီးတာကတော့
ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့နဲ့
သူများပြဿနာ ကူညီဖြေရှင်းပေးနိုင်တဲ့အစွမ်းရှိဖို့။

ကိုယ့်ပြဿနာ ကိုယ်အဖြေရှာနိုင်ရင်
သူများမျက်နှာကြည့်ပြီး ရပ်တည်စရာမလိုဘူး။
သူများပြဿနာဖြေရှင်းပေးနိုင်ရင်
စားဝတ်နေရေးနဲ့ ဘဝအတွက် တန်ဖိုးတစ်ခုရှိမယ်။

သဘောကျဖို့ထက်
အသုံးဝင်ဖို့က ရေရှည်မှာအကျိုးပိုရှိနိုင်တယ်။



#ချစ်တဲ့


04/04/2026

🌿Morning 🌿

‼️ကိုယ်လျှောက်တဲ့လမ်းက
မှန်ကန်နေရင်
ကျန်ခဲ့တဲ့ ခြေရာတွေတောင်
သိက္ခာရှိနေပါလိမ့်မယ်။

ရှေ့တင်ရော ကွယ်ရာပါ
ရိုးသားခြင်းလောက်
မြတ်နိုးစရာကောင်းတဲ့အရာ
လောကမှာ မရှိပါဘူး။

နောက်ပြီး…
သူတစ်ပါးကို ပေးနိုင်တဲ့အရာတွေထဲမှာလည်း
ရိုးသားခြင်းကို ပေးနိုင်ခြင်းဟာ
အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲ။

ဒါကြောင့်
လူတိုင်းအပေါ်
အတတ်နိုင်ဆုံး ရိုးသားနေပါ။

ကိုယ့်ရဲ့ ရိုးသားမှုဟာ
လူအများရဲ့ အသုံးချစရာ ဖြစ်ခဲ့မယ်ဆိုရင်တောင်
မပြောင်းလဲဘဲ ဆက်လက် ရိုးသားနေပါ။

ကိုယ့်ရဲ့ ရိုးသားမှုတွေကို
ဘယ်သူမှ အသိအမှတ် မပြုကြသေးဘူးဆိုရင်တောင်…
ကံတရားကတော့
ကိုယ့်ရဲ့ ရိုးသားမှုတွေကို
တစ်နေ့နေ့မှာ
မဖြစ်မနေ အသိအမှတ်ပြုလာပါလိမ့်မယ်။


#ချစ်တဲ့


11/03/2026

🌿Morning🌿

Have a nice day!!

#ချစ်တဲ့


09/03/2026

🌿Morning 🌿

သင်ယူနည်း ပြောင်းရင် ဘဝ ပြောင်းတယ်

စာဖတ်တယ် ဒါပေမဲ့ မမှတ်မိဘူး
သင်တန်းတက်တယ် ဒါပေမဲ့ ပြန်သုံးလို့ မရဘူး
Video ကြည့်တယ် ဒါပေမဲ့ ၃ ရက်ကြာတော့ မေ့သွားတယ်

ပြဿနာက ဉာဏ် မဟုတ်ဘူး
ပြဿနာက သင်ယူနည်း

သင်ယူနည်း ၆ ခု ရှိတယ်

၁။ Feynman Technique
ကိုယ် သိတာကို ကလေး တစ်ယောက်ကို ရှင်းပြပါ
ရှင်းပြလို့ မရရင် ကိုယ် တကယ် မသိသေးဘူး
ရှင်းပြလို့ ရတဲ့နေ့ ကိုယ် တကယ် သိပြီ

၂။ Active Recall
စာဖတ်ပြီးရင် စာအုပ် ပိတ်ပါ
ပြီးတော့ ကိုယ့်ဘာသာ ပြန်ရေးပါ
ဖတ်တာ နဲ့ ပြန်ထုတ်တာ မတူဘူး
ပြန်ထုတ်တဲ့အခါ ဦးနှောက်က အလုပ်လုပ်တယ်

၃။ Spaced Repetition
တစ်ခါ ဖတ်ပြီး ထားလိုက်ရင် မေ့မယ်
ဒါပေမဲ့ ၁ ရက် ကြာမှ ပြန်ဖတ်
၃ ရက် ကြာမှ ပြန်ဖတ်
၇ ရက် ကြာမှ ပြန်ဖတ်
ဒီလို ခြားပြီး ပြန်ဖတ်ရင် အမှတ်ရထဲ ထပ်ထပ် ရိုက်ထည့်သလို ဖြစ်တယ်

၄။ Interleaving
တစ်ခုတည်း ကို ၃ နာရီ ဆက်မလေ့ကျင့်နဲ့
အမျိုးမျိုး ရောပြီး လေ့ကျင့်ပါ
ဦးနှောက်က ခွဲခြားတတ်လာတယ်
ချိတ်ဆက်တတ်လာတယ်

၅။ Teaching
သင်ပေးပါ
ကိုယ် သိတာကို တစ်ခြားသူ ကို သင်ပေးတဲ့အခါ
ကိုယ့်ထဲ ၂ ဆ ပိုစွဲတယ်
သင်တာ က သင်ယူတာရဲ့ အမြင့်ဆုံး အဆင့်

၆။ Reflection
တစ်နေ့ ပြီးတိုင်း ၅ မိနစ် ပြန်ကြည့်ပါ
ဒီနေ့ ဘာ သင်ခဲ့ရလဲ
ဘာ နားလည်ခဲ့လဲ
ဘာ မနားလည်သေးဘူးလဲ
ဒီ ၅ မိနစ် က ၅ နာရီ ဖတ်တာထက် တန်ဖိုး ရှိတယ်

လူအများစု ထင်တာက
"ငါ စာဖတ်ရင် ရပြီ"

တကယ်က ဖတ်တာ က ပထမ အဆင့်ပဲ

ဖတ်ပြီး ပြန်ထုတ်ပါ
ပြန်ထုတ်ပြီး သင်ပေးပါ
သင်ပေးပြီး ပြန်ကြည့်ပါ

ဒါ သင်ယူတဲ့ စက်ဝိုင်း
ဒီစက်ဝိုင်း ကို ပတ်လေ ကိုယ် ကြီးထွားလေ

သင်ယူနည်း ပြောင်းပါ
ဘဝ ပြောင်းပါလိမ့်မယ်

from toetet
#ချစ်တဲ့


07/03/2026

🌿Morning 🌿

🍁Have a good day ‼️

‼️ "သင်သိထားတဲ့
'ဗဟုသုတ‌လေး တစ်ခုက
တခြား တစ်ယောက်အတွက်
'အသက်ကယ်ဆေး'
ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?"

😔 ​လူအများစုက
ငါကသိပ်မတော်ဘူး...ငါ့မှာ...
ဘာထူးခြားတဲ့ အရည်အချင်းမှ
မရှိဘူးလို့ ထင်တတ်ကြတယ်...

ဒါပေမဲ့ တကယ်တော့...
လူတိုင်းမှာ တန်ဖိုးတစ်ခုတော့
အမြဲရှိပါတယ်...

🤳 သင် အလွတ်ရနေတဲ့
Shortcut လေးတစ်ခု ...

သင် ကျွမ်းကျင်နေတဲ့
ဖုန်းအသုံးပြုနည်းလေး တစ်ခုက

သင်တန်းတက်ဖို့
အခက်အခဲဖြစ်နေတဲ့သူ
တစ်ယောက်အတွက်တော့
အရမ်းအရေးကြီးတဲ့
အဖြေ ဖြစ်နေတတ်ပါတယ်...

✍ ​ဗဟုသုတဆိုတာ
မျှဝေလေ ပွားများလေပါပဲ...

သင်ရော... ဒီနေ့
တခြားသူအတွက် အသုံးဝင်မယ့်
ဘာအကြောင်းအရာလေး
မျှဝေပေးချင်လဲ?
ကွန်မန့်မှာ ရေးခဲ့နော်...



02/03/2026

🌿Morning🌿

#ကမ္ဘာကျော်စာရေးဆရာ Sandeep maheshwari ပြောတဲ့စကားလေးကြိုက်လို့

‼️သင့်ရဲ့ဘဝကို ပြောင်းလဲပေးမဲ့သူကို လိုက်ရှာနေတယ်ဆိုရင် မှန်ထဲကိုသာ ကြည့်လိုက်ပါ‼️

#ချစ်တဲ့


28/02/2026

🌿Morning 🌿

‼️ကိုယ့်ဘဝကို ပြောင်းချင်တယ် ဆိုပြီး
ကိုယ့်ဘဝကို ပြောင်းမယ့် အချိန်ကို မပေးဘူး

မနက် ၆ နာရီ နိုးတယ်
TikTok ဖွင့်တယ်
၇ နာရီ ဖြစ်သွားတယ်

ညနေ အလုပ်ပြန်လာတယ်
မောတယ် ပင်ပန်းတယ်
Drama ကြည့်တယ်
အိပ်ယာဝင်တယ်

မနက်ဖြန် ထပ်လုပ်တယ်
ဒီအတိုင်း ၁ လ
ဒီအတိုင်း ၁ နှစ်
ဒီအတိုင်း ၅ နှစ်

ပြီးတော့ ပြောတယ်
"ငါ့မှာ အခွင့်အရေး မရှိဘူး"
"ငါ့မှာ အချိန် မရှိဘူး"

အချိန် မရှိတာ မဟုတ်ဘူး
အချိန်ကို ဘယ်မှာ သုံးနေလဲ မသိတာ

တစ်နေ့ ၁ နာရီ
၁ နှစ်ဆို ၃၆၅ နာရီ
စာအုပ် ၃၀ ကျော် ဖတ်နိုင်တယ်
Course ၃ ခု ပြီးနိုင်တယ်
Skill အသစ် ၁ ခု ရနိုင်တယ်

တစ်နေ့ ၁ နာရီ
TikTok ကို ပေးမလား
ကိုယ့်ဘဝကို ပေးမလား

"အချိန်မရှိဘူး" မဟုတ်ဘူး
"ဦးစားမပေးဘူး" ဆိုတာ ရိုးသားစွာ ဝန်ခံပါ

ပြောင်းချင်ရင် သင်ပါ
သင်ချင်ရင် အချိန်ပေးပါ
အချိန်ပေးချင်ရင် တစ်ခုခု စွန့်လွှတ်ပါ

ကိုယ့်ဖုန်းထဲမှာ တက္ကသိုလ် ရှိတယ်
ဖွင့်မဖွင့် ကိုယ့်အပေါ် မူတယ်

from Toe Tet
#ချစ်တဲ့


26/02/2026

🌿Morning🌿

‼️ ဘဝမှာ တိုးတက်ချင်ရင်
မနေ့ကငါနဲ့ဒီနေ့ငါ ပြိုင်ပါ
တစ်ခြားလူနဲ့မနှိုင်းယှဉ်ပါနဲ့‼️

#ချစ်တဲ့


Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Singapore