25/09/2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း မိုးကြိုးစက်ကွင်း ထိမှန်မှုကြောင့် ကွယ်လွန်သွားခဲ့သည့် Lion City (မော်လမြိုင်) အသင်းမှ ရှေ့တန်းကစားသမား စသန်းတိုးအောင် (ခ) Sa Sa ၏ မိသားစုထံ ခေတ္တစင်ကာပူရောက်(Mon youth Fc )ဘောလုံးအဖွဲ့သားများထံမှ သွားရောက်၍ နှစ်သိမ့်အားပေးကာ နာရေးကူငွေ ထောက်ပံ့ပေးအပ်ခဲ့သည်။🙏🙏🙏