12/06/2026
မာသီးယပ်စ် ဖာနန်ဒက်စ် သည် သူပြောင်းရွေ့ကစားချင်နေတဲ့ အဓိက ဦးစားပေးအသင်းကတော့ ယူနိုက်တက်အသင်းဖြစ်တယ်လို့ကြားသိထားရပါတယ်
မာသီးယပ်စ် ဖာနန်ဒက်စ်သည် ယခုနွေရာသီ အပြောင်း.အရွေ့ စျေးကွက် တွင် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာရန် အခွင့်အလမ်းနည်းနေပြီး၊ သူတို့အသင်းဆီက အရေးပါတဲ့ ကွင်းလယ်ကစားသမားတစ်ဦး အသင်းမှ ထွက်ခွာသွားမှသာ အပြောင်းအရွှေ့အမှန်တစ်ကယ် ဖြစ်လာနိုင်ပါတယ်။
10/06/2026
အရေးပေါ်အစီအစဉ် ကြောင် ရိုမဲရိုးကိုခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက် အသင်း
အရေးပေါ်အစီအစဉ် ကြောင် ရိုမဲရိုးကိုခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက် အသင်း
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် စပါးအသင်းရဲ့ အာဂျင်တီးနား နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုး (Cristian Romero) ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ရပ် ပြင်ဆင်နေကြောင်း အာဂျင်တီးနား သတင်းထောက် ဂတ်စ်တွန် အီဒူးလ် (Gaston Edul) က ဖော်ပြလာပါတယ်။
စပါးအသင်းမှာ စိတ်ပျက်စရာ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ ရိုမဲရိုးဟာ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရတာပါ။ ယူနိုက်တက်အသင်းအနေနဲ့ မူလက နောက်ခံလူသစ်ခေါ်ယူဖို့ ဦးစားပေးအဆင့် မသတ်မှတ်ထားပေမဲ့ ဒီလစ်ချ်ရဲ့ ရေရှည်ဒဏ်ရာပြဿနာတွေကြောင့် အခုလို စိတ်ဝင်စားလာရခြင်း ဖြစ်ပါတယ်။
အသင်းဂန္ထဝင် ပေါလ်စခိုးလ်ကလည်း ရိုမဲရိုးကို အိုးထရက်ဖို့ဒ်ဆီ ရောက်လာစေချင်နေသလို၊ လက်ရှိ ယူနိုက်တက်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကလည်း သူ့ရဲ့ ကွင်းပြင်ပသူငယ်ချင်းရင်းဖြစ်သူ ရိုမဲရိုးနဲ့ တွဲဖက်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။ လောလောဆယ်မှာတော့ ရိုမဲရိုးဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ရောက်ရှိနေပြီး ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကတော့ အားလုံးကို စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။
ညီကိုတို့ကရော ရိုမဲရိုးကို ယူနိုက်တက်ဂျာစီနဲ့ မြင်တွေ့ချင်ကြလား။ ခေါ်သင့်လား မခေါ်သင့်ဘူးလားဆိုတာ ပြောပေးကြပါဦး
08/06/2026
ဝက်စ်ဟမ်းက ဈေးကိုင်နေပေမယ့် ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်မှ ယူနိုက်တက် အသင်း ဖြစ်နေပါတယ်
ယူနိုက်တက်ရဲ့ လာမယ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကတော့ ထုံးစံအတိုင်း အကြိတ်အနယ် ရှိလှပါတယ်။ အခုတစ်ခါမှာတော့ ဝက်စ်ဟမ်းရဲ့ ကွင်းလယ်လူ မားသီးယပ်စ် ဖာနန်ဒက်စ် (Matheus Fernandes) ကို ခေါ်ယူဖို့ ကြိုးစားနေပေမဲ့ ဝက်စ်ဟမ်းဘက်က တောင်းဆိုထားတဲ့ ပေါင် သန်း ၈၀ ဆိုတဲ့ ပမာဏက ယူနိုက်တက်အတွက် အဓိက အဟန့်အတား ဖြစ်နေပါတယ်။
ဒါပေမဲ့ ဒီအပြောင်းအရွှေ့မှာ စိတ်ဝင်စားစရာကောင်းတာက ကစားသမားကိုယ်တိုင်ရဲ့ ဆန္ဒပါပဲ။ ဖာနန်ဒက်စ်ဟာ တခြားအသင်းတွေဆီက ကမ်းလှမ်းမှုတွေ ရှိနေပေမဲ့ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ကိုပဲ ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။ နည်းပြ ကာရစ်ကိုယ်တိုင်ကလည်း ဖာနန်ဒက်စ်ရဲ့ ကစားပုံကို အသေအလဲ သဘောကျနေသလို၊ အသင်းဘုတ်အဖွဲ့ကပါ သူ့ကို ခေါ်ယူဖို့ တညီတညွတ်တည်း ထောက်ခံထားကြပါတယ်။
ဆိုတော့ ယူနိုက်တက်ဟာ အရည်အသွေးရှိတဲ့ ကွင်းလယ်လူတစ်ဦးကို လိုချင်နေတာ မှန်ပေမဲ့ သန်း ၈၀ ဆိုတဲ့ စျေးနှုန်းအပေါ်မှာတော့ အတော်လေး တွန့်ဆုတ်နေဆဲပါ။ ကစားသမားရဲ့ အိုးထရက်ဖို့ဒ်ကို လာချင်တဲ့ ဆန္ဒနဲ့ ကာရစ်ရဲ့ ထောက်ခံမှုတွေက ဝက်စ်ဟမ်းနဲ့ စျေးညှိနှိုင်းမှုမှာ အောင်မြင်မှု ရနိုင်မလားဆိုတာကတော့ ရင်ခုန်စရာပါပဲ။ အပြောင်းအရွှေ့ ဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့ တော်တော်ကောင်းနေပြီ။
08/06/2026
ကူကူရယ်လာအတွက် ပြိုင်ပွဲထဲဝင်လာတယ်ဆိုတဲ့ယူနိုက်တက် အသင်း
ယူနိုက်တက် အသင်းသည် မန်ချက်စတာစီးတီး နှင့်အတူ ချယ်လ်ဆီး အသင်းရဲ့ အသက် ၂၇နှစ်အရွယ်ရှိ
စပိန် ဘယ်နောက်ခံလူ Marc Cucurella ကို ခေါ်ယူရန် ယူရို ၄၀–၅၀ သန်း တန် အပြိုင်ကြိုးပမ်းမှုထဲသို ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
Marc Cucurella သည် Chelsea FC မှ ထွက်ခွာရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေပြီး၊ ချယ်လ်ဆီးဘက်ကလည်း ရောင်းချရန် အသင့်ရှိနေသည်ဟု ဆိုသည်။
သိုသော် ကစားသမား၏ အဓိကဦးစားပေးဆန္ဒမှာ သူ၏အသင်းဟောင်း FC Barcelona ထံ ပြန်လည်ပြောင်းရွှေ့ရန် ဖြစ်ကြောင်း ဖော်ပြထားသည်။
08/06/2026
ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစား.သမား သစ် အီဒါဆင် ဝတ်ဆင်ရမယ့် ဂျာစီနံပါတ် ရွေးချယ်စရာများ
ယူရို ၄၅ သန်းနဲ့ ယူနိုက်တက်ဆီ Here We Go စိုက်ထားတဲ့ ဘရာဇီးကွင်းလယ်လူ အီဒါဆင်ဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ကံကောင်းခြင်းအဖြစ် အမြဲဝတ်ဆင်လေ့ရှိတဲ့ ကျောနံပါတ် (၁၃) ကို အိုးထရက်ဖို့ဒ်မှာ ဝတ်ဆင်ခွင့်ရဖို့ မရှိတော့ပါဘူး။
အီဒါဆင်ဟာ ၂၀၂၁ ခုနှစ် ဖော်တာလီဇာမှာ ကစားကတည်းက ဆာလာနီတာနာ၊ အာတာလန်တာတို့အထိ နံပါတ် (၁၃) ကိုပဲ အမြဲစွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့တာပါ။ အကြောင်းရင်းကတော့ သူ့ရဲ့ချစ်သူဟာ ဇူလိုင်လ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် ဒီနံပါတ်က သူ့မိသားစုအတွက် အထူးအလေးအမြတ်ထားရသလို၊ ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးတယ်လို့ ယုံကြည်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိယူနိုက်တက်မှာ နံပါတ် (၁၃) ကို ပက်ထရစ် ဒေါ့ဂူ (Patrick Dorgu) က ဝတ်ဆင်ထားတာကြောင့် အီဒါဆင်အတွက် အခြားရွေးချယ်စရာ နံပါတ် (၄) မျိုး ရှိလာခဲ့ပါတယ် —
၁။ ကျောနံပါတ် (၁၈): ကာစီမီရို အသင်းက ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ နံပါတ်ဖြစ်ပြီး၊ ဘရာဇီးစီနီယာကြီးကို လေးစားမှုပြတဲ့အနေနဲ့ ကွင်းလယ်လူသစ် အီဒါဆင်ကို ဒီနံပါတ် ပေးအပ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
၂။ ကျောနံပါတ် (၁၇): သူ ကစားသမားဘဝမှာ ဝတ်ဆင်ဖူးတဲ့ နံပါတ်ဖြစ်ပြီး လက်ရှိ ယူနိုက်တက်မှာ အလွတ်ရှိနေပါတယ်။
၃။ ကျောနံပါတ် (၂၄): သူ့ရဲ့ ကစားသမားဘဝ ဖြတ်သန်းမှုမှာ အသုံးပြုဖူးတဲ့ နံပါတ်တစ်ခု ဖြစ်ပါတယ်။
၄။ ကျောနံပါတ် (၄၀): ဒါကလည်း သူ ယခင်က ဝတ်ဆင်ခဲ့ဖူးတဲ့ နံပါတ်ဟောင်းတစ်ခု ဖြစ်ပါတယ်။
(မှတ်ချက်။ ။ လက်ရှိ နံပါတ် ၁၅ ကိုတော့ လီနီ ယိုရို က ဝတ်ဆင်ထားတာ ဖြစ်ပါတယ်)
03/06/2026
Éderson အားခေါ်ယူရန်အတွက် manchester united အသင်းနှင့် အတ္တလန်တာကြား သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည် ပြောင်းရွှေ့ကြေး ယူရို 40.5 သန်း + အပိုဆုကြေး 4.5 သန်း ( စုစုပေါင်း ယူရို 45 သန်း ) ဖြင့် သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်
ယူနိုက်တက်အသင်းနဲ့ June 2030 အထိ သက်တမ်းရှိသော 4 နှစ် + 1 နှစ်သက်တမ်းတိုးခွင့်ပါဝင်သောစာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။ ဆေးစစ်မှုနှင့် တရားဝင်စာချုပ်ချုပ်ဆိုမှုများကို July လအစောပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်သည်။
02/06/2026
ယူနိုက်တက် အသင်း နဲ သတင်းအရမ်းမထွက်ဘဲ အပြောင်းအရွှေ့ဖြစ်လာနိုင်တဲ့ ရာဖေးလ် လီယာအို
ယူနိုက်တက်အသင်း သည် လာမယ် ဒီနွေရာသီ အပြောင်းအရွေ့. စျေးကွက်မှာ ရာဖေးလ် လီယာအိုကို ခေါ်ယူဖို့အတွက် ထည့်သွင်းစဉ်းစားနေပါတယ်။
အစီရင်ခံစာများအရ အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့ တောင်ပံကစားသမားအတွက် လျှော့စျေးနဲ့ ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပြီး၊ လီယာအိုဟာ လက်ရှိ အိုးထရက်ဖို့ဒ်မှာ ဆွေးနွေးနေကြတဲ့ တိုက်စစ်ပိုင်း ရွေးချယ်စရာ ပစ်မှတ်အချို့ထဲမှာ ပါဝင်လာခဲ့တာပါ။
ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းတွေအရ ပေါ်တူဂီသားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဝန်းကျင်ဟာ ဖြစ်နိုင်ခြေရှိတဲ့ ပမာဏတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
01/06/2026
မေဆန်မောင့် နဲ့ မာဇာရီ တို့နဲ့ ပတ်သက်လို့ ကာရစ် ရဲ့ ဆုံးဖြတ်ချက်။
ယူနိုက်တက်ကို ရောက်ခါစကတည်းက ဆေးရုံကုတင်ပေါ်မှာပဲ အချိန်ကုန်နေခဲ့တဲ့ မေဆန်မောင့် နဲ့ ခြေစွမ်းအတက်အကျများတဲ့ ခံစစ်မှူး မာဇာရီ တို့ကို ပရိသတ်တွေကတော့ သံသယဝင်နေကြပါပြီ။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက် နည်းပြသစ် မိုက်ကယ်ကာရစ် ကတော့ ဒီကစားသမားနှစ်ယောက်ကို လုံးဝလုံးဝ မရောင်းနိုင်ဘူး၊ သူတို့ဟာ ဥရောပညချမ်းတွေအတွက် ငါတို့ရဲ့ အဓိကလက်နက်တွေပဲလို့ ရှိနေလို့ ကာကွယ်ပေးလိုက်ပါတယ်။ပရိသတ်အများစုရဲ့ အမြင်မှာ မေဆန်မောင့် ဟာ ပေါင်သန်း ၆၀ ပေးရကျိုးမနပ်တဲ့ ကျရှုံးမှုတစ်ခုပါ၊ မာဇာရီ ဟာလည်း ခံစစ်မှာ အားနည်းချက်တွေ ရှိနေတယ်လို့ မြင်ကြပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းဖြစ်သလို အခုနည်းပြသစ်ဖြစ်လာတဲ့ ကာရစ် ရဲ့ မျက်လုံးထဲမှာတော့ သူတို့ကို သာမန်ပရိသတ်တွေမြင်သလို မမြင်ပါဘူး။ ကာရစ် က သူတို့ကို လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းဆောင်ဆုံး ချိုကာကတ်တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ကာရစ် ကိုယ်တိုင်ကလည်း ကစားသမားဘဝမှာ ကွင်းလယ်မှာ ဉာဏ်သုံးပြီး ကစားခဲ့တဲ့ high IQ midfielder ပါ၊ ဒါကြောင့် သူက ပြေးလွှားနေရုံသက်သက်မဟုတ်ဘဲ နည်းဗျူဟာကို နားလည်တဲ့ ကစားသမားတွေကို တော်တော်လေးသဘောကျပါတယ်။ မေဆန်မောင့် ဟာ နံပါတ်တန်း ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနိုင်သလို နံပါတ်အိတ် ဘော့စ်တူဘော့စ် နဲ့ တောင်ပံတွေမှာပါ သွားကစားနိုင်စွမ်းရှိပါတယ်။ ဥရောပပွဲစဉ်တွေမှာ ပွဲပွဲကစားကွက်တွေအတိုင်း ပွဲချိန်အတွင်းမှာ ကစားကွက်ပြောင်းလဲရတဲ့အခါမျိုးမှာ မောင့် လို ကစားသမားမျိုးက ကွင်းလယ်မှာ ရှိနေခြင်းဟာ လူစားလဲစရာမလိုဘဲ နည်းဗျူဟာပြောင်းလဲနိုင်တဲ့ အားသာချက် ရရှိစေပါတယ်။
ခေတ်သစ်ဘောလုံးလောကမှာ ရှေ့တန်းကနေ စနစ်တကျ ဖိအားပေးနိုင်ဖို့က အသက်ပါ၊ မောင့် ဟာ ဘယ်အချိန်မှာ ပေးရမယ်၊ ဘယ်အချိန်မှာ ပွဲရဲ့ ပရက်ရှင်တိုင်းကို ပေးရမယ်ဆိုတာကို အင်မတန်ကျွမ်းကျင်သူပါ၊ ကာရစ် ရဲ့ တိုက်စစ်ဆင်မှု စနစ်သစ်မှာ မောင့် ဟာ ပွဲမယ့်ကွင်းလယ်ကို အသက်ရှူရစေမယ့် အဓိကအင်ဂျင် ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ယောက်ကတော့ မာဇာရီ ပါ၊ သူ့ကို လက်မလွှတ်တာဟာ ကာရစ် ရဲ့ ခေတ်မီတဲ့ နည်းစနစ်အမြင်ကို ပြသနေတာပါပဲ။ မာဇာရီ ဟာ သာမန် ညာနောက်ခံလူလို ဘေးစီးကနေ ပြေးတဲ့သူမဟုတ်ပါဘူး၊ သူက ကွင်းလယ်အလယ်ပိုင်းထိ ဝင်ရောက်ကစားနိုင်တဲ့ inverted fullback စွမ်းရည် အပြည့်အဝ ရှိပါတယ်။ ကာရစ် လို ကွင်းလယ်စိုးမိုးမှုကို အဓိကထားတဲ့ နည်းပြအတွက် မာဇာရီ ကွင်းလယ်ကို ဝင်လာခြင်းဟာ ကွင်းလယ်လူအင်အား သာလွန်မှု numerical advantage ကို ချက်ချင်း ရရှိစေပါတယ်။ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူနေရာမှာ အမြဲတမ်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ၊ မာဇာရီ ဟာ ညာဘက်မှာတင်မက ဘယ်ဘက်မှာပါ ပုံမှန်ခြေစွမ်းမပျက် ကစားပေးနိုင်တဲ့အတွက် ပွဲကျပ်နဲ့ ဥရောပညချမ်းတွေမှာ အသင်းရဲ့ ခံစစ်လိုင်းကို လိုသလိုပုံသွင်းနိုင်မယ့် အဖိုးတန်လက်နက်တစ်ခု ဖြစ်ပါတယ်။ လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေ ဆင်နွှဲရမယ့်အချိန်ဆိုတာ ကာရစ် အတွက် အဓိကသော့ချက်ပါ၊ ဥရောပချန်ပီယံလိဂ်ဆိုတာ ပရီးမီးယားလိဂ်နဲ့ မတူဘဲ နည်းစနစ်ပိုင်းအရ အင်မတန် ကြွယ်ဝတဲ့ ပြိုင်ပွဲတွေပါ၊ ပွဲစဉ်တစ်ခုနဲ့တစ်ခုကြားမှာ နားရက်နည်းပါးသလို ပြိုင်ဘက်တွေကလည်း ပုံစံအမျိုးမျိုးနဲ့ လာကြပါတယ်၊ ဒီလိုအချိန်မှာ ပုံသေကစားကွက်တစ်ခုတည်းနဲ့ သွားလို့မရပါဘူး။ မောင့် နဲ့ မာဇာရီ တို့လို နေရာစုံ အလိုက်သင့်ကစားနိုင်မယ့် versatile ကစားသမားတွေဟာ အသင်းရဲ့ လူစာရင်းအင်အားကို နှစ်ဆမြင့်တက်သွားစေပါတယ်။ ကစားသမားတစ်ယောက်က နေရာနှစ်နေရာ ကစားနိုင်ရင် နည်းပြအတွက် လူစာရင်းရွေးချယ်ရတာ အင်မတန် လွယ်ကူမှုရှိသွားပါလိမ့်မယ်။ ဒါပေမဲ့ ကာရစ် ရဲ့ ဒီဆုံးဖြတ်ချက်မှာ အားနည်းချက်တစ်ခုတော့ ရှိနေပါတယ်၊ အဲ့ဒါကတော့ ဒီကစားသမားနှစ်ယောက်စလုံးက ဒဏ်ရာရလွယ်တဲ့ ရာဇဝင်ရှိနေတာပါပဲ။ မေဆန်မောင့် ဆိုရင် ယူနိုက်တက်ကို ရောက်ကတည်းက ပွဲဆက်ကစားနိုင်တဲ့အချိန်ဆိုတာလည်း လက်ချိုးရေတွက်လို့ ရပါတယ်၊ နည်းစနစ်ပိုင်းအရ ဘယ်လောက်ပဲ ကောင်းကောင်း ကွင်းထဲမှာ မရှိရင် ဘာမှသုံးစားလို့ မရပါဘူး။ ကာရစ် အနေနဲ့ သူတို့ကို အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ ယူနိုက်တက်ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အပေါ် အလုံးစုံယုံကြည်လို့ အလောင်းအစား လုပ်လိုက်တာပါ၊ တကယ်လို့ သူတို့သာ နောက်ရာသီသစ်မှာ ဒဏ်ရာတွေနဲ့ ထပ်ပြီး ရုန်းကန်နေရမယ်ဆိုရင်တော့ ပရိသတ်တွေရဲ့ ဒေါသမီးတောက်ဟာ ကာရစ် ဆီကို တိုက်ရိုက်လှည့်လာမှာ သေချာပါတယ်။ ညီကိုတို့ကရော မေဆန်မောင့် တို့နဲ့ ပတ်သက်ပြီး ကာရစ် ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လိုမျိုး မြင်ကြလဲ၊ ပြောပြသွားခဲ့လို့ ရပါတယ်။ အဆုံးထိ ကြည့်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ရဲ့ page ကို လိုက်ခ်အင်ဖောလိုး လုပ်သွားပေးခဲ့ကြပါဦး၊ မန်ဖန်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျာ။"
30/05/2026
"အီဒါဆင်အပြင် ဆန်ဒရို တိုနာလီ ကိုပါ ခေါ်ယူဖို့ အီတလီမြေမှာ အေးဂျင့်တွေနဲ့ ဆွေးနွေးခဲ့တဲ့ ယူနိုက်တက်"
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေဟာ အီတလီနိုင်ငံဆီ ခရီးထွက်ခွာခဲ့တာဟာ အာတာလန်တာ ကွင်းလယ်လူ အီဒါဆင်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ နယူးကာဆယ်ရဲ့ အီတလီကွင်းလယ်လူ ဆန်ဒရို တိုနာလီကိုပါ ခေါ်ယူဖို့အတွက် ၎င်းရဲ့ အေးဂျင့်တွေနဲ့ပါ ဆက်သွယ်တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရိုမာနိုက သူ့ရဲ့ YouTube ချန်နယ်ကနေတစ်ဆင့် အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ် —
"မန်ချက်စတာယူနိုက်တက် ကိုယ်စားလှယ်အဖွဲ့ဟာ အီတလီကို သွားရောက်ခဲ့ပြီး ကိစ္စရပ်တော်တော်များများကို စတင်ဆွေးနွေးခဲ့ကြပါတယ်။ တိုနာလီရဲ့ အေးဂျင့်တွေဟာ အီတလီမှာ ရှိနေတာဖြစ်လို့ သူတို့နဲ့ တွေ့ဆုံခဲ့သလို၊ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ့် ကစားသမားတွေအကြောင်း အပါအဝင် တခြားဆွေးနွေးစရာတွေကိုပါ လုပ်ဆောင်ခဲ့ကြတာပါ။ ယူနိုက်တက်ဟာ အီတလီအပြောင်းအရွှေ့ဈေးကွက်မှာ အမြဲတမ်း တက်ကြွလှုပ်ရှားလေ့ ရှိပါတယ်"
ယူနိုက်တက်ဟာ ကာစီမီရို ထွက်ခွာသွားမယ့် ကွင်းလယ်အင်ဂျင်အတွက် တိုနာလီကို လာမယ့်ရာသီ အဓိက ကစားသမားအဖြစ် ခေါ်ယူဖို့ စာရင်းသွင်းထားဆဲဖြစ်ပြီး၊ အခုလို အီတလီမြေမှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကွင်းလယ်လူ (၂) ယောက်လုံးကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူနိုင်ဖို့ အခွင့်အရေး ပိုမိုအလားအလာကောင်း လာခဲ့ပြီ ဖြစ်ပါတယ်။
29/05/2026
အသင်းအတွက် စဉ်းစားတဲ့အခါ ရက်ဖို့ဒ်ထက်စာရင် ကွန်ညာကိုပဲ မျက်စိမှိတ် ရွေးချယ်မယ်ဆိုတဲ့ ဖာဂူဆန်
ယူနိုက်တက်ရဲ့ သားတော်မောင် မားကပ်စ် ရက်ဖို့ဒ်မှာ ပြိုင်ဘက်ကို ကြောက်ဒူးတုန်စေတဲ့ ပါရမီ ရှိပေမဲ့၊ အပတ်စဉ် ယှဉ်ပြိုင်ရမယ့် အသင်းတစ်သင်းကို တည်ဆောက်မယ်ဆိုရင်တော့ ကွန်ညာကိုပဲ ရွေးချယ်မယ်လို့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ပွင့်ပွင့်လင်းလင်း နှိုင်းယှဉ်ဝေဖန်လိုက်ပါတယ်။
ရက်ဖို့ဒ်နဲ့ ကွန်ညာ ဘယ်သူ့ကို ရွေးမလဲဆိုတဲ့ မေးခွန်းအပေါ်မှာ ဖာဂူဆန်ရဲ့အဖြေက ကစားသမားနှစ်ယောက်ကို သာမန်နှိုင်းယှဉ်လိုက်တာ မဟုတ်ပါဘူး။ ဒါက ခေတ်သစ်ဘောလုံးလောကမှာ အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်၊ ကစားသမားတွေရဲ့ ကွင်းတွင်းစည်းကမ်းနဲ့ အသင်းကို ဆွဲတင်မယ့် ခေါင်းဆောင်မှုတွေက မွေးရာပါဗီဇထက် အဆပေါင်းများစွာ ပိုအရေးကြီးတယ်ဆိုတာကို အတိအလင်း ကြေညာမောင်းခတ်လိုက်တာပါ။
ဖာဂူဆန်က ရက်ဖို့ဒ်ကို အရင်ဆုံး ချီးကျူးသွားပါတယ်။ 'ပြိုင်ဘက်ကို ကြောက်ဒူးတုန်စေတဲ့ အစွမ်းရှိတယ်' တဲ့။ ဒါက လုံးဝမှန်ကန်ပါတယ်။ ရက်ဖို့ဒ်ဟာ နေရာယူမှန်ကန်ပြီး ယုံကြည်မှုအပြည့်နဲ့ တိုက်စစ်ဆင်တဲ့ နေ့တွေမှာ သူ့ကို တားဆီးနိုင်မယ့် ခံစစ်မှူးဆိုတာ ကမ္ဘာပေါ်မှာ မရှိသလောက် ရှားပါတယ်။ သူ့ရဲ့ အမြန်နှုန်း၊ ဆုံးဖြတ်ချက် ပြတ်သားမှုနဲ့ အဝေးကန်ချက်တွေက ပွဲတစ်ပွဲရလဒ်ကို တစ်ယောက်တည်းနဲ့ လှည့်ပြောင်းဖြစ်စေနိုင်တဲ့ Game Changer အဆင့်မှာ ရှိပါတယ်။ ဖာဂူဆန်ပြောသလိုမျိုး ဒီလိုမွေးရာပါ ပေါက်ကွဲအားမျိုးကို ဘယ်လေ့ကျင့်ရေးကွင်းမှာမှ သင်ပေးလို့ မရပါဘူး။ ဒီအချက်မှာ ရက်ဖို့ဒ်ဟာ ကွန်ညာထက် သာလွန်တဲ့ ပါရမီရှင် စစ်စစ်ပါ။
ဒါပေမဲ့ ပြဿနာက အဲဒီပါရမီကို အသုံးပြုတဲ့ နေရာမှာပါ။ ဒီအချက်နဲ့ပတ်သက်လို့ 'တစ်ခါတလေ သူက အကောင်းဆုံးလို့ ခံစားရပေမဲ့၊ နောက်တစ်ခါကျတော့ ကွင်းထဲမှာ ရှိနေမှန်းတောင် သတိမထားမိဘူး' ဆိုပြီး ဖာဂူဆန်က ပြောထားပါတယ်။ ဒီစကားကတော့ ရက်ဖို့ဒ်ရဲ့ ကြီးမားဆုံး အားနည်းချက်ကို တည့်တည့်ထိုးနှက်လိုက်တာပါပဲ။ ခေတ်သစ်ဘောလုံးနည်းစနစ်မှာ တိုက်စစ်မှူးတစ်ယောက်က ဘောလုံးရမှ ကစားရတာ မဟုတ်ပါဘူး။ ဘောလုံးမရှိချိန် Off the ball မှာလည်း ပြိုင်ဘက်ကို ဖိအားပေးတာ၊ ခံစစ်ကို ကူညီပေးတာနဲ့ နေရာလွတ်တွေ ဖန်တီးပေးတာ စတဲ့ ကွင်းတွင်းစည်းကမ်းတွေကို အများကြီး လိုက်နာဖို့ လိုအပ်တာပါ။
ရက်ဖို့ဒ်ဟာ ခြေစွမ်းမပြနိုင်တဲ့ နေ့တွေမှာဆိုရင် ခံစစ်ကို လိုက်မကူတော့ဘဲနဲ့ လမ်းလျှောက်နေတတ်တာ၊ ဘောလုံးဆုံးရှုံးသွားရင် လွယ်လွယ်ကူကူ လက်လျှော့တတ်တာတွေကို ခဏခဏ မြင်တွေ့ရပါတယ်။ အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်က ကစားသမားတစ်ယောက်ချင်းစီရဲ့ တာဝန်ယူမှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ အသင်းက ရုန်းကန်နေရချိန်မှာ တိုက်စစ်ကစားသမားတစ်ယောက်က ခံစစ်ကို မကူဘဲနဲ့ လျစ်လျူရှုထားတာက အသင်းရဲ့ ခေါင်းဆောင်မှုပိုင်းကိုပါ အကြီးအကျယ် ထိခိုက်စေတာ ဖြစ်ပါတယ်။ နည်းပြတွေအနေနဲ့ ဒီလိုကစားသမားမျိုးကို ယုံကြည်ပြီး အသင်းရဲ့ အနာဂတ်ကစားကွက်ကို တည်ဆောက်ဖို့ဆိုတာက အင်မတန်မှ ခေါင်းခဲစရာကောင်းတဲ့ ကိစ္စပါ။
ဘာကြောင့် ဖာဂူဆန်က ကွန်ညာကို ရွေးချယ်ရတာလဲ။ ကွန်ညာက ရက်ဖို့ဒ်လို ဂိုးတွေ တစ်ရာသီကို အလုံးသုံးဆယ်လောက် သွင်းပေးနိုင်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ဆီမှာ အသင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အလေ့အထ Work rate နဲ့ တာဝန်ယူမှု Accountability ရှိပါတယ်။ ဖာဂူဆန် ထောက်ပြသလိုပဲ သူက အပတ်တိုင်း ပြင်းပြင်းထန်ထန်ကစားတယ်၊ ကစားကွက်ချိတ်ဆက်တယ်၊ Pressing ကို စနစ်တကျဆင်းတယ်။ ဒီအချက်တွေက အသင်းရဲ့ဟန်ချက်ကို ကြီးကြီးမားမား အထောက်အကူပြုတာပါ။ တိုက်စစ်မှူးတစ်ယောက် ဂိုးမသွင်းနိုင်တဲ့နေ့မှာတောင်မှ ပြိုင်ဘက်ကို ဆက်တိုက်ဖိအားပေးနေမယ်ဆိုရင် ခံစစ်က မှားယွင်းမှုဖြစ်ပြီးတော့ အသင်းဖော်တွေအတွက် အခွင့်အရေး ရလာနိုင်ပါတယ်။
ကွန်ညာက သူကိုယ်တိုင် ဂိုးမသွင်းနိုင်ရင်တောင်မှ ပွဲအပေါ်မှာ သက်ရောက်မှုမရှိအောင် အမြဲတမ်း ကြိုးစားနေသူပါ။ ဒါက သူ့ရဲ့ ကြီးမားတဲ့ ကွင်းတွင်းစည်းကမ်းကို ပြသနေတာဖြစ်ပြီးတော့ နည်းပြတစ်ယောက်အနေနဲ့ မျက်စိမှိတ်ယုံကြည်လို့ရတဲ့ အရည်အချင်းမျိုးကို ပြသနေတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ စပ်ပြီးပြောပြလာတဲ့ ပါရမီတစ်ခုတည်းနဲ့တင် ထိပ်တန်းဘောလုံးလောကမှာ ရေရှည်ရပ်တည်ဖို့ မလွယ်ကူဘူးဆိုတဲ့ စကားဟာ ဖာဂူဆန်ရဲ့ ဘဝတစ်သက်တာ ဒဿနပါပဲ။ ဖာဂူဆန် ယူနိုက်တက်ကို အောင်မြင်အောင် ကိုင်တွယ်ခဲ့တဲ့ ခေတ်တွေကို ပြန်ကြည့်ပါ။ ဒေးဗစ် ဘက်ခမ်း၊ ရိုင်ယန် ဂစ်၊ ပတ်ဂျီဆန်၊ ဝိန်း ရွန်နီ စတဲ့ ကစားသမားတွေဟာ ပါရမီရှိရုံတင်မကဘဲ ကွင်းထဲမှာ အသေရုန်းကန်ပြီး အသင်းအတွက် ပေးဆပ်ကစားခဲ့ကြသူတွေပါ။
ရက်ဖို့ဒ်လို ကစားသမားတွေက တစ်ပွဲကောင်း ခြေစွမ်းပြပြီး မီဒီယာတွေမှာ နာမည်ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံသွားပြီလို့ ထင်မှတ်ပြီးတော့ အလုပ်ကြိုးစားမှု လျော့ပါးသွားတတ်ပါတယ်။ ဒါက ဆိုရှယ်မီဒီယာခေတ်ရဲ့ အဆိုးဝါးဆုံး သက်ရောက်မှုပါပဲ။ ဒါပေမဲ့ ကွင်းထဲမှာ အမှန်တရားကတော့ အသင်းတစ်သင်း ဖလားရဖို့ဆိုတာက နာမည်ကြီး ကြယ်ပွင့်တွေရဲ့ အခိုက်အတန့်လေးတွေထက် ရာသီဝက်လောက်အထိ ခြေစွမ်းတည်ငြိမ်ပြီး ရုန်းကန်ပေးနိုင်တဲ့ ကွန်ညာလို ကစားသမားတွေရဲ့ ပုခုံးပေါ်မှာသာ အဓိက မှီတည်နေတာ ဖြစ်ပါတယ်။