Fear to Freedom
politics, intertament, sports, music
IP ပုကွနှင့် အလွဲများ အပိုင်း ၁
22/03/2026
မလေးရှားနိုင်ငံ၊လူဝင်မူကြီးကြပ်ရေးဌာနမှ
ကွာလာလမ်ပူမြို့နိုင်ငံခြားသားများနေထိုင်သည့်နေရာကို ၂၄ နာရီစောင့်ကြည့်သွားမည်
=======================
မလေးရှားနိုင်ငံ၊ကွာလာပူမြို့နယ်နိုင်ငံခြားသားများအများဆုံးနေထိုင်သည့်နေရာများအား လူဝင်မူကြီးကြပ်ရေးဌာနမှ မတ်လ ၂၂ရက်နေ့ထုတ်ပြန်ချက်အရ မတ်လ (၂၀ ရက်မှ ၂၉ ရက်)အထိ ( ၂၄ )နာရီစောင့်ကြည့်သွားမည်ဟုထုတ်ပြန်ထားသည်။
လူဝင်မူကြီးကြပ်ရေးထုတ်ပြန်ထားသည့်နေရာများတွင် KLCC, TRX, SOGO, Pavillion, Bukit Bintang, Central Market, Petaling Steet, Kotaraya, Masjid India, Chow Kit dan Kampung Baru. Jalan Ampang၊ Jalan Sultan Ismail၊ Jalan Imbi၊ Jalan Kia Peng၊ Jalan Changkat၊ Jalan Alor၊ Jalan Pudu၊ Jalan Silang၊ Jalan Tun H.S Lee၊ Jalan Raja Laut၊Jalan Masjid India တို့ပါဝင်သည်။
လူဝင်မူကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ် Datuk Zakaria Shaaban ကအဆိုပါစောင့်ကြည့်မှုသည်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေများကို လိုက်နာကြောင်း သေချာစေရန်အတွက်ကနဦးခြေလှမ်းအဖြစ်ပြောကြားခဲ့သည်။
လူဝင်မူကြီးကြပ်ရေးတာဝန်မှာခရီးသွားများနှင့် နိုင်ငံခြားသားများကိုအမြဲစောင့်ကြည့်နေပြီး အများပြည်သူများဘေးကင်းရေးနှင့်စည်းမျဥ်းစည်းကမ်းကိုထိန်းသိမ်းရန်သေချာစေရန်ဖြစ်သည်" ဟု ၎င်းက ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူဝင်မူကြီးကြပ်ရေးတာန်ရှိသူကနိုင်ငံခြားများစောင့်ကြည့်ရေးတွင်ရာထူးအသီးသီးမှလူဝင်မူအရာရှိ (၅၀)ခန့် ပါဝင်ပြီးစောင့်ကြည့်ရေးတွင် နံနက် (၁၀ )နာရီမှ ညနေ ၁၀ နာရီထိ ညနေ ၁၀ နာရီမှ နံနက် (၁၀ ) အထိနှစ်ဖွဲ့စောင့်ကြည့်သွားမည်ဟုသတင်းထုတ်ပြန်ထားသည်။
မူရင်းသတင်း၊Metro
Ailwin
20/03/2026
တရားသူကြီးများ နေ့စဉ်တရားခွင်၌ ကျမ်းသစ္စာကျိန်ဆိုခြင်းကိုပယ်ဖျက်ကြောင်း စစ်ကော်မရှင် ထုတ်ပြန်
RNA_မတ် (၁၉)၊ ၂၀၂၆ ခုနှစ်။
မြန်မာနိုင်ငံ တရားရေးဌာနလက်အောက်၌ တာဝန်ထမ်းဆောင်နေသည့်တရားသူကြီးများအနေနှင့် နေ့စဉ်တရားခွင်တက်ရောက်ချိန်တိုင်း ကျမ်းသစ္စာကျိန်ဆိုမှုကိုပယ်ဖျက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) ၏ ထုတ်ပြန်ချက်ကိုယနေ့ မတ်လ ၁၉ ရက်နေ့ထုတ် စစ်ကော်မရှင် သတင်းစာများ၌ ဖော်ပြထားသည်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၌ပါရှိသည့် တရားသူကြီးများနေ့စဉ်တရားခွင်တက်ရောက်ချိန် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ကတိသစ္စာပြုခြင်းကို လုပ်ဆောင်ရမည့်ဥပဒေပုဒ်မ ၂၃ (ဂ) ပုဒ်ခွဲငယ် (၂) ကို ပယ်ဖျက်ကြောင်း စစ်ကော်မရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခုပယ်ဖျက်လိုက်သည့် ဥပဒေကို ပြင်ဆင်ရန် စစ်ကော်မရှင်လက်အောက်ခံနေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့မှပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်း၌ ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်ပြီး တရားရေးဝန်ကြီး ဒေါက်တာသီတာဦးကပြင်ဆင်ပြဌာန်းသင့်ကြောင်း ဆွေးနွေးပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်း ခန့်အပ်ခံထားရသည့် တရားသူကြီးများသည်စတင်ရွေးချယ်ခန့်အပ်ခံရထားသည့် အချိန်ကတည်းက ကျမ်းသစ္စာကျိန်ခဲ့သည့်အတွက် နေ့စဉ်တရားခွင်တက်ရောက်ချိန်တိုင်းကျမ်းသစ္စာကျိန်ဆိုရန် မလိုအပ်ကြောင်း ဒေါ်သင်းသင်းနွဲ့က ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုတရားစီရင်ဥပဒေကို ၂၀၁၀ ခုနှစ်က စတင်ပြဌာန်းခဲ့ခြင်းဖြစ်ပြီးတရားသူကြီးများ နေ့စဉ်တရားခွင်၌ မဖြစ်မနေ ကျမ်းသစ္စာကျိန်ဆိုဖို့ ဥပဒေကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီကပြင်ဆင်ဖြည့်စွက်ပြဌာန်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ခုနှစ် မတ်လအတွင်း၌ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
တရားသူကြီးများ နေ့စဉ်တရားခွင်၌ ကျမ်းသစ္စာကျိန်ဆိုဖို့မလိုအပ်ကြောင်း စစ်ကော်မရှင်ရဲ့ ပယ်ဖျက်မှုဟာတရားစီရင်ရေးစနစ်ကို စိတ်တိုင်းကျခြယ်လှယ်လုပ်ဆောင်နိုင်အောင်၊ လွတ်လပ်စွာ လုပ်ဆောင်နိုင်အောင်သာပြုလုပ်ခြင်းဖြစ်တယ်လို့ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့တရားလွှတ်တော်ရှေ့နေတစ်ဦးကလည်း ဝေဖန်ထားသည်။
မြန်မာနိုင်ငံတွင်းမှ တရားသူကြီးတွေအနေဖြင့် နေ့စဉ်တရားခွင်မှာကျမ်းကျိန်စရာ မလိုတော့မည့် ဥပဒေတစ်ရပ်ကိုပြင်ဆင်ရန် နေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာနမှ ယခု ဇန်နဝါရီ ၅ ရက်မှာ ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာများမှာဖော်ပြထားသည်။
တရားသူကြီးတွေအနေဖြင့် နေ့စဉ်ကျမ်းသစ္စာကျိန်ဆိုနေရခြင်းသည် လက်တွေ့မှာ မဖြစ်မနေလိုအပ်သည့် ကိစ္စမဟုတ်သည့်အပြင် နေ့စဉ်တရားခွင်မှာ ကျမ်းကျိန်ဖို့ကို နိုင်ငံတကာမှာလည်း သတ်မှတ်ထားခြင်းမရှိဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဒေါ်သင်းသင်းနွဲ့က ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တရားားသူကြီးများအနေဖြင့် စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်သည့်အတွက် နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်ဖို့ မလိုအပ်သည့်အတွက် ယခုဥပဒေကို ပြင်ဆင်ပြဌာန်းသင့်သည်ဟု စစ်ကော်မရှင်ခန့် တရားရေးဝန်ကြီး ဒေါက်တာသီတာဦးကလည်း ပြောထားသည်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ်(၂) အရ ရွေးချယ်ခန့်ထားခံရသည့် တရားသူကြီးတွေအနေဖြင့် နေ့စဉ်တရားခွင်တက်ချိန်တိုင်း တရားခွင်၌ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုဖို့ စီစဉ်ဆောင်ရွက်ရမည်ဟု ဖော်ပြထားဖြင်ပြီး၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့် ပတ်သက်ပြီးဆွေးနွေးမှုအပေါ် ပုဒ်မ ၂၃(ဂ) ပုဒ်မခွဲငယ် (၂) ကို ပြင်ဆင်လိုခြင်းသည် ၎င်းတို့ စိတ်တိုင်းကျ တရားစီရင်ရေးဆောင်ရွက်နိုင်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ထားသည်။
“ဒီဥပဒေပြင်ဖို့လုပ်နေတာကို ကျွန်တော်တို့အနေနဲ့ကတော့မကြိုက်ဘူး။ ကျမ်းကျိန်ရတာတောင် သူတို့လုပ်ချင်ရာလုပ်နေတာ၊ အခု ကျမ်းမကျိန်ရဘူးဆိုရင်သူတို့အတွက်က လွတ်လပ်ခွင့်ကြီးဖြစ်သွားမှာ” လို့ တရားလွှတ်တော်ရှေ့နေက ပြောသည်။
တရားသူကြီးတွေအနေဖြင့် စတင်တာဝန်ပေးခန့်အပ်ခံရချိန်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုင်ဆောင်ပြီး အမှုကိစ္စရပ်တွေကို တရားမျှတစွာ စီရင်ပါမည်ဟု ကျမ်းသစ္စာကျိန်ရခြင်းဖြစ်ပြီး ဖောက်ဖျက်ပါက ကျိန်စာသင့်မှာ၊ ထိခိုက်မှာကိုလည်း စိုးရိမ်စိတ်တရားသူကြီးအချို့မှာရှိနေသည်ဟု CDM တရားသူကြီးတစ်ဦးက ပြောထားသည်။
တရားသူကြီးများ နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်ရခြင်းများသည် အမှုသည်များ၏ ယုံကြည်မှုရှိအောင် ကျမ်းသစ္စာကျိန်ဆိုရတာဖြစ်ပြီး တရားသူကြီးအချို့ လိုက်နာမှုမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ယခု ဥပဒေနှင့် ပတ်သက်ပြီး တရားသူကြီးတွေကို ပိုမိုကြပ်မတ်လုပ်ဆောင်ခဲ့သည်ဟု ၄င်းက ဆက်လက်ပြောထားသည်။
ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ၂၀၁၀ ခုနှစ်မှာစတင်ပြဌာန်းခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၉ မေ ၁၅ ရက်မှာ ဥပဒေပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ်(၂) အရ “တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်” ဆိုတဲ့ စကားရပ်အစား “တရားသူကြီးများကနေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက်စီစဉ်ဆောင်ရွက်မည်” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖြည့်စွက်ပြင်ဆင်ခဲ့တာ ဖြစ်သည်။
ထို့အပြင် ခြွင်းချက်အနေဖြင့် “တရားသူကြီးများသည်ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့်ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အသစ်ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။
25/02/2026
နိုင်ငံတစ်နိုင်ရဲ့ ဆုတ်ယုတ်မူဆိုတာ ဒီလိုတွေကနေ စတာပါ။
မြန်မာနိုင်ငံထဲမှာ ဖွင့်လှစ်ထားတဲ့ ဖင်လန်နိုင်ငံသံရုံးကို ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ပြီး ပိတ်သိမ်းတော့မယ်လို့ ရန်ကုန်မှာရှိတဲ့ ဖင်လန်သံရုံးကနေ ကြေညာလိုက်ပါတယ်။
မြန်မာမှာ သံရုံးပိတ်မှာဖြစ်တာကြောင့် ဖင်လန်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ဆောင်မှုတွေ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွှာဆိုင်ရာ နိုကြီထောက်ခံလက်မှတ်တွေအပါအဝင် ကောင်စစ်ဆိုင်ရာအလုပ်တွေအားလုံးကို ဘန်ကောက်မြို့မှာရှိတဲ့ ဖင်လန်သံရုံးကနေ ဆောင်ရွက်ပေးမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာက နယ်သာလန်နဲ့ ဒိန်းမတ်သံရုံးတွေကိုလည်း လာမယ့် ၂၀၂၆ နှစ်ကုန်ပိုင်းမှာ ပိတ်သိမ်းမယ်လို့ သက်ဆိုင်ရာ သံရုံးအကြီးအကဲတွေက ဘီဘီစီကို အတည်ပြုထားပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဖေဖော်ဝါရီ ၂၄ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/cm21kkyny81t ကို နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဖင်လန် #မြန်မာ #ဒိန်းမတ် #နယ်သာလန် #နိုင်ငံရေး #ပြည်တွင်းစစ်
" ဘုရားကျောင်းမှာ ဘာကြောင့် လူတချို့ မပျော်ရွှင်ကြတော့တာလဲ "
ဘုရားကျောင်းနဲ့ ဝေးကွာသွားကြရတဲ့ အကြောင်း ရင်း များစွာရှိနိုင်ပါတယ်။ ကျွန်တော်တစ်ဦးတစ်ယောက်ရဲ့အမြင်နဲ့ပြောပြရမယ်ဆိုရင်-
☘️ ဘုရားကျောင်းမှာ ဟောပြောနေတဲ့ သူတွေဟာ တရားဓမ္မတွေနဲ့ သူတို့ရဲ့လက်တွေ့ကျင့်မူနေထိုင်တဲ့လုပ်ရပ်က တခြားစီဖြစ်နေတာကို မြင်တွေ့ရတဲ့အခါ
☘️ တိုးတက်လာနေတဲ့ခေတ်ကြောင့်၊ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ မနိုင်မနင်းဝန်ထုပ်တွေ၊ မိသားစုမပြေလည်မှုတွေ၊ နည်းပညာနဲ့ လူမှုရေးပြဿနာတွေနဲ့ အချိန်ကုန်လုံးပန်းနေရသောအခါ
☘️ အသင်းတော်အတွင်း အာဏာလုတာတွေ (နေရာလုခြင်းမျိုး)၊ ငွေကြေးကိစ္စ မရှင်းလင်းတာတွေ၊ ခေါင်းဆောင်ပိုင်းများရဲ့ ကိုယ်ကျင့်တရားများ ပျက် ယွင်းမှုတွေကို မြင်တွေ့လာရတဲ့အခါ
☘️ တင်းကျပ်လွန်းတဲ့ စည်းမျဉ်းစည်းကမ်းတွေက ဝိညာဉ်ရေးရာထက် လူကို ပိုပြီးပင်ပန်းစေတာမျိုးကြုံလာရတဲ့အခါ
☘️ အသင်းတော်အတွင်း၊ လူပုဂ္ဂိုလ်စွဲတွေ၊ သမ္မာတရားထက် လူ့အကြိုက်ဟောပြောသွန်သင်ခြင်းတွေ၊ နွေးထွေးခြင်းမရှိဘူးဟု ခံစားရလာသောအခါ
☘️ "စစ်မှန်တဲ့ မေတ္တာနဲ့ နားလည်မှု" ကို လူတွေက ပိုပြီး ရှာဖွေနေကြတာပါ။ အဲ့ဒီလိုအပ်ချက်ကို ဘုရားကျောင်းက မဖြည့်ဆည်းပေးနိုင်ဘူးလို့ ခံယူလာကြတဲ့အခါ၊ တခြားတစ်နေရာမှာ ငြိမ်းချမ်းမှုကို ရှာဖွေဖို့ ထွက်ခွာသွားကြရင်း ဘုရားကျောင်းနဲ့ ဝေးကွာသွားရကြခြင်း ဖြစ်ပါတယ်။
တချို့က တိတ်တိတ်လေး ထွက်ခွာသွားကြတယ်။
တချို့က အပြီးပိုင် နေရာသစ်ဆီ ရွေ့သွားကြတယ်။
တချို့က .....
တချို့က .....
တချို့က .....
အသင်းတော်တစ်ခု၏ ချမှတ်ထားသော စည်းကမ်းချက်များ၊ သွန်သင်ချက်များသည် လူတစ်ဦးတစ်ယောက်၏ အသက်တာလမ်းကို ပိတ်ဆို့နေသည်ဟု ခံယူသူများလည်း ရှိနေနိုင်ပါတယ်။
ဘုရားကျောင်းမတက်လာသူကို သူကတော့ ဘုရား သခင်နဲ့ ဝေးသွားပြီလို့ ပြော၍မရနိုင်ပါ။
♦️♦️ မှတ်ချက် ♦️♦️
ဘုရားကျောင်းသည် သင့်စိတ်ခံစားချက်များကို ကျေနပ်ပျော်ရွှင်ပေးအံ့သောငှါ၊ ဖျော်ဖြေပေးသော နေရာတစ်ခု မဟုတ်ဘူးဆိုတာကိုတော့ အသေအချာ သိမှတ်ထားပါလေ။
-MMEC
KoChin
24/2/2026
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
Kuala Lumpur
52100