Myanmar Tottenham Hotspur

Myanmar Tottenham Hotspur

Share

We Are Tottenham hotspur🐓🤍🏅🏆⚽🇲🇲

06/08/2026

🚨 စပါးအသင်းဟာ နောက်ခံလူ Micky van de Ven နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေပြီး ဆွေးနွေးမှုတွေက အပြုသဘောဆောင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

နှစ်ဖက်စလုံးဟာ သဘောတူညီချက်တစ်ခု ရရှိဖို့ နီးကပ်လာနေပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိတော့ တရားဝင် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိသေးပါဘူး။


#စပါး #တော့တင်ဟမ် #တော့တင်ဟမ်ဟော့စပါး #မစ်ကီဗန်ဒီဗန် #ဗန်ဒီဗန်

06/08/2026

🚨 ဝက်စ်ဟမ်းအသင်းနဲ့ စပါးအသင်းတို့ဟာ Manor Solomon ရဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးခဲ့ပေမဲ့ ဝက်စ်ဟမ်းအသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် လက်ရှိမှာ ဆွေးနွေးမှုတွေ ရပ်တန့်နေပါတယ်။

ဝက်စ်ဟမ်းဘက်က ပေါင် ၅ သန်းခန့်သာ ပေးချေလိုပေမဲ့ စပါးအသင်းက တန်းတက်ခွင့်ရရှိခဲ့ပါက ထပ်ဆောင်းဆုကြေးငွေ (bonuses) တွေ ထည့်သွင်းပေးစေလိုနေတာကြောင့် နှစ်ဖက်အကြား သဘောတူညီမှု မရရှိသေးသာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဖီအိုရင်တီးနားအသင်းကလည်း Solomon ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူတို့ပေးချေလိုတဲ့ ပမာဏဟာ စပါးအသင်း သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် နည်းနေသေးတယ်လို့ သိရပါတယ်။


#စပါး #တော့တင်ဟမ် #တော့တင်ဟမ်ဟော့စပါး
#မာနော်ဆိုလိုမွန် #ဆိုလိုမွန် #ဝက်စ်ဟမ်း #ဖီအိုရင်းတီးနား

06/08/2026

🚨 အသက် ၁၉ နှစ်အရွယ် စပါးအသင်းနောက်ခံလူ အက်ရှ်လေ ဖီးလစ်ဟာ မစ်ဒယ်စ်ဘရော့အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး စာရွက်စာတမ်း လုပ်ငန်းစဉ်အားလုံးကိုလည်း အပြီးသတ် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆေးစစ်မှု ပြုလုပ်ဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတွေမှာ အငှားထွက်ကစားခဲ့တဲ့ ဖီးလစ်ဟာ အခုတစ်ကြိမ်မှာတော့ ပုံမှန်ကစားချိန် ပိုမိုရရှိနိုင်မယ့် အခွင့်အရေးကို ရှာဖွေဖို့ မစ်ဒယ်စ်ဘရော့အသင်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

⚠️ ဒါပေမဲ့ ကလပ်အသင်းနှစ်သင်းကြား တရားဝင်ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် ပြောင်းရွှေ့ကြေးနဲ့ စာချုပ်သက်တမ်း အတိအကျကိုတော့ မသိရှိရသေးပါဘူး။



#စပါး #တော့တင်ဟမ် #တော့တင်ဟမ်ဟော့စပါး
#အက်ရှ်လေဖီးလစ်ဟာ #မစ်ဒယ်စ်ဘရော့ #ဖီးလစ်

06/08/2026

⚪️မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား Savinho ဟာ Tottenham ရဲ့ အဓိကပစ်မှတ် ဖြစ်နေဆဲဖြစ်ပေမဲ့ Spurs နဲ့ Manchester City တို့ကြား ပြောင်းရွှေ့ကြေးအတွက် အခုထိ သဘောတူညီမှု မရရှိသေးပါဘူး။ ဒါကြောင့်
RBလိုက်ပ်ဇစ် အသင်းမှ Antonio Nusa ကို အစားထိုးရွေးချယ်စရာအဖြစ် ဆွေးနွေးနေကြတယ်လို့ Tom Allnutt က ဖော်ပြထားပါတယ်။

Savinho ရဲ့ အပြောင်းအရွှေ့က နှေးကွေးနေတဲ့အတွက် Spurs အသင်းအနေနဲ့ အခြားပစ်မှတ်တွေကို စတင်စဉ်းစားသင့်ပြီလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာနေပါတယ်။

RB လိုက်ပ်ဇစ်က Antonio Nusa ကို ရွေးချယ်မယ်ဆိုရင်တော့

✅ အသက်ငယ်ပြီး အနာဂတ်အတွက် အလားအလာကောင်းတယ်။

✅ ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်တယ်။

✅ အရှိန်အဟုန်ကောင်းပြီး တစ်ယောက်ချင်း ကျော်ဖြတ်နိုင်စွမ်း ရှိတယ်။

❌ ဒါပေမဲ့ Savinho လောက် Premier League အတွေ့အကြုံ မရှိသေးဘူး။

❌ ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းနှုန်းကလည်း Savinho ထက် နည်းနေသေးတယ်။

ကျွန်တော့်အမြင်အရတော့ Spurs အနေနဲ့ Savinho ကို အရင်ဆုံး ဆက်လက်ကြိုးစားသင့်ပြီး သဘောတူညီမှု မရနိုင်တော့ဘူးဆိုမှ Nusa ကို ခေါ်ယူတာက ပိုသင့်တော်မယ်ထင်ပါတယ်။




#စပါး #တော့တင်ဟမ် #တော့တင်ဟမ်ဟော့စပါး
#မန်စီးတီး #မန်ချက်စတာစီးတီး ိုက်ပ်ဇစ် #ဆာဗင်ညို #နူဆာ #အန်တိုနီယိုနူဆာ

06/08/2026

Cuti Romero ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားနေ
တဲ့ Atlético Madrid

Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ Atlético Madrid အသင်းဟာ ရိုမဲရိုးအတွက် စပါးအသင်းထံ ကနဦးကမ်းလှမ်းမှုအဖြစ် ယူရို သန်း ၃၀ ဝန်းကျင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ စပါးအသင်းကတော့ Inter Milan နဲ့ သဘောတူထားတဲ့ ယူရို သန်း ၄၀ ဝန်းကျင်ပမာဏအထိကိုပဲ လိုချင်နေပါတယ်။

ဒါ့အပြင် Diego Simeone ဟာ ရိုမဲရိုးကို ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း စပိန်လိဂ်မှာ သွားရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိတော့ တရားဝင် သဘောတူညီချက် မရသေးဘဲ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။




#စပါး #တော့တင်ဟမ်
#တော့တင်ဟမ်ဟော့စပါး #ရိုမဲရိုး #ခရစ္စတီယန်ရိုမဲရို
#စပိန် #အင်တာ #အင်တာမီလန် #အက်သလက်တီကိုမက်ဒရစ် #မက်ဒရစ် #ဒီယေဂိုဆီမြွန်နီ #ဆီမြွန်နီ

05/08/2026

ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်လေ့ကျင့်ခန်းတွေကို တဖြည်းဖြည်း ပြန်လည်လုပ်ဆောင်လာနိုင်နေပြီဖြစ်တဲ့ ဒီဂျန် ကူလူဆက်စကီ နှင့် မိုဟာမက် ကူဒတ်စ်


#စပါး #တော့တင်ဟမ်
#တော့တင်ဟမ်ဟော့စပါး #ဒီဂျန်ကူလူဆက်စကီ #မိုဟာမက်ကူဒတ်စ် #ကူလူဆက်စကီ #ကူဒတ်စ်

05/08/2026

🚨 စပါးအသင်း လူငယ်တိုက်စစ်မှူး မေဆန် မီလီယာ (Mason Melia)ဟာ ချန်ပီယံရှစ်ကလပ် လင်ကွန်းစီးတီး (Lincoln City) အသင်းဆီ အငှါးအပြောင်းရွှေ့အတွက်အပြီးသတ် လက်မှတ်ရေးထိုးပြီးသွားပါပြီ။

ဒီအငှားစာချုပ်ဟာ တစ်ရာသီတာ သက်တမ်းရှိမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့် (option to buy) မပါဝင်ပါဘူး။

ရော်ဘတ်တို ဒီဇာဘီက မီလီယာကို ပွဲထွက်အတွေ့အကြုံတွေ ပိုမိုရရှိစေဖို့ ဒီအပြောင်းအရွှေ့ကို ထောက်ခံထားပြီး အသင်းပေါင်း ၃၀ ကျော်က စိတ်ဝင်စားခဲ့ကြပေမဲ့ နောက်ဆုံးမှာ လင်ကွန်းစီးတီးအသင်းက ခေါ်ယူဖို့အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။


#စပါး #တော့တင်ဟမ်
#တော့တင်ဟမ်ဟော့စပါး #မေဆန်မီလီယာ #လင်ကွန်းစီးတီး #ချန်ပီယံရှစ်

05/08/2026

🚨⚪️ စပါးအသင်းဟာ ဒီနွေရာသီမှာ ကိုဒီ ဂက်ပိုကို ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ဇူလိုင်လအတွင်းကလည်း စပါးဘက်က စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ လီဗာပူးလ်အသင်းက ရောင်းချဖို့ ဆန္ဒမရှိဘဲ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ အပြောင်းအရွှေ့ဖြစ်မဖြစ်ဆိုတာ လီဗာပူးလ်အသင်းရဲ့ ဆုံးဖြတ်ချက်နဲ့ PSG တောင်ပံကစားသမား ဘရာဒလေ ဘာကိုလာ (Bradley Barcola) ကို ခေါ်ယူနိုင်မလားဆိုတဲ့ အခြေအနေအပေါ် မူတည်နေပါတယ်။

လက်ရှိအချိန်မှာတော့ စပါးအသင်းဟာ ဂက်ပိုကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။



#စပါး #တော့တင်ဟမ် #တော့တင်ဟမ်ဟော့စပါး #ကိုဒီဂက်ပို #လီဗာပူးလ် #ပီအက်ဂျီ
#ဘရာဒလေဘာကိုလာ #ဂက်ပို

05/08/2026

🚨 အက်သလက်တီကို မက်ဒရစ်အသင်းကတော့ ခရစ္စတီယန် ရိုမဲရိုး (Cuti Romero) ကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။

ဒီကမ်းလှမ်းမှုကိုပြုလုပ်ရန်အတွက် နောက်ခံကစားသမား နာဟူအဲလ် မိုလီနာ (Nahuel Molina) နဲ့ ရူဂျီရီ (Ruggeri) တို့ကို အရင်ရောင်းချပြီးမှ စတင်ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

အင်တာမီလန်အသင်းက ယခင်က စပါးအသင်းထံ ယူရို သန်း ၄၀ ဝန်းကျင်နဲ့ ကမ်းလှမ်းထားခဲ့ပေမဲ့ ကစားသမားဘက်က သဘောတူညီမှု မရရှိခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။

အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမီအိုနီကတော့ ရိုမဲရိုးကို ခေါ်ယူဖို့ အလွန်စိတ်ဝင်စားနေပြီး အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။


#စပါး #တော့တင်ဟမ်
#အက်သလက်တီကိုမက်ဒရစ် #အင်တာ #အင်တာမီလန်
#ခရစ္စတီယန်ရိုမဲရိုး

05/08/2026

🚨 သတင်းတွေအရ တော့တင်ဟမ်အသင်းဟာ Manor Solomon ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၂၀ သန်းခန့် သတ်မှတ်ထားပါတယ်။

လက်ရှိမှာ Hull City အသင်းကလည်း စိတ်ဝင်စားနေပြီး West Ham United အသင်းကတော့ ခေါ်ယူဖို့ အလားအလာအကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။

ကနဦး ကမ်းလှမ်းမှုတွေဟာ ပေါင် ၁၀ သန်းကနေ ပေါင် ၂၀ သန်းကြား ရှိလာနိုင်ပြီး လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့က ပိုမိုလျင်မြန်လာကာ သဘောတူညီမှု ရရှိသွားနိုင်တယ်လို့ သိရပါတယ်။


#စပါး
#တော့တင်ဟမ်
#တော့တင်ဟမ်ဟော့စပါး #ဟူးစီးတီး #ဝက်ဟမ်း #မာနော်ဆိုလမွန်

Want your business to be the top-listed Gym/sports Facility in Johor Bahru?

Click here to claim your Sponsored Listing.

Location

Telephone

Address

Johor Bahru