We Run As One

We Run As One

Share

We are a runner community - we run for fun, we run for health, we run in unity.

Photos from We Run As One's post 26/08/2026

Hill Training 🏃‍♀️🏃‍♂️
26/ 08/ 2026 Wednesday
ပြေး/ ရိုက်/ စား

မနက်ခင်းရဲ့ အကောင်းဆုံး Energy က "အတူတူပြေးခြင်း" ပါပဲ ☀️

ပြေးတယ်ဆိုတာ ချွေးထွက်ဖို့သက်သက်တင် မဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ၊ ပင်ပန်းတာတွေကို လမ်းမပေါ်မှာ ချန်ထားခဲ့ပြီး လွတ်လပ်မှုကို ရှာဖွေတာလည်း ဖြစ်ပါတယ်။

We Run As One ရဲ့ရည်ရွယ်ချက်ဟာဆိုရင် -
လွတ်လပ်စွာပြေးမယ် 🏃🏃‍♀️🏃‍♂️
အမှတ်တရဓါတ်ပုံတွေရိုက်မယ် 📸🤳
ရယ်စရာတွေနဲ့ အမောဖြေပြီး အရသာရှိတဲ့ မနက်စာ ကောင်းကောင်းစားမယ် ☕️🍜🍲

ပျော်စရာကောင်းတဲ့ Community တစ်ခုမှာ အဖော်မပါဘဲ ပြေးရတဲ့ အထီးကျန်မှုတွေကို နဲ့ အဆုံးသတ်လိုက်ပါ။

#ပြေးရိုက်စား

Photos from We Run As One's post 25/08/2026

Congratulations to our Top 48 Quick-Handed Runners! 🎉⚡️

ယနေ့ညမှာ Registration Link စတင်ဖွင့်လှစ်ခဲ့တဲ့ RAO Syriam Tour 2026 SCSC x RAO အစီအစဉ်အတွက် ခဏလေးအတွင်းမှာတင် Slot တွေ အမြန်ဆုံး အပြည့်ဖြည့်ပြီး ပါဝင်ခဲ့ကြတဲ့ လက်မြန်၊ အပြေးမြန် Runner တိုင်းကို Congratulations လို့ ပြောပါရစေဗျိုး ! 🥳

လူဦးရေ ကန့်သတ်ချက် (၅၀) ဦးထဲမှာမှ အချက်အလက် ဖြည့်သွင်းခြင်း မပြည့်စုံတာကြောင့် စိတ်မကောင်းစွာ Reject လိုက်ရသူ (၁) ဦးနဲ့ Withdrawal လုပ်သွားသူ (၁) ဦး ရှိတာကြောင့် ဒီတစ်ခေါက် ပွဲစဉ်မှာတော့ Total 48 Runners + Admin Team တူတူ တက်ကြွစွာ ပါဝင်သွားကြတော့မှာ ဖြစ်ပါတယ်! 🏃‍♂️🏃‍♀️✨

အကြောင်း အမျိုးမျိုးကြောင့် ဒီတစ်ခေါက် Register မရလိုက်တဲ့ Runner များအတွက်လည်း နောက်လာမယ့် မိုက်လွန်းတဲ့ Event & Challenge အသစ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။

Register အောင်မြင်သွားတဲ့ Runner များအတွက်…
လာမယ့် စနေနေ့ မနက်ခင်းမှာ August ရဲ့ မိုးစက်မိုးပေါက်တွေကြား အတူတူ ပြေးကြမယ်၊ ရေကူးကြမယ်၊ အမိုက်စား ဓာတ်ပုံလှလှလေးတွေ ရိုက်ကြပါမယ်! 🏃‍♂️ 📸🏊‍♂️

စနေနေ့ မနက်မှာ တွေ့ကြမယ်နော်… Get ready! 🔥💯

#ပြေးရိုက်စား

25/08/2026

🏆 RAO Syriam Tour 2026 — စာရင်းပေးသွင်းမှု ဖွင့်လှစ်ပါပြီ! 🏃‍♂️🔥

အပြေးဝါသနာရှင်များ၊ ကိုယ့်ကိုယ်ကို စိန်ခေါ်လိုသူများအတွက် RAO Syriam Tour 2026 မှာ ပါဝင်ဖို့ အချိန်ရောက်ပါပြီ!

📍 StarCity Sports Club သန်လျင်၊ ရန်ကုန် တွင် ၂၉.၈.၂၀၂၆ (စနေနေ့)၌ ကျင်းပမယ့် ဒီ Running Event မှာ

ကျွန်တော်တို့ နဲ့ အတူတူ ကိုယ့်ရဲ့ Limit ကို ကျော်ဖြတ်ပြီး ပန်းတိုင်ဆီ အတူတူပြေးကြရအောင်။

🏃‍♀️ Experienced Runner ဖြစ်ဖြစ်၊ Beginner ဖြစ်ဖြစ် — အားလုံးကို ကြိုဆိုပါတယ်!
🔥 Run Together. Challenge Yourself. Finish Stronger.

👇 စာရင်းပေးသွင်းရန် 👇
🔗 [https://forms.gle/B7LQDNm4bwHqnsnU7]

🚨 Don’t miss your chance to be part of RAO Syriam Tour 2026!
Register Now & Be Part of the Journey! 🏁

❗️လူဦးရေ ကန့်သတ်ထားပါသဖြင့် Slots အရေအတွက် (၅၀) သာလက်ခံမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ🙏

# RAOers

Photos from We Run As One's post 25/08/2026

Easy Run 5k 🏃‍♀️🏃‍♂️
25/ 08/ 2026 Tuesday
ပြေး/ ရိုက်/ စား

မနက်ခင်းရဲ့ အကောင်းဆုံး Energy က "အတူတူပြေးခြင်း" ပါပဲ ☀️

ပြေးတယ်ဆိုတာ ချွေးထွက်ဖို့သက်သက်တင် မဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ၊ ပင်ပန်းတာတွေကို လမ်းမပေါ်မှာ ချန်ထားခဲ့ပြီး လွတ်လပ်မှုကို ရှာဖွေတာလည်း ဖြစ်ပါတယ်။

We Run As One ရဲ့ရည်ရွယ်ချက်ဟာဆိုရင် -
လွတ်လပ်စွာပြေးမယ် 🏃🏃‍♀️🏃‍♂️
အမှတ်တရဓါတ်ပုံတွေရိုက်မယ် 📸🤳
ရယ်စရာတွေနဲ့ အမောဖြေပြီး အရသာရှိတဲ့ မနက်စာ ကောင်းကောင်းစားမယ် ☕️🍜🍲

ပျော်စရာကောင်းတဲ့ Community တစ်ခုမှာ အဖော်မပါဘဲ ပြေးရတဲ့ အထီးကျန်မှုတွေကို နဲ့ အဆုံးသတ်လိုက်ပါ။

#ပြေးရိုက်စား

24/08/2026

🏃‍♂️ We Run As One (RAO) - Weekly Schedule Update 🏃‍♀️

ကျန်းမာရေးအတွက် ပြေးကြမယ်! 🏃‍♂️💨 ဒီတစ်ပတ် We Run As One (RAO) ရဲ့ အပြေးလေ့ကျင့်ခန်းအစီအစဉ်နဲ့ Event Schedule ကို ဖော်ပြပေးလိုက်ပါတယ်။ မိမိနဲ့ အဆင်ပြေမယ့်နေ့နဲ့ နေရာမှာ လာရောက် ပူးပေါင်းနိုင်ပါတယ်ဗျ။

🗓 Weekly Schedule (25.8.2026 - 29.8.2026)

🔹 Tuesday (25.8.2026)
Distance: 5 KM
Location: People Park (Baby City)
Time: 5:00 AM

🔹 Wednesday (26.8.2026)
Training: Hill Training
Location: People Park (Baby City)
Time: 5:00 AM

🔹 Thursday (27.8.2026)
Distance: 5 KM
Location: Inya Car Parking (ဘူးသီးကြော်ကားပါကင်)
Time: 5:00 AM

🔥 Saturday (29.8.2026) - Main Event Day!
Distance: 7 KM / 14 KM / 21 KM
Pick Up Point: 🚌 Inya & People Park
Time:
4:15 AM (Inya)
4:30 AM (People Park)

💡 Note:
အဆင်ပြေသော အပြေးဝါသနာရှင် ညီကိုမောင်နှမများ မည်သူမဆို လွတ်လပ်စွာ ဝင်ရောက် Join နိုင်ပါသည်။
ရက်တိုင်းအတွက် Sweeper စီစဉ်ပေးထားတာမို့ နောက်ကျကျန်ခဲ့မှာ လုံးဝပူစရာမလိုပါဘူး။
အတူတူပြေးကြမယ်၊ ကျန်းမာကြမယ်! 💪🔥

#ပြေးရိုက်စား

Photos from We Run As One's post 24/08/2026

RAO Syriam Tour 2026 🏃‍♂️🏊‍♂️✨

ရင်ခုန်စရာ အစီအစဉ်သစ်တွေ စောင့်မျှော်နေကြတဲ့ RAO Runner တို့အတွက် Surprise ပါ! 🥳

ဒီတစ်ခေါက် August မိုးရေစက်တွေကြားထဲမှာ RAO နဲ့ SCSC (StarCity Sports Club) တို့ ပူးပေါင်းပြီး အမိုက်စား Exclusive Running & Wellness Training တစ်ခုကို
(29.8.26) Saturday မှာဖန်တီးပေးထားပါတယ်ခင်ဗျ။

အပြေးလေ့ကျင့်ရုံတင် မကဘဲ ပြေးပြီးရင် ရေကူးကန်မှာ အေးအေးဆေးဆေး ရေကူး၊ Coffee shop & Members Lounge မှာ အနားယူကာ လွတ်လပ်စွာနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဖြတ်သန်းရမှာပဲ ဖြစ်ပါတယ်ဗျ။

Runner တိုင်းအတွက် FOC ဖြစ်တဲ့အပြင်
RAO ကနေ အသွား/အပြန် ကားပါ စီစဉ်ပေးမှာပါ။ (မိမိအစီစဉ်ဖြင့် လိုက်ပါလို့လည်း ရပါတယ်ဗျ)

✨ အစီအစဉ် အသေးစိတ်:
• ပြေးမယ့် အကွာအဝေးများ: 7K, 14K, 21K
• ကားကြိုမယ့် နေရာများ:
•4:15 AM - အင်းလျား ဘူးသီးကြော် Parking
•4:30 AM - ပြည်သူ့ရင်ပြင် ( ပြည်လမ်း၊ လွှတ်တော်ရှေ့)

•ကွင်းတွင်း အစီအစဉ်:
•5:00 AM မှာ Stretching လုပ်ပြီး 5:15 AM မှာ တာလွှတ်ပါမယ်။
•ပြေးပြီးပါက အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ ရေကူးခြင်း၊ Coffee shop & Members Lounge မှာ အနားယူခြင်းများ ပြုလုပ်ကာ
မနက် ၁၀:၀၀ နာရီမှာ ပြန်လည် ထွက်ခွာပါမည်။

🚨 သတိပြုရန်: Runner အားလုံးအတွက် တန်ဖိုးရှိတဲ့ အမှတ်တရအချိန်လေး ဖြစ်စေရန် Limited Slot (၅၀) ဦး သာ လက်ခံမှာဖြစ်လို့ အင်္ဂါနေ့ (25/Aug/2026) ည (၈:၀၀) နာရီ Registration စတင်တာနဲ့ ချက်ချင်း စာရင်းသွင်းဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

RAO ရဲ့ ထုံးစံအတိုင်း အမောပြေ အမှတ်တရ ဓာတ်ပုံလှလှလေးတွေလည်း ရိုက်ပေးဦးမှာဆိုတော့ ဘာလိုသေးလဲဗျာ 😎


#ပြေးရိုက်စား

Photos from We Run As One's post 23/08/2026

Happy Belated Birthday ပါ Ko Htain! 🎉✨

(22.08.2026) မှာ ကျရောက်ခဲ့တဲ့ RAO EC Member ရုပ်ချော၊ သဘောဖြူ လူပျိုလေး ကိုထိန် ရဲ့ မွေးနေ့မှသည် ရှေ့ဆက်လျှောက်လှမ်းမယ့် ခရီးစဉ်တိုင်းမှာ ကျန်းမာကြံ့ခိုင်ပြီး PB သစ်တွေ အထပ်ထပ် စိုက်ထူနိုင်ပါစေ။
အဖွဲ့အတွက် အမြဲတမ်း အားကိုးရတဲ့ အမာခံတစ်ယောက်အဖြစ် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့အတူ စီးပွားရေး၊ လိုရာဆန္ဒများအားလုံး အကုန်ပြည့်ဝပါစေကြောင်း RAO မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🏃‍♂️🎂✨

#ပြေးရိုက်စား

Photos from We Run As One's post 22/08/2026

Weekend Run 10k 🏃‍♀️🏃‍♂️
22/ 08/ 2026 Saturday
ပြေး/ ရိုက်/ စား

မနက်ခင်းရဲ့ အကောင်းဆုံး Energy က "အတူတူပြေးခြင်း" ပါပဲ ☀️

ပြေးတယ်ဆိုတာ ချွေးထွက်ဖို့သက်သက်တင် မဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ၊ ပင်ပန်းတာတွေကို လမ်းမပေါ်မှာ ချန်ထားခဲ့ပြီး လွတ်လပ်မှုကို ရှာဖွေတာလည်း ဖြစ်ပါတယ်။

We Run As One ရဲ့ရည်ရွယ်ချက်ဟာဆိုရင် -
လွတ်လပ်စွာပြေးမယ် 🏃🏃‍♀️🏃‍♂️
အမှတ်တရဓါတ်ပုံတွေရိုက်မယ် 📸🤳
ရယ်စရာတွေနဲ့ အမောဖြေပြီး အရသာရှိတဲ့ မနက်စာ ကောင်းကောင်းစားမယ် ☕️🍜🍲

ပျော်စရာကောင်းတဲ့ Community တစ်ခုမှာ အဖော်မပါဘဲ ပြေးရတဲ့ အထီးကျန်မှုတွေကို နဲ့ အဆုံးသတ်လိုက်ပါ။

ဒီတပတ်ရဲ့ Weekend Run မှာ Runnerတွေအားလုံး အမောပြေပြီး လန်းဆန်းတက်ကြွနေစေဖို့အတွက် ZORA-Ion Supply Drink မှ Hydration ကို Support ပေးထားပါတယ်။
လူရော စိတ်ပါ အားအင်တွေ ပြည့်ဝ လန်းဆန်း သွားအောင် ပံ့ပိုးပေးတဲ့ ZORA နှင့် အစစအရာရာ လိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးတဲ့ Golden Asia Logistics တို့ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

#ပြေးရိုက်စား


Photos from We Run As One's post 20/08/2026

Easy Run 8k 🏃‍♀️🏃‍♂️
20/ 08/ 2026 Thursday
ပြေး/ ရိုက်/ စား

မနက်ခင်းရဲ့ အကောင်းဆုံး Energy က "အတူတူပြေးခြင်း" ပါပဲ ☀️

ပြေးတယ်ဆိုတာ ချွေးထွက်ဖို့သက်သက်တင် မဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ၊ ပင်ပန်းတာတွေကို လမ်းမပေါ်မှာ ချန်ထားခဲ့ပြီး လွတ်လပ်မှုကို ရှာဖွေတာလည်း ဖြစ်ပါတယ်။

We Run As One ရဲ့ရည်ရွယ်ချက်ဟာဆိုရင် -
လွတ်လပ်စွာပြေးမယ် 🏃🏃‍♀️🏃‍♂️
အမှတ်တရဓါတ်ပုံတွေရိုက်မယ် 📸🤳
ရယ်စရာတွေနဲ့ အမောဖြေပြီး အရသာရှိတဲ့ မနက်စာ ကောင်းကောင်းစားမယ် ☕️🍜🍲

ပျော်စရာကောင်းတဲ့ Community တစ်ခုမှာ အဖော်မပါဘဲ ပြေးရတဲ့ အထီးကျန်မှုတွေကို နဲ့ အဆုံးသတ်လိုက်ပါ။

#ပြေးရိုက်စား

19/08/2026

RAO 300K Challenge အပြီးမှာ အရှိန်မပျက်သေးဘဲ နောက်ထပ် ရင်ခုန်စရာတစ်ခုကို စောင့်မျှော်နေကြတဲ့ RAO’s Runner များအတွက်… 🔥

ဒီတစ်ခေါက် August လရဲ့ မိုးရေစက်တွေကြားထဲမှာ ပိုမိုလှပပြီး စနစ်ကျတဲ့ ပြေးလမ်းတစ်ခုပေါ် မောမှန်းမသိ အတူတူ လေ့ကျင့်နိုင်ဖို့အတွက် RAO ကနေ အစီအစဉ်တစ်ခုကို ပြင်ဆင်ကြိုးစားပေးနေပါတယ်ခင်ဗျ။

ဘယ်နေရာမှာ၊ ဘယ်လို Surprise မျိုးနဲ့ အတူတူ ပြေးကြမလဲဆိုတာကို
24.08.2026 (Monday) မှာ တရားဝင် စတင်ကြေငြာပေးသွားမှာဖြစ်လို့ RAO Page ကို စောင့်ကြည့်ပေးကြပါဦးဗျ။

ကဲ ဘယ်နေရာဖြစ်မလဲဆိုတာ ခန့်မှန်း၍ Comment ရေးခဲ့ပြီး၊ လာမယ့် Monday မှာ အဖြေတိုက်ကြရအောင်ဗျာ။

#ပြေးရိုက်စား

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon