21/06/2026
ဒီရက်ပိုင်း personal ကိစ္စတွေနဲ့မအားတာကြောင့် အသင်းအကြောင်းအရာတွေ သိပ်မတင်ဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ TYL ကတော့ နိုင်ပွဲတွေ ဆက်တိုက်ဖော်ဆောင်နေဆဲပါ။ ဒီနေ့ တနင်္ဂနွေနေ့မှာလည်း Legendary United FC ကို 3-2 ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲဆက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင်သွင်းဂိုးပျောက်ဆုံးနေတဲ့သူတွေလဲဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပါတယ်😁နောက်လာမယ့် ပွဲစဉ်တွေမှာလည်း အခုလို ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားပြီး အောင်ပွဲတွေ ဆက်ယူနိုင်ဖို့ မျှော်လင့်မိပါတယ်။
21/06/2026
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ပွဲစဉ်မှာတော့ ကျွန်တော်တို့ TYL အသင်းဟာ ဂိုးသမားမပါ၊ လူမစုံတဲ့ အခက်အခဲတွေ ရှိခဲ့ပေမဲ့ Family Myanmar FC ကို 3-1 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ CB အဖြစ် ကစားခဲ့ပေမဲ့ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကိုလင်း (Ko Lynn) က MOTM ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်ခင်ဗျာ။ နောက်လာမယ့် ပွဲစဉ်တွေမှာတော့ လူစုံစုံလင်လင်နဲ့ ပွဲထွက်နိုင်ဖို့ မျှော်လင့်မိပါတယ်။
12/06/2026
နိုင်ပွဲဆက်ဖို့အတွက် နောက်ထပ်ပွဲစဉ်တစ်ပွဲ ရောက်ရှိလို့လာပါပြီ။ ဒီတစ်ပတ်မှာတော့ မကြာခင်ကမှ ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ Family Myanmar Fan FC အသင်းနဲ့ ရွှေနံ့သာကွင်းမှာ ထပ်မံရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။ အသင်းသားများအားလုံး အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ပွဲစဉ်အသေးစိတ်
📆 ရက်စွဲ: ၁၄.၆.၂၀၂၆ (တနင်္ဂနွေ)
🎽 ဝတ်စုံ: အမဲရောင်
⏰ အချိန်: ည ၉:၀၀ - ၁၁:၀၀
📍 နေရာ: ရွှေနံ့သာကွင်း (မင်္ဂလာဒုံ)
08/06/2026
ဒီတစ်ပတ် တနင်္ဂနွေနေ့ပွဲစဉ်မှာတော့ ပြိုင်ဘက်ကို အဘက်ဘက်က အသာစီးရယူပြီး ပေးဂိုးမရှိ (Clean Sheet) နဲ့အတူ ထိုက်ထိုက်တန်တန်ပဲ အနိုင်သုံးမှတ်ကို ဖော်ဆောင်နိုင်ခဲ့ပါပြီဗျာ။ 🔥💪
ကွင်းထဲကော ကွင်းပြင်ကပါ အားတက်သရော ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ အသင်းသားတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
နောက်လာမယ့် ပွဲစဉ်တွေမှာလည်း အခုလို ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး အောင်ပွဲတွေ ဆက်တိုက်သိမ်းပိုက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်ဗျာ။ Let's keep moving forward, TYL!
05/06/2026
ပြိုင်ပွဲတွေလည်း ပြီးသွားပြီဆိုတော့ အပတ်စဉ် ကန်နေကျ ခြေစမ်းပွဲတွေ ပြန်စတော့မှာပဲ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေ (Sunday) မှာတော့ New Generation FC နဲ့ ခရေပင်လမ်းခွဲကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ အသင်းသားတွေအားလုံး လာရောက်ပူးပေါင်းပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။
ပွဲစဉ်အသေးစိတ်
📆ရက်စွဲ: ၇.၆.၂၀၂၆ (တနင်္ဂနွေ)
🎽ဝတ်စုံ: အမဲရောင်
⏰အချိန်: ညနေ ၀၇:၀၀- ၀၉:၀၀
📍နေရာ: ခရေပင်လမ်းခွဲကွင်း (မင်္ဂလာဒုံ)
31/05/2026
ဒီကနေ့ Sunday ပွဲစဉ်မှာတော့ ပြိုင်ဘက်အသင်းဖြစ်တဲ့ Gunner Force Fc မှာအဆက်သွယ်မရ ပြိုင်ပွဲကိုလဲလာရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသောကြောင့် ကျနော်တို့အသင်းအနေဖြင့် မကန်လိုက်ရပဲ အနိုင်သုံးမှတ်ကိုရရှိခဲ့ပါတယ်ခင်ဗျာ😁
30/05/2026
ကျွန်တော်တို့အသင်းရဲ့ ယခုပြိုင်ပွဲအတွင်း နောက်ဆုံးပွဲစဉ်အနေဖြင့် "မှော်ဝင်ဆန်းပြား တော်ဝင် Gunner" အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါသည်။ နှစ်သင်းစလုံး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သော်လည်း အဆိုပါပွဲစဉ်တွင် အကောင်းဆုံးနှင့် အကြိတ်အနယ်ဆုံး ယှဉ်ပြိုင်သွားကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။ အသင်းသားများအနေဖြင့်လည်း အတတ်နိုင်ဆုံး လာရောက်ပူးပေါင်းပြီး ပါဝင်အားဖြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပွဲစဉ်အသေးစိတ်:
📆 ရက်စွဲ: ၃၀.၅.၂၀၂၆ (တနင်္ဂနွေနေ့)
🎽 ဝတ်စုံ: အမည်းရောင်
⏰ အချိန်: ည ၉:၀၀ - ၁၁:၀၀
📍 နေရာ: လေးထောင့်ကန်ကွင်း
30/05/2026
ပြီးခဲ့သည့်ပတ် ပွဲစဉ်တွင် ကျွန်တော်တို့အသင်းအနေဖြင့် လူအင်အားနည်းပါးမှုကြောင့် ကစားသမား (၁၄) ဦးတည်းဖြင့်သာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပြီး (၄-၂) ရလဒ်ဖြင့် ပြိုင်ပွဲမှ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါသည်။ သို့သော်လည်း အတွေ့အကြုံကောင်းများ ရရှိခဲ့သည့်အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် အသင်းသားများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ မိမိတို့အသင်း၏ နောက်ဆုံးပွဲစဉ်အဖြစ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သော Gunner force FC အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါသည်။ အဆိုပါပွဲစဉ်တွင်မူ ကစားသမားလူစုံလင်စွာဖြင့် အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။
13/05/2026
အဖွင့်ပွဲမှာ အရှုံးနဲ့စခဲ့ရပေမဲ့ ၃-၄ ဆိုတဲ့ရလဒ်နဲ့ အကြိတ်အနယ်ရှိခဲ့လို့ အသင်းသားတွေရဲ့ Fighting Spirit ကိုတော့ Shout out ပေးချင်ပါတယ်။ အဆုံးသတ်ပိုင်းမှာ အားနည်းချက်လေးတွေရှိခဲ့တာကို သင်ခန်းစာယူပြီး နောက်ပွဲတွေမှာ အုပ်စုတက်ဖို့ အကောင်းဆုံး Focus လုပ်သွားပါမယ်။ အားတက်သရော လာရောက်ကစားပေးခဲ့ကြတဲ့ အသင်းသားအားလုံးကို ကျေးဇူးတင်ပါတယ်ဗျ