05/07/2026
တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ရုန်းကန်ပြီးလို့ ညနေခင်း ရောက်ပြီဆိုရင် ဘော်ဒါတွေနဲ့ ဆုံပြီး အပန်းဖြေဖို့ နေရာတစ်ခုခုကို ပြေးမြင်မိကြတယ်မလားဗျာ။
ဖုန်းတွေချ၊ အွန်လိုင်းပေါ်က ခဏခွာပြီး အဲကွန်းခန်းထဲမှာ သီချင်းလေး နားထောင်ရင်း ကျူတံလေး ကိုယ်စီကိုင်လို့ စားပွဲဝိုင်းဘေးမှာ ဆုံရတဲ့ အခိုက်အတန့်က တကယ်ကို အမောပြေစေတာပါ။
စားပွဲပေါ်က ဘောလုံးလေးတွေရဲ့ လမ်းကြောင်းကို အာရုံစိုက်ရင်း တစ်ချက်ချင်း တိတိကျကျ ရိုက်သွင်းလိုက်တဲ့အခါ ရရှိတဲ့ စိတ်ကျေနပ်မှုက ဘာနဲ့မှ မလဲနိုင်ပါဘူး။
အဲ့ဒီလို အရည်အသွေးကောင်းတဲ့ စားပွဲခုံတွေ၊ ကျူးတံတွေနဲ့အတူ သပ်ရပ်ကျနပြီး လေကောင်းလေသန့်ရတဲ့ ပတ်ဝန်းကျင်မျိုးမှာ အပန်းဖြေဖို့အတွက် ကျွန်တော်တို့ CUE FIVE က အမြဲတမ်း စောင့်ကြိုနေပါတယ်ဗျာ။
⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟗:𝟑𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟖𝟎 𝟕𝟖𝟎 𝟕𝟑𝟗
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ
04/07/2026
တစ်နေ့တာရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ ပြီးဆုံးသွားတဲ့အခါ ဒါမှမဟုတ် စိတ်အာရုံကို တစ်နေရာတည်းမှာ ငြိမ်သက်သွားစေချင်တဲ့အခါ... စားပွဲထက်က အဖြူရောင်ဘောလုံးလေးဆီကိုပဲ အကြည့်တွေကို ပို့ထားလိုက်ပါ။
🎱 လက်ချောင်းတွေကြားထဲမှာ Cue တံကို တည်ငြိမ်စွာ ထိန်းရင်း ဘောလုံးလေးကို ထိခတ်လိုက်တဲ့ အခိုက်အတန့်ဟာ... ကိုယ့်ရဲ့ စိတ်အစုံကို ပြန်လည်စုစည်းပေးလိုက်တဲ့ အဖိုးတန် အခိုက်အတန့်လေးပါပဲ။
ဘိလိယက်နဲ့ စနူကာ ကစားခြင်းဟာ အနိုင်အရှုံးထက် ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်ကို သွေးအေးအေးနဲ့ ပုံဖော်ရတဲ့ အနုပညာတစ်ခုပါ။
တွေးရတာ အာရုံစိုက်ရတာ ကြိုက်တဲ့သူတွေအတွက် CUE FIVE က သာမန်ဘိလိယက်ကလပ်တစ်ခုထက် ပိုပါတယ်။
စိတ်အနှောင့်အယှက်တွေ အားလုံးကို ပြင်ပမှာ ထားခဲ့ပြီး ကိုယ်ဝါသနာပါတဲ့ အားကစားကို တည်ငြိမ်စွာ အာရုံစိုက် ဆော့ကစားနိုင်ဖို့ နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားတဲ့ နေရာတစ်ခုပါပဲ
ကိုယ့်ရဲ့ စွမ်းရည်တွေကို အေးချမ်းစွာ ပုံဖော်ရင်း အနားယူဖို့ CUE FIVE က မိတ်ဆွေတို့ကို အမြဲတမ်း ကြိုဆိုနေပါတယ်ခင်ဗျာ 🤝
⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟗:𝟑𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟖𝟎 𝟕𝟖𝟎 𝟕𝟑𝟗
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ
03/07/2026
CUE FIVE ရဲ့ Team Member အဖြစ် လုပ်ကိုင်နိုင်မယ့် အခွင့်အရေး 🤝
ကျွန်တော်တို့ရဲ့ အဆင့်မြင့် စနူကာကလပ်မှာ Customer တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မယ့်
📌 ဝန်ထမ်း (အမျိုးသား ၄ ဦး) ကို အမြန်ဆုံး ခေါ်ယူနေပါတယ်။
📌အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနေပြီး မိမိရဲ့ ကျွမ်းကျင်မှုတွေကို အကောင်းဆုံး အသုံးချချင်တဲ့ အသက် ( ၁၈ )နှစ်အထက် မည်သူမဆို လျှောက်ထားနိုင်ပါတယ်။
📌အလုပ်အတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိုင်ပါတယ်။
📌 အလုပ်အချိန် မနက် (၉ ) နာရီခွဲမှ ည (၁၀) နာရီအထိ ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များနှင့် လစာ၊ ခံစားခွင့်များကို မေးမြန်းလျှောက်ထားလိုပါက 📞ဖုန်းနံပါတ်- ၀၉ ၇၈၀ ၇၈၀ ၇၃၉ ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ #အလုပ်အကိုင်အခွင့်အလမ်း
01/07/2026
စနူကာကစားတဲ့အခါ ဘောလုံးတွေကို အိတ်ထဲအပြတ်အသတ် သွင်းနိုင်တာက အားရစရာကောင်းသလို၊ ပြိုင်ဘက်ကို လုံးဝလှုပ်မရအောင် ပိတ်ဆို့ထားလိုက်တာကလည်း ပွဲတစ်ခုလုံးရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသွားတတ်ပါတယ်။
ပွဲအတွင်း ပြိုင်ဘက်ကို အကျပ်ရိုက်သွားအောင် သုံးလေ့ရှိတဲ့ အသုံးများတဲ့ Safety အကွက်လေးတွေကို မျှဝေရရင်
✅ အဖြူလုံးကို ကာလာဘောလုံးတွေရဲ့ ကွယ်ရာမှာ ဝှက်ထားခဲ့တာကြောင့် ပြိုင်ဘက်ကို တိုက်ရိုက်မမြင်ရဘဲ Cushion ခံကန်ရအောင် အကျပ်ကိုင်တဲ့အကွက်
✅ အဖြူလုံးကို ကိုယ့်ဘက်က Cushion နားမှာ ကပ်ထားပြီး အနီလုံးတွေကိုတော့ စားပွဲရဲ့ ဟိုးအဝေးဆုံးထောင့် Top Cushion ဘက်ကို တွန်းပို့ကာ အကွာအဝေးနဲ့ စိန်ခေါ်တဲ့အကွက်
✅ အဖြူလုံးကို Cushion နဲ့ လုံးဝထပ်နေအောင် ကပ်ထားခဲ့တာကြောင့် ပြိုင်ဘက်အနေနဲ့ ကျူးတံကို အနောက်ဆွဲပြီး အရှိန်ယူထိုးဖို့ ထောင့်မရှိတော့ဘဲ ခေါင်းစားသွားစေတဲ့အကွက်တို့ကိုပါ သိထားရပါမယ်။
စနူကာဆိုတာ အမှတ်ရဖို့တင်မကဘဲ ပြိုင်ဘက်ကို အခွင့်အရေး မပေးမိဖို့ပါ အရေးကြီးတဲ့ ကစားနည်းမို့လို့ Safety အကွက်ကောင်းကောင်း တစ်ကွက်ဟာ တစ်ခါတလေ ပွဲအခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိပါတယ်။
ဒီလို မဟာဗျူဟာမြောက် ကစားကွက်တွေကို စိတ်ကြိုက်ပုံဖော်ရင်း ကိုယ့်ရဲ့ စကေးတွေကို တစ်ဆင့်မြှင့်တင်ဖို့အတွက် CUE FIVE ကို အရောက်လာလိုက်ပါ🤝
⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟗:𝟑𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟖𝟎 𝟕𝟖𝟎 𝟕𝟑𝟗
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ
30/06/2026
ကိုယ့်ရဲ့ ရိုက်ချက်တွေ ဘယ်လောက်ပဲ ကောင်းနေပါစေ... တကယ့် Professional ကစားသမားတစ်ယောက် ဖြစ်ဖို့ဆိုရင် စားပွဲဝိုင်းထက်က ဘောလုံးတွေရဲ့ အခင်းအကျင်း ကို မှန်မှန်ကန်ကန် ဖတ်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။
ပွဲအစမှာ ဘောလုံးတွေ စုစည်းတည်ရှိနေတဲ့ Layout ကနေ စတင်ပြီး ပွဲအခြေအနေကို သေချာသုံးသပ်၊ ဘောလုံးတစ်လုံးချင်းစီရဲ့ လမ်းကြောင်းနဲ့ Position ကို စိတ်ကူးထဲမှာ ကြိုတင်ပုံဖော်တွက်ချက်နိုင်မှသာ ကိုယ့်ရဲ့ Skill တွေကို အပိုင်ဆုံးနဲ့ အလှပဆုံး ချပြနိုင်မှာ ဖြစ်ပါတယ်။
ဝိုင်းရဲ့ အခင်းအကျင်း Layout ကို သေချာနားလည်ပြီး ထိန်းချုပ်နိုင်သူကသာ ပွဲတစ်ခုလုံးကို ဦးဆောင်ပြီး အနိုင်ရလဒ်ကို ပုံဖော်သွားနိုင်တာပေါ့။
ဒီလို မှန်ကန်တကျနတဲ့ Layout အခင်းအကျင်းတွေကြားထဲမှာ ကိုယ့်ရဲ့ တကယ့် Skill စစ်စစ်တွေကို စိတ်ကြိုက်ထုတ်ဖော်ပြသဖို့အတွက် CUE FIVE ကို အရောက်လာခဲ့လိုက်ပါ
⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟗:𝟑𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟖𝟎 𝟕𝟖𝟎 𝟕𝟑𝟗
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ
29/06/2026
နိုင်ပွဲတစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့ဆိုရင် အားနဲ့အရှိန် သက်သက်တင်မကဘဲ ဉာဏ်ဆင်ပြီး ဗျူဟာမြောက် ကစားတတ်ဖို့က တကယ်ကို အရေးကြီးပါတယ် ခင်ဗျာ။
ဒါကြောင့် စားပွဲပေါ်က အခွင့်အရေးတွေကို အပိုင်ဆုံး အသုံးချပြီး ပွဲတိုင်းကို အသာစီးရယူနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
✅ပထမဆုံးအနေနဲ့ ကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်ဟာ လက်ရှိထိုးမယ့်အလုံးကိုပဲ အာရုံစိုက်တာမဟုတ်ဘဲ နောက်ထပ်ထိုးရမယ့် အလုံးတွေအတွက်ပါ အဖြူလုံးက ဘယ်နေရာမှာ သွားရပ်မလဲဆိုတာကို ကြိုတင်တွက်ချက် လမ်းကြောင်းခင်းတတ်ကြပါတယ်။ ဒီလို တွက်ချက်ပြီး ကစားနိုင်မှသာ စားပွဲပေါ်က အခွင့်အရေးမှန်သမျှကို ကိုယ့်ဘက်ပါအောင် ဆွဲခေါ်နိုင်မှာပါ။
✅ဒါ့အပြင် ထိုးချက်တိုင်း တိကျပြီး လွဲချော်မှုမရှိစေဖို့အတွက် ခန္ဓာကိုယ်ကို အမြဲတမ်း ငြိမ်သက်နေအောင် ထိန်းထားဖို့ လိုအပ်သလို၊ Cue တုတ်ကို ကိုင်တဲ့အခါမှာလည်း အရမ်းတင်းကျပ်မနေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။
✅အားလုံးထက် ပိုအရေးကြီးတာကတော့ ပြိုင်ဘက်က အမှားတစ်ခုခု လုပ်လိုက်တဲ့အချိန်ဟာ ကိုယ့်အတွက် အခွင့်အရေးအကောင်းဆုံး အချိန်ဖြစ်လာတတ်တာမို့ စိတ်လှုပ်ရှားပြီး အလောတကြီး မထိုးဘဲ စိတ်အေးအေးထားပြီး ဆုံးဖြတ်ချက်ချတတ်ဖို့ပါပဲ။
ဒီလို ဗျူဟာမြောက် ကစားကွက်ကျွမ်းကျင်မှုတွေကို လက်တွေ့စမ်းသပ်ပြီး ပွဲအလန်းစားတွေကို ဆင်နွှဲချင်တယ်ဆိုရင်တော့ CUE FIVE က အမြဲအသင့်စောင့်ကြိုနေပါတယ်နော်။
⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟗:𝟑𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟖𝟎 𝟕𝟖𝟎 𝟕𝟑𝟗
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ
28/06/2026
တချို့က စနူကာကို အပန်းဖြေကစားနည်းတစ်ခုလို့ပဲ မြင်ကြပေမယ့် တကယ်တော့ စနူကာဆိုတာ တွက်ချက်မှု၊ တည်ငြိမ်မှုနဲ့ အာရုံစူးစိုက်မှုတွေ ပေါင်းစပ်ထားတဲ့ "ဉာဏ်ကစားတဲ့ အနုပညာ" တစ်ခုပါ။
ဘောလုံးတစ်လုံးချင်းစီရဲ့ လမ်းကြောင်းကို ကြိုတင်တွက်ချက်ရတာ၊ ကိုယ်ထိုးလိုက်တဲ့ အရှိန်အဟုန်ကြောင့် နောက်ထပ် ဘောလုံးတွေ ဘယ်လိုတည်သွားမလဲဆိုတာ စဉ်းစားရတာတွေဟာ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းပြီး ဦးနှောက်ကို အလုပ်ပေးနိုင်တဲ့ အကောင်းဆုံး အနုပညာတစ်ခုပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း စနူကာကို ချစ်မြတ်နိုးတဲ့သူတွေဟာ စားပွဲဝိုင်းထက်မှာ အချိန်ကုန်ရတာကို နှစ်သက်နေကြတာပါ။
ဒီလို စိတ်ကျေနပ်မှုအပြည့်နဲ့ ဉာဏ်ချင်းပြိုင်ရင်း အနုပညာမြောက် ကစားနိုင်ဖို့ဆိုရင် Professional ဆန်ဆန်နဲ့ ကစားနိုင်ဖို့ CUE FIVE က ကြိုဆိုနေပါတယ်
⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟗:𝟑𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟖𝟎 𝟕𝟖𝟎 𝟕𝟑𝟗
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ
26/06/2026
စနူကာနဲ့ ဘိလိယက် ကစားဖူးသူတိုင်း ကြုံဖူးကြမှာပါ။
တခါတရံမှာ ကိုယ့်အတွက် လုံးဝ အဆင်မပြေဘဲ ထိုးရတာ အရမ်းခက်ခဲတဲ့ အနေအထားတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
စိတ်ပျက်ပြီး လက်လျှော့လိုက်ဖို့ လွယ်ကူပေမယ့် တကယ့်ကစားသမားစစ်စစ်တွေကတော့ အဲဒီ အခက်အခဲကြားထဲကနေပဲ အာရုံစူးစိုက်မှုကို အပြည့်မြှင့်တင်ပြီး လမ်းကြောင်းသစ်တစ်ခုကို ရှာဖွေတတ်ကြပါတယ်။
🎱အဲဒီလို အကျပ်အတည်း အနေအထားကနေမှ ဉာဏ်ပညာ၊ တည်ငြိမ်မှုတွေကို ပေါင်းစပ်ပြီး အပြတ်အသတ်ရိုက်ချက်နဲ့ ပွဲသိမ်းလိုက်နိုင်တဲ့အခါ... အဲဒီလို အနိုင်ရရှိမှုမျိုးက ဘာနဲ့မှမလဲနိုင်အောင် စိတ်လှုပ်ရှားစရာကောင်းပြီး အလှပဆုံး ပွဲသိမ်းခြင်း အနုပညာတစ်ခု ဖြစ်လာတာပေါ့။
ဘဝရဲ့ ဖိစီးမှုတွေ၊ ခက်ခဲကျပ်တည်းမှုတွေကနေ ခေတ္တရုန်းထွက်ပြီး စားပွဲဝိုင်းထက်မှာ ကိုယ့်ရဲ့ တည်ငြိမ်မှုနဲ့ ဉာဏ်ပညာကို စမ်းသပ်ဖို့ CUE FIVE က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ
ဆူညံမှုမရှိဘဲ စိတ်အပန်းဖြေ အာရုံစိုက်နိုင်မယ့် ပတ်ဝန်းကျင်၊ အဆင့်မြင့်ပြီး သပ်ရပ်တဲ့ စားပွဲဝိုင်းတွေနဲ့အတူ ခက်ခဲတဲ့ အနေအထားတွေကို အလှပဆုံး ကျော်ဖြတ်ပြီး ပွဲသိမ်းအနိုင်ယူနိုင်ဖို့ CUE FIVE ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ🤝
⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟗:𝟑𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟖𝟎 𝟕𝟖𝟎 𝟕𝟑𝟗
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ
24/06/2026
ပွဲတိုင်းမှာ အပိုင်ကွက်တွေနဲ့ အောင်ပွဲခံနိုင်ဖို့ Cue Stick ရဲ့ အလေးချိန်နဲ့ Tip Size ကို စနစ်တကျ ရွေးချယ်နည်းလေး မျှဝေပေးချင်ပါတယ်ခင်ဗျာ
စနူကာထိုးတဲ့အခါ အဖြူလုံးကို အတိအကျ ထိန်းချုပ်နိုင်ဖို့ဆိုရင် Cue Stick ရဲ့ အလေးချိန်နဲ့ Tip Size က အဓိကကျပါတယ်။
🎱Cue Stick ရဲ့ အလေးချိန်က ပုံမှန်အားဖြင့် 17.5 oz ကနေ 19 oz ဝန်းကျင်ရှိတတ်ပြီး ကိုယ့်ရဲ့ လက်အနေအထား၊ အားထည့်နိုင်မှုအပေါ် မူတည်ပြီး ရွေးချယ်ရပါမယ်။ လေးလွန်းရင် ကစားရတာ လက်ညောင်းစေပြီး၊ ပေါ့လွန်းရင်လည်း စပါးခတ်တဲ့အခါ အားမပါဘဲ လွဲချော်တတ်ပါတယ်။
🎱စနူကာအတွက်ဆိုရင်တော့ 9mm ကနေ 10mm ကြား ရှိတဲ့ အရွယ်အစားက အဖြူလုံးကို ကောင်းကောင်း Spin ပေးနိုင်ပြီး အပိုင်ထိုးချက်တွေကို ပိုမိုတိကျစေမှာပါ။
နည်းလမ်းကောင်းလေးတွေကို သိပြီဆိုရင်တော့ လက်တွေ့ လာရောက်စမ်းသပ်ထိုးကြည့်ဖို့ CUE FIVE ဆီ လှမ်းခဲ့လိုက်တော့နော်။
⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟗:𝟑𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟖𝟎 𝟕𝟖𝟎 𝟕𝟑𝟗
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ
23/06/2026
ဘော်ဒါတွေနဲ့ဆုံပြီး တကယ့် Skill တွေပြဖို့ နေရာကောင်း ရှာနေလား..?
ဒါဆိုရင်တော့ အဆင့်မီဘိလိယက်ခုံတွေနဲ့ အပြင်အဆင်တွေရှိတဲ့ Cue Five ကို သတိရလိုက်ပါ။
အဲကွန်းအပြည့်နဲ့ ကျယ်ဝန်းသပ်ရပ်ပြီး အာရုံစူးစိုက်နိုင်မယ့် ပတ်ဝန်းကျင်ကောင်းနဲ့ နွေးထွေးဖော်ရွေတဲ့ အတွေ့အကြုံရှိ ဝန်ထမ်းတွေကို ထားရှိပေးထားတဲ့အတွက် ဝါသနာရှင်တွေရော Pro Player တွေပါ ပျော်စရာအချိန်တွေကို ဖြတ်သန်းဖို့ အကောင်းဆုံးနေရာပါပဲ🤜🤛
⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟗:𝟑𝟎 𝐀𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟖𝟎 𝟕𝟖𝟎 𝟕𝟑𝟗
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐍𝐨.𝟔𝟏, 𝐁𝐚 𝐘𝐢𝐧𝐭 𝐍𝐚𝐮𝐧𝐠 𝐑𝐨𝐚𝐝 & 𝐁𝐨 𝐇𝐦𝐮 𝐁𝐚 𝐇𝐭𝐨𝐨 𝐑𝐨𝐚𝐝, 𝟒𝟒 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ရန်ကုန် #မြောက်ဒဂုံ #ဘိလိယက် #စနူကာ