We Love Arsenal 2024 Myanmar

We Love Arsenal 2024 Myanmar

Share

Myanmar Arsenal Fanclub & Sports News

31/08/2026

***ဝင်ရလွယ်ပြီး ထွက်ရခက်တဲ့ ဗီလာပါ့ခ်မှာ အာဆင်နယ်အသင်း အမှတ်ပြည့် ရယူနိုင်ပါ့မလား***

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ်မှာတော့ ဘာမင်ဂမ်မြို့မှာရှိတဲ့ ဗီလာပါ့ခ် မှာ အက်စတွန်ဗီလာအသင်းကိုသွား
ရောက်ရင်ဆိုင်တော့မှာဖြစ်ပါတယ်။လက်ရှိမှာအကောင်းဆုံးပုံစံရ‌နေတဲ့ အာဆင်နယ်နဲ့ တပ်ပျက်နေတဲ့ဗီလာတို့ တွေ့ကြပါပြီ။ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဘရိုက်တန်ကို ဂိုးပျက်ခြေပျက်ရှုံးထားတဲ့ဗီလာတို့ အာဆင်နယ်နဲ့ပွဲမှာ ရလဒ်ကောင်းရဖို့အစွမ်းကုန်ကြိုးစားလာမှာပါ။အာဆင်နယ်ဟာလည်း ချန်ပီယံပြေးလမ်းအတွက် ဘယ်အသင်းကိုမဆို ချေမှုန်းပစ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

ဒီပွဲမှာ အာဆင်နယ်တို့ပွဲထွက်လူစာရင်းကို အပြောင်းအလဲ လုပ်လာမယ်မထင်ပါဘူး။ ကိုဗင်ထရီနဲ့ပွဲအတိုင်းပဲ ပွဲထုတ်လာနိုင်ချရှိပြီး ဟာဗက်နေရာ ယောကရက်ရှ် ပါလာတာမျိုး လောက်ပဲဖြစ်နိုင်ပါတယ်။ ဘရူနို ဂီးမာရက်စ် ဒဏ်ရာကနေ သက်သာလာပြီဆိုပမယ့် အလျင်စလို အသုံးပြုဦးမှာ မဟုတ်ပါဘူး။ကွန်ဆာကို‌‌တော့ ကစားသမားအသစ်လည်းဖြစ် အသင်း‌ဟောင်းနဲ့တွေ့ဆုံနေတာလည်းဖြစ်တာကြောင့် အသုံးပြုနိုင်ဖွယ်မရှိသေးပါဘူး။

အာဆင်နယ်က‌တော့ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု ဦးစား ပေးကစားမှာဖြစ်ပြီး စကယ်လီ-ရိုက်စ်-အိုဒီဂတ် တို့ရဲ့ မောင်းနှင်အားနဲ့ ဗီလာကို ကွင်းလယ်အသာစီးယူကာ ထိုးနှက်သွားမှာပါ။ ဗီလာကတော့ ယှဉ်ကစားဖို့မဖြစ်နိုင်တဲ့အတွက် တန်ပြန်တိုက်စစ်နဲ့ တည်ကန်ဘောတွေကို ဦးစား‌ ပေးလာပါလိမ့်မယ်။ ဒဏ်ရာရကစားသမားတွေရှိနေသလို ပွဲပယ်ကစားသမားတွေရှိနေသည့်တိုင် ဗီလာဟာ အာဆင်နယ်ကို ဒုက္ခပေးနိုင်စွမ်း အပြည့်အဝရှိလို့‌နေပါတယ်။ပြီးခဲ့တဲ့ရာသီက ဗီလာကွင်းမှာ ဂန်းနားတို့အရေးနိမ့်ခဲ့ရသလို ဗီလာပါ့ခ်မှာကစားခဲ့တဲ့နောက်ဆုံး ၃ ပွဲမှာ အာဆင်နယ်အသင်း တစ်ကြိမ်ပဲအနိုင်ရခဲ့တဲ့ မှတ်တမ်းဟာ ဗီလာဟာ လွယ်ကူတဲ့ပြိုင်ဘက်မ‌‌ဟုတ်ကြောင်းမီးမောင်းထိုးပြနေပါတယ်။

အာဆင်နယ်အသင်းအတွက်တော့ ဒီပွဲဟာ သာမန် ၃ မှတ်ထက် ပိုတဲ့ ချန်ပီယံစိန်ခေါ်သူတို့ရဲ့ ကြံ့ခိုင်မှုကို သက်သေပြရမယ့် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဗီလာပါ့ခ် ဆိုတာဟာ ဘယ်အသင်းအတွက်မဆို ဝင်ရလွယ်ပြီး ထွက်ရခက်တဲ့ ရာဇဝင်ရှိခဲ့တဲ့ မြေဖြစ်သလို၊ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ နည်းပြ အူနိုင်း အမ်မရီရဲ့ ဗီလာအသင်းဟာလည်း ဒီပွဲမှာပေါက်ကွဲပြဖို့ ပြင်လာပါလိမ့်မယ်။ အဓိက ခံစစ်မှူးတွေ လွဲချော်နေပေမဲ့ အာဆင်နယ်အသင်းရဲ့ မာကျောကျစ်လစ်လှတဲ့ ခံစစ်၊ ထိန်းချုပ်မှုကောင်းတဲ့ကွင်းလယ်နဲ့ အရှိန်ကောင်းနေတဲ့ တိုက်စစ်ရဲ့ အပြတ်ရိုက်နိုင်စွမ်းတွေက ဗီလာခံစစ်ကို အချိန်မရွေး ပြိုကွဲသွားစေနိုင်ပါတယ်။

ခြုံငုံသုံးသပ်ရရင် ဗီလာအသင်းဘက်က အိမ်ကွင်း အားသာချက်နဲ့ ပရိသတ်တွေရဲ့ အားကိုယူပြီး အသည်းအသန် ရုန်းကန်လာနိုင်ပေမဲ့ လက်ရှိမှာ အဟုန်ပြင်းနေတဲ့ ဂန်းနားတို့ရဲ့ တိုက်စစ်လှိုင်းတွေကို တစ်ပွဲလုံး အချိန်ပြည့် တားဆီးထားနိုင်ဖို့ဆိုတာ အလွန်ပဲ ခက်ခဲပါလိမ့်မယ်။ ပွဲစကတည်းက အကြိတ်အနယ်ရှိလှတဲ့ စီးချင်းထိုးမှုတွေကို မြင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ နည်းဗျူဟာပိုင်း၊ ကစားကွက်ပိုင်း ပိုမိုစေ့စပ်ပြည့်စုံတဲ့ အာဆင်နယ်အသင်းကပဲ အဝေးကွင်းမှာ ဗီလာကို ချေမှုန်းပြီး အရေးပါတဲ့ အနိုင် ၃ မှတ်ကို အရယူသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ရပါတယ်။

30/08/2026

မာတီနယ်လီတစ်ယောက် အယ်လီလယ်နဲ့ HERE WE GO သွားပါပြီ။ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်းကျော် ဖြစ်ပြီး အသင်းရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးကိုရှာဖွေပေးခဲ့ပါတယ်။ အသင်းသစ်မှာအောင်မြင်ပါစေ👋

30/08/2026

ဘာစီလိုနာနဲ့ HERE WE GO သွားတဲ့ ဂျေးဆူး
အသင်းသစ်မှာအောင်မြင်ပါစေ
Good luck Gabriel 👋

30/08/2026

နွယ် ပိုး အိမ် ရဲ့ တင် ပြ မှု ..

30/08/2026

လက် ရှိ ချန် ပီ ယံ အ နေ နဲ့ ခု ရှိ တဲ့ လူ စာ ရင်း နဲ့ တိုက် ပွဲ ဝင် မယ် ..
we are Gunner !

29/08/2026

ခဗာရက်စခီလီယာလက်သစ်ကိုခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အသက် ၁၇ နှစ်အရွယ် ဂျော်ဂျီယာ ကွင်းလယ်တိုက်စစ်ကစားသမား အဒ်ရီယာ ဘာတစ်ရှဗီလီ(Adria Bartishvili) ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့်သီတင်းပတ်အတွင်း လန်ဒန်မှာ ဆေးစစ်မှု ပြုလုပ်မှာဖြစ်ပြီး Colney လေ့ကျင့်ရေးကွင်းမှာ ၅ နှစ်သက်တမ်းရှိ စာချုပ်ကို လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

ပြောင်းအရွှေ့ကြေးကတော့ ယူရို ၄.၅ သန်း ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်မယ့် ၂၀၂၇ ခုနှစ်ရောက်မှသာ အာဆင်နယ်အသင်းကို တရားဝင် လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။ဘာတစ်ရှဗီလီဟာ ပီအက်စ်ဂျီစတား ခဗာရက်စခီလီယာအလွန် ဂျော်ဂျီယာ မှာထွန်းပေါက်လာမယ့် ကစားသမားအဖြစ် ထင်ကြေးပေးခဲ့ထားရတဲ့ လူငယ်ခြေတတ် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

29/08/2026

ဒေးဗစ်အွန်စတိန်းရဲ့အဆိုအရ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ အာဆင်နယ်ကြားမှာ သဘောတူညီမှုရရှိဖို့
အခက်အခဲမရှိဘဲ လိုအပ်နေတာက ကစားသမားကိုယ်တိုင် ပြောင်းရွှေ့လိုတဲ့ ဆန္ဒရှိဖို့ပဲဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ လက်ရှိအချိန်အထိ အာဆင်နယ်ကို ပြောင်းရွှေ့လိုတဲ့ ဆန္ဒမရှိသေးပါဘူး။အာဂျင်တီးနားသားဟာ နည်းပြ မီခေးလ် အာတီတာနဲ့ စကားပြောဆိုခဲ့ပြီး အာဆင်နယ်ကို မလာချင်ကြောင်း ပြောကြားထားပါတယ်။

အပြောင်းအရွှေ့ အခြေအနေ‌တွေဟာ အမြဲတမ်း ပြောင်းလဲနိုင်တဲ့အတွက် ဒီအပြောင်းအရွှေ့ကို "လုံးဝမဖြစ်နိုင်"ဟု
ပြောလို့မရသေးပေမယ့် လက်ရှိအချိန်ထိတော့ အပြောင်းအရွှေ့ဟာတိုးတက်မှု မရှိသေးဘဲ ရပ်တန့်နေပါတယ်။

28/08/2026

**ရီးရဲကြယ်ပွင့်ကို ထပ်မံစိတ်ဝင်စားလာတဲ့ အာဆင်နယ်**

အာဆင်နယ်ဟာ အယ်ဟီလယ်ကို ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ မာတီနယ်လီရဲ့နေရာမှာအစားထိုးဖို့အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ အသက် ၂၀ အရွယ် ဘရာဇီးလ် တိုက်စစ်မှူး အန်းဒရစ်ကို ခေါ်ယူ ဖို့အတွက် နောက်တစ်ကြိမ် ထပ်မံ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

​အ‌ပြောင်းအရွှေ့ကာလအစောပိုင်းမှာတော့ အန်းဒရစ်ရဲ့ အေးဂျင့်‌တွေဟာ ပရီးမီးယားလိဂ် ကလပ်အသင်း အများအပြားနဲ့ ဆက်သွယ်ပြောဆိုမှုတွေရှိခဲ့ပြီး အာဆင်နယ်လည်းပါဝင်ခဲ့ပါတယ်။

နည်းပြ ဟိုဆေး မော်ရင်ညိုကတော့ ကစားသမားကို မရောင်းချလိုကြောင်း ငြင်းဆိုထားပေမယ့်လည်း ရီးရဲလ်မက်ဒရစ်မှာ နေရာရဖို့ခက်ခဲလာတဲ့ အန်းဒရစ်တစ်ယောက် အသင်းပြောင်းဖို့ စိတ်ဝင်စားလာခဲ့ပြီး အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို သဘောကျလျက် ရှိနေပါတယ်။

​အာဆင်နယ်ဟာ အန်းဒရစ်အပြင် မာဆေးလ်ရဲ့ Igor Paixao နဲ့ လိုင်ယွန်မှ Malick Fofana တို့ကိုလည်း စောင့်ကြည့်လျက်ရှိပြီး Marcus Rashford ကို ရာသီဝက် အငှားနဲ့ ခေါ်ယူရေးနိုင်‌ရေးကိုလည်း စောင့်ကြည့်စဉ်းစားနေပါတယ်။

28/08/2026

လက်ကျန်မန်ဘာကဒ်များကို အမြန်ဆုံးဆက်သွယ် ထုတ်ယူကြပါရန် လေးစားစွာဖြင့်ပန်ကြားအပ်ပါသည်။

Member card ထုတ်မည့်သူများ ဆက်သွယ်ရန်
Hein Htet Aung
09789051146

1002, 1023, 1024, 1030, 1035,
1036, 1048, 1051, 1052, 1068,
1072, 1079, 1114, 1115, 1123,
1130, 1132, 1133, 1134, 1140,
1148, 1156, 1158, 1159, 1161,
1162, 1177, 1183, 1196, 1204,
1214, 1215, 1231, 1244, 1253,
1276, 1281, 1289, 1290, 1308,
1343, 1347, 1352, 1385, 1390,
1404, 1407, 1408, 1409, 1412,

1414, 1415, 1416, 1417, 1418,
1419, 1421, 1422, 1426, 1427,
1428, 1429, 1430, 1431, 1436,
1437, 1443, 1444, 1450, 1472,
1474, 1475, 1476, 1477, 1478,
1479, 1480, 1482, 1489, 1490,
1491, 1493, 1497, 1498, 1504,
1505, 1507, 1508, 1509, 1512,
1515, 1516, 1517, 1518, 1519,
1520, 1521, 1527, 1528, 1529,

1532, 1536, 1537, 1538, 1539,
1540, 1541, 1542, 1543, 1544,
1545, 1546, 1552, 1557, 1558,
1559, 1560, 1561, 1562, 1568,
1576, 1577, 1578, 1579, 1581,
1582, 1583, 1586, 1589, 1591,
1592, 1597, 1598, 1599, 1600,
1601, 1602, 1603, 1604, 1608,
1609, 1610, 1623, 1624, 1629,
1630, 1631, 1652, 1653, 1654,

1657, 1658, 1659, 1660, 1661,
1667, 1674, 1675, 1706, 1707,
1737, 1739, 1742, 1758, 1760,
1768, 1769, 1774, 1775, 1777,
1778, 1785,

28/08/2026

UCl League Phase အဆင့်မှာ အာဆင်နယ်အသင်းရင်ဆိုင်သွားရမယ့် အသင်းတွေပါ။ အာဆင်နယ်တို့ ရမှတ်ဘယ်လောက်စုဆောင်းသွားနိုင်မလဲ🤔

Home
1. Real Madrid
2. Dortmund
3. Lille
4. Sabah

Away
1. Bayern Munich
2. Real Betis
3. Napoli
4. Slavia

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon