YIC Esports Association

YIC Esports Association

Share

The official page of YICEA

20/08/2026
01/08/2026

အားလုံးလာရောက်ကြည့်ရှုရန်ဖိတ်ခေါ်ပါတယ်ဗျ။

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) မှ တရားဝင်ထုတ်ပြန်ကြေငြာချက်
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်၊ ရန်ကုန်မြို့)

2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲ၏ Mobile Legends: Bang Bang ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် Semi-Finals ပွဲစဉ်ကို အောင်မြင်စွာ ဖြတ်ကျော်ကာ Grand Final အဆင့်သို့ သမိုင်းဝင်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

အဆိုပါ သမိုင်းဝင်အောင်မြင်မှုကို မြန်မာ Esports ပရိသတ်များနှင့်အတူ ဂုဏ်ပြုအားပေးနိုင်ရန် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) နှင့် Yangon Galacticos (YG) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် 2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲ Grand Final Watch Party ကို ရန်ကုန်မြို့၊ သုဝဏ္ဏ အမျိုးသားမိုးလုံလေလုံ အားကစားရုံ (Thuwunna National Indoor Stadium) ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Grand Final Watch Party အစီအစဉ်အတွက် တံခါးဖွင့်ချိန်ကို ညနေ ၅ နာရီ ၃၀ မိနစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်း၏ သမိုင်းဝင် Grand Final ပွဲစဉ်ကို Esports Communities များ၊ ပရိသတ်များနှင့်အတူ စည်းလုံးညီညွတ်စွာ လာရောက်အားပေးနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် မြန်မာ Esports ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံကိုယ်စားပြုအသင်းများ၊ အသင်းအဖွဲ့များနှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ယခု Grand Final Watch Party ကိုလည်း Yangon Galacticos အသင်းနှင့် ပူးပေါင်းကျင်းပခြင်းဖြင့် မြန်မာ Esports အသိုက်အဝန်း၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံတကာအောင်မြင်မှုများကို အတူတကွ ဂုဏ်ပြုမှတ်တမ်းတင်လိုပါသည်။

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် 2026 Esports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် Yangon Galacticos အသင်း၏ သမိုင်းဝင်အောင်မြင်မှုကို ဂုဏ်ယူစွာ မှတ်တမ်းတင်ပြီး Grand Final ပွဲစဉ်တွင်လည်း အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ယှဉ်ပြိုင်ကာ ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးယူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ထို့အပြင် မြန်မာ Esports ပရိသတ်များ၊ Esports Communities များနှင့်အတူ Yangon Galacticos အသင်း၏ သမိုင်းဝင်ခရီးလမ်းကို အတူတကွ အားပေးဝန်းရံနိုင်ရန် Grand Final Watch Party သို့ လာရောက်အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

(English Version)
Official Announcement from the Myanmar Electronic Sports Federation (MESF)
(August 1, 2026 – Yangon)

The Myanmar Electronic Sports Federation is proud to announce that Yangon Galacticos (YG), representing Myanmar, has achieved a historic milestone by advancing to the Grand Finals of the Mobile Legends: Bang Bang tournament at the 2026 Esports World Cup.

To celebrate this remarkable achievement, the 2026 Esports World Cup Grand Final Watch Party, jointly organized by the Myanmar Electronic Sports Federation (MESF) and Yangon Galacticos (YG), will be held at the Thuwunna National Indoor Stadium in Yangon.

Doors for the Grand Final Watch Party will open at 5:30 PM. We invite the Esports community and all fans to come together in unity to support Yangon Galacticos in this historic championship match.

As the national governing body for esports in Myanmar, MESF remains committed to working closely with Myanmar's esports organizations and professional teams to strengthen the country's esports ecosystem. Through this collaboration with Yangon Galacticos, we proudly celebrate Myanmar's historic achievement on the international stage and the unity of our esports community.

The Myanmar Electronic Sports Federation (MESF) proudly honors the monumental success of Yangon Galacticos at the 2026 Esports World Cup and offers our best wishes for the team to deliver their peak performance and secure the championship title for Myanmar.

We cordially invite all Myanmar Esports fans and communities to join us at the Grand Final Watch Party to witness and support Yangon Galacticos' historic journey.

10/07/2026

VEC 26 MLBB || KBTC : Ready to Retain the Glory

VEC 25 ရဲ့ Champion ဖြစ်တဲ့ KBTC Team ဟာ ဒီနှစ် VEC 2026 မှာလည်း Title ကို အမှားအယွင်းမရှိ ဆက်လက် ကာကွယ်သွားဖို့အတွက် ပိုမိုတောင့်တင်းတဲ့ ပုံစံနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ ။
KBTC Team ရဲ့ Team & Players Roster လေးကိုကြည့်ပြီး ဒီနေ့ရဲ့ Live ကိုလာရောက် ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

VEC Group Stage ပွဲစဉ်တွေကို Varsity League ရဲ့ Platform တွေမှာ တိုက်ရိုက် ထုတ်လွှင့် ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။

◾️Facebook - https://www.facebook.com/share/1CCwpyf6gj/
◾️Youtube - https://www.youtube.com/
◾️Tik Tok - https://www.tiktok.com/
◾️Instagram - https://www.instagram.com/leaguevarsity…
◾️Viber Channel - https://vb.me/vec_channel
◾️Telegram Channel - https://t.me/varsityleague
◾️UEN Portal (Website) - https://uenmyanmar.com/
◾️MESL - https://www.facebook.com/myanmaresportsleague/

"The Stars of The Future"



10/07/2026

VEC 26 MLBB || UCS -MDY is Ready to Dominate.

Varsity Esports Championship 2026 - Season 1 ရဲ့ MLBB Group Stage ကို ပိုမိုအရှိန်အဟုန် မြှင့်တင်ပေးမယ့် UCS-MDY တက္ကသိုလ် ကိုယ်စားပြု အသင်းတွေနဲ့ ကစားသမား စာရင်းတွေကိုလည်း ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

VEC 25 မှာကတည်းက လက်စွမ်းကောင်းတွေ ပြသခဲ့တဲ့ UCS-MDY Team ဒီနှစ်မှာရော ဘယ်လို Performance တွေကို ပြသသွားဦးမလဲဆိုတာ ဒီနေ့ရဲ့ Live မှာ ကြည့်ရှု အားပေးလိုက်ရအောင်ပါ။

VEC Group Stage ပွဲစဉ်တွေကို Varsity League ရဲ့ Platform တွေမှာ တိုက်ရိုက် ထုတ်လွှင့် ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။

◾️Facebook - https://www.facebook.com/share/1CCwpyf6gj/
◾️Youtube - https://www.youtube.com/
◾️Tik Tok - https://www.tiktok.com/
◾️Instagram - https://www.instagram.com/leaguevarsity…
◾️Viber Channel - https://vb.me/vec_channel
◾️Telegram Channel - https://t.me/varsityleague
◾️UEN Portal (Website) - https://uenmyanmar.com/
◾️MESL - https://www.facebook.com/myanmaresportsleague/

"The Stars of The Future"



10/07/2026

VEC 26 MLBB || MIC Team Rosters Are Out Now!

မြန်မာနိုင်ငံရဲ့ အကြီးဆုံး တက္ကသိုလ် Esports ပြိုင်ပွဲကြီးဖြစ်တဲ့ Varsity Esports Championship 2026 - Season 1 ရဲ့ MLBB Group Stage မှာ ပထမဆုံး အားပြိုင်ကြမယ့် MIC College ကိုယ်စားပြု အသင်းနဲ့ ကစားသမားစာရင်းတွေ ထွက်ပေါ်လို့လာခဲ့ပါပြီ။

MIC College ရဲ့ Team & Rosters ကိုတချက်လောက် ကြည့်လိုက်ရအောင်ပါ။

VEC Group Stage ပွဲစဉ်တွေကို Varsity League ရဲ့ Platform တွေမှာ တိုက်ရိုက် ထုတ်လွှင့် ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။
◾️Facebook - https://www.facebook.com/share/1CCwpyf6gj/
◾️Youtube - https://www.youtube.com/
◾️Tik Tok - https://www.tiktok.com/
◾️Instagram - https://www.instagram.com/leaguevarsity…
◾️Viber Channel - https://vb.me/vec_channel
◾️Telegram Channel - https://t.me/varsityleague
◾️UEN Portal (Website) - https://uenmyanmar.com/
◾️MESL - https://www.facebook.com/myanmaresportsleague/

"The Stars of The Future"



09/07/2026

KBTC က DGU ကို ထပ်ပြီးအနိုင်ယူနိုင်ပါဦးမလား?

ပြန်လည်စတင်လာတော့မယ့် VEC26 ရဲ့ MLBB Group Stage ပွဲစဉ်အစမှာတင် DGU နဲ့ KBTC ကထိပ်တိုက် ရင်ဆိုင်ရဖို့ ဖြစ်လာပါပြီ။

DGU အနေနဲ့ Regional Qualifier ပွဲစဉ်တွေမှာ ရှုံးပွဲမရှိရလဒ်နဲ့ VEC Group Stage ကို တိုက်ရိုက် တက်ရောက်နိုင်ရုံသာမက Player အပြောင်းအလဲတွေကြားမှာလည်း ယိုင်နဲ့သွားခြင်းမရှိဘဲ အရင်အတိုင်း Strong ဖြစ်တဲ့ Lineup ကို ဖော်ဆောင်ထားနိုင်တာကို တွေ့ရှိရမှာပါ။

တစ်ဖက်မှာတော့ KBTC က Jungler အပြောင်းအလဲတွေကြားမှာ Champion ဆိုတဲ့ Form ကို ဆက်လက်ထိန်းထားဖို့ အသည်းအသန် ကြိုးစားနေရပေမယ့် Hidden Card အနေနဲ့ပါဝင်လာတဲ့ T-Brock က Group Stage မှာ ဘယ်လို အထောက်အကူ ဖြစ်စေဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

မနှစ်ကထက် ပိုပြီး Strong ဖြစ်လာတဲ့ VEC25 Finalist DGU အနေနဲ့ မနှစ်က အကြွေးကို ဒီနှစ်မှာ ပြန်လည် လက်စားချေနိုင်ပါဦးမလား?

KBTC ကပဲ မထင်ထားတဲ့ Pocket Draft တွေချပြပြီး နိုင်ပွဲဆက်သွားမလား?

ဒါ့အပြင် လက်ရှိ Meta အပြောင်းအလဲကလည်း နှစ်သင်းလုံးက Player တွေအတွက် ခေါင်းခဲစရာ ဖြစ်လာဦးမှာဆိုတော့ သူငယ်ချင်းတို့ရော ဘယ်အသင်းက အခြေအနေကို ပြောင်းပြန် လှန်သွားမယ်လို့ထင်လဲ?

Comment မှာ ဆွေးနွေးသွားခဲ့ကြပါဦး။

🗓 Group Stage : July 10 - 12, 2026

"The Stars of The Future"



Photos from Varsity League's post 09/07/2026
09/07/2026

🚀 VEC26 : MLBB Group Stage Day 1 Schedule

စောင့်မျှော်နေကြတဲ့ Varsity Esports Championship 2026 ရဲ့ MLBB Group Stage Day 1 ပွဲစဉ်ဇယား ထွက်ပေါ်လို့လာခဲ့ပါပြီ!

မနက်ဖြန် အဖွင့်ပွဲစဉ်တွေအနေနဲ့ MIC vs UCS-MDY အသင်း နှစ်သင်းတို့ စတင် ယှဥ်ပြိုင်သွားမှာဆိုတော့ ဘယ်လောက်အထိ စိတ်ဝင်စားစရာကောင်းပြီး ဘယ်လို ပြင်းထန်တဲ့ အားပြိုင်မှုတွေ မြင်တွေ့သွားရမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပါပဲ🔥

VEC Group Stage ပွဲစဉ်တွေကို မနက်ဖြန် နေ့လယ် (1:00 PM) မှာ Varsity League ရဲ့ Platform တွေမှာ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။

◾️Facebook - https://www.facebook.com/share/1CCwpyf6gj/
◾️Youtube - https://www.youtube.com/
◾️Tik Tok - https://www.tiktok.com/
◾️Instagram - https://www.instagram.com/leaguevarsity…
◾️Viber Channel - https://vb.me/vec_channel
◾️Telegram Channel - https://t.me/varsityleague
◾️UEN Portal (Website) - https://uenmyanmar.com/
◾️MESL - https://www.facebook.com/myanmaresportsleague/

"The Stars of The Future"


01/07/2026

ကိုယ့်ကျောင်းရဲ့ Inside Jokes တွေကို Viber စတစ်ကာအဖြစ် ပြောင်းလဲလိုက်ပါ 🚀

ကျောင်းတိုင်းမှာ ကိုယ်ပိုင် Vibe တွေ၊ ကိုယ်ပိုင် Inside Jokes တွေနဲ့ မတူညီတဲ့ ပျော်စရာ Campus Life တွေ ရှိကြတယ်ဟုတ်?

အခုဆိုရင် ကျောင်းရဲ့ Identity တွေကို Viber စတစ်ကာအဖြစ် ပြောင်းလဲပြီး ကိုယ့်ကျောင်းကို ကိုယ်စားပြုရင်း ဆုကြေးတွေ ရယူနိုင်မယ့် အခွင့်အရေးကြီး ရောက်လို့လာပါပြီ! ကျောင်းသားတွေကြားထဲ အမြဲပြောဖြစ်တဲ့ စကားစုတွေ၊ ခေတ်စားနေတဲ့ အလွဲတွေ ဒါမှမဟုတ် ကျောင်းရဲ့အမှတ်တရတွေကို ဖန်တီးမှုအပြည့်နဲ့ စတစ်ကာဒီဇိုင်းဆွဲပြီး VEC26 x Rakuten Viber - University Stickers Competition ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုက်ပါ။

ဒီ VEC ပြိုင်ပွဲမှာ သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်အလိုက် Identity တွေကို အမိအရ ဖော်ညွှန်းနိုင်မယ့် Viber Sticker တွေကို ကိုယ်တိုင် ဖန်တီးပြီး အပြိုင်အဆိုင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

🏆 Total Prize Pool - 1,500,000 MMK

📅 Competition Timeline - June 30th – July 5th, 2026

ကိုယ့်ကျောင်းရဲ့ Vibe ကို Viber Chat Boxes တွေထဲအထိ သယ်ဆောင်ပြီး Campus ရဲ့ ဂုဏ်ကို မြှင့်တင်ဖို့ အဆင်သင့်ပဲလား? ကိုယ့်ရဲ့ Creative စွမ်းရည်တွေကို အပြည့်အဝထုတ်သုံးပြီး အခုပဲ ပါဝင်ယှဉ်ပြိုင်လိုက်ပါ။

📩 ဝင်ရောက်ယှဉ်ပြိုင်ရန် Link - https://forms.gle/nvMwcjQeBVK3W6zN6

“The Stars Of The Future”



29/06/2026

Time to Dominate: VEC 26 MLBB Timeline Revealed

Varsity Esports Championship ရဲ့ MLBB ပွဲစဉ်တွေကတော့ မကြာခင်မှာ စတင်တော့မှာဖြစ်ပါတယ်။ အခုဆိုရင် ဘယ်နေ့ဘယ်ချိန်မှာ MLBB ပွဲစဉ်တွေကို ကြည့်လိုရမလဲဆိုတာကို သိရဖို Timeline ကတော့ တရားဝင်ပေါ်ထွက်လာခဲ့ပါပြီ။

ရက်ပိုင်းပဲ လိုတော့တဲ့အတွက် VEC စင်မြင့်ထက်ရဲ့ အငွေ့အသက်တွေကို ခံစားရဖို သိပ်မလိုတော့ပါဘူး။ Group Stage ရဲ့ အဖွင့်ပွဲကနေစပြီး ချန်ပီယံဆုကို ဆွတ်ခူးမယ့် Main Event အထိ တစ်ပွဲချင်းစီတိုင်းက သမိုင်းသစ်တွေ ရေးထိုးသွားကြမှာပါ။ ပွဲစဉ်တွေအားလုံးကို အောက်ပါရက်တွေအတိုင်း တိုက်ရိုက် Live လွှင့်ပေးသွားမှာမို စောင့်ကြည့် အားပေးကြဖို ဖိတ်ခေါ်ပါတယ်။

📅 MLBB Timeline :

July 10, 11, 12 – Group Stage Live
July 16, 17 – Playoff Live
July 25, 26 – Main Event

ကျောင်းဂုဏ်ဆောင် ကစားသမားတွေရဲ့ အစွမ်းကုန်ကြိုးစားမှုတွေကို တိုက်ရိုက်ကြည့်ရှုအားပေးဖို အဆင်သင့်ပဲလား?

Timeline လေးကို အခုပဲ Share ထားပြီး ကိုယ်အားပေးမယ့် တက္ကသိုလ်အသင်း နာမည်ကို Comment မှာ ပြောခဲ့ဦးနော်!

📺 Varsity Esports Championship နဲ့ပတ်သတ်တဲ့ Update တိုင်း Varsity League Social Media Channels များကနေ စောင့်ကြည့်ပေးပါ။

◾️Facebook - https://www.facebook.com/share/1CCwpyf6gj/
◾️Youtube - https://www.youtube.com/
◾️Tik Tok - https://www.tiktok.com/
◾️Instagram - https://www.instagram.com/leaguevarsity…
◾️Viber Channel - https://vb.me/vec_channel
◾️Telegram Channel - https://t.me/varsityleague
◾️UEN Portal (Website) - https://uenmyanmar.com/
◾️MESL - https://www.facebook.com/myanmaresportsleague/

"The Stars of The Future"



Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon