Soccer Vibe By Kyaw Ko

Soccer Vibe By Kyaw Ko

Share

More Than Sports
Business Contact - 09773893239

28/08/2026

ပျောက်ဆုံးနေတဲ့ နောက်ခံလူနှင့်ပတ်သက်ပြီး ချင်းလန်းနည်းပြချုပ် ဦးကေဘီဘာပြောလဲ..
ချင်းလန်း ၁-၂ ရတနာပုံ ပွဲအပြီး တရားဝင် သတင်းစာရှင်းလင်းပွဲမှ မှတ်ချက်စကားများကို ဖော်ပြပေးလိုက်ပါတယ်။



28/08/2026

မိုးထဲရေထဲကစားခဲ့ရပြီး ချင်းလန်းကို ၁-၂ နဲ့ အနိုင်ရခဲ့တဲ့အပေါ် ရတနာပုံ နည်းပြချုပ် ဦးမင်းထွန်းလင်းရဲ့ မှတ်ချက် ဘယ်လိုရှိမလဲ...
အသင်းခေါင်းဆောင် ဆွမ်လန်မန်နဲ့ နောက်ခံလူ သီဟထက်အောင် မပါဝင်လာမှု စတဲ့ မေးခွန်းများကို ပွဲအပြီး တရားဝင် သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းထားပါတယ်။



28/08/2026

ချင်းလန်း ၁-၂ ရတနာပုံပွဲက ရတနာပုံကစားသမား ဗီတင်ဟိုရဲ့ သေသပ်လှပတဲ့ အလွတ်တည်ကန်ဘော ကန်သွင်းချက်...

28/08/2026

အာရှအားကစားပွဲတော်အတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်ပဏာမအသင်းရဲ့ လေ့ကျင့်ပြင်ဆင်နေမှုကို ဦးဇော်ဇော် အနီးကပ်ကြည့်ရှုအားပေး
Video - MFF

28/08/2026

ချင်းလန်း - ရတနာပုံပွဲ စတင်နိုင်ဖို့ ကွင်းအတွင်းမှ ရေများကို တွန်းထုတ်နေပါတယ်။
မိုးလည်းစဲသွားပြီမို့ ညနေ ၄နာရီစတင်နိုင်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

28/08/2026

ချင်းလန်း - ရတနာပုံ M League အဖွင့်ပွဲကတော့ မိုးအခြေအနေကြောင့် ကွင်းမျက်နှာပြင် ရေတင်နေပေမယ့် ကွင်းလယ်ဒိုင်ရဲ့ စံချိန်စမ်းသပ်မှုအပြီး သတ်မှတ်ချိန်အတိုင်း ပွဲစတင်မယ်လို့ ကနဦးသတင်းအရသိရပါတယ်။
မှတ်ချက် - လက်ရှိအချိန်မှာ မိုးက ပိုသည်းလာလို့ ပွဲကတော့ သတ်မှတ်ချိန်အတိုင်း မစတင်နိုင်သေးပါဘူး။
၁၅မိနစ်နောက်ဆုတ်မယ်လို့ ထုတ်ပြန်ပါတယ်။

Photos from Soccer Vibe By Kyaw Ko's post 28/08/2026

အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကတော့ ပဏာမကစားသမား ၃၃ ဦးနဲ့ ပထမဆုံးအကြိမ် လူစုံတက်စုံ လေ့ကျင့်ရေး စတင်နေပါပြီ။
နည်းပြသစ် ကောလင်းဘဲလ်ရဲ့ လေ့ကျင့်ရေးအစီအစဥ်တွေကို သွားရောက် ရိုက်ကူးမေးမြန်းပြီး ပြန်လည် တင်ဆက်ပေးပါဦးမည်။
*စိတ်ဝင်စားဖို့ကောင်းတဲ့ ပြည်တွင်းပြည်ပ အားကစားအကြောင်းအရာတွေကို ခံစားသိရှိနိုင်ဖို့
Soccer Vibe By Kyaw Ko ကို Like &Follow လုပ်ထားကြပါနော်
Photos - MFF



27/08/2026

သိန်းထောင်ချီ ခုံပေါ်တင်ပြီး ဘောနပ်စ်ပေးပြခဲ့တဲ့ ရှမ်း၊ ပျောက်ဆုံးနေတဲ့ မတူပီသားလေး နဲ့ မိုးထဲရေထဲက ရန်ကုန်-ရှမ်း Charity Shield အားပြိုင်မှုကပေးတဲ့ အတွေးစများကြောင်း ဆွေးနွေးဖလှယ်မှု...


#

Photos from Soccer Vibe By Kyaw Ko's post 27/08/2026

၂၀၀၄ တုန်းက ချယ်လ်ဆီးအသင်းရဲ့ အဝေးကွင်း ဝတ်စုံကို ပြန်မြင်ယောင်မိစေမယ့် ၂၀၂၆-၂၇ မန်စီးတီးအသင်းရဲ့ တတိယဝတ်စုံသစ်...

27/08/2026

စည်းမျဥ်းသစ်ကြောင့် အိမ်ရှင်မဖြစ်နိုင်တော့မယ့် လီဗာပူးလ်နဲ့အင်တာမီလန်
-----------------------
ယနေ့(ဩဂုတ်၂၇) ည မြန်မာစံတော်ချိန် ၁၀နာရီခွဲမှာ ကျင်းပမယ့် ၂၀၂၆-၂၇ ဥရောပချန်ပီယံလိဂ် မဲခွဲပွဲမှာ စည်းမျဥ်းသစ်တစ်ခုကြောင့် စိတ်ဝင်စားဖွယ် အပြောင်းအလဲတချို့ မြင်ရပါတော့မယ်။
မဲအိုး ၄အိုးခွဲထားပြီး တစ်အိုးစီမှာ အသင်း ၉သင်းပါဝင်ကာ အသင်းတစ်သင်းလျှင် မဲအိုး တစ်အိုးစီက ပြိုင်ဘက် ၂သင်းစီနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ပြောင်းလဲထားတာ မကြာသေးတဲ့ ဥရောပပြိုင်ပွဲစည်းမျဥ်းသစ်အရ တစ်သင်းလျှင် လိဂ်ဖေ့စ်အဆင့်မှာ ၈ပွဲစီ ကစားကြရမှာပါ။
၄သင်းကို အိမ်ကွင်းဧည့်ခံကစားရမှာ ဖြစ်သလို နောက် ၄သင်းကိုတော့ အဝေးကွင်းလိုက်ပါ ကစားရမှာ လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနှစ်မှာ ထပ်မံ ပြောင်းလဲလိုက်တဲ့ စည်းမျဥ်းတစ်ခုအရ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ နဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီပြိုင်ပွဲတွေတုန်းက လိဂ်ဖေ့စ်အဆင့်မှာ အိမ်ကွင်းဧည့်ခံ ကစားထားတဲ့အသင်းတွေက တူညီတဲ့ ပြိုင်ဘက်ကို နောက်ထပ် အိမ်ကွင်းလက်ခံ ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။
ဥပမာ ၂၀၂၄-၂၅ နဲ့ ၂၀၂၅-၂၆ရာသီတွေမှာ လီဗာပူးလ်က စပိန်ကလပ် ရီးယဲလ်ကို လိဂ်ဖေ့စ်အဆင့်မှာ တွေ့ဆုံခဲ့ပြီး ၂ပွဲစလုံးကို အိမ်ကွင်းအန်ဖီးလ်မှာ ကစားခွင့်ရကာ နှစ်ပွဲစလုံး အနိုင်ရခဲ့တယ်။
ဒါ့အပြင် အင်တာမီလန်ကလည်း အာဆင်နယ်ကို နှစ်ရာသီဆက် ဆုံခဲ့ပြီး နှစ်ပွဲစလုံးကို အိမ်ကွင်း လက်ခံ ကစားခွင့်ရခဲ့တယ်။
ဒီနှစ်မှာတော့ ယူအီးအက်ဖ်အေရဲ့ စည်းမျဥ်းအသစ်အရ လီဗာပူးလ်နဲ့အင်တာမီလန်အနေနဲ့ ရီးယဲလ်နဲ့ အာဆင်နယ်ကို ထပ်မံပြီး အိမ်ကွင်းလက်ခံကစားခွင့်ရတော့မှာမဟုတ်ပါဘူး။
ဒါကြောင့် ဒီရာသီမှာ ဒီအသင်းတွေ ထပ်မံ တွေ့ဆုံခဲ့မယ်ဆိုရင်တောင် ရီးယဲလ်နဲ့ အာဆင်နယ်ကသာ အိမ်ကွင်းအဖြစ် ပြန်လည်လက်ခံကစားခွင့် အလိုအလျောက်ရမှာလည်း ဖြစ်ပါတယ်။


Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Kyinmyintdine
Yangon