Football Score

Football Score

Share

ဘောလုံးပွဲများတိုက်ရိုက်ကြည့်မယ်ဆို Page Follow လုပ်ခဲ့နော်

26/08/2026

ပိတ်ရက်တုန်းက ပရီးမီးယားလိဂ်မှာ ၁-၀ နဲ့ရှုံးတယ် ၊ ကြားရက် ခါရာဘောင်ဖလားမှာ ၂-၀ နဲ့ ထပ်ရှုံးတယ် ။ နောက်တပွဲထပ်ကစားရင် ၃-၀ နဲ့များရှုံးဦးမလားမသိပါဘူး ။ ဘောလုံးရာသီက အခုမှစတာ ၊ အနိုင်ဆိုတာ ဘာမှန်းမသိသေးတဲ့အပြင် နှစ်ပွဲစလုံး အိမ်ကွင်းကြီးမှာချည်းရှုံးတာဆိုတော့လည်း ပြောချင်စရာဖြစ်လာတော့တာပါပဲ ။ နော်တင်ဟမ်ဖောရက်စ်ဖန်တွေအတွက်တော့ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့မှာပါ ။

26/08/2026

ဘောလုံးမှာဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ဒီပွဲက နောက်တကြိမ်ပြသသွားခဲ့ပြန်ပါပြီ ။ ပွဲချိန် ၂၁ မိနစ်မှာ ဆဲလ်တစ်အသင်းက ဦးဆောင်ဂိုးသွင်းခဲ့တယ် ၊ နှစ်ကျော့ပေါင်းရလဒ်လည်း ၄-၀ နဲ့ နိုင်နေပြီ ၊ ချန်ပီယံလိဂ်ကို သွားရဖို့က မိနစ်အနည်းငယ်ပဲ လိုတော့တာပါ ။

ဒါပေမယ့် LASK အသင်းက အရှုံးမပေးခဲ့ပါဘူး ။ ချေပဂိုးတွေပြန်သွင်းပြီး မိနစ် ၉၀ မှာ ၄-၁ ၊ အချိန်ပိုဆက်ကစားအပြီးမှာ ၅-၁ နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ၅-၄ နဲ့ ဆဲလ်တစ်ကို အနိုင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို အံ့ဖွယ်ရယူသွားနိုင်ခဲ့ပါတယ် ။ ဆဲလ်တစ်အသင်းကတော့ ယူရိုပါလိဂ်မှာ သွားရောက်ယှဉ်ပြိုင်ကစားရတော့မှာပါ ။

တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ comeback နိုင်ပွဲပါပဲ ။

23/08/2026

တော့တင်ဟမ်အသင်းက နွေရာသီအပြောင်းအရွှေ့အတွင်း ပေါင် ၂၂၈သန်း အသုံးပြုထားပေမယ့် အဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်ကို သုံးဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ 😭

တော့တင်ဟမ်က ၂၀၂၄-၂၅ ရာသီစတင်ပြီးနောက်ပိုင်း ပွဲပေါင်း၄၀အထိ ရှုံးနိမ့်ထားပြီး ရှုံးပွဲပိုများတဲ့အသင်းဆိုလို့ ဝုဗ်တစ်သင်းတည်းသာ ရှိပါတော့တယ်။

23/08/2026

မော်ရင်ဟိုရဲ့ ရီးရဲလ် နည်းပြဘဝ ဒုတိယမြောက် တကျော့ပြန် ခရီးစဉ်ဟာ အဖွင့်ပွဲမှာတင် အနိုင်ရလဒ်နဲ့အတူ အလှပဆုံး အစပြုလိုက်ပြီ ဖြစ်ပါတယ် အက်စပန်ညိုနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ကလပ်အသင်းအတွက် အရေးပါလှတဲ့ ရမှတ်ပြည့် သုံးမှတ်ကို အပိုင် ရယူသွားခဲ့တာပါ ပွဲချိန် အကြိတ်အနယ် ရှိခဲ့သော်လည်း နည်းဗျူဟာမြောက် အနိုင်ဂိုးနဲ့အတူ ပြိုင်ဘက်ကို အသည်းခွဲပြီး မော်ရင်ဟို ရဲ့ စတိုင်အတိုင်း အလှပဆုံး အဆုံးသတ်ပြခဲ့တာ ဖြစ်ပါတယ်

ဒီနိုင်ပွဲဟာ လာလီဂါ ပြိုင်ဘက် အသင်းတွေ အားလုံးကို အရေးကြီးတဲ့ သတိပေးချက်တစ်ခု ပေးပို့လိုက်တာလည်း ဖြစ်ပါတယ် မော်ရင်ဟို ရဲ့ ခေတ်သစ်ကြီးဟာ ဘာနေဗူးမှာ ပြန်လည် စတင်နေပြီဖြစ်ပြီး လာလီဂါ စစ်မြေပြင်ကြီးတစ်ခုလုံးကို ခြယ်လှယ်သွားတော့မယ်ဆိုတာကို သက်သေပြလိုက်တာပါ

အစစအရာရာ အဆင်ပြေချောမွေ့စွာနဲ့ အဖွင့်လှခဲ့တဲ့ မော်ရင်ဟို ရဲ့ ရီးရဲလ်ဟာ လာမယ့် ပွဲစဉ်တွေမှာပါ ဒီထက်ပိုမို ထက်မြက်တဲ့ စွမ်းဆောင်ရည်တွေကို ထပ်မံ ပြသသွားဦးမှာ ဖြစ်ပါတယ် ရီးရဲလ် ပရိသတ်တွေကတော့ မော်ရင်ဟို နဲ့အတူ လာလီဂါနဲ့ ဥရောပ စစ်မြေပြင်မှာ အောင်ပွဲတွေ ဆက်တိုက် ဆွတ်ခူးသွားနိုင်မလားဆိုတာကို စောင့်ကြည့်သွားကြရတော့မှာပါ

22/08/2026

ရာသီအသစ် - မန်ယူအဟောင်း

တန်းဆင်းရလောက်တဲ့ကစားပုံမျိုးနဲ့ ရာသီသစ်ကိုဖွင့်လှစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ပွဲစဉ် ၂ မှာလည်း တန်းတက်အသင်း အစ်ပ်ဆွစ်ချ်နဲ့ ကစားရမှာပါ ။ ဒီတသင်းကိုရော အနိုင်ကစားနိုင်ပါ့မလား . . .

22/08/2026

♦️ ဟူးစီးတီး 🆚 မန်ယူ♦️
တိုက်ရိုက်ကြည့်ရန် Page 👉 Football Score

22/08/2026

လမ်းပတ်နဲ့ ကိုဗင်ထရီစီးတီးအသင်းသားတွေဟာ အာဆင်နယ်နဲ့ကစားမယ့်ပွဲအတွက် ကောင်းစွာပြင်ဆင်ထားခဲ့ကြပေမယ့် သူတို့အသင်းနာမည်က စီးတီးဆိုတဲ့စာသားကိုတော့ ချန်ရစ်ထားဖို့ မေ့လျော့ခဲ့ပါတယ် ။

ဒါကြောင့် အာဆင်နယ်ကစားသမားတွေဟာ လွန်ခဲ့တဲ့ တပတ်တုန်းကမှ ၃-၀ နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းလို့ ထင်မှတ်သွားခဲ့ပြီး နောက်တကြိမ်ဂိုးပြတ်သွင်းကာ အနိုင်ကစားသွားခဲ့ပါတော့တယ် ။

စီးတီးဆိုတာ အာဆင်နယ်အတွက် သိပ်ကိုလွယ်ကူလွန်းနေပြီလား . . .

just for fun

Photos from Football Score's post 19/08/2026

🇲🇲🇯🇵 မြန်မာနိုင်ငံ တောင်ကြီးမြို့မှာ စာသင်ကျောင်းဆောင်သစ် လာရောက်လှူဒါန်းသွားခဲ့တဲ့ တာခဲရု

ONE Championship မှ နာမည်ကြီး ဂျပန်ဖိုက်တာကြီး တာခဲရု ဟာ ၈လပိုင်း ၁၈ ရက်နေ့မှာ တောင်ကြီးမြို့ အေးသာယာရပ်ကွက် ရွှေတောင်တန်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ကိုလာရောက်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း ရွှေတောင်တန်းစာသင်ကျောင်း ကိုလည်း သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အသုံးဝင်မယ့် ကျောင်းဆောင်သစ် ၃ ဆောင်တွဲ ကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ 🙏❤️

မြန်မာနိုင်ငံအပေါ် ချစ်ခင်မှုနဲ့ အခုလို အကျိုးပြုလှူဒါန်းမှုအတွက် လေးစားဂုဏ်ယူရပါတယ်။ 🇲🇲❤️🇯🇵

#တာခဲရု

17/08/2026

သူပြောတာလည်းဟုတ်တာပဲနော့ . . .

12/08/2026

ရာသီမစသေးဘူးဖလား၂လုံးယူပြီးပြီ... သိဖို့ 🙄😎

Snapdragon Cup ✅
BoyleSports Cup ✅

Two trophies already and the season hasn’t even started. 😭🏆

Bring on 2026/27! 🔴🔥
PhotoCredit

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Address

Myanmar Yangon
Yangon
05241