26/08/2026
အဆီနည်းတဲ့ လူက ရုပ်ပိုနုတယ်…
ခင်ဗျားတို့ ပတ်ဝန်းကျင်မှာလေ နုလိုက်တာ အရွယ်တင်လိုက်တာ ဆိုတဲ့ လူတွေ အကုန်လုံးနီးပါးကလေ သေးသေးကျစ်ကျစ်နဲ့ အဆီကင်းတဲ့ လူတွေကြီးပဲ ဆိုတာ သတိထားမီလား?
အာ့လိုပြောလို့ ဝဝ ကစ်ကစ် ဖောင်းဖောင်းလေးတွေကို ရုပ်ရင့်တယ် ပြောတာမဟုတ်ဘူးနော်
ဒါမဲ့ အသက်၄၀/၅၀ ကျော် အထက်တွေ ဖစ်လာပီဆိုရင်တော့ ငယ်စဉ်က ဝဝ ကစ်ကစ်နေလာတဲ့ လူတွေဟာ အဆီကင်းတဲ့ ပိန်ပိန်ပါးပါးကျစ်ကျစ်လစ်လစ်တွေထက် ရောဂါရနိုင်ခြေနူန်းတွေ မြင့်လာတာကို သတိထားမီလာတယ်
ကျွန်တော် ဥပမာ တစ်ခုပြောပြမယ်
ခင်ဗျားတို့ ရပ်ကွပ်ထဲမှာပဲဖစ်ဖစ် အမျိုးအဆွေထဲမှာပဲဖစ်ဖစ် သတင်းတွေမှာ ပါလာတဲ့ အသက်၇၀/၈၀၎င်းထိတောင် ကျန်းမာနေတဲ့ လူတွေဆိုတာ အဝလွန်တဲ့လူတွေ အဆီများတဲ့ လူတွေ ဗိုက်ကြီးတွေ ပူတဲ့ လူတွေ မရှိသလောက်ရှားတယ်
အသက်ကြီးတဲ့ အထိ ကျန်းကျန်းမာမာနဲ့ နေထိုင်သွားတဲ့ လူတွေရဲ့ ၉၅% နူန်းဟာ ပိန်ပိန်ပါးပါး ကျစ်ကျစ် ခန္ဓာကိုယ်တွေသာဖစ်တယ်
ကြွက်သားတည်ဆောက်ခြင်းဟာ အကောင်းဆုံးဖစ်ပေမဲ့ လူတိုင်းကတော့ အကြောင်းကြောင်းကြောင့် မလုပ်ဖစ်ကြပါဘူး
ဒါမဲ့ လူတိုင်း လုပ်နိုင်တဲ့ အရာကတော့ အဝမလွန်
အောင် ထိန်းဖို့ပါပဲ
အဝမလွန်ခြင်း တနည်းအားဖြင့် ကျစ်ကျစ်လစ်လစ်ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာကိုယ် အသက်ကြီးတဲ့ထိ ထိန်းထားခြင်းအားဖြင့် ဆီးချို သွေးတိုးလိုမျိုး ရောဂါများ အလွယ်တကူမဝင်ရောက်နိုင်ခြင်း ၊ သွားလာလူပ်ရှားနေထိုင်ရတာ ပေါ့ပါးသွက်လက်ခြင်း ၊ လူတိုင်းအလိုချင်ဆုံးအရာဖစ်တဲ့ အရွယ်တင်နုပျိုခြင်း စတဲ့အကျိုးကျေးဇူးပေါင်းများစွာကို ခံစားရမှာဖစ်ပါတယ်။
26/08/2026
ခွန်အားကို ဘယ်သူမှ လက်ဆောင်မပေးဘူး။ ကိုယ်တိုင် ပိုင်ဆိုင်မှသာ ရမယ်။ 💪
NEXT LEVEL FITNESS ထဲ ခြေချလိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Challenge တွေကို စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်ပြီလား။
Next Level Fitness ဆိုတာ စက်ပစ္စည်းတွေချည်းပဲ ရှိတဲ့နေရာမဟုတ်ဘူး။ ဒီနေရာက မင်းရဲ့ စိတ်ဓာတ်၊ ဇွဲလုံ့လနဲ့ ချွေးတွေကို အရင်းပြုပြီး အကောင်းဆုံး Version တစ်ခုဖြစ်အောင် ကိုယ်တိုင် ပြန်လည်တည်ဆောက်ပေးမယ့် နေရာပါ။
✅ ခေတ်မီတဲ့သက်ပစ္စည်းများ
✅ ကျွမ်းကျင်သော နည်းပြများ၏ လမ်းညွှန်မှု
✅ တူညီတဲ့ ရည်မှန်းချက်ရှိတဲ့ အသိုင်းအဝိုင်း
👇 ဒီနေ့ပဲ လာရောက်ပြီး ပြောင်းလဲမှုကိုစတင်ပါ။
📍 Next Level Fitness
🏢 အမှတ် (၇၈)၊ မဟာသုခိတာ ၅ လမ်း (မြောက်)၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
📞09-4299-24699
🕒ဖွင့်ချိန်: မနက် ၆:၀၀ - ည ၉:၀၀
Find Your Next Level !
Come & Join
24/08/2026
🔥သင့်ရဲ့ GYM Professional Life ကို Professional ကျကျ လုပ်ကိုင်ခွင့်ရမည့် အခွင့်အရေး!
🏋️♂️ WE ARE HIRING | NEXT LEVEL FITNESS
အရှေ့ကြို့ကုန်းရဲ့ အတန်ဆုံးနဲ့အမိုက်ဆုံး GYM တွင် တာဝန်ထမ်းဆောင်ရန်အတွက်-
✅အတွေ့အကြုံရှိ(Personal Trainer)-ကျား/မ (၃) ဦး
✅Boxing Trainer- (၃) ဦး အားခေါ်ယူနေပါသည်။
အရည်အချင်းသတ်မှတ်ချက်များ
(၁) Gym Trainer တစ်ဦး၌ ရှိသင့်သည့် ခန္ဓာကိုယ်
အချိုးအစားနှင့် ကြံ့ခိုင်မှု ရှိရမည်။
(၂)အကျင့်စာရိတ္တ၊ စည်းကမ်းနှင့် လုပ်ငန်းကျေပွန်မှု အထူးကောင်းမွန်ရမည်။
(၃)Clients နှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် Professional ဆန်စွာ ပေါင်းသင်းဆက်ဆံနိုင်ရမည်။
(၄)ကိုယ်ကာယကြံ့ခိုင်မှု၊ အာဟာရနှင့် လေ့ကျင့်ခန်းဆိုင်ရာ ဗဟုသုတ ရှိရမည်။
(၅)သင်တန်းအစီအစဉ်များကို တစ်ဦးချင်းအလိုက် ပြုစုရေးဆွဲနိုင်ပြီး လိုက်လျောညီထွေ ပြင်ဆင်နိုင်ရမည်။
(၆)မိမိလျှောက်ထားမည့် Position အတွက် အနည်းဆုံး အတွေ့အကြုံ (၂) နှစ် ရှိရမည် ။
အခြားအချက်များ
· လစာ – အတွေ့အကြုံနှင့် အရည်အချင်းအပေါ် မူတည်၍ ညှိနှိုင်းပေးမည်။
· အလုပ်ချိန် – Clients များပေါ်မူတည်ကာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး နံနက် / ညနေ / အားလပ်ရက်များတွင် အလုပ်လုပ်နိုင်ရမည်။
ခံစားခွင့်များ
* လစာ: ညှိနှိုင်း + ရက်မှန်ကြေး + Bonus
လျှောက်ထားရန် စိတ်ပါဝင်စားသူများအနေဖြင့် CV Form များကို ရုံးViber ဖုန်းနံပါတ်(09429924699) သို့ ပေးပို့ လျှောက်ထားနိုင်သလို NEXT LEVEL FITNESS ရဲ့ Facebook Messenger မှတစ်ဆင့်လည်းလျှောက်ထားနိုင်ပါသည်။
📍 Next Level Fitness
🏢 အမှတ် (၇၈)၊ မဟာသုခိတာ ၅ လမ်း (မြောက်)၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
📞09-4299-24699
🕒ဖွင့်ချိန်: မနက် ၆:၀၀ - ည ၉:၀၀
Find Your Next Level !
Come & Join
24/08/2026
💧 ချွေးတွေများများထွက်အောင် လေ့ကျင့်ခန်းလုပ်နေတာဟာ အဆီကျဖို့ အကောင်းဆုံးနည်းလမ်းလို့ ထင်နေရင်မှားပါလိမ့်မယ်။
လူအများစုရဲ့ အထင်မှားခံရဆုံး Fitness Myth ထဲက တစ်ခုဖြစ်တဲ့ "ချွေးများများထွက် = အဆီများများကျ" တယ်ဆိုတာ တကယ်တော့ မမှန်ပါဘူး။
🧠 သိပ္ပံအရ ပြောရရင်:
ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ သဘာဝ အပူထိန်းစနစ် (Thermoregulation) တစ်ခုမျှသာဖြစ်ပြီး သင်လေ့ကျင့်ခန်းလုပ်ချိန်မှာ ကြွက်သားတွေ ကျုံ့ဆန့်လှုပ်ရှားတဲ့အခါ ထွက်လာတဲ့ အပူကို အေးမြစေဖို့အတွက် ရေဓာတ်တွေကို အရေပြားကနေ ထုတ်လွှတ်ခြင်းဖြစ်ပါတယ်။
တကယ်တော့ သင်ဆုံးရှုံးသွားတဲ့ ကိုယ်အလေးချိန်က ရေဓာတ် (Water Weight) ဖြစ်ပြီး ဒီရေဓာတ်က ပြန်ဖြည့်လိုက်တာနဲ့ ပြန်တက်လာမှာပါ။ အဆီကျဖို့ဆိုတာ ချွေးနဲ့မဟုတ်ဘဲ အောက်ဆီဂျင်နဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကတစ်ဆင့် အဆီဆဲလ်တွေကို စွမ်းအင်အဖြစ် ချေဖျက်မှသာ ဖြစ်နိုင်ပါတယ်။
✅ ဒါကြောင့်:
· ချွေးအများကြီးထွက်ဖို့ထက် သင့်ရဲ့ Heart Rate (နှလုံးခုန်နှုန်း) ကို အာရုံစိုက်ပါ။
· ရေဓာတ်ပြည့်ဝစွာ သောက်သုံးပါ။ (ချွေးထွက်များရင် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်)
💪 ခန္ဓာကိုယ်ရဲ့ အခြေခံသဘာဝကို နားလည်ပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ လေ့ကျင့်ချင်တယ်ဆိုရင်တော့...
"Next Level Fitness" ရဲ့ ကျွမ်းကျင်တဲ့ နည်းပြဆရာတွေရဲ့ လမ်းညွှန်မှုအောက်မှာ သင့်အတွက် သီးသန့် Workout Plan တွေကို ရယူလိုက်ပါ။
📍 Next Level Fitness
🏢 အမှတ် (၇၈)၊ မဟာသုခိတာ ၅ လမ်း (မြောက်)၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
📞09-4299-24699
🕒ဖွင့်ချိန်: မနက် ၆:၀၀ - ည ၉:၀၀
Find Your Next Level !
Come & Join
21/08/2026
💪 STRONG BACK = NEXT LEVEL FITNESS 💪
နောက်ကျောသန်မာလှပဖို့ဆိုတာ အချိန်ခဏလေးနဲ့ ဖြစ်လာတဲ့အရာ မဟုတ်ပါဘူး။ဖြေးဖြေးနဲ့ မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေနဲ့ စနစ်တကျ ပြုလုပ်သွားမယ်ဆိုရင်တော့ ရလဒ်က သေချာပေါက် ထွက်လာပါလိမ့်မယ်။
🔥 Lat Pulldown, Seated Row, Face Pull, Back Extension ဆိုတဲ့ လေ့ကျင့်ခန်း ၄ မျိုးက သင့်ရဲ့ နောက်ကျောကို ဘယ်လိုပြောင်းလဲပေးနိုင်လဲဆိုတာ ပြောပြပေးပါမယ်။
✅ Lat Pulldown – အပေါ်ပိုင်း နောက်ကျောကို ကျယ်ပြန့်စေပြီး V-shape ပုံဖော်ပေးတယ်။
✅ Seated Row – အလယ်ပိုင်း ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ဟန်အနေအထား ကောင်းမွန်စေတယ်။
✅ Face Pull – ပခုံးနောက်နှင့် အပေါ်ကျော ကြွက်သားတွေကို အားဖြည့်ပေးပြီး ဒဏ်ရာကာကွယ်ပေးတယ်။
✅ Back Extension – ခါးအောက်ပိုင်းကို ခိုင်ခံ့စေပြီး ကျောရိုးကျန်းမာရေး ကိုထောက်ပံ့ပေးပါသည်။
🎯 ဒီ ၄ မျိုးကို တစ်ပတ် ၂-၃ ကြိမ် ပုံမှန်လုပ်မယ်ဆိုရင် သင့်ရဲ့ နောက်ကျောဟာ "NEXT LEVEL" ကို ရောက်သွားပြီး ခွန်အားရော၊ အလှပါ ပြည့်စုံလာမှာ သေချာပါတယ်။
📍 Next Level Fitness
🏢 အမှတ် (၇၈)၊ မဟာသုခိတာ ၅ လမ်း (မြောက်)၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
📞09-4299-24699
🕒ဖွင့်ချိန်: မနက် ၆:၀၀ - ည ၉:၀၀
Find Your Next Level !
Come & Join
20/08/2026
“ကျွန်တော်တို့တွေ ဘာအတွက် ပိုက်ဆံရှာနေကြတာလဲ?”
မနေ့က ဖတ်မိလိုက်တဲ့ စာတစ်ကြောင်းက ကိုယ့်အတွေးတွေကို ခဏလောက် ငြိမ်ကျသွားစေတယ်။
“လူတွေဟာ ဘဝရဲ့ ပထမတစ်ဝက်ကို ကျန်းမာရေးအထိခံပြီး ပိုက်ဆံရှာကြပြီး ကျန်တဲ့တစ်ဝက်ကိုတော့ ကျန်းမာရေးအတွက် ရှာထားတဲ့ပိုက်ဆံကို သုံးရင်း ကုန်ဆုံးကြတယ်…”
တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ကိုယ်တိုင်လည်း နေမကောင်းဖြစ်နေတဲ့အချိန်ဆိုတော့ ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာတယ်။
“ကျွန်တော်တို့တွေ ဘာအတွက် ပိုက်ဆံရှာနေကြတာလဲ…”
တစ်ခါတလေ ထမင်းစားပျက်ခံ၊ အိပ်ရေးပျက်ခံ၊ ကျန်းမာရေးအထိခံပြီး ရလာတဲ့ပိုက်ဆံတွေဟာ နောက်ဆုံးမှာ ကျန်းမာရေးအတွက်ပဲ ပြန်ကုန်ရမယ်ဆိုရင်…
အစကတည်းက အများကြီးမရှာဘဲ နေလိုက်ရင်ရော ကောင်းမလားလို့ တွေးမိတယ်။
တကယ်တော့ လောကမှာ စိတ်ညစ်စရာအကောင်းဆုံးအရာတွေထဲက တစ်ခုက ကျန်းမာရေးမကောင်းခြင်းပဲ။
မကျန်းမာလို့ အိမ်ထဲမှာပဲ နေရ၊ အိပ်ရာထဲမှာပဲ လှဲနေရ၊ စားချင်တာ စားမရ၊ အရင်လို အလုပ်လုပ်မရ၊ ကိုယ်ကြိုက်တဲ့ အားကစားတွေတောင် ပြန်မလုပ်နိုင်တဲ့အချိန်…
အဲ့ဒီအချိန်က ငရဲတစ်ခုလိုပါပဲ။
အချစ်ရေး၊ မိသားစု၊ ပိုက်ဆံ စတဲ့ ပြဿနာတွေနဲ့ ကြုံပြီး “ငါ့ဘဝမှာ ငါပဲ အစိတ်ညစ်ဆုံးလူ” လို့ တွေးနေကြတဲ့သူတွေတောင်…
သေချာတယ်။
သူတို့ ကျန်းမာရေးကောင်းနေသေးလို့ပါ။
ကျန်းမာရေးမကောင်းတော့ဘူးဆိုရင် အဲ့ဒီရှေ့က ဒုက္ခတွေ၊ စိတ်ညစ်စရာတွေဆိုတာ ကလေးကစားစရာလောက်ပဲ ဖြစ်သွားလိမ့်မယ်။
ဒါကြောင့် ကျန်းမာရေးက ဘဝမှာ နံပါတ် (၁) ပါ။
ဆရာကြီး ဦးအောင်သင်းရဲ့ စကားလေးနဲ့ပဲ ကျွန်တော် စကားလက်ဆောင်ပါးချင်ပါတယ်—
“ဘဝဆိုတာ နံပါတ် (၁) အနေနဲ့ ရှင်သန်ရမယ်။
ရှင်သန်ဖို့ ကျန်းမာရေးက အရေးကြီးတယ်။
ကျန်းမာရေးအတွက် အဲ့ဒီကျန်းမာရေးကို စောင့်ရှောက်တတ်တဲ့ပညာ သိပ်အရေးကြီးတယ်။
မင်းတို့ မြဲမြဲမှတ်ထား…
ကျန်းမာရေးမရှိရင် ဘဝဆိုတာလည်း မရှိတော့ဘူး။”
ဒါကြောင့် ခင်ဗျားတို့ ပိုက်ဆံရှာတာ မမှားပါဘူး။
ဒါပေမယ့် ပိုက်ဆံရှာရင်းနဲ့ ကိုယ်ရှာနေတဲ့ဘဝကို မပျောက်သွားစေဖို့တော့ အင်မတန် အရေးကြီးတယ်။
Next Level Fitness
19/08/2026
🔴 ACTIVE LIFESTYLE ရဲ့ အံ့ဖွယ် အကျိုးကျေးဇူး ၆ ချက် ⚫
🧠 ၁။ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်
လှုပ်ရှားမှုတိုင်းက Endorphin (ပျော်ရွှင်စေတဲ့ဟော်မုန်း) ကိုထုတ်ပေးပြီး စိတ်ဖိစီးမှု၊ ပူပင်သောကတွေကို ကျဆင်းစေပါတယ်။ ဒါကြောင့် စိတ်ကြည်လင်ပြီး အကောင်းမြင်စိတ် ပိုမိုတည်ဆောက်လာနိုင်မယ်။
⚡ ၂။ အိပ်ရေးဝပြီး နိုးကြားလာတယ်
တစ်နေ့တာစွမ်းအင်သုံးစွဲမှု မျှတလာတဲ့အခါ ညဘက်အိပ်ပျော်ဖို့ ပိုလွယ်ကူလာပြီး မနက်ခင်းမှာ နိုးနိုးကြားကြား နဲ့ တက်ကြွစွာ စတင်နိုင်ပါတယ်။
❤️ ၃။ နှလုံးခုန်နှုန်းနဲ့ အဆုတ်နဲ့ ကြွက်သားတွေ သန်မာလာမယ်
ပုံမှန်လှုပ်ရှားပေးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေတယ်။ တစ်ချိန်တည်းမှာ ကြွက်သားတွေ သန်မာလာပြီး ခန္ဓာကိုယ်က ပိုမိုကြံ့ခိုင်လာမယ်။
ပြီးတော့နှလုံးခုန်နှုန်းကို ကျန်းမာစေလို့ အဆုတ်ရဲ့ အောက်ဆီဂျင်စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ရေရှည်မှာ နှလုံးရောဂါနဲ့ သွေးတိုးကျခြင်းကို ကာကွယ်ပေးနိုင်တယ်။
🛡️ ၄။ ကိုယ်ခံအားကောင်းပြီး ခန္ဓာကိုယ်လှလာမယ်
Active Lifestyle က ခုခံအားစနစ်ကို အားဖြည့်ပေးတဲ့အပြင် အဆီလောင်ကျွမ်းမှုကိုလည်း အထောက်အကူပြုပါတယ်။ ရလဒ်အနေနဲ့ ကျစ်လစ်သန်မာတဲ့ ကိုယ်လုံးကိုယ်ပေါက် ကို ရရှိစေမှာပါ။
Active Lifestyle ရဲ့ အကျိုးကျေးဇူးတွေကတော့ ရေရှည်သွားမယ့် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေအတွက် များစွာ အထောက်အကူပြုနိုင်မှာပါ။
ဒါကြောင့် လေးလံထိုင်းမှိုင်းပြီး ပျင်းရိပျင်းတွဲ ဖြစ်နေတဲ့ ကိုယ့်ရဲ့ Lifestyle ထဲမှာ အသားကျနေပြီဆိုရင်တော့ အခုပဲ ရုန်ရထွက်ဘို့ အကြံပြုပါရစေ။
ပြောင်းလဲဖို့ တစ်ရက်လောက်စောင့်နေစရာမလိုဘူး။ ဒီနေ့ပဲ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး
Find Your NEXT LEVEL ပါ မိတ်ဆွေ!
📍 Next Level Fitness
🏢 အမှတ် (၇၈)၊ မဟာသုခိတာ ၅ လမ်း (မြောက်)၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
📞09-4299-24699
🕒ဖွင့်ချိန်: မနက် ၆:၀၀ - ည ၉:၀၀
Find Your Next Level !
Come & Join
#ဒီနေ့စမယ်