လောဘ မကြီးပါနဲ့!!! အဝေးကြီး ရောက်ဖို့ထက် သစ်ပင်တွေကြားထဲက လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားဖို့ (Play Safe) ကိုပဲ အဓိကထားပါ။ သစ်ပင်အောက် Rough ထဲရောက်နေချိန် လောဘကြီးပြီး အားနဲ့ ကျုံးရိုက်လိုက်ရင်၊ ဘောလုံးက ပိုထောင်သွားပြီး သစ်ကိုင်းတွေနဲ့ ရိုက်မိတာ ညီအစ်ကိုတို့ အသိဆုံးပါ။
ဂေါက်သီးမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးက Trouble (အခက်အခဲ) ထဲ ရောက်သွားတဲ့ အချိန်ပါပဲ။ ဘောလုံးက သဲတစ်ဝက် မြက်တစ်ဝက် ဖြစ်နေမယ်၊ အရှေ့မှာလည်း သစ်ပင် ပိတ်နေမယ်ဆိုရင်... "ငါ ဒီအပင်ကို ကျော်ရိုက်မယ်" ဆိုတဲ့ လောဘတွေကို အရင်ဆုံး လျှော့ချလိုက်ပါ။
ကွင်းထဲမှာ ဘယ်လို Trouble မျိုးနဲ့ပဲ ကြုံကြုံ သက်တောင့်သက်သာနဲ့ ယုံကြည်မှုအပြည့် ရှိနေစေဖို့ Premium Golf Wear တွေကို အမြဲပံ့ပိုးပေးနေတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
Saya Zaw Paing Oo - MPGA
From National Team ➝ Asian Tour ➝ Coach. Sharing tips, drills & stories to grow Myanmar golf.
07/08/2026
ဂေါက်ကွင်းထဲမှာ သင့်အတွက် "အခက်ဆုံး ရိုက်ချက်" က ဘာဖြစ်မလဲ?
တချို့အတွက် Driver ထိန်းရတာ အခက်ဆုံး ဖြစ်နေချိန်မှာ၊ တချို့အတွက်တော့ Green ပေါ်က 3-Putt တွေက အကြောက်ဆုံးပါပဲ။
သင့်ရဲ့ လက်ရှိ ကစားပွဲမှာ အခက်အခဲဆုံး ဖြစ်နေတဲ့ ရိုက်ချက်က ဘာများဖြစ်မလဲ? Comment မှာ ဆွေးနွေးပေးခဲ့ပါဦး။
Club Face နဲ့ ဘောလုံး ထိတဲ့အထိ စိတ်ရှည်ရှည် စောင့်ပြီး (Last Minute) မှ ဖြည်းဖြည်းမှန်မှန်လေး လွှဲထုတ်လိုက်ရင် အားမစိုက်ရဘဲ ပိုတိကျတဲ့ ထိချက်ကို ရပါလိမ့်မယ်!
ဘောလုံးတွေ့တာနဲ့ အတင်း "လု" မရိုက်ပါနဲ့တော့ဗျို့! ဂေါက်ကွင်းထဲမှာ ရိုက်ချင်စိတ်က လူတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ရိုက်ချင်ဇောနဲ့ ခန္ဓာကိုယ် မလှည့်သေးဘဲ လက်က အရင် လုရိုက်လိုက်ရင် Swing ပျက်ပြီး အားတွေ အလကား ဖြစ်ကုန်မှာပါ။
The Quick Fix:
ကိုယ့် Swing ကို ကိုယ် ယုံပါ (Commitment): အားစိုက်ပြီး ရိုက်စရာ မလိုပါဘူး။
ခန္ဓာကိုယ် အရင်လှည့်ပါ: Downswing မှာ Weight Shift ပြောင်းပြီး ဒူးနဲ့ တင်ပါးကို အရင်လှည့်ပေးပါ။
စောင့်ပါ: ခန္ဓာကိုယ် လှည့်ပြီးမှ လက်က အနောက်ကနေ လိုက်လာပါစေ။ ဘောလုံးနဲ့ ထိမယ့် အချိန်အထိ စောင့်ပြီးမှ Release လုပ်ပါ။
Swing ညက်လေလေ.. ဘောလုံး အဝေးကြီး ပြေးလေလေပါပဲ! အခုပဲ စမ်းကြည့်လိုက်ပါ။
Stop guessing your weaknesses! ကိုယ့်ရဲ့ အားနည်းချက် အစစ်အမှန်ကို သိချင်ရင် Score Card မှာ (✓) နဲ့ (✗) တွဲမှတ်ပါ! ဂေါက်ရိုက်တာ မတိုးတက်ဘူးလို့ ခံစားနေရရင် ခင်ဗျားရဲ့ Score Card ကို ပြန်စစ်ကြည့်ပါ။ ဂဏန်းတွေပဲ ရှိနေရင် အလကားပါပဲ။
Score မှတ်ရင်ပါရမယ့် အချက်များ:
Driver: Fairway ရောက် (✓) / မရောက် (✗)
Approach: Green ပေါ် On (✓) / မ On (✗)
Short Game: Chip လို့ (၁) ချက်နဲ့ On လား? (၂) ချက်လား?
Putting: 1-Putt, 2-Putt, 3-Putt ဘယ်လောက်ရိုက်ခဲ့ရလဲ?
တစ်ကျင်းရိုက်၊ တစ်ကျင်း ချက်ချင်းမှတ်ပါ။ ပွဲပြီးလို့ ပြန်ကြည့်လိုက်ရင် Putter ပိုကျင့်ရမလား၊ Chipping ပိုကျင့်ရမလား ဆိုတာ ချက်ချင်း အဖြေထွက်လာပါလိမ့်မယ်!
အားကုန်သုံးပြီး ကျုံးရိုက်လေ.. ဘောလုံးက ခရီးမရောက်လေ ဖြစ်နေပြီလား?
Player အများစုက Backswing ကို မှန်မှန်ကန်ကန် ဆွဲတင်နိုင်ပေမယ့်၊ Downswing ဆင်းတဲ့အခါ မထိမှာစိုးတဲ့စိတ်နဲ့ ဘောလုံးကို အတင်း "လုရိုက်" တတ်ကြတယ်။
ခန္ဓာကိုယ် လှည့်တာကို မစောင့်ဘူး၊ လက်ကျလာတာကို မစောင့်ဘဲ လက်အားနဲ့ချည်း အတင်းဝင်ထုတဲ့အခါ (Early Extension) ဖြစ်ပြီး Swing ကြီးက လုံးဝ မညက်တော့ပါဘူး။ အားတွေ အများကြီး သုံးနေပေမယ့် အဲဒီအားတွေက ဘောလုံးဆီကို မရောက်ဘဲ Bad Shot တွေပဲ ထွက်လာပါလိမ့်မယ်။
Club Face နဲ့ ဘောလုံး ထိတဲ့အထိ စိတ်ရှည်ရှည် စောင့်ပြီး (Last Minute) မှ ဖြည်းဖြည်းမှန်မှန်လေး လွှဲထုတ်လိုက်ရင် အားမစိုက်ရဘဲ ပိုတိကျတဲ့ ထိချက်ကို ရပါလိမ့်မယ်!
ကွင်းထဲမှာ ခန္ဓာကိုယ်အလှည့် (Sequence) တွေကို လွတ်လွတ်လပ်လပ်နဲ့ အကောင်းဆုံး အလုပ်လုပ်နိုင်ဖို့ သက်တောင့်သက်သာ အရှိဆုံးဖြစ်တဲ့ Premium Golf Wear တွေကို အမြဲပံ့ပိုးပေးနေတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
20/07/2026
ကစားပွဲကို အနိုင်ယူမည့် စိတ်ပိုင်းဆိုင်ရာ ဖော်မြူလာ!
ဂေါက်သီးအားကစားဆိုတာ ၇၀% က စိတ်ပိုင်းဆိုင်ရာ ကစားပွဲ (Mind Game) ဖြစ်ပြီး၊ ၃၀% သာ ရုပ်ပိုင်းဆိုင်ရာ နည်းစနစ် (Technique) ဖြစ်ပါတယ်။ ကွင်းထဲရောက်သွားချိန်မှာ ရှုပ်ထွေးတဲ့ နည်းစနစ်တွေကို ခေါင်းထဲထည့်ပြီး ဟိုနားပြင် ဒီနားပြင် လုပ်နေရင် ခန္ဓာကိုယ်က တောင့်တင်းပြီး Swing တွေ ပိုပျက်စီးသွားတတ်ပါတယ်။
ဂေါက်ကွင်းထဲမှာ အမှားတစ်ခုလုပ်မိလို့ ဒေါသထွက်တဲ့အခါ (ဥပမာ - လွယ်ကူတဲ့ Putt ကို လွဲသွားခြင်း)၊ နောက်တစ်ချက်ကို စိတ်လိုက်မာန်ပါ အလောတကြီး ရိုက်ချလိုက်တာဟာ ကစားပွဲကို အဆိုးရွားဆုံး ပျက်စီးစေပါတယ်။ စိတ်ခံစားချက် (Emotion) ဆိုတာ အတက်အကျ အမြဲရှိပါတယ်။ ဒါပေမယ့် သင့်ရဲ့ လုပ်ငန်းစဉ် (Routine) ကတော့ အမြဲတမ်း တသမတ်တည်း ရှိနေရပါမယ်။ ရိုက်ချက်တိုင်းမှာ နည်းစနစ် (ခြေထောက်ဘယ်လိုထားမယ်၊ လက်ကိုဘယ်လိုကွေးမယ်) တွေကို စဉ်းစားနေမယ့်အစား၊ ရှင်းလင်းတဲ့ ပစ်မှတ်နဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်ပေါ်မှာပဲ စိတ်ကို အပြည့်အဝ ထိန်းချုပ်ထားခြင်းဟာ အကောင်းဆုံး Winning Strategy ဖြစ်ပါတယ်။
ဘောလုံးနား ရောက်သွားတဲ့အခါ အရှုပ်ထွေးဆုံး အတွေးတွေကို အရိုးရှင်းဆုံးဖြစ်အောင် အောက်ပါ အချက် (၃) ချက်ဖြင့် မိမိကိုယ်ကိုယ် အမြန် စစ်ဆေး (Self-Check) လုပ်ပါ။
1) "ရေထဲ မကျစေနဲ့"၊ "သဲကျင်းကို ရှောင်ရိုက်မယ်" ဆိုတဲ့ အဆိုးမြင် (Negative) အတွေးတွေကို ဦးနှောက်က လိုက်လုပ်တတ်ပါတယ်။ အဲဒီအစား "Green ရဲ့ ညာဘက်အစွန်းကို တည့်တည့်သွားမယ်" ဆိုတဲ့ တိကျပြီး အပြုသဘောဆောင်တဲ့ (Positive) ပစ်မှတ် တစ်ခုတည်းကိုသာ စိတ်ထဲမှာ မြင်ယောင်ပြီး ဦးနှောက်ကို အမိန့်ပေးပါ။
2) စိတ်လှုပ်ရှားနေရင် ဒါမှမဟုတ် ဖိအားများနေရင် လက်ကောက်ဝတ်နဲ့ ပခုံးတွေဟာ အလိုအလျောက် တောင့်တင်းလာပါတယ်။ ဂေါက်တံကို Set-up လုပ်တဲ့အခါ Grip ကို အတင်းမဆုပ်ဘဲ ပျော့ပျောင်းအောင် ပြန်ကိုင်ပါ။ ပြီးလျှင် အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ တင်းကျပ်မှု (Tension) ကို ချက်ချင်း ဖယ်ရှားလိုက်ပါ
3) ရိုက်ချက်မစခင် ဘောလုံးအနောက်ကနေ လမ်းကြောင်းကြည့်မယ်၊ အသက်ရှူထုတ်မယ်၊ ပြီးမှ ဝင်ရိုက်မယ် စသဖြင့် သင် သတ်မှတ်ထားတဲ့ ပုံသေ လုပ်ငန်းစဉ် (Pre-shot Routine) ကို စက္ကန့်ပိုင်းလေးတောင် အဖျက်မခံပါနဲ့။ ကစားပွဲ ဘယ်လောက် ဆိုးရွားနေပါစေ၊ ဒီ Routine ကို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်ခြင်းကသာ သင့်ရဲ့ စိတ်ကို အကောင်းဆုံး ပြန်လည် ထိန်းချုပ်ပေးနိုင်မှာပါ။
ဂေါက်သီးဆိုတာ အရှုပ်ထွေးဆုံး အခြေအနေတွေအောက်မှာ အရိုးရှင်းဆုံး တွေးခေါ်နိုင်သူတွေ အတွက်သာ အမြဲတမ်း အနိုင်ရလဒ်ကို ပေးစွမ်းနိုင်တာပါ။ နည်းစနစ်တွေကို လေ့ကျင့်ရေးကွင်း (Driving Range) မှာပဲ ထားခဲ့ပြီး၊ ကွင်းထဲရောက်ရင်တော့ ကိုယ့်ရဲ့ စိတ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်တဲ့ "Focus" ကိုသာ အဓိက လက်နက်အဖြစ် အသုံးပြုပါ။
အခြေခံ မှန်သွားတာနဲ့ Putter ရဲ့ Center မှာ ဘောလုံးထိသွားတဲ့ Feel က ချက်ချင်းကို သိသာလာပါလိမ့်မယ်!လက်နဲ့ မရိုက်ဘဲ ပခုံး (Shoulder) ကို သုံးပြီး ချိန်သီး (Pendulum) လို အပေါ်နဲ့အောက် မှန်မှန်လေး လွှဲပါ။ နောက်ကိုဆွဲတဲ့ အရှိန်နဲ့ ရှေ့ကိုပို့တဲ့ အရှိန် ညီပါစေ (1-2 Rhythm)။
Pro တွေလို Wedge မှာ Spin သေချာ ထွက်ချင်ရင် "Bounce" ကို နားလည်မှ ရမယ်! Special Wedge တွေရဲ့ အောက်ခြေမှာ "Bounce (အခုံးလေး)" ပါပါတယ်။ ဒါပေမဲ့ Player အများစုက အဲဒီ Bounce ကို အသုံးမချဘဲ၊ တုတ်ရဲ့ အသွား (Leading Edge) နဲ့ပဲ မြေကြီးကို ဝင်တူး (Dig) တတ်ကြတယ်။ အဲဒီအခါ မြက်တွေ အတုံးလိုက် ပါသွားပြီး Spin လည်း မစားတော့ပါဘူး။ Bounce ကို သုံးတတ်လာတာနဲ့အမျှ Ball Control က မယုံနိုင်လောက်အောင် ကောင်းလာပါလိမ့်မယ်။
ကွင်းထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ရဲ့ Game ကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်ဖို့ သက်တောင့်သက်သာရှိတဲ့ Golf Wear တွေကို ပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို ကျေးဇူးတင်ပါတယ်။
ခန္ဓာကိုယ် အလေးချိန် (Weight) က ခြေဖဝါး အလယ်တည့်တည့်မှာ ရှိရပါမယ်။ နောက်မှာထားရင် လန်ထွက်မယ်၊ ရှေ့မှာထားရင် ငိုက်ကျသွားပါမယ်။ ခြေထောက် Balance ညီမှ Lower Body က ကောင်းကောင်း အလုပ်လုပ်ပြီး Clean Contact ရမှာပါ!
Click here to claim your Sponsored Listing.