14/08/2026
မန်ချက်စတာစီးတီးအသင်း၏ ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနားက အသင်းဖော်ဟောင်း ရာဟင်စတာလင်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ချိန်က မီဒီယာများ၏ အဆိုးမြင်ဖော်ပြမှုများကြောင့် ၎င်းအား လူ့လောက်စားတစ်ဦးအဖြစ် အစောပိုင်းက အထင်အမြင်လွဲမှားခဲ့မိကြောင်း ဝန်ခံပြောကြားလိုက်သည်။
နှစ်ဦးသား ကလပ်အသင်းသို့ အချိန်တူနီးပါး ရောက်ရှိလာစဉ်က သတင်းစာများ၏ ဝေဖန်တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပုံချင်း တူညီခဲ့ကြပြီး နောက်ပိုင်းတွင် သားဖြစ်သူများ အသက်အရွယ်တူဖြစ်ကာ အတူတကွ ဆော့ကစားကြရင်းမှ ရင်းနှီးလာခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်တွေ့တွင်မူ စတာလင်သည် မီဒီယာများ ရေးသားဖော်ပြနေသကဲ့သို့ မဟုတ်ဘဲ ဘောလုံးလောကတွင် မိမိ တွေ့ဖူးသမျှ အယဉ်ကျေးဆုံးနှင့် အနှိမ့်ချဆုံး လူသားများထဲမှ တစ်ဦးဖြစ်ကြောင်း ဒီဘရိုင်းနားက ရိုးသားပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။
14/08/2026
တော့တင်ဟမ် ဟော့စပါးအသင်း၏ ခံစစ်ကစားသမား ကူတီ ရိုမဲရိုသည် ယူရို သန်း ၄၀ တန်ဖိုးရှိ အပြောင်းအရွှေ့ကြေး ပါဝင်သည့် သဘောတူညီချက်ဖြင့် အက်သလက်တီကို မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် မက်ဒရစ်မြို့သို့ သွားရောက်ရန် စီစဉ်နေပြီဖြစ်ပြီး၊ အဆိုပါသဘောတူညီမှုတွင် အနာဂတ်၌ ပြန်လည်ရောင်းချရမည့်ငွေ၏ ၁၅ ရာခိုင်နှုန်းကိုလည်း စပါးအသင်းက ရရှိမည်ဖြစ်ကြောင်း သိရသည်။
14/08/2026
မန်ချက်စတာစီးတီးအသင်းသည် ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ဂျယ်ရမီဒိုကူနှင့် ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမည့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
14/08/2026
ဂါလာတာစာရေးအသင်းသည် အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ် မာတီနယ်လီအတွက် ပေါင် ၃၈.၅ သန်းဖြင့် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အာဆင်နယ်အသင်းကမူ ဘရာဇီးလက်ရွေးစင်ကစားသမားကို လက်ရှိနွေရာသီတွင် လက်လွှတ်ရပါက ပေါင် သန်း ၅၀ သတ်မှတ်ထားပြီး လက်ရှိအချိန်တွင် ကစားသမားဖြစ်သူအနေဖြင့် ဥရောပ ထိပ်သီးလိဂ် ၅ ခုမှ ထွက်ခွာရန် စိတ်ဝင်စားမှု မရှိသေးကြောင်း သတင်းထွက်ပေါ်နေသည်။
14/08/2026
ဂျူဗင်တပ်စ်၊ အေစီမီလန် နှင့် ဂါလာတာစာရေး အသင်းများသည် ပြည်ပကလပ်များအတွက် ပေါင် ၅၇ သံသန်တန် စာချုပ်ဖျက်သိမ်းကြေး ပါရှိနေသည့် မန်ယူကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။ သို့သော်လည်း ဖာနန်ဒက်စ်၏ ဆန္ဒမှာ မန်ယူအသင်းတွင်သာ ဆက်လက်ရှိနေရန်ဖြစ်ပြီး ကစားသမားဘဝ ကုန်ဆုံးသည်အထိ အသင်း၌ပင် အဆုံးသတ်သွားရန် အဓိကထားဉ်းစားနေသည်။
13/08/2026
မိုနာကိုအသင်းသည် ခရစ်စတယ်ပဲလေ့စ်အသင်းထံမှ ဆီနီဂေါကွင်းလယ်လူ လာမင်း ကာမာရာ အတွက် ယူရို သန်း ၅၀ တန်ဖိုးရှိ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပြီး၊ မန်ချက်စတားယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့ကလည်း အဆိုပါကစားသမား၏ အပြောင်းအရွှေ့အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။
13/08/2026
တူရကီစူပါလိဂ် ချန်ပီယံ ဂါလာတာစာရေး အသင်းသည် ကွင်းလယ်ပိုင်းကို အားဖြည့်ရန်အတွက် လီဗာပူးအသင်း၏ အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်လူ အဲလက်စ် မက် အယ်လစ်စတာ ကို ပစ်မှတ်ထားကာ အပြောင်းအရွှေ့ဆိုင်ရာ အခြေအနေများကို စတင်စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကစားသမားသည် လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်း ရှိနေဆဲဖြစ်ပြီး အင်္ဂလိပ်ကလပ်ဘက်မှ ရောင်းချရန် ဆန္ဒရှိမရှိ ဆိုသည်ကိုမူ ယခုချိန်အထိ ရှင်းလင်းစွာ မသိရသေးပေ။
13/08/2026
မန်ချက်စတာစီးတီး အသင်းသည် မာဆေးလ် အသင်းမှ အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနား ဂိုးသမား ဂျေရိုနီမို ရူလီ ကို ပြောင်းရွှေ့ကြေး ယူရို ၃.၅ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ရူလီသည် ၂၀၁၆-၂၀၁၇ ရာသီကလည်း မန်စီးတီးအသင်းတွင် ရှိခဲ့ဖူးသော်လည်း ပွဲထွက်ခွင့် တစ်ကြိမ်မှ မရရှိခဲ့ဘဲ ယခုကဲ့သို့ ဒုတိယအကြိမ်အဖြစ် Etihad သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
13/08/2026
အင်တာမီလန်အသင်းသည် လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးစ် ကို ခေါ်ယူရန်အတွက် ကြားခံကုမ္ပဏီများမှတစ်ဆင့် ယူရို ၃၈.၅ သန်းဖြင့် ထပ်မံကမ်းလှမ်းခဲ့သော်လည်း လီဗာပူးဘက်ကမူ ယူရို သန်း ၅၀ တောင်းဆိုထားဆဲဖြစ်ကြောင်း သိရသည်။ ကစားသမားဖြစ်သူကမူ အင်တာမီလန်နှင့် ၂၀၃၁ ခုနှစ်ဇွန်လအထိ သက်တမ်းရှိမည့် ၅ နှစ်စာချုပ်အတွက် ကိုယ်ပိုင်သဘောတူညီချက်များ ရယူထားပြီးဖြစ်သော်လည်း ကလပ်နှစ်ခုကြား ဈေးနှုန်းကွာဟချက် ရှိနေသေးခြင်းကြောင့် ဆွေးနွေးပွဲများ ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည်။
13/08/2026
စပါး အသင်းဘက်မှ သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ ဘာစီလိုနာ အသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပက်ဒရို ပိုရို ကို ခေါ်ယူရန် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။