YCSC-ChinLone

YCSC-ChinLone

Share

Play with Passion, Win with Pride

Photos from YCSC-ChinLone's post 22/06/2026

ရန်ကုန်တိုင်းဒေသကြီး
လှိုင်မြို့နယ် ချောင်းဝ ခြင်းရုံ
ပြန်လည်ကောင်းမွန်လာစေရန်
ရန်ကုန်တိုင်းဒေသကြီး
ခြင်းလုံးဆပ်ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ
ချောင်းဝခြင်းရုံ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်
တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့မှု မှတ်တမ်းပါခင်ဗျာ။

Photos from YCSC-ChinLone's post 15/06/2026

ပဲခူးတိုင်း သနပ်ပင်မြို့နယ် ခြင်းလုံးဆပ်ကော်မတီ ဖွဲ့စည်းဆောင်ရွက်ရန် အကူအညီတောင်းလာသဖြင့်
ပဲခူးတိုင်းခြင်းလုံးဆပ်ကော်မတီ
ဥက္ကဌနှင့်ပေါင်းစပ်ပြီး
သနပ်ပင်ခြင်းလုံးဆပ်ကော်မတီဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါတယ်ခင်ဗျာ။
ပဲခူးတိုင်း အားကစားညွှန်မှုးကြီးနှင့်အဖွဲ့အား
အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

Photos from YCSC-ChinLone's post 15/06/2026

ရန်ကုန်တိုင်းခြင်းလုံးဆပ်ကော်မတီမှ
ဥက္ကဌနှင့်ဒုတိယဥက္ကဌများမှ
သဘင်သက်ကြီးပူဇော်ပွဲအတွက်
အလှုငွေများလှုဒါန်းခြင်းကုသိုလ်မှတ်တမ်းပါခင်ဗျာ

Photos from YCSC-ChinLone's post 08/06/2026

✅✅
လှိုင်သာယာမြို့နယ် အနောက်ပိုင်းခြင်းလုံးဆပ်ကော်မတီ၏ ဖိတ်ကြားချက်အရ
ခြင်းလုံးရုံအသစ် တည်ဆောက်နေမှုနှင့်
မင်းလှခြင်းလုံးရုံ၊ မြန်မာ့မဏ္ဍိုင် ခြင်းလုံးရုံတို့အတွက်
ရန်ကုန်တိုင်းခြင်းလုံး ဆပ်ကော်မတီ
ဥက္ကဌ ဦးအောင်ထက်နှင့်အဖွဲ့မှ
အားပေး တက်ရောက် အလှူငွေပေးအပ်ပြီး
ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

Photos from YCSC-ChinLone's post 02/06/2026

လူငယ်ရေးရာဝန်ကြီးဌာန
ရန်ကုန်တိုင်းဒေသကြီး၏
ဖိတ်ကြားချက်အရ
သာကေတမြို့နယ် လူငယ်စင်တာတွင်
ရန်ကုန်တိုင်း ခြင်းလုံးဆပ်ကော်မတီမှ
သရုပ်ပြလက်ရွေးစင်ကလေးငယ်များ၏
ကူညီပံ့ပိုးမှုများပါ ခင်ဗျာ။

Photos from YCSC-ChinLone's post 02/06/2026

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ အကူအညီတောင်းခံချက်အရ
ရန်ကုန်တိုင်း ခြင်းလုံးဆပ်ကော်မတီမှ ကူညီဆောင်ရွက်ပေးခဲ့မှုများ ဖြစ်ပါသည် ခင်ဗျာ။

Photos from YCSC-ChinLone's post 02/06/2026

✅✅✅
အားကစားဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံ ခြင်းလုံးအဖွဲချုပ်မှ
ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်သင်တန်းအား
ရန်ကုန်တိုင်း ခြင်းလုံးဆပ်ကော်မတီ ကိုယ်စားပြုအနေဖြင့်
သင်တန်းသား ၂ ဦးအား
ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံခြင်းလုံးအဖွဲချုပ်မှ သင်တန်းပိုချပေးမည့် နည်းပြများအား
ရန်ကုန်တိုင်းအတွင်း နေထိုင်ခြင်းဖြစ်သည့်အတွက် ရန်ကုန်တိုင်း ခြင်းလုံးဆပ်ကော်မတီမှ ထောက်ပံ့ငွေများအားလဲ ပေးအပ်လှူဒါန်းခဲ့ပါသည်။
✅✅✅

Photos from YCSC-ChinLone's post 06/05/2026

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်အတွင်းရှိ ဖွဲ့စည်းခဲ့ပြီးသော တိုက်ကြီးမြို့နယ်ခြင်းလုံးဆပ်ကော်မတီနှင့်အဖျောက်မြို့နယ် ခြင်းလုံးဆပ်ကော်မတီ ဖွဲစည်းပုံအားရန်ကုန်တိုင်းခြင်းလုံးဆပ်ကော်မတီမှအသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Photos from YCSC-ChinLone's post 04/05/2026

၂.၅.၂၀၂၆(စနေနေ့) ရန်ကုန်တိုင်းခြင်းလုံးဆပ်ကော်မတီဥက္ကဌ ဦးအောင်ထက်နှင့်အဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်ရှိ ကျန်းမာသုခခြင်းရုံဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီးဗဟန်းမြို့နယ်ခြင်းလုံးဆပ်ကော်မတီအားပိုမို၍ကျစ်လစ်ပြီး ခိုင်မာသည့်အဖွဲ့အစည်းဖြစ်စေရန်အတွက် စည်းရုံးဆွေးနွေး လုပ်ဆောင်ခဲ့ပြီးအလှူငွေများပေးအပ်ခဲ့ပြီးတဆက်တည်း မင်္ဂလာတောင်ညွန့်မြို့နယ် ရှိလူငယ့်အားမာန်ခြင်းရုံဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ခြင်းလုံးဆပ်ကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် စည်းရုံးဆွေးနွေးခဲ့ပြီးနောက်အလှူငွေများပေးအပ်ခဲ့ပြီး လူငယ့်အားမာန်ခြင်းရုံဥက္ကဌဦးချမ်းသာဦးမှ ဂုဏ်ပြုလက်မှတ်ပြန်လည်ပေးအပ်ခဲ့သည်။ထို့နောက် ဒဂုံမြို့သစ်အရှေ့ပိုင်း တို့ရိုးရာ ခြင်းရုံဖွင့်ပွဲသို့ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးဝင်းတင့်နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်မြို့နယ် ခြင်းလုံးဆပ်ကော်မတီအားဖွဲ့စည်းအတည်ပြုပေးခဲ့ပြီး အလှူငွေများပေးအပ်ခဲ့သည့်မှတ်တမ်း

Photos from YCSC-ChinLone's post 27/04/2026

၂၆.၄.၂၀၂၆(တနင်္ဂနွေ့)နေ့ ရန်ကုန်တိုင်းဒေသကြီးခြင်းလုံးဆပ်ကော်မတီ တိုင်းခြင်းလုံးလေ့ကျင့်ရေးအားကစားရုံတွင် ပြုလုပ်သော၂/၂၀၂၆ ဒိုင်နှင့်နည်းပြသင်တန်းဖွင့်လှစ်ရန်အတွက်အကြိုညှိနှိုင်းဆွေနွေးပွဲကို ရန်ကုန်တိုင်းခြင်းလုံးဆပ်ကော်မတီဥက္ကဦးအောင်ထက် နှင့်အဖွဲ့ဝင်များမှ တက်ရောက်လာသောမြို့နယ်ဆပ်ကော်မတီ ဥက္ကဌများနှင့်အဖွဲ့ဝင်များဖြင့်ဆွေးနွေးညှိနှိုင်းခြင်း၊ရန်ကုန်တိုင်းခြင်းလုံးဆပ်ကော်မတီ နာယက ဦးဝင်းကျော်မှ ရန်ကုန်တိုင်းအမျိုးသမီးအဖွဲ့အားလက်ဆောင်ပေးအပ်ခြင်း၊၁/၂၀၂၅ ရန်ကုန်တိုင်းဒိုင်အဖွဲ့နှင့်ဆက်လက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ရန်ကုန်တိုင်းခြင်းလုံးဆပ်ကော်မတီ ဒု-ဥက္ကဌ ဦးသီဟဇော်မှ ရန်ကုန်တိုင်းဒိုင်အဖွဲ့အားထောက်ပံ့ငွေပေးအပ်ခဲ့သည့်မှတ်တမ်း

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

သိမ်ဖြူအားကစားကွင်း
Yangon
11051