24/05/2026
"ဒုတိယလူဖြစ်ပြီးမှ သူ့အချစ်ကို ရတဲ့ငါတောင် အတိုင်းထက်အလွန် ပျော်နေသေးတာပဲ...
ဒုတိယနေရာမှာပဲ အမြဲပိတ်မိနေပြီးမှ... ဒီအကြိမ်မှာ ဖလားကြီးကို ကိုင်ခွင့်ရသွားတဲ့ အာဆင်နယ်ဆိုရင်တော့ ငါ့ထက် အဆပေါင်းများစွာ ပိုပျော်မှာပေါ့လေ။ 🥹🏆💔
ခုတော့
အာဆင်နယ်က ဖလားရ ၊ ငါက ကျန်ခဲ့ရ
"
24/05/2026
Selhurst Park Stadium မှာ ဖလားရောက်ရှိနေပါပြီ
ရင်ခုန်စရာနဲ့ ပျော်စရာရယ်
မကြာခင် လွမ်းနေရတော့မည့် ပရီးမီးယားလိဂ်ရယ်
2025/26 အတွက်
Congratulations Arsenal 👏🎈
23/05/2026
" ကမ္ဘာ့ဩဇာအရှိဆုံး Social Midea Icon "
ဟုတ်ပါတယ် သူမတူ စွမ်းရည်တွေနဲ့ ကြိုးစားနေဆဲဖြစ်တဲ့ ရော်နယ်ဒိုပဲဖြစ်ပါတယ်
Facebook မှာ 197 သန်းကျော် ဖော်လိုဝါရှိပြီး ပို့စ်တိုင်းနီးပါးလိုလို Like မီလီယံချီပြီး ရတတ်ပါတယ် ..
ကုမ္ပဏီကြီးတွေက သူ့ ပို့စ်တွေအတွက် ဒေါ်လာတွေ သန်းချီပေးရပြီး သူညွှန်းတဲ့ Brand တွေကလည်း ကမ္ဘာကျော်သွားတတ်ပါတယ်
ဒါတင်မကသေးဘဲ သူ့ကြိုးစားမှု့ပုံရိပ်တွေက ကမ္ဘာတဝှမ်းက လူငယ်တွေအတွက် စိတ်ခွန်အားပေးနိုင်ပါသေးတယ်
ဒီတော့ ကမ္ဘာ့ဩဇာအရှိဆုံး Social Media Icon ဆို မမှားနိုင်ဖူးတူပါရဲ့ ...
#ရော်နယ်ဒို
#ဘောလုံးသတင်း
20/05/2026
ဘဝမှာ အမြဲရှုံးနိမ့်နေရင်တောင် လက်လျှော့ဖို့ မလိုပါဖူး
ရှုံးနိမ့်တယ်မလား ဆက်သွား
တခါမရဖူးမလား နောက်တခါ ဆက်သွား
ဒီလိုနဲ့ ကံရယ် ဉာဏ်ရယ် ဝီရိယရယ် ပေါင်းဆုံသွားတဲ့အခါမှာ မင်းလိုချင်တာကို ရလာလိမ့်မယ်
Congratulations Arsenal 🎉👏
2025/2026 Premier league champion 🏆
19/05/2026
🟥 BREAKING NEWS 🟥
စွမ်းဆောင်ရည်တွေ ကောင်းခဲ့တဲ့ ချဲလ်ဆီးနည်းဟောင်း အန်ဇို မာရက်စကာဟာ မန်စီးတီးအသင်းမှာ နည်းပြအဖြစ်လုပ်ကိုင်ဖို့ သဘောတူညီမှုရရှိသွားခဲ့ပါပြီ
ရာသီကုန်ချိန်မှာ ထွက်ခွာမယ့် ဂွာဒီယိုလာရဲ့ နေရာအတွက် ၃ နှစ်စာချုပ်ချုပ်ဆိုသွားမှာပါ ။
အန်ဇိုမာရက်စကာဟာ မန်စီးတီးမှာ ဘယ်လောက်လုပ်ပြသွားဦးမလဲဆိုတာ ရင်ခုန်စရာပါပဲ ..
#မန်စီးတီး
17/05/2026
လာမယ့်ရာသီမှာ ချဲလ်ဆီးတို့ ဘယ်လောက်မြင့်မြင့်
ပျံသန်းနိုင်မလဲ ??
#ဇာဘီအလွန်ဆို
07/05/2026
စံချိန်တင် တိုက်စစ်မှူး အီဆတ်အတွက် ကံဆိုးနေတဲ့ ပထမရာသီ
၂၀၂၅/၂၆ ဘောလုံးရာသီ ပိတ်သိမ်းဖို့ ပွဲစဉ်အနည်းငယ်သာ လိုတော့တဲ့အချိန်မှာ ဗြိတိန်ပြောင်းရွှေ့ကြေး အများဆုံး ပေးခေါ်ထားတဲ့ လီဗာပူးလ်ရဲ့ အီဆတ်က ဒီရာသီမှာ ဘယ်လောက်စွမ်းဆောင်ထားနိုင်ခဲ့သလဲ?
ရာသီမစခင်က အီဆတ်အပါအဝင် လူသစ်တွေနဲ့ လီဗာပူးလ်တို့ ချန်ပီယံဆုကို ကာကွယ်ဖို့ မျှော်မှန်းခဲ့ပေမယ့် ရာသီသိမ်းခါနီးမှာတော့ ဖလားမျှော်လင့်ချက်တွေ ဝေးကွာသွားခဲ့ရပြီ ဖြစ်ပါတယ် ..
အီဆတ်ကို "Next Salah" ဂိုးသွင်းစက်အဖြစ် မျှော်လင့်ခဲ့ကြပေမယ့် ဒီဇင်ဘာလက ရရှိခဲ့တဲ့ ခြေထောက်ရိုးကျိုးဒဏ်ရာကြောင့် ၄ လနီးပါး အနားယူခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီရာသီမှာ ၁၃ ပွဲသာ ကစားနိုင်ခဲ့ပြီး ၄ ဂိုးသာ သွင်းနိုင်ခဲ့တာပါ ..
လာမယ့်ရာသီမှာတော့ ဒဏ်ရာကင်းစင်ပြီး ပေါင် ၁၂၅ သန်းတန် ခြေစွမ်းအမှန်ကို ပြသနိုင်မယ့် Alexander Isak ကို မြင်တွေ့ရဖို့ လီဗာပူးလ်ပရိသတ်တွေက ဆုတောင်းနေကြမှာ အသေအချာပါပဲ။
07/05/2026
ရင်ခုန်စွာ ကြည့်ရှုရမယ့် 🔥 UCL FINAL 🔥
🔵 PSG Vs Arsenal 🔴
🗓️ May 30, 2026
Arsenal က နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပြီး ပထမဆုံးအကြိမ် ဖလားကို ကိုင်မြှောက်နိုင်မလား? 🏆
ဒါမှမဟုတ် PSG ကပဲ ၂နှစ်ဆက် ဥရောပ အောင်မြင်မှုကို အရယူပြီး သမိုင်းသစ် ရေးထိုးသွားမလား? ✨
ဒီပွဲက Football Fan တိုင်း မလွတ်သင့်တဲ့ "သမိုင်းဝင် FINAL" ပါပဲ ! 🔥
ဘယ်အသင်းက ဥရောပရဲ့ ဘုရင်သစ် ဖြစ်လာမယ်လို့ ထင်ကြလဲ?
အထင် အမြင်တွေကို Comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး.. 👇
06/05/2026
ရှုံးပွဲမရှိချန်ပီယံ ထပ်မံဖြစ်လာနိုင်တဲ့ အာဆင်နယ်
ပရီးမီးယားလိဂ်မှာ ဘယ်အသင်းမှ မရဖူးတဲ့ ရှုံးပွဲမရှိ ရွှေဖလားကြီးကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်အသင်းဟာ အခုတစ်ကြိမ် ချန်ပီယံလိဂ်မှာလည်း ရှုံးပွဲမရှိစံချိန်နဲ့ ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းခဲ့ပြီးပဲဖြစ်ပါတယ်။အကယ်၍ ချန်ပီယံလိဂ် ရဲ့ Champion ဖြစ်ခဲ့ပါက ပရီးမီယားလိဂ်ရော၊ချန်ပီယံလိဂ်မှာပါ ရှုံးပွဲမရှိပဲ ဖလားပိုင်ဆိုင်တဲ့ တစ်ခုတည်းသောအသင်းဖြစ်လာမှာပါ
03/05/2026
ဒီတိုင်းဆို လီဗာပူးတို့ အခြေနေမကောင်းပါ ..
03/05/2026
2 - 0
မန်ယူ ဂိုးမြူးနေပါပြီ