𝐂𝐡𝐞𝐥𝐬𝐞𝐚𝐓𝐍

𝐂𝐡𝐞𝐥𝐬𝐞𝐚𝐓𝐍

Share

ရင်ဘတ်တူ ချဲလ်ဆီး ချစ်ညီကိုများအား အမြဲခင်မင်ချစ်ခင်လျက် ChelseaTN💯

17/08/2025

ချဲလ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။

Main Player (palmer,enzo)ပုံမာန်ခြေစွမ်းအောက်ကျ
နေတာကတကြောင်း ၊ပဲလေ့နည်းပြရဲ့ ချဲလ်ဆီး ကွင်းလယ်ကိုကောင်းကောင်း ထိန်းချုပ်ပြသွားတာကတကြောင်း၊ ကစားသမားအသစ်တွေနဲ့ ပရီးမီးယားလိဒ်အထှာရယ် အသင်းချိတ်ဆက်ပုံ နားလည်မှုတွေ လိုအပ်
သေးတာက တကြောင်း ၊

ရာသီအစ အသင်းရဲ့လိုအပ်ချက်တွေကို ဘုတ်အဖွဲ့ကောင်းကောင်းမြင်ပြီး နည်းပြ လိုအပ်နေတဲ့ ကစားသမားတွေ ထပ်ဖြည့်သင့်တယ်။

ဆန်းတို့စ် ဂိုးပေါက်လွဲချော်မှုက ဒီပွဲရဲ့ သားကောင်ဖြစ်ရတယ်။

Estevao ကတော့ ဝင်လာကတည်းက အရှိန်တခုနဲ့
သားရဲတကောင်အလားဘဲ၊ ဝင်ရဲတယ် ထွက်ရဲတယ်
တိုးရဲတယ် ရှိန်မနေဘူး လုပ်စရာရှိတာ စိတ်ကြိုက်လုပ်မယ် ဆိုတဲ့ အထှာ ၊ ဒီကောင်လေးတော့ ရှေ့ပွဲတွေ Main
line-up အနေနဲ့ မြင်ချင်တယ်ဗျာ၊ ကစားခွင့်များများသာ
ရရင် ဒီထက်ပိုကောင်းလာမဲ့ Star player အစစ်ပါဗျာ။

အမှတ်ပြည့်လိုချင်ပေမဲ့ ဒီညတော့ သရေ တမှတ်နဲ့
ဖြေသိမ့်ကြပါတော့၊နောက်ပွဲတွေ ချဲလ်ဆီး လုပ်ပြမှာပါ။

အပြာရောင် ချစ်ညီကိုတို့ အမြင်လေးလဲ ပြောခဲ့ကြပါအုံး
💙💙

17/08/2025

Half Time ဂိုးမရှိ သရေ ဆိုတာ
ရင်ခုန်စရာမရှိပေမဲ့ ခံသာပါသေးတယ် ပြောရမယ်

အချိတ်အဆက်နားလည်မှုတွေ အခုမှ အစဆိုတော့
အရမ်းကြီး မျှော်လင့်မထားကြပါနဲ့အုံး

အားရစရာ တဦးချင်း စွမ်းဆောင်ရည်တွေတော့
ပုံစဲကောင်းတွေ မြင်နေရလို့ ပွဲကတော့ မပျင်းရဘူးဗျာ

နောက်တန်း တဦးကတော့ ရာသီမစခင် ဝယ်မှကို ရမယ်

ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ဆက်ဆဲဲကတာပေါ့ဗျာ...

Let's Go Chelsea💙💙

17/08/2025

IFAB Law13 အရ တိုက်စစ်ကစားသမားတွေဟာ နောက်ခံလူ ၃ ယောက် ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ လူတန်းတံတိုင်းရဲ့ ၁ မီတာ (တစ်ကိုက်ခန့်) အတွင်းမှာ မရှိရပါဘူး။

တကယ်လို့ ရှိနေခဲ့ရင်တော့ စည်းကမ်းဖောက်ဖျက်မှုဖြစ်ပြီး ပြစ်ဒဏ်ဘော (indirect free-kick) ကို တဖက် အသင်းကို ပေးအပ်ရမှာဖြစ်ပါတယ်။

ဒီစည်းမျဉ်းကို ၂၀၁၉-၂၀ ဘောလုံးရာသီမှာ တိုက်စစ်ကစားသမားတွေက နောက်ခံလူတွေရဲ့ တံတိုင်းကို ဝင်ရောက်နှောင့်ယှက်တာ၊ ပိတ်ဆို့တာတွေ မလုပ်နိုင်အောင် တားဆီးဖို့အတွက် စတင်အသုံးပြုခဲ့တာပါ။

Eze ကန်ဖို့ပြင်ဆင်နေတုန်းမှာပဲ Guéhi က Chelsea ရဲ့ လူတန်းတံတိုင်း (Caicedo ဘေးမှာ) အတွင်းကို ရှင်းရှင်းလင်းလင်း နေရာယူထားတာကို တွေ့ရပါတယ်။
Eze ရဲ့ ကန်ချက်ဟာ ဂိုးသမားကို ကျော်သွားခဲ့ပေမဲ့ စည်းကမ်းဖောက်ဖျက်မှုဖြစ်သွားတဲ့အတွက် ကန်ချက်က အကျုံးမဝင်တော့ပါဘူး။

ဒိုင်လူကြီးဟာ ဥပဒေကို တိတိကျကျအသုံးချခဲ့ပြီး ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

17/08/2025

မကြာသေးမီက ချယ်လ်ဆီးအသင်းနဲ့ လက်တွဲခဲ့တဲ့ ဘရာဇီးလ်လူငယ်ကစားသမားလေး Estevão Willian က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို အကြီးစားပြိုင်ပွဲတွေမှာ ပါဝင်ကစားရတော့မှာဖြစ်လို့ သူ့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ ပြောပါတယ်။

Estevão Willian 🗣"ကျွန်တော် မြန်မြန်အသားကျချင်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို အကြီးမားဆုံးပြိုင်ပွဲတွေမှာ ကစားရတာဟာ အိပ်မက်တကယ်ဖြစ်လာတာပါပဲ။ ၂၀၂၆ ကမ္ဘာ့ဖလားကလည်း ကျွန်တော့်ရဲ့ပန်းတိုင်တစ်ခုပါပဲ။ ဒါပေမဲ့ ပထမဆုံး ချယ်လ်ဆီးမှာ ကိုယ့်ကိုယ်ကိုယ် သက်သေပြရပါဦးမယ်။"

"အင်္ဂလန်တစ်ဝိုက်က ထင်ရှားတဲ့ ဘောလုံးကွင်းတွေအားလုံးကို တွေ့ကြုံခံစားဖို့ မစောင့်နိုင်တော့ပါဘူး။ အရာအားလုံးကို မြင်ချင်တယ်။ ကျွန်တော်က ဘောလုံးအမွေအနှစ်တွေကို စိတ်ဝင်စားတယ်။ အင်္ဂလန်က အဲဒါတွေနဲ့ အသက်ရှူနေတာ၊ ကျွန်တော် အဲဒါတွေအားလုံးကို စုပ်ယူချင်တယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒီည main line-up နဲ့ မထွက်လာလောက်ပေမဲ့ Sub နဲ့တော့ ဝင်ကစားမှာပါ။ပရီးမီးယားလိဒ် သွင်းဂိုးလေး
ဒီည သွင်းနိုင်ပါစေကွာ။

ဒီညစောင့်ကြည့် အားပေးရအောင် Blue ချစ်ညီကိုတို့

17/08/2025

🔵ဒီနေ့ည ပရီးမီးယားလိဒ် ပွဲစဥ်.၁ ချဲလ်ဆီးပွဲရှိသည်🔵

ချဲလ်ဆီး Vs ပဲလေ့စ်

ပွဲချိန် မြန်မာစံတော်ချိန် ည ၇ နာရီ ၃၀ မိနစ်✅

( ခန့်မှန်းပွဲပြီးရလဒ်)

ချဲလ်ဆီး ၃ - ၀ ခရစ္စတယ် ပဲလေ့စ်

ကြည့်ဖြစ်အောင် ကြည့် ဒီည ချဲလ်ဆီး ကြမ်းမည်။

12/08/2025

Xavi Simons အပြောင်းအရွှေ့ နဲ့ နောက်ဆုံးသတင်း
Fabrizio Romano ရဲ့ ဖော်ပြချက်အရ

🗣
"ချဲလ်ဆီးအသင်းဟာ Xavi Simons ခေါ်ယူဖို့အတွက် ဆက်လက်ကြိုးပမ်းနေပြီး၊ ကစားသမားကိုယ်တိုင်ကလည်း ချဲလ်ဆီးကို ပြောင်းရွှေ့ချင်နေပါတယ်။
ဒီအတွက် ချဲလ်ဆီးက အကောင်းဆုံးနည်းလမ်းကို
ရှာဖွေနေပြီး Nkunku ကိစ္စကို အရင်ဦးစားပေး
ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ အကယ်၍ Leipzig အသင်းက Nkunku ကို ကမ်းလှမ်းမှုကောင်းကောင်းလုပ်လာရင် သူကလည်း အသင်းဟောင်းဆီ ပြန်သွားဖို့ စဉ်းစားလိမ့်မယ်လို့ သိရပါတယ်။"

12/08/2025

🚨OFFICIAL! Chelsea's 2025/26 squad numbers:

1 - Robert Sanchez (GK)
3 - Marc Cucurella
4 - Tosin Adarabioyo
5 - Benoit Badiashile
6 - Levi Colwill
7 - Pedro Neto
8 - Enzo Fernandez
9 - Liam Delap
10 - Cole Palmer
11 - Jamie Gittens
12 - Filip Jorgensen (GK)
14 - Dario Essugo
15 - Nicolas Jackson
17 - Andrey Santos
18 - Christopher Nkunku
20 - Joao Pedro
21 - Jorrel Hato
23 - Trevoh Chalobah
24 - Reece James
25 - Moises Caicedo
27 - Malo Gusto
29 - Wesley Fofana
30 - Aaron Anselmino
32 - Tyrique George
34 - Josh Acheampong
41 - Estevao
44 - Gabriel Slonina
45 - Romeo Lavia

10/08/2025

ရာသီသစ်မစခင် နောက်ဆုံး ခြေစမ်းပွဲပြီးဆုံးချိန်မှာ
ချဲယ်လ်ဆီးအသင်းဟာ Conference League နဲ့ Club World Cup ဆုဖလားတွေကို Stamford Bridge ဘောလုံးကွင်းပတ်လည်မှာ လှည့်လည်ပြသအောင်ပွဲခံခဲ့ပါတယ်။

ChelseaTN

10/08/2025

🔵(Full Time) Chelsea 4 : 1 AC Milan

ခြေစမ်းပွဲ ဆိုပေမဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေ
သွင်းဂိုးတွေ ရနေတော့ ရာသီသစ်အတွက် အားရစရာ ကောင်းလွန်းပါတယ်။တဖြေးဖြေး ကစားသမားတွေ အသားကျလာရင် အချိတ်အဆက် အချင်းချင်း နားလည်မှု ပိုရလာရင် ကြောက်စရာကောင်းတဲ့ အစုအဖွဲ့ အသင်းတသင်း ဖြစ်လာမှာ အသေချာဘဲ။

ကမ္ဘာ့ချန်ပီယံ ချဲလ်ဆီးအသင်း ကို ပွဲမကန်ခင်ကတည်းက ပြိုင်ဘက်တွေ ရှိန်​ကြတဲ့ ခုနှစ်တွေဆီကို
တဖန်ပြန်လည် ရောက်ရှိလာတော့မလားဆိုတာ
ရင်ခုန်နေမိတာ အမှန်ပါဘဲဗျာ။💙

ဒီနှစ် ချဲလ်ဆီးအသင်း ကြမ်းမည်။💯✅

10/08/2025

မျက်နှာအုပ်စရာလဲ မလိုဘူး၊ဂျွမ်းထိုးပြစရာလဲ မလိုဘူး၊ဂိုးပေါက်ရှေ့ရောက်ရင် ဂိုးထဲ ဝင်အောင်ကန်သွင်း
တတ်ဖို့ဘဲ လိုတာ၊ဒါမျိုးမှ တိုက်စစ်ကစားသမားအစစ်

မတန်တဆ ပေးဝယ်စရာလဲမလိုဘူး၊ကစားသမားကိုယ်တိုင်က ချဲလ်ဆီး မှ ချဲလ်ဆီး ဆိုပြီး ပြောင်းခဲ့တာ။

ဒါမျိုး အသစ်ဆက်ဆက် ဂိုးတွေ ပက်ပက်စက်စက်
သွင်းပြနေတဲ့ ကစားသမားသစ်ခေါ်ယူမှုကမှ Hype တာ။

စောက်ရမ်းကောင်းတဲ့ Joao Pedro လို့သာ
အကျယ်ကြီး အော်ပြောလိုက်ချင်ရဲ့ဗျာ💙

၅ ပွဲ ၅ ဂိုးက လွန်တာပေါ့ကွာ

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon