Youth Running Club Myanmar

Youth Running Club Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Youth Running Club Myanmar, Sports Team, Yangon.

For the FUN,For the RUN.🏃‍♂️🏃‍♂️🏃‍♂️Aung Thiha is Gold Medalist and Champion of 1500 Metre of Sea Games that was held in Philippines Manila in 2005 and won total 7 Gold Medals, One Silver Medal and One Bronze Medal in the International Competitions.🏅

13/08/2026

YRCM ရဲ့ City Run ကို ရန်ကုန်မြို့မှအပြေးကို ချစ်သော Runnerများ နှင့် Beginner Runner များအတွက် တလလျှင်နှစ်ကြိမ် ပြုလုပ်ပေးလျက်ရှိပါတယ် ခင်ဗျာ....

ဒါကြောင့်မလို့ နောက်တပတ် လာမည့် Sunday (23.8.2026) နေ့မှာ City Run လေးရှိကြောင်းကြိုတင်ကြေညာလိုက်ပါရစေခင်ဗျာ....

ဒီတခေါက်စုရပ်ကလည်း ပြည်လမ်း ပြည်သူ့ရင်ပြင်ဖြစ်ပါတယ်ခင်ဗျာ...

မနက် ၅:၄၅ မိနစ်မှာ Warm Up စလုပ်ပြီး
မနက် ၆ နာရီမှာ တာစလွှတ်ပါမည် ခင်ဗျာ...

ပြေးလမ်းကြောင်းအနေနဲ့ကတော့ ပြည်သူ့ရင်ပြင် (ပြည်လမ်း) မှ ပြည်လမ်းမကြီးအတိုင်းဘုန်းကြီးလမ်းထိပ်အထိပြေးပြီးနောက် ...ဘယ်ဘက်ချိုးပြီး ဗိုလ်ချုပ်လမ်းမ​ကြီးအတိုင်း မြို့မကျောင်းလမ်းအထိ ပြေးပါမယ်ခင်ဗျာ....

ထိုမှတဆင့် မြို့မကျောင်းလမ်း အတိုင်း အလုံလမ်းအထိ ပြေးပြီး နောက်ဆုံးမှာတော့ ပြည်သူ့ရင်ပြင်(ပြည်လမ်း)သို့ ပန်းဝင်ပါမယ်ခင်ဗျာ...

အကွာအဝေးအားဖြင့် 5KM ခန့် ရှိပါတယ်ခင်ဗျာ...🤗

ပန်းဝင်လာသည့် Runner များအား အမောပြေ Hydration စီစဥ်ထားပါတယ်ခင်ဗျာ....😊

City Run ရဲ့ Registration Fees ကတော့ အခမဲ့ဖြစ်ပြီးအပြေးကိုစိတ်ဝင်စားတဲ့ မည်သူမဆိုလာ Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ...🤗😊


Photos from Youth Running Club Myanmar's post 10/08/2026

အတိတ်သမိုင်းတွေရှိခဲ့တယ်

အရှေ့တောင်အာရှရဲ့ပြေးခုန်ပစ်

ပြေးလမ်းများပေါ်မှာ

အရှေ့တောင်အာရှရဲ့

မြန်မာ့ ပြေးခုန်ပစ် သူရဲကောင်း သားအဖ

၃ ယောက်စလုံး ကဗျည်း

တင်မှတ်ကျောက် ထိုးနိုင်ခဲ့ပါတယ်

မြန်မာပြည်မှာ သားအဖ ၃ ယောက်လုံး

အရှေ့တောင်အာရှ ချန်ပီယံ ဖြစ်ခဲ့ပါတယ်

ဒါမျိုး နိုင်ငံအတွက် တုနှိုင်း မဲ့ ရတနာ များ

မြန်မာ့ပြေးခုန်ပစ်လောကမှာ ရှိလာမှာ မဟုတ်

တော့ပါဘူး ဒီသားအဖ အောင်မြင်မူဟာ

ကမ္ဘာတည်သရွေ္ SEA GAMES

CHAMPIONS များ

ခေတ်အဆက်ဆက်မှာ မြန်မာ့ဂုဏ်ဆောင်

ချန်ပီယံများအဖြစ် ကမ္ဘာ တည်သရွေ္

ရှိနေမှာပါ။

ကျေးဇူးအများကြီးတင်ပါတယ်အဖေ

အဖေ သားတို့ ညီအစ်ကို နှစ်ယောက်

စလုံး ကို အဖေလိုမျိုး

အရှေ့တောင်အာရှ ချန်ပီယံ တွေဖြစ်အောင်

မွေးထုတ်ပေးခဲ့လို ကျေးဇူးပါ အဖေ။

နောက်ထပ် ကျေးဇူး တင်ထိုက်သူ

တစ်ဦးကတော့

သားအဖ သုံးယောက်စလုံးကို

ချန်ပီယံဖြစ်အောင် လေ့ကျင်သင်ကြား

ပေးခဲ့သော မြန်မာ့တာဝေးလောကရဲ့

ခေါင်းကိုင် ဖခင်ကြီး ဆရာ ဦးစစ်စိန်( ခေါ်)

ဆရာ ဘိုဆေး ပါ ကျေးဇူးပါ ဆရာ။

သားအဖ ၃ ယောက်စလုံး ကို

စံချိန်ကောင်းတွေရအောင်

လေ့ကျင့်ပေးခဲ့လို့

ဒီသားအဖသုံးယောက်စလုံးရဲ့

စံချိန် တွေဟာ အဖေ့ စံချိန် ဟာဆိုရင်

ဆယ်စုနှစ် ၄ ခု ကြာခဲပြီး ယနေ့တိုင်

Update ဖြစ်နေသေးပါတယ်

ကျွန်တော် တို့ ညီအစ်ကို နှစ်ယောက်

ရဲ့စံချိန်တွေဟာလဲ ဆယ်စုနှစ် နှစ်စု

ကျော်ခဲ့ပါပြီ ယနေ့တိုင် Update

ဖြစ်နေတုန်းပါ

ယနေ့ ခေတ်

လူငယ်တွေ ဒီသားအဖ သုံးယောက်

စလုံးရဲ့ စံချိန်တွေ ပြန်ပြေးရင်တောင်

Sea Games ရွှေငွေကြေး မလွတ်ပါဘူး

အဲ့လိုပဲ ရွှေခေတ်ရဲ့ တာဝေးတာလတ်

အပြေးသမားသူရဲကောင်းတွေရဲ့

စံချိန်တွေ ပြန်ပြေးရင်တောင်

မြန်မာ့ပြေးခုန်ပစ်လောက

ယနေ့ ခေတ်လို အဆင့်မနိမ့်ပါဘူး။

နောက်တစ်ယောာက်ကတော့

ဒီဆောင်းပါးကိုရေးတဲ့

ဦး Kyi soe

ဘောလီဘော လက်ရွေးစင်ဟောင်း

အဖေတို့နှင့်ခေတ်ပြိုင် အားကစားသမားကြီး

ကျေးဇူးပါ ဦးရေ

တုနှိုင်းမဲ့ ရတနာ

ဤအောင်ပွဲကို ကျွန်ုပ်စောင့်မျှော်နေခဲ့သည်မှာ
၁၉နှစ် နှင့် ၉လတိုင်တိုင် ရှိပြီဖြစ်သည်။ယခုတော့
အောင်ပွဲသည် ကျွန်ုပ်၏ခြေအစုံအောက်မှာ ဝပ်တွားခညောင်လျက်ရှိနေသည်။
ဦးအောင်စိုးခိုင်နှင့် ဒေါ်ဌေးဌေးဝင်း တို့သည်
၁၉၈၁ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့၌ ကျွန်ုပ်ကို
အမြွှာအစ်ကိုတစ်ဦးနှင့်အတူ လူ့လောကထဲသို့ပို့
လိုက်ကြသည်။မိခင်ဖခင်များက ကျွန်ပ်အစ်ကို
အား "အောင်သီဟ"ဟူ၍ အမည်ပေးပြီးကျွန်ုပ်
အား"အောင်သူရ"ဟုအမည်ပေးခဲ့ကြသည်။
ကျွန်ုပ်၏ဖခင်သည် တစ်ချိန်က အရှေ့
တောင်အာရှ ပြေးခုန်ပစ်လောကတွင် ချိန်ပီယံတစ်
ဦးအဖြစ်ရပ်တည်ခဲ့ဖူးသူဖြစ်ပါသည်။၁၉၇၉ခုနှစ်
ဆီးဂိမ်းစ် မီတာ၃၀၀၀ ပြိုင်ပွဲတွင်လည်းကောင်း၊
၁၉၈၁ ခုနှစ် ဆီးဂိမ်းစ် မီတာ ၅၀၀၀ပြိုင်ပွဲတွင်
လည်းကောင်း ရွှေတံဆိပ် အသီးသီးဆွတ်ခူးပြီး
အောင်ပွဲခံစင်မြင်ပေါ်၌ မော်ကြွားစွာရပ်တည်ခဲ့ပါ
သည်။
ကျူးရင့်

ဖခင်နောက်ဆုံး ချိန်ပီယံဘွဲ့ရယူခဲ့သောနှစ်၌
ကျွနုပ်ပ်ကို မွေးဖွားခဲ့သည်ဖြစ်ရာ ကျွန်ုပ်၏ခန္တာကိုယ်ထဲမှာ ချန်ပီယံသွေး၊ချိန်ပီယံမာန်များ စိမ့်ဝင်
ပါလာခဲ့သည်။အောင်ပွဲအလီလီတို့နှင့် ချိန်ပီယံဘွဲ့
ရရှိခဲ့သူ ဖခင်တစ်ဦး၏ရင်ခွင်အောက်တွင် ကြီးပြင်းလာသော သားပီပီ တစ်နေ့ ဖခင်ကဲ့သို့ ပင် အရှေ့
တောင်အာရှ၏တာဝေးချန်ပီယံဘွဲ့ကို ဆွတ်ခူးပြီး
အောင်ပွဲခံစင်မြင့်ပေါ်၌ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်
ပြမည်ဟု ငယ်စဉ်တောင်ကြေးကလေးဘဝကတည်း
ကကျွန်ုပ်ကျူးရင့်ခဲ့သည်။

လက်ရွေးစင်ကစားသမား

ကျွန်ပ်၏ခြေထောက်များသည် ကျောင်းပရဝုဏ်
အတွင်းရှိ ပြေးလမ်းကြောင်းပေါ်တွင်လည်း
ကောင်း၊မဟာရန်ကုန်မြို့တော်၏လမ်းမများပေါ်တွင်
လည်းကောင်း၊အားကာ/သိပ္ပံ၏မြေလမ်းမပေါ်
တွင်လည်းကောင်း၊အောင်ဆန်းကွင်း၏ကျောက်မီး
သွေးလမ်းမပေါ်တွင်လည်းကောင်း၊သုဝဏ္ဏကွင်း၏
ပြေးလမ်းကြောင်ပေါ်တွင်လည်းကောင်း မိုင်ပေါင်း
များစွာ ပြေးလွှားရင် ပြိုင်ဘက်များကို တစ်ယောက်
ပြီး တစ်ယောက် နောက်ချန်ထားပစ်ခဲ့သည်။
ရက်လမိုင်ပေါင်းများစွာ ပြေးခဲ့ရသော ကျွန်ပ်
၏ခြေထောက်များသည် ကြံ့ခိုင်သန်စွမ်းလျက်ရှိနေ
သည်။နှလုံး၏ကြံ့ခိုင်မှုသည်လည်း အနည်းငယ်မျှ
သံသယမရှိရအောင်ကောင်းမွန်လှသည်။အကြိမ်ကြိမ်
အထပ်ထပ် လေ့ကျင့်ပေးထားခံရသည့် ကျွန်ပ်၏
အဆုတ်သည် မိုင်ပေါင်း မည်မျှကိုပင်ပြေးပြေးမော
ပမ်းခြင်းအလျှင်းမရှိချေ။
ပြိုင်ပွဲအလီလီကို ပျိုမြစ်ခြင်းနှင့်အတူကျွန်ပ်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ကျွန်ပ်ယှဉ်ပြိုင်ခဲ့သမျှ
သောပြိုင်ပွဲတိုင်းတွင် ဆုလာဘ်များနှင့်လွဲချော်ခဲ့
သည်ဟု မရှိချေ။တစ်စုံတစ်ခုသော ဆုလာဘ်တစ်ခု
ကို ကျွန်ပ်ရယူခဲ့သည်သာ။ကျွန်ပ်၏ပျိုမြစ်ခြင်းနှင့်
ဆုလာဘ်များက ကျွန်ပ်အား သန်းငါးဆယ်ကျော်
ပြည်သူများကို ကိုယ်စားပြုသည့် လက်ရွေးစင်
ကစားသမားတစ်ဦးအဖြစ် ရွေးချယ်ပေးလိုက်သည်။

မြန်မာ့သူရဲကောင်းများနှင့်အတူ

ယခု ကျွန်ပ်သွားရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ
သည် လွန်ခဲ့သောနှစ်ပေါင်း (၂၀)လောက်ကကျွန်ပ်
၏ဖခင်ပြိုင်ဆိုင်ခဲ့သောပြိုင်ပွဲမျိုးပါလားဟု စိတ်
ထဲ၌တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်ပ်တစ်
ကိုယ်လုံးသိမ့်သိမ့်တုန်အောင်ကြက်သီးမွေးညင်း
ထမိသည်။
များမကြာမီသောအချိန်၌ အရှေ့တောင်အာရှ
ဒေသအတွင်းရှိတာဝေးအကျော်အမော်များနှင့်ထိပ်
တိုက်ရင်ဆိုင်ပြေးဖို့ရန် ကျွန်ပ်သည် မလေးရှာနိုင်ငံ
ကွာလာလမ်ပူမြို့တော်သို့ အခြားမြန်မာ့သူရဲ့ကောင်း
များနှင့်အတူထွက်လာခဲ့သည်။
အရှေ့တောင်အာရှ၏တာဝေးဘုရင်တစ်ဦးအဖြစ် တင်မြှောက်ခံရသည့် ထိုနေ့၊ထိုရက်ကို
ကျွန်ပ် ဘဝတစ်သက်တွင် မည်သို့မျှမေ့ဖျောက်၍
ရနိုင်တော့မည်မထင်။
ထိုနေ့ကား စက်တင်ဘာ(၁၃)ရက်နေ့တည်း။

စနစ်တကျ သွေးပူလုပ်

နံနက် အိပ်ရာမှ နိုးထကတည်းက ကျွန်ပ်၏
စိတ်တို့သည် လန်းဆန်းပေါ့ပါးလျက်ရှိသည်။နေခြည်
သစ်ကဲ့သို့ အားအင်ပြည့်နေသည်။ပြိုင်ပွဲအတွက်
ဆာလောင်မွတ်သိပ်နေသော စိတ်တို့သည်ကျွန်ပ်
၏သွေးသားများထဲတွင် တစ်နေ့လုံး ဆူပွက်စွာ
လှည်ပတ်ပြေးလွှား လှုပ်ရှားလျက်ရှိသည်။
မွန်တည့်နေသည် အနောက်ဘက်သို့တဖြည်း
ဖြည်းနိမ့်ဆင်း သွားနေစဉ်မှာ ကျွန်ပ်တို့သည်
ကွာလာလမ်ပူမြို့၏ အမျိုးသား အားကစားရုံကြီး
ဖြစ်သည့် ဘူကစ်ဂျာလီကွင်းသို့ထွက်ခဲ့ကြသည်။
နေ့လယ်က ကွာလာလမ်ပူမြို့ပေါ်သို့ မိုးသဲသဲ
မဲမဲရွာချထားခဲ့သောကြောင့် ရာသီဥတုမှာ ကြည်
လင်အေးမြနေသည်။
ကျွန်ပ်တို့ ဘူကစ်ဂျာလီကွင်းကြီးသို့ ‌ရောက်
တဲ့အခါ ရာပေါင်းများစွာသောပွဲကြည့်ပရိသတ်
တို့သည် ပွဲကြည့်စင်များပေါ်တွင်နေရာယူထားကြသည်။ပရိသတ်အချို့သည် မိမိနိုင်ငံ၏အလံငယ်
များကို ကိုင်ဆောင်ထားကြသည်။
ဘူကစ်ဂျာလီပြေးလမ်းပေါ်သို့မသွားခင်
ကျွန်ပ်၏ခန္တာကိုယ်ထဲရှိသွေးများ ပူနွေးလာအောင်ပြုလုပ်ပေးသည်။တစ်ကိုယ်လုံးအကြောများပျော့
ပျောင်းလာအောင်စနစ်တကျ ဆောင်ရွက်ထားသည်။
အထူးသဖြင့် ပေါင်နှင့်ခြေသလုံးကြွက်သားများ
လိုသလို လှုပ်ရှားပြေးလွှားနိုင်အောင် ဂရုတစိုက်လျော့ထားသည်။
ကျွန်ပ်၏ကိုယ်ခန္တာတစ်ခုလုံးသည် ပြိုင်ပွဲ
အတွက် အဆင်သင့်ဖြစ်နေပြီး၊ ကျွန်ပ်နှင့်အတူပြိုင်
ပွဲဝင်မည့် "ကိုဘိုပါး"သည်လည်းအသင့်ရှိနေသည်

မေးမှိန်သွား

ဤပြိုင်ပွဲ၏ချန်ပီယံဘွဲကို "ကိုဘိုပါး"ရလိမ့်
မည်ဟု ကွာလာလမ်ပူမြို့သူမြို့သားများက တီးတိုး
စကားပြောနေကြသည်။နေ့စဉ်ထုတ်သတင်းစာများ
ကလည်း သူ့အကြောင်းကိုပဲ အရေးပေးဖေါ်ပြကြသည်။
"ကိုဘိုပါး"၏အေးစက်တည်ငြိမ်ပြီး စူရှသော
မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်တိုင်း
ပြိုင်ဘက်တို့သည် အကြောက်ကြောက်အလန့်လန့်
နှင့် မျက်နှာလွဲသွားတတ်ကြသည်။အယုဒ္ဓယမြို့
သား နှင့် ဂျာဗားကျွန်းသားတို့၏အရှိန်အဝါများ
သည် "ကိုဘိုပါး"၏အရှိန်အဝါ နှင့် ယှဉ်လိုက်သည့်အခါ မှေးမှိန်သွားကြသည်။

အနာဂတ်ကဆီးကြို

ပြိုင်ပွဲဝင်တာဝေးအပြေးသမား အကျော်အမော်
စုစုပေါင်း (၉)ဦးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အင်ဒိုနီးရှားလူမျိုး(၂)ဦး၊ယိုးဒယားလူမျိုး(၂)ဦး၊
ကမ္ဘောဒီးယားလူမျိုး(၁)ဦး၊စင်ကာပူလူမျိုး(၁)ဦး၊
လာအိုလူမျိုး(၂)ဦး၊ကျွန်ပ်တို့မြန်မာလူမျိုး(၂)ဦး
ဖြစ်ကြသည်။
မလေးရှားနိုင်ငံမှ လက်ရှိချန်ပီယံ "ရာမန်ချန်
ဒရာ"တင်ပါးဆုံခွက်နာနေသောကြောင့် ပြိုင်ပွဲမဝင်
ရောက်နိုင်သည့်အတွက် ကျွန်ပ်တို့အဓိကပြိုင်ရမည့်
အပြေးသမားများမှာ အင်ဒို နှင့် ယိုးဒယား သာရှိ
တော့သည်။ပြိုင်ပွဲဝင်ကစားသမားများထဲတွင် ကျွန်ပ်တစ်ယောက်သည်သာ ငယ်ရွယ်ပျိုမြစ်သည်ဖြစ်
ရာကျွန်ပ်အတွက် အရာခပ်သိမ်းက အနာဂတ်တွင်
ဆီးကြိုလျက်ရှိသကဲသို့ပင်ဖြစ်သည်။
တာလွတ်နေရာသို့ ပြိုင်ပွဲဝင်သူအားလုံးသွား
ရောက်နေကြစဉ် ဘူကစ်ဂျာလီပြေးလမ်းက အတားအဆီးမဲ့နေသည့် ကျွန်ပ်၏ခြေဖဝါးများ
ကို အားရဝမ်းသာစွာ ပွေ့ဖက်နမ်းရှုပ် နှုတ်ဆက်ကြို
ဆိုကြသည်။ဘူကစ်ဂျာလီလမ်း၏ပွေ့ဖက်နမ်းရှုပ်ကြိုဆိုမှုကို ကျွန်ပ်ကောင်းစွာနားလည်လိုက်သည်။
ရာပေါင်းများစွာသောပွဲကြည်ပရိသတ်များ
၏ မျက်စိများသည် ကျွန်ပ်တို့ ရပ်နေရာသို့စူးစိုက်
ကြည့်နေကြသည်။ပွဲကြည့်စင်ပေါ်တွင်ထိုင်နေသည့် "ရာမန်ချန်ဒရာ"၏မျက်လုံးများသည်လည်း သူ၏
ချိန်ပီယံဘွဲ့ကို လွဲပြောင်းယူမည့်အပြေးသမားအား
ကျွန်ပ်တို့၏ အုပ်ထဲ၌စူးစမ်းရှာဖွေနေသည်။

ပြိုင်ပွဲစတင်

အရာအားလုံးငြိမ်သက်နေသည်။ကျွန်ပ်၏စိတ်မှာလည်း ပကတိငြိမ်သက်နေသည်။စိတ်လှုပ်ရှားမှု
ဆိုသည်မှာ အလျင်းမရှိ။တာလွတ်အချက်ပေးမည့်
အပေါ်တွင်သာစိတ်ကိုညွှတ်ထားမိသည်။တာလွတ်
အချက်ပေးသံသည် နားအာရုံမှတဆင့် ဦးနှောက်ဆီသို့ရောက်လာသည်နှင့်တစ်ပြိုင်တည်း ကျွန်ပ်၏ခြေ
ထောက်ကြွက်သားများသည် အလိုအလျောက်လှုပ်
ရှားမိလျက်သားဖြစ်နေတော့သည်။
ကျွန်ပ်တို့အားလုံးသည် ဘူကစ်ဂျာလီ ပြေးလမ်းပေါ်တွင်အုပ်စုလိုက်ဖွဲ့ကာခြေလှမ်းမှန်မှန်ဖြင့်ပြေး
နေကြသည်။ကွင်းကိုအနည်းငယ်ပတ်ပြီးသည်အထိ
ကျွန်ပ်၏ပြေးနှုန်းသည် တစ်သမတ်တည်းရှိနေ
ကြောင်း လက်မှနာရီကပြနေသည်။
"မင်းရဲလက်လွဲတဲ့ပုံစံနဲ့ခြေလှမ်းတွေကိုပြုပြင်
ပြောင်းလဲ ပြေးနိုင်မယ်ဆိုရင်တော့ အခုထက်ပြေးနှုန်းစံချိန်တွေ ကောင်းလာမယ်"ဟုဖခင်နှင့် ဆရာသ
မားများ၏ပြုပြင်သွန်သင်ချက်များကို နားထဲမှာပြန်လည်ကြားယောင်မိသည်။
မိဘဆရာသမားများ၏ပြုပြင်ပေးမှုကြောင့်
ကျွန်ပ်၏ပြေးနှုန်းများသည် ပကတိတည်ငြိမ်‌
ကောင်းမွန်နေသည့်အတွက် ကျေနပ်ဝမ်းသာကြည်
နူးမိသည်။ကျွန်ပ်၏ထွက်သက် ဝင်သက်တိုင်းမှာ မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကို အောင့်
မေ့လျက်ရှိသည်။
ကျွန်ပ်တို့၏ခြေထောက်များသည် ဘူကစ်ဂျာ
လီပြေးလမ်းပေါ်တွင် မီတာ ခြောက်ထောင်ကျော်မျှ
ပြေးလွှားခဲ့ပြီဖြစ်သည်။ထိုအတွင်း ကျွန်ပ်တို့သည်
ပြေးနှုန်းများကို အနည်းငယ်မြှင့်ပြေးခဲ့ကြသည်။
သို့တိုင်အောင် ကျွန်ပ်၏ကြွက်သားများသည် ညောင်းညာသွားခြင်းမရှိဘဲ သက်တောင့်သက်သာ
ရှိနေခဲ့သည်။ဤလမ်းပေါ်သိုမရောက်ခင် ကျွန်ပ်
နိုင်ငံ၏ပြေးလမ်းမများပေါ်တွင် ကျွန်ပ်၏ခြေ
ထောက်ပြေးနှုန်းကို အကြိမ်ပေါင်းမရေတွက်နိုင်
အောင် အတင်အချ လုပ်ပြီးလေ့ကျင့်ထားခဲ့သည်။ထိုကြောင့်လည်း ကျွန်ပ်သည် အရှေ့တောင်အာရှ၏
တာဝေးအပြေးသမားများနှင့်အတူ ရင်ပေါင်တန်း
လိုက်ပြေးနိုင်ခဲ့သည်။

နည်းပရိယာယ်တိုက်ပွဲ

အုပ်စုလိုက် ဖွဲ့ပြေးနေသောအုပ်စုသည် အုပ်စု
နှစ်စု အဖြစ် ကွဲသွားသွားသည်။တစ်အုပ်စု နှင့်တစ်
အုပ်စု (၅)မီတာလောက် ကွာသွားသည်။ရှေ့အုပ်စု
တွင် အင်ဒိုလူမျိုးတစ်ဦး၊ယိုးဒယားတစ်ဦး နှင့်
ကျွန်ပ်တို့ မြန်မာနှစ်ဦး ပါဝင်ကြသည်။
နောက်အုပ်စုမှာ အင်ဒို၊ယိုးဒယား၊စင်ကာပူ၊
လာအိုလူမျိုးများပါဝင်ကြသည်။
ကျွန်ပ်တို့အုပ်စုကို ယိုးဒယားအပြေးသမားက
ရှေ့မှဦးဆောင်ပြေးနေသည်။အင်ဒိုနှင့်ကျွန်ပ်တို့
သည် သူ့နောက်မှ ကပ်လိုက်၍ပြေးနေကြသည်။
ပန်းဝင်ဖို့ရန် မီတာ ၃၀၀၀လောက်လိုသေးသော်
လည်း အင်ဒို အပြေးသမား နှင့် ယိုးဒယားအပြေးသမားသည် သူတစ်ပြန် ကိုယ်တစ်ပြန်ကျော်တက်
ကြရင်း အကြိတ်အနယ်ယှဉ်ပြိုင်နေကြသည်။ကျွန်ပ်
နှင့် ကိုဘိုပါးတို့သည် သူတို့နှစ်ဦးနောက်မှ အသာ
တကြည်ကြည့်ကား ကပ်လိုက်နေခဲ့ကြသည်။
ယိုးဒယားအပြေးသမားသည် သူ့၏ပြေးနှုန်းကို
ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိသောကြောင့်
ကျွန်ပ်တို့နောက်သို့ တဖြည်းဖြည်းရောက်သွားသည်။
အဓိကပြိုင်ဘက်တစ်ဦးတော့ တပ်လန်၍သွားပြီဖြစ်သည်။

မဟာဗျူဟာစတင်

ခဏအကြာတွင်"ကိုဘိုပါး"သည် တိုက်ပွဲ
သစ်ကို စလေသည်။သူသည် ပြေးနှုန်းမြှင့်တင်
ကား ရှေ့ဆုံးမှပြေးနေသော အင်ဒိုကို ကျော်တက်
ရန်ကြိုးစားလိုက်သည်။သို့သော် အင်ဒိုသည်
"ကိုဘိုပါး"အားကျော်တက်ခွင့်မပေးဘဲ ပြေးနှုန်း
မြှင့်၍ ရှေ့မှသာဦးဆောင်ပြေးနေသည်။ကျွန်ပ်
သည်လည်း သူတို့နှင့်အတူ ပြေးနှုန်းတင်ကား
ကပ်လိုက်သွားသည်။
အင်ဒိုနှင့် "ကိုဘိုပါး"တို့သည် တိုက်ပွဲကို
သူတစ်ပြန် ကိုယ်တစ်ပြန်ဆက်မတိုက်ကြတော့
ဘဲပြေးနှုန်းမြင့်တင်ရင်း ရပ်ထားလိုက်ကြသည်။
တိုက်ပွဲမှာငြိမ်၍သွားသည်။ကျွန်ပ်မှာ သူတို့နှစ်
ဦးတင်ထားသောပြေးနှုန်းအတိုင်း သက်တောင့်
သက်သာနှင့်ပြေးလိုက်ရင်း စိတ်အာရုံများကို
အတိတ်ကာလမှ ပြိုင်ပွဲများဆီသို့ လွှတ်ထည့်လိုက်သည်။

အတိတ်ဆီသို့

အသက်(၁၃)နှစ်သာလောက်တွင် မြို့တော်
ဝန်မာရသွန်ပြိုင်ပွဲ၌ ဆုတံဆိပ် ရရှိခဲ့ပုံများ၊အားကာ/
သိပ္ပံကျောင်းသို့တက်ရောက်ခဲ့ပုံများ၊ဝန်ကြီးဌာန
ပေါင်းစုံပြိုင်ပွဲနှင့် အမျိုးသားတံခွန်စိုက်ပြိုင်ပွဲများ
တွင် အောင်ပွဲခံခဲ့ပုများ၊စပိန်နိုင်ငံတွင် ကျင်းပ‌တဲ့
(၇)ကြိမ်မြောက် ကမ္ဘာ့တံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ
သို့ လေ့လာသူအဖြစ်သွားရောက်ခဲ့ပုံများ ကျန်ပ်၏
စိတ်အာရုံထဲမှာ တဖျတ်ဖျတ်ပေါ်လာသည်။
ကျွန်ပ် အားရ အနှစ်သက်ဆုံးသော အောင်ပွဲ
မှာ ၁၉၉၉ခုနှစ် ကမ္ဘာ့လူငယ်အထိမ်းအမှတ် မီတာ
၁၅၀၀ ပြိုင်ပွဲတွင် ပထမရရှိခဲ့ခြင်း၊၂၀၀၀ ပြည့်နှစ်
ပြည်နယ်နှင့်တိုင်း အသက်(၂၀)အောက် မီတာ
၁၀,၀၀၀ပြိုင်ပွဲ နှင့် မာရသွန်ပြိုင်ပွဲများ၌ ရွှေတံဆိပ်
ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းအောင်ပွဲများကို ပြန်လည်တမ်းတ သတိရရင်း အားမာန်သစ်တို့သည် ကျွန်ပ်၏ခန္တာကိုယ်မှာ
ခိုအောင်းစိမ့်ဝင်လာလေတော့သည်။ချွေးများနှင့်
စိုရွဲနေသောကျွန်ပ်၏အသားအရည်တို့သည် အားမာန်
သစ်များကြောင့်နီမြန်းလျက်ရှိသည်။ပြေးနေသော
ကျွန်ပ်၏ခြေလှမ်းများသည်လည်း ခွန်အားပါလာသည်။
ရှေ့ဆုံးမှ ပြေးနေသောအင်ဒိုအပြေးသမား၏
လှုပ်ရှားလိုက်မှုကြောင့် ကျွန်ပ်အာရုံတိုသည် ဘူကစ်
ဂျာလီ လမ်းပေါ်သို့ပြန်ရောက်လာသည်။

ပြင်းထန်တိုက်ပွဲစ

မီတာ ၂၀၀၀လောက်တွင်၊အင်ဒိုအပြေးသမား
ကာရင်ဝါဆင်သည် သူ့၏ပြေးနှုန်းကို မြှင့်တင်ပြီး
ကျွန်ပ်တို့ နှစ်ဦးကို စိန်ခေါ်လိုက်လေသည်။
ပြင်းထန်သော ဘူကစ်ဂျာလီ တိုက်ပွဲကစလေ
ပြီ။
ကျွန်ပ်နှင့် ကိုဘိုပါး တို့သည် ကာရင်ဝါဆင်၏
စစ်ကစားမှုကို တန်ပြန်ထိုးစစ်ဆင်ကစားကာ သူနှင့်
အတူလိုက်ပါသွားကြသည်။ကျွန်ပ်တစ်လှည့်၊ကိုဘိုပါး တစ်လီ၊သူတစ်ဖုံ ဖြင့် ကျွန်ပ်တို့ အပြန်အလှန်
ကျော်တက်ကြရင်းပြေးနေကြသည်။
ကျွန်ပ်သည် သူတို့နှစ်ဦး၏သက်လုံများအပေါ်
သံသယစိုးစဉ်းမျှမရှိသော်လည်း သူတို့ခြေထောက်
ကြွက်သားများ၏ကြံခိုင်မှုအပေါ်ယုံကြည်မှုကင်းခဲ့
သည်။ကြွက်သားများသည် ပျိုမြစ်မှုမရှိကြ။ခွန်အား
များ ယုတ်လျော့လျက်ရှိနေကြသည်။ပြေးနေသော
ခြေလှမ်းတိုင်းပေါ်တွင် ခွန်အား ဖြည့်ထည့်နေရသည်။
ဤအချက်သည် အရှေ့တောင်အာရှ၏ချိန်ပီယံဘွဲ့ကို ရယူဖို့ရန် ကျွန်ပ်အတွက် အခွင့်ကောင်းတစ်ရပ်
ဖြစ်သည်။နောက်အခွင့်ရေးတစ်ခုလည်းကျွန်ပ်လက်
ထဲတွင်ရှိနေပြန်သည်။ယင်းမှာ ကာရင်ဝါဆင်သည်
ကျွန်ပ်ထက် "ကိုဘိုပါး" ကို အာရုံစိုက်သည်။အဓိက
ထားသည်။
ထိုကြောင့် အင်ဒိုအပြေးသမသည် "ကိုဘိုပါး"
အား လုံးဝ အကျောမခံဘဲပြေးသည်။"ကိုဘိုပါး"
သည် "ကာရင်ဝါဆင်" ပြေးနှုန်းလျော့မချလိုက်
နိုင်အောင် သူ့နောက်မှ ပြေးနှုန်းတင်ကာ တွန်းပြေး
ထားသည်။"ကိုဘိုပါး"သည် ကျွန်ပ်တို့၏ပြိုင်ဘက်
အား ကြွက်သားများ ညောင်းသွားအောင် တစ်စချင်း တစ်စချင်း အမှည့်ချွေ,ချွေနေသည်။ပြိုင်ပွဲမှာပြီး
ဆုံးရန် တဖြေးဖြေးနီးကပ်လာနေပြီဖြစ်သည်။

ပရိယာယ်စ

ကျွန်ပ်တို့နှစ်ဦးသည် အင်ဒိုနောက်မှဤအတိုင်းလိုက်ပြေးနေကြလျင် မည်သူမျှ အောင်ပွဲခံ
နိုင်လိမ့်မည် မဟုတ်ဆိုသည်ကို နှစ်ဦးစလုံး၏စိတ်
ထဲတွင် အလိုလိုသိနေကြသည်။တစ်ခု ,ခုလုပ်ကြရမည်ကို နားလည်နေကြသည်။
ပြိုင်ပွဲ အဆုံးသတ်ရန် ကွင်းတစ်ပတ်နှင့်
တစ်ဝက် အလို၌ "ကာရင်ဝါဆင်" ပြေးနှုန်းကို
နောက်တစ်ကြိမ်ထပ်မံတင်လိုက်ပြန်ကြသည်။
ကျွန်ပ်တို့သည်လည်း ပြေးနှုန်းမြှင့်တင်၍ သူ့
နောက်မှ ထပ်ကြပ်မကွာ လိုက်သွားကြသည်။
"ကာရင်ဝါဆင်" နှင့် "ကိုဘိုပါး"တို့သည်
တစ်ဦး နှင့် တစ်ဦး ပြေးနှုန်း အတင်အချလုပ်
ကာ မကြာခဏ အကြိတ်အနယ် ယှဉ်ပြိုင်ထားကြ
ရသောကြောင့် သူတို့၏ခြေထောက်များသည် သွက်
လက်ပေါ့ပါးစွာ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

အောင်ပွဲခေါ်သံ

နောက်ဆုံးအပတ်၏ခေါင်းလောင်းထိုးသံသည်
ကျွန်ပ်၏အောင်ပွဲခေါ်သံဟု ထင်လိုက်၏။ကျွန်ပ်၏
ခန္တာကိုယ်ထဲတွင် အင်အားများအပြည့်ရှိနေသည်။
သက်လုံသည်လည်း အလုံအလောက်ရှိသည်။ခြေ
ထောက်ကြွက်သားများသည် ညောင်းညာခြင်း၊တုံဆိုင်း လေးလံ နေခြင်းအလျင်မရှိဘဲ ပေါ့ပါးသွက်
လက်စွာပြေးလွှာနိုင်ဆဲ၊ငယ်ရွယ်နုပျိုခြင်း၏ ပြယုဂ်များ ဟုဆိုရမည်ဖြစ်သည်။
ကာရင်ဝါဆင် သည် နောက်ဆုံးအပတ်၏ မီတာ ၁၀၀ ခန့်အထိကို သုတ်ခြေတင်ပြေးသည်။
ကျွန်ပ်တို့ နှစ်ဦးသည် သူ့နောက်သို့ပြေးနှုန်းမြင့်ကာ
လိုက်သွားကြသည်။
" ကိုဘိုပါး"သည် အတွေ့အကြုံကြွယ်ဝ
သောတာဝေးအပြေးသမားကြီးတစ်ဦးဖြစ်ရာ တစ်
စုံတစ်ခု အကျိုးဖြစ်အောင် ဖန်တီးပေးလိမ့်မည်ဟု
ကျွန်ပ်၏စိတ်အာရုံမှာ အလိုလိုနားလည်နေသည်။
သိနေသည်။သူဖန်တီးဆောင်ရွက်ပေးမည့် အခြေ
အနေကိုမျက်ခြေမပြတ်ကြည့်ကာ ကျွန်ပ်လှုပ်ရှားရမည်ဖြစ်သည်။
ကျွန်ပ် မျက်စိမလစ်၊သတိမလွှတ်ဘဲ စောင်ကြည့်နေသည်။ဝါဆင်၏နောက်မှာ ကိုဘိုပါး၊သူ့
နောက်မှာကျွန်ပ် ကပ်လိုက်ထားသည်။ဝါဆင်သည်
ကျွန်ပ်တို့ကို လုံးဝ အကျောမခံဘဲ ရှေ့မှပြေးသည်။
ပန်းဝင်ရန် မီတာ ၂၅၀ လောက်သာကျန်တော့သည်။ထိုအချိန်တွင် "ကိုဘိုပါး"သည် ရုတ်တရက် သူ့၏ပြေးနှုန်းကို မြှင့်တင်၍ ကာရင်
ဝါဆင်၏ ညာဘက်မှဝင်ပြီ ပြေးတက်ရန်ကြိုးစား
တော့သည်။ကာရင်ဝါဆင်သည် ကိုဘိုပါး၏
ပရိယာယ်အောက်တွင် အငိုက်မိသွားသည်ဟု ထင်ရလေသည်။"ကိုဘိုပါး"အားကျော်တက်ခွင့်မပေးဘဲ ရှေ့မှသွား၍ ကာပြေးလိုက်သဖြင့် နံပါတ်တစ်
အတွင်းလိုင်းမှာ "လူတစ်ကိုယ်စာ ပြေးလမ်း"ကလေး
လှစ်ကနဲ့ပွင့်သွားသည်။
ကိုဘိုပါး လှုပ်ရှားလိုက်သည့်အကျိုးဆက်ကြောင့် ထွက်ပေါ်လာသောအခွင့်အရေးကို တွေ
ဝေတုံဆိုင်းနေခြင်းမရှိဘဲ ခန္တာကိုယ် တစ်ခုလုံးမှာ
ရှိသောခွန်အားများကို ခြေထောက်ကြွက်သားများ
ဆီသို့ပို့ကာ ခြေကုန်ဖွင့်ခြေကုန်ဖွင့်ပြေးလိုက်သည်။
ခန္တာကိုယ်ထဲမှာခွန်အားများမကုန်နိုင်အောင်ရှိနေ
သေးသည်ကိုတွေ့ရ၍ ကျွန်ပ်ကိုယ် ကျွန်ပ်မယုံကြည်
နိုင်အောင်ဖြစ်ခဲ့ရသည်။
ပန်းတိုင်ကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက်
ကျွန်ပ်သည် ခြေထောက်ကြွက်သားလှုပ်ရှားမှုများကို
လျော့ချပစ်လိုက်သည်။ပြိုင်ဘက်များသည် မီတာ
၅၀လောက်တွင် ပြတ်ကျန်ရစ်ခဲ့သည်။
ပွဲကြည့်စင်ပေါ်မှ ပရိသတ်အချို့သည်
ကျွန်ပ်၏အမည်ကို အော်ဟစ်၍လည်းကောင်း၊
ကျွန်ပ်နိုင်ငံ၏အလံများကို မြှောက်ကိုင်ဝှေ့ယမ်း၍
လည်းကောင်း အောင်ပွဲခံနေကြသည်။

ကိုယ်တိုင်ကြုံဖူးမှ

များမကြာမီအချိန်၌ ကျွန်ပ်အား အရှေ့
တောင်အာရှ၏တာဝေးချန်ပီယံတစ်ဦးအဖြစ် တင်မြှောက်သော အခမ်းအနားကို ကျင်းပသည်။
နှစ်ပေါင်း (ဆယ်နှစ်)ကြာစွန်လွှတ်ထားခဲ့ရသော
ချန်ပီယံဘွဲ့ကို ပြန်လည်ရယူပေးနိုင်ခဲ့သောကြောင့်
ကျွန်ပ်သည် နိုင်ငံ နှင့် လူမျိုးအတွက် များစွာ
ဂုဏ်ယူဝမ်းမြောက်မိသည်။ကျွန်ပ်၏ညာဘက်တွင်
အင်ဒိုအပြေးသမား ကာရင်ဝါဆင်၊ဝဲဘက်မှာ
ကိုဘိုပါးတို့နှင့်အတူအောင်ပွဲခံစင်မြှင့်ပေါ်၌ရပ်လျက်
ဆုတံဆိပ်ကို လက်ခံရယူခဲ့သည်။
ကျွန်ပ်အား ချီးမြှင့်သောဆုတံဆပ်ကို ရင်မှာ
ဆွဲလျက် ကိုဘိုပါး နှင့် ဝါဆင်တို့ခြံရံ၍ အောင်ပွဲခံ
စင်မြင့်ပေါ်၌ ရပ်နေသည်။ကျွန်ပ်အား တာဝေးချန်ပီယံတစ်ဦးဖြစ်ကြောင်း"အသိအမှတ်ပြုသည့်အနေဖြင့်"
ကွင်းအတွင်းပွဲကြည့်စင်ပေါ်မှပရိသတ်အားလုံးမတ်ရပ်၍ နိုင်ငံတော်သီချင်းလွှတ်ထုတ်ကာ နိုင်ငံ
တော်အလံကို တိုင်ထိပ်ဖျားသို့ တဖြည်းဖြည်းလွှင့်တင်လိုက်ကြသည်။
ထိုစဉ် ကျွန်ပ်၏ကိုယ်ခန္ဓာထဲတွင် ဝမ်းမြောက်
ခြင်း၊ဂုဏ်ယူခြင်း၊ပီတိဖြစ်ခြင်းတို့သည် ဆူပွက်စွာလှုပ်ရှားပြေးလွှာလျက်ရှိသည်။ဂုဏ်ယူဝမ်းမြောက်
ပီတိဖြစ်ခြင်းတို့မှ ထွက်ပေါ်လာသည် "မျက်ရည်
စက်"များသည် ကျွန်ပ်၏မျက်လုံးအိမ်မှတစ်ဆင့်
ပါးပြင်ပေါ်သို့ လှိမ့်ဆင်းလာသည်။"အဲဒီခံစားမှုမျိုး
ကို စိန်ရွှေရတနာ ဥစ္စာဓနတွေပုံပေးပြီးဝယ်လို့
တောင်မရဘူး" ဆိုသည့် ဖခင်၏စကားကိုပြန်လည်
ကြားယောင်နေမိသည်။
ကျွန်ပ်ဖခင်၏ပြောသောစကားသည် အမှန်ကန်ဆုံးစကားဖြစ်သည်ဟု အကြွင်းမဲ့ယုံကြည်မိသည်။
သို့ဖြစ်၍ ကိုယ်တိုင်ခံစားပြီးကျဆင်းလာသည်
ဤပီတိမျက်ရည်စက်များကို "တုနှိုင်းမဲ့ရတနာများ"
ဟုကျွန်ပ်တင်စားလိုက်မိပါသည်။"ဤပီတိမျက်ရည်
စက်များ၏တန်ဖိုးကိုလည်း ကိုယ်တိုင်တွေ့ကြုံခံစား
ဖူးသော လူထူးလူချွန်များမှသာ သိနားလည်နိုင်စွမ်းရှိ
ကြပေသည်။

ပြီးပြီ

မှတ်ချက်။
ဒီရသဆောင်းပါးလေးကို ဟိုလွန်ခဲ့သောနှစ်
ပေါင်း(၂၅)နှစ် [၁-၁၁-၂၀၀၁]က "တက်လမ်း
အားကစားဂျာနယ်"မှာ ကျနော်ရေးသားခဲ့တာပါ။
ဖတ်ရှုပြီးမှတ်ချက်လေးများလည်းပေးခဲ့ကြပါ၊
လွတ်လပ်စွာရှယ်ပေးနိုင်ပါတယ်။

Photos from Youth Running Club Myanmar's post 09/08/2026

YRCM ရဲ့ City Runလေးမှာ ခွန်အားတွေအပြည့်နဲ့ လာရောက်ပါဝင်အားဖြည့်ပေးကြတဲ့ Runnerတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ....😊
ဒီပွဲလေး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ကူညီပံ့ပိုးပေးခဲ့တဲ့ Hikari နဲ့ ချစ်ခင်ရပါသောYRCM မှ Volunteers အဖွဲ့သားများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...😊

07/08/2026

ရန်ကုန်​မြို့မှ အပြေးဝါသနာရှင်များအတွက် ပြုလုပ်နေကြဖြစ်တဲ့ YRCM ရဲ့ City Run လေးရှိတာ သိပြီးကြပီလားခင်ဗျာ...🤗

အပြေးကို ချစ်သော Runnerများ နှင့် Beginner Runner များအတွက် YRCM မှ ထူးခြားတဲ့
အစီအစဥ်အနေ နှင့် City Run များကို တစ်လ လျှင်နှစ်ကြိမ် ပြုလုပ်ပေးသွားဖို့ ရှိပါတယ် ခင်ဗျာ....

ဒီတစ်ပတ် လာမည့် Sunday (9.8.2026) မှာ City Run လေးရှိပါတယ် ခင်ဗျာ....
စုရပ်ကတော့ ပြည်လမ်း ပြည်သူ့ရင်ပြင် မှာစုံကြပါမည်ခင်ဗျာ...

မနက် ၅:၄၅ မိနစ်မှာ Warm Up စလုပ်ပြီး
မနက် ၆ နာရီမှာ တာစလွှတ်ပါမည် ခင်ဗျာ...

ပြေးလမ်းကြောင်းအနေနဲ့ကတော့ ပြည်သူ့ရင်ပြင် (ပြည်လမ်း) မှ ပြည်လမ်းမကြီးအတိုင်းဘုန်းကြီးလမ်းထိပ်အထိပြေးပြီး ဘယ်ချိုးပြီး ဗိုလ်ချုပ်လမ်းမ​ကြီးအတိုင်း မြို့မကျောင်းလမ်းအထိ ပြေးပါမယ်ခင်ဗျာ....

ထိုမှတဆင့် မြို့မကျောင်းလမ်း အတိုင်း အလုံလမ်းအထိ ပြေးပြီး နောက်ဆုံးမှာတော့ ပြည်သူ့ရင်ပြင်(ပြည်လမ်း)သို့ ပန်းဝင်ပါမယ်ခင်ဗျာ...

အကွာအဝေးအားဖြင့် 5KM ရှိပါတယ်ခင်ဗျာ...🤗

ပန်းဝင်လာသည့် Runner များအား အမောပြေ Hydration တိုက်ပါမယ်ခင်ဗျာ....😊

ဒါ့အပြင် အခြားသောအမှတ်တရ လက်ဆောင် များကိုလည်းပေးအပ်သွားမှာဖြစ်လို့ ဒီအပတ် City Run လေးကို လာ Join ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ....

YRCM ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဆရာအောင်သီဟမှလည်း Runner များအတွက် အပြေးနဲ့ ပတ်သက်တဲ့ ဗဟုသုတရဖွယ်ရာ Running Tips များကိုလည်း Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ...

City Run ရဲ့ Registration Fees ကတော့ အခမဲ့ဖြစ်ပြီးအပြေးကိုစိတ်ဝင်စားတဲ့ အပြေးဝါသနာရှင်အားလုံး မည်သူမဆိုလာ Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ...🤗😊


05/08/2026
04/08/2026

အမြဲတမ်းအပြေးအကြောင်းတွေပဲတင်နေတာဆိုတော့ ဒီတခေါက်တော့ ကျွန်တော်ရဲ့ အလှပုံလေးတွေ တင်လိုက်ပါတယ်ခင်ဗျာ...🤭💁‍♂️

31/07/2026

YRCM ရဲ့ Ngwe Saung Beach Run မှ အမှတ်တရ Recap Video လေးကို ပြန်လည်ကြည့်ရှုပြီး အပျော်လေးတွေကူးစက်အောင်လို့ အားလုံးနဲ့ အတူဝေမျှလိုက်ပါတယ် ခင်ဗျာ 🤩🤩🤩

နောက် ခရီးတွေမှာပြန်ဆုံကြမယ်နော် ... ဘယ်ခရီးတွေသွားချင်လဲ၊ သွားသင့်လဲဆိုတာ Comment box မှာအကြံပေးသွားကြပါဦးခင်ဗျာ 🤗🤗🤗



Photos from Youth Running Club Myanmar's post 29/07/2026

This morning full moon day run

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon