19/08/2026
၄ နှစ် စာချုပ် သက်တမ်းဖြင့် ဘာစီလိုနာအသင်းသို့ တရားဝင် ပြောင်းရွှေ့လာခဲ့သည့် ရိုဒရီ
---------------------------------------------
ဘာစီလိုနာ အသင်းသည် မန်ချက်စတာ စီးတီးအသင်းမှ စပိန် ကွင်းလယ်လူ ရိုဒရီ ကို ယူရို ၇၆.၅ သန်းခန့် (ထပ်တိုးကြေးများ အပါအဝင်) ဖြင့် ၄ နှစ်စာချုပ် ချုပ်ဆိုကာ တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်း အဓိက ကွင်းလယ်လူ ရိုဒရီသည် မန်စီးတီးအသင်းတွင် ရာသီပေါင်း ၇ ရာသီကြာ အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးနောက် ကတ်တလန်ကလပ် ဘာစီလိုနာသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
အသက် ၃၀ အရွယ် ရိုဒရီသည် ဘာစီလိုနာအသင်းတွင် ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ လာလီဂါတွင် ဆက်လက်ခြေစွမ်းပြသွားမည်ဖြစ်သည်။
ဘာစီလိုနာ အသင်းသည် နာမည်ကြီး ကွင်းလယ်လူ ရိုဒရီကို ရီးရဲလ်မက်ဒရစ် အသင်းထက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး အသင်း၏ ခံစစ်ကွင်းလယ်ပိုင်းကို အဓိက အားဖြည့်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
#ဘာစီလိုနာ
18/08/2026
ရီးရဲလ်မက်ဒရစ် နည်းပြ အဖြစ် တစ်ကျော့ပြန် ခန့်အပ်ခံရသည့် မော်ရင်ဟို
---------------------------------------
ရီးရဲလ်မက်ဒရစ် အသင်းသည် အသင်း နည်းပြသစ် အဖြစ် ယခင် နည်းပြဟောင်း ဂျိုဆေးမော်ရင်ဟိုကို ၃ နှစ် စာချုပ်ဖြင့် တစ်ကျော့ပြန် ခန့်အပ်လိုက်ပြီ ဖြစ်သည်။
မော်ရင်ဟိုသည် ရီးရဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်အရ လာမည့် ၂၀၂၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အသင်းနည်းပြ အဖြစ် တာဝန်ယူမည် ဖြစ်သည်။
သူသည် ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူခဲ့ဖူးပြီး ၁၃ နှစ်အကြာတွင် ဘာနေဗျူးသို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ် နှင့်အတူ အသင်း၏ လေ့ကျင့်ရေးစခန်း (Ciudad Real Madrid) တွင် မော်ရင်ဟိုသည် အသင်းနည်းပြ ရာထူးအတွက် တရားဝင် လက်မှတ်ရေးထိုး မိတ်ဆက်ခဲ့သည်။
#လာလီဂါ #ရီးရဲလ်မက်ဒရစ် #မော်ရင်ဟို #နည်းပြတစ်ကျော့ပြန်ခန့်အပ်
18/08/2026
နယူးကာဆယ်အသင်းဟာ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာ အသင်းကနေ ဘော့စနီးယား နိုင်ငံတကာ နောက်ခံလူ အမား ဒီဒစ်ကို ၅ နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
အထူးခြားဆုံးကတော့ ဒီဒစ်ဟာ သူ့ရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့ရက်မှာတင် စိန့်ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ် အသင်းနဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့တာပါ။ အသင်းမှာတော့ သူဟာ ဂျာစီနံပါတ် ၃၇ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
ဒီဒစ်ဟာ ယခုနွေရာသီမှာ နယူးကာဆယ်အသင်း ထပ်မံအားဖြည့်လိုက်တဲ့ ၆ ဦးမြောက် စီနီယာ ကစားသမားဖြစ်ပြီး အသင်းရဲ့ ခံစစ်ပိုင်းကို ပိုမိုတောင့်တင်းသွားစေမှာတော့ အမှန်ပါပဲ ..
#နယူးကာဆယ် #အမားဒီဒစ်
18/08/2026
ဂျူဗင်တပ် အသင်းကတော့ စပါး အသင်း ဂိုးသမား ဗစ်ကာရီယိုကို တစ်ရာသီ အဌားခေါ်ယူလိုက်ပါတယ်..
#စီးရီအေ #ဂျူဗင်တပ် #ဗစ်ကာရီယို
17/08/2026
အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်အတွက် ကမ်းလှမ်းမှုများကို ပယ်ချမည့် မန်ယူ အသင်း
------------------------------------------------
လာမည့်စက်တင်ဘာလ အပြောင်းအရွှေ့ ကာလမပိတ်မီ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်အတွက် ရောက်ရှိလာမည့် မည်သည့် ကမ်းလှမ်းမှုကိုမဆို ပယ်ချသွားရန် မန်ချက်စတာယူနိုက်တက် အသင်းက ဆုံးဖြတ်ထားသည်။
ဂါလာတာဆာရေး၊ ဂျူဗင်တပ်စ်နှင့် အေစီမီလန် အသင်းတို့သည် မန်ယူအသင်း၏ အဓိက ကစားသမား ဖြစ်သူက ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း BBC Sport က လွန်ခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
အထူးသဖြင့် ဂါလာတာဆာရေး အသင်းသည် ယူရို သန်း ၅၀ (ပေါင် ၄၂.၇ သန်း) အထိ ရှိလာမည့် ကမ်းလှမ်းချက်တစ်ခုဖြင့် ဘရူနိုအတွက် မန်ယူထံ ဆက်သွယ်လာဖွယ်ရှိနေသည်။
ဖာနန်ဒက်စ်၏ မန်ယူအသင်းနှင့် လက်ရှိစာချုပ်မှာ ၁ နှစ် ကျန်ရှိနေသေးပြီး အပို ၁ နှစ် ထပ်မံသက်တမ်းတိုးနိုင်သည့် အခွင့်အရေးလည်း ပါဝင်သည်။
ထို့ပြင် ကစားသမားကိုယ်တိုင်ကလည်း အိုးထရက်ဖို့ဒ်တွင်ပင် ဆက်လက်ကျန်ရှိနေလိုသည်ဟု သိရသည်။
#မန်ယူ #ဘရူနိုဖာနန်ဒက်စ်
17/08/2026
အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ အဖွင့်ပွဲတွင် ဧရာဝတီအသင်း ၄ ဂိုးပြတ် အနိုင်ရရှိပြီး အုပ်စုကို စတင်ဦးဆောင်
----------------------------------------
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည့် AFC Women's Champions League (အာရှအမျိုးသမီး ချန်ပီယံလိဂ်) ခြေစစ်ပွဲ အုပ်စု (F) အဖွင့်ပွဲစဉ်တွင် မြန်မာကလပ် ဧရာဝတီ အမျိုးသမီးအသင်းသည် စင်ကာပူကလပ် အက်ဖ်စီ ဂျူရုန်း အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
ပွဲစတင်ချိန်မှစ၍ ဧရာဝတီအသင်းက ပွဲကို စိုးမိုးကစားခဲ့ပြီး ပွဲချိန် ၃၅ မိနစ်တွင် ယူအီ က အဖွင့်ဂိုး စတင်သွင်းယူခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်တွင် ဝင်းသိင်္ဂီထွန်း ၊ ၅၉ မိနစ်တွင် လင်းမြင့်မိုရ်တို့က ဆက်တိုက် ဂိုးများ သွင်းယူခဲ့ကြပြီး ပွဲချိန် ၇၈ မိနစ်တွင် ဝင်းသိင်္ဂီထွန်းကပင် အနိုင်ဂိုးကို ထပ်မံ သွင်းယူကာ အသင်းအတွက် သူတစ်ဦးတည်း ၂ ဂိုး သွင်းယူပေးခဲ့သည်။
ယခုကဲ့သို့ အဖွင့်ပွဲစဉ်တွင် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းကြောင့် ဧရာဝတီအသင်းသည် ရမှတ် ၃ မှတ်၊ အသာစီးဂိုး ၄ ဂိုးဖြင့် အုပ်စု (F) ၏ ထိပ်ဆုံးနေရာတွင် စတင်ဦးဆောင်နိုင်ခဲ့သည်။
အဆိုပါ ခြေစစ်ပွဲမှ အုပ်စုပထမ ရရှိသည့် ၁ သင်းတည်းသာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်ရာ ယခုနိုင်ပွဲသည် ဧရာဝတီအသင်းအတွက် နောက်တစ်ဆင့်တက်ရောက်ရေး အခွင့်အလမ်း သာလွန်သွားစေခဲ့သည်။
ဧရာဝတီအသင်းသည် ဒုတိယမြောက် အုပ်စုပွဲစဉ်အဖြစ် လာမည့် ဩဂုတ် ၂၀ ရက်တွင် လက်ဘနွန်ကလပ် No Limits FC နှင့်လည်းကောင်း၊ ဩဂုတ် ၂၃ ရက်တွင် တရုတ်တိုင်ပေကလပ် New Taipei Hang Yuan အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
Photo: Ayeyawady FC -Women
#အာရှအမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲ #ဧရာဝတီအမျိုးသမီးအသင်း
17/08/2026
အာဆင်နယ် အသင်းကို FA ကွန်မြူနတီဒိုင်းမှာ ရှုံးပြီး အချိန်အားဖြင့် ၂ နာရီခွဲအကြာမှာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီက ဘာစီလိုနာနဲ့ သဘောတူသွားပြီလို့ သိရပါတယ်..
#မန်စီးတီး #ရိုဒရီ #ဘာစီလိုနာ
16/08/2026
မန်စီးတီးကို ဂိုးပြတ်နိုင်ပြီး ကွန်မြူနတီဒိုင်းနဲ့ အဖွင့်လှခဲ့တဲ့ အာဆင်နယ်
----------------------------------------------------
အာဆင်နယ် အသင်းက မန်စီးတီး အသင်းကို ၂၀၂၆ FA Community Shield ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲနဲ့ အတူ သူတို့ဟာ ရာသီသစ်ရဲ့ ပထမဆုံး အဓိက ဒိုင်းဆုကို သိမ်းပိုက်သွားခဲ့ပါတယ်။
ပွဲစတင်ချိန်မှာတင် အာဆင်နယ်အသင်းဟာ မန်စီးတီးရဲ့ ခံစစ်ကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ပြီး ပွဲချိန် ၁ မိနစ် မပြည့်မီ ၂၃ စက္ကန့်မှာတင် ကာလာဖီအိုရီက အနီးကပ် ပိတ်သွင်းကာ ဦးဆောင်ဂိုး စတင်ရယူပေးခဲ့ပါတယ်။
ထို့နောက် ပွဲချိန် ၂၈ မိနစ်မှာ ကိုင်ဟားဗတ်စ်က ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သလို၊ ဒုတိယပိုင်းအစ ၄၈ မိနစ်မှာလည်း အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က တတိယမြောက် အနိုင်ဂိုးကို သပ်ရပ်စွာ အဆုံးသတ် သွင်းယူပေးခဲ့တာပါ။
တစ်ပွဲလုံး အနေအထားကို ကြည့်မယ်ဆိုရင် နည်းပြ အာတေတာရဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ်နဲ့ ခံစစ် စည်းဝါးကိုက်စွာ ကစားသွားနိုင်ခဲ့ပြီး မန်စီးတီးရဲ့ ကစားကွက်ကို ကွင်းလယ်မှစ၍ ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းကတော့ အာဆင်နယ်ရဲ့ ဖိအားပေးကစားဟန် ကြောင့် ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့ရပြီး ချေပဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဒီအနိုင်ပွဲဟာ လာမယ့် ပရီးမီးယားလိဂ် ရာသီသစ်အတွက် အာဆင်နယ်အသင်းရဲ့ အသင့်ဖြစ်နေမှုကို အကောင်းဆုံး သက်သေပြလိုက်တာ ဖြစ်ပါတယ်။
#အာဆင်နယ် ွန်မြူနတီဒိုင်း #အာဆင်နယ်vsမန်စီးတီး
16/08/2026
ကွန်မြူနတီဒိုင်း သမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးများ စံချိန်မှတ်တမ်း
-----------------------------------------------
အင်္ဂလန် ရာသီအကြို ကွန်မြူနတီဒိုင်း (Community Shield) ပြိုင်ပွဲ၏ ၁၁၈ နှစ်တာ သမိုင်းတစ်လျှောက် အမြန်ဆုံး သွင်းယူနိုင်ခဲ့သည့် အထူးခြားဆုံး ဂိုးစံချိန်များကို စုစည်းဖော်ပြလိုက်သည်။
ရီကာဒို ကာလာဖီအိုရီ - ၂၃ စက္ကန့် (၂၀၂၆ ခုနှစ်):
အာဆင်နယ်အသင်း၏ အီတလီ နောက်ခံလူ ကာလာဖီအိုရီသည် မန်ချက်စတာစီးတီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ပွဲစပြီး ၂၃ စက္ကန့်အတွင်းမှာပင် အဖွင့်ဂိုးကို သွင်းယူကာ ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် စံချိန်သစ် စိုက်ထူနိုင်ခဲ့သည်။
ဘော့ဘီ အိုဝင် - ၃၅ စက္ကန့် (၁၉၆၈ ခုနှစ်):
မန်ချက်စတာစီးတီးအသင်း တိုက်စစ်မှူး ဘော့ဘီ အိုဝင်သည် ဝက်စ်ဘရွန်းအသင်းကို ၆ - ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ပွဲစပြီး ၃၅ စက္ကန့်အတွင်း အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဤစံချိန်ကို ၅၈ နှစ်ကြာအောင် ထိန်းသိမ်းနိုင်ခဲ့သည်။
ဂယ်ရီ မက်အယ်လစ်စတာ - ၇၅ စက္ကန့် (၂၀၀၁ ခုနှစ်): လီဗာပူးလ် ကွင်းလယ်လူ ဂယ်ရီ မက်အယ်လစ်စတာသည် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်၌ ပွဲစပြီး ၁ မိနစ်နှင့် ၁၅ စက္ကန့်အတွင်း ရရှိခဲ့သည့် ပင်နယ်တီကို ဂိုးအဖြစ် ပြောင်း လဲကာ အမြန်ဆုံးဂိုးများ စာရင်းတွင် ပါဝင်ခဲ့သည်။
ကွန်မြူနတီဒိုင်း ပြိုင်ပွဲတွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ဘော့ဘီ အိုဝင်၏ ၃၅ စက္ကန့် စံချိန်ကို ကာလာဖီအိုရီက ၂၃ စက္ကန့်ဖြင့် ချိုးကာ အလှည့်အပြောင်းသစ် ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
ွန်မြူနတီဒိုင်း #ကွန်မြူနတီဒိုင်းအမြန်ဆုံးဂိုး #ကာလာဖီအိုရီ #အာဆင်နယ်
16/08/2026
ကွန်မြူနတီဒိုင်း သမိုင်းတွင် အမြန်ဆုံးဂိုးအဖြစ် စံချိန်သစ်တင်ခဲ့သည့် ကာလာဖီအိုရီ
------------------------------------------
အာဆင်နယ်အသင်း၏ အီတလီ နောက်ခံလူ ရီကာဒို ကာလာဖီအိုရီ သည် မန်ချက်စတာစီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် ပွဲစပြီး ၂၃ စက္ကန့်အတွင်းမှာပင် အဖွင့်ဂိုးကို သွင်းယူကာ ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။
ပွဲစ စက္ကန့်ပိုင်းအတွင်းမှာပင် အာဆင်နယ်အသင်း၏ လျင်မြန်သော တိုက်စစ်ဆင်မှုမှတစ်ဆင့် ကာလာဖီအိုရီက ပြိုင်ဘက် ဂိုးပေါက်ကို အလှပဆုံး သွင်းယူခဲ့သည်။
အဆိုပါဂိုးသည် ကွန်မြူနတီဒိုင်း ပြိုင်ပွဲ သမိုင်းတစ်လျှောက် ယခင်က တင်ရှိထားခဲ့သမျှ အမြန်ဆုံးဂိုး စံချိန်များအားလုံးကို ရိုက်ချိုးနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအတွက်လည်း ပွဲအစမှာပင် ပွဲကို ဦးဆောင်နိုင်သည့် အားသာချက်ကို ရရှိစေခဲ့သည်။
ယခုကဲ့သို့ စံချိန်သစ်တင်နိုင်ခဲ့မှုကြောင့် ကာလာဖီအိုရီသည် အာဆင်နယ်ပရိသတ်များ၏ အားပေးချီးကျူးမှုကို အပြည့်အဝရရှိခဲ့ပြီး ရာသီသစ်မစမီ အသင်းအတွက် စံချိန်တစ်ရပ်ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။
#အာဆင်နယ် #ကာလာဖီအိုရီ #ကွန်မြူနတီဒိုင်းအမြန်ဆုံးဂိုး ွန်မြူနတီဒိုင်း