ဧရာသူတွေ ထပ်မံရှာဖွေရမယ့် ဂိုးပြတ်နိုင်ပွဲ။
2026/27 AFC Womens Champions League Preliminary Stage အဖွင့်ပွဲစဉ်မှာ စင်ကာပူကလပ်ကို ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ ဧရာဝတီအသင်းဟာ ဒုတိယပွဲစဉ်မှာလည်း ဂိုးပြတ်နိုင်ပွဲကို ထပ်မံဖော်ဆောင်ဖို့ လိုအပ်နေပါတယ်။
Soccer Age Myanmar
Soccer Age Myanmar 🇲🇲🇲🇲
AFC ကို အိမ်ရှင်လုပ်မယ့် ရှမ်းကြီးများ။
2026/27 AFC Challenge League ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခွင့်ရရှိထားတဲ့ ရှမ်းယူနိုက်တက်အသင်းဟာ သူတို့ပါဝင်ကစားရမယ့် အုပ်စုပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
ဂိုးပြတ်နိုင်ပွဲနဲ့ အဖွင့်လှခဲ့တဲ့ ဧရာဝတီ။
2026/27 AFC Womens Champions League Preliminary Stage ရဲ့ အဖွင့်ပွဲစဉ်မှာ ဧရာဝတီအသင်းဟာ စင်ကာပူကလပ်အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်
17/08/2026
မကြာခင် မိနစ်ပိုင်းအတွင်းမှာ စင်ကာပူကလပ်အသင်းနဲ့ 2026/2027 AFC Womens Champions League Preliminary Stage အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမယ့် ဧရာဝတီအသင်းနဲ့ ပွဲထွက်လူစာရင်းမှာတော့ အသင်းရဲ့အဓိက တိုက်စစ်မှုးတွေဖြစ်ကျတဲ့ စမ်းသော်သော်နဲ့ မေထက်လူတို့ ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။
အဖွင့်ပွဲမှာ ရုန်းကန်ရမလား ဧရာဝတီ။
2026/27 AFC Womens Champions League Preliminary Stage ရဲ့ အဖွင့်ပွဲစဉ်အဖြစ် စင်ကာပူကလပ် အဲဘက်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ဧရာဝတီအသင်းဟာ အဖွင့်ပွဲစဉ်မှာ ရုန်းကန်ရနိုင်ချေရှိပါတယ်။
16/08/2026
ဂျပန်အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသမီးအသင်းရဲ့ ပဏာမအသင်းကို ကစားသမား ၃၃ဦးနဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး နည်းပြချုပ် ကော်လင်ဘဲလ်က ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
ဘောချုပ်အဖွဲ့နဲ့ အမျိုးသမီးကမ္ဘာ့ဖလားဝင်ခွင့် အိမ်မက်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ မြန်မာအမျိုးသမီးအသင်းကို ၂၀၃၁မှာ ကျင်းပမယ့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
15/08/2026
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများထံ Shan United FC မှ သွားရောက်ကူညီလှူဒါန်း။
Shan United FC မိသားစု၏ ရေဘေးကူညီထောက်ပံ့ရေးခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ ရေဘေးသင့်ဒေသသို့ သွားရောက်ခဲ့ပြီး လိုအပ်နေသည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဒေသခံများထံ တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါခရီးစဉ်တွင် Shan United U-20 နည်းပြချုပ် ဦးဟန်ဝင်းအောင် ဦးဆောင်၍ စီနီယာအသင်းကစားသမားများဖြစ်သည့် ဂိုးသမား ပြည့်ဖြိုးအောင်နှင့် စအောင်ပြည့်ကို တို့အပါအဝင် အသင်းတာဝန်ရှိသူများ ပါဝင်ခဲ့ကြပါသည်။
Shan United FC မိသားစုမှ ရေဘေးသင့်အိမ်ထောင်စု (၃၀၀) အတွက် ကြွေရည်သုတ်ပစ္စည်းများ၊ အသင့်စားစည်သွတ်ဘူးများ၊ ခေါက်ဆွဲခြောက်များ၊ ကော်ဖီမစ်နှင့် လက်ဖက်ရည်ထုပ်များ၊ ကိတ်နှင့် ပေါင်မုန့်များအပါအဝင် လိုအပ်သည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဒေသကယ်ဆယ်ရေးတာဝန်ရှိသူများထံ လက်ဝယ်အရောက် တိုက်ရိုက်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
ရေဘေးသင့်ပြည်သူများအားလုံး ဘေးအန္တရာယ်များမှ ကင်းဝေးပြီး အမြန်ဆုံး ပြန်လည်အဆင်ပြေချောမွေ့ကြပါစေကြောင်း Shan United FC မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
နောက်ဆုံးရ မြန်မာလိဂ်သတင်းများ။
ဒီနေ့မှာတော့ နောက်ဆုံးရ မြန်မာလိဂ်သတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။
ရေတိုပလန်နဲ့ ACLမှာ ကြမ်းမယ့် ဧရာဝတီ။
အခုလအတွင်း 2026/27 AFC Womens Champions League Preliminary Stage ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် ဒဏ်ရာပြသနာပြသနာတွေနဲ့ ကြုံတွေ့နေရတဲ့ ဧရာဝတီအသင်းဟာ ဂျပန်ကစားသမား (၅)ဦးကို ကာလတို ခေါ်ယူခဲ့ပါတယ်။
Click here to claim your Sponsored Listing.