08/06/2026
ရီးရဲရ်မက်ထရစ်ရွေးကောက်ပွဲတွင် ပီးရက်ဇ်အနေနှင့် ရီဂွယ်မီးကို 65% - 35% ဖြင့်အနိုင်ရရှိခဲ့ပီး လာမယ့် ၄နှစ်သက်တမ်းကိုပီးရဇ်အနေဖြင့် တာဝန်ယူမည်ဖြစ်ကြောင်းသိရှိရပါတယ်။
အားကစားသတင်းသီးသန့်ကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားပါမည်
ကျနော့် pageလေးကိုလည်းကျေးဇူးပြု၍ like and follow လေးပြုလုပ်သွားပေကြပါ ကျေးဇူးတင်ပါတယ်ခဗျာ
08/06/2026
ရီးရဲရ်မက်ထရစ်ရွေးကောက်ပွဲတွင် ပီးရက်ဇ်အနေနှင့် ရီဂွယ်မီးကို 65% - 35% ဖြင့်အနိုင်ရရှိခဲ့ပီး လာမယ့် ၄နှစ်သက်တမ်းကိုပီးရဇ်အနေဖြင့် တာဝန်ယူမည်ဖြစ်ကြောင်းသိရှိရပါတယ်။
08/06/2026
ခရစ်ရှန်အဲရစ်ဆင်အနေနှင့် မနေ့ညက ကစားခဲ့တဲ့ယူကရိန်းနှင့်ခြေစမ်းပွဲတွင် ပွဲချိန် မိနစ် ၇၀ကျော် အရောက်မှာ သူနှလုံးမှာတပ်ထားတဲ့စက်က ရုတ်တရက် ရပ်သွားကြောင်းသိရှိရပီး ၎င်းကိုယ်တိုင်မြေကြီးပေလက်ထောက်ပီ ရင်ဘတ်ပေါ်လက်တဖက်တင်ထားကာ မိမိအသင်းဖော်များနှင့်တကွ တခြားကစားသမားတွေကပါ ဝိုင်းပီးကာရံပေးခဲ့ကြပီး ဆေးအဖွဲ့များဆေးကုသကြကာ ၎င်းတို့ဆေးကုသမှုအပီးတွင် ကွင်းပြင်ကိုလမ်းလျှောက်ပီးထွက်သွားကြောင်းသိရှိရပါတယ်။ ပီးခဲ့တဲ့ယူရိုတုန်းကလည်း အလားတူအဖြစ်မျိုးအဲရစ်ဆင်အနေနဲ့ဖြစ်ဖူးပီး အချိနိအတော်ကြာထိအနားယူခဲ့ရပါတယ်။ 🥺
08/06/2026
မနေ့ကလေ့ကျင့်ရေးကွင်းထဲမှာ ရိုဒရီအနေနဲ့လေ့ကျင့်ခန်းတွင် ဂါဗီနဲ့ထိခိုက်မိရင်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရှိရပါသည်။
06/06/2026
အင်္ဂလန် ဘောလုံးအသင်း ရဲ့ လက်ရှိ သွင်းဂိုးအများဆုံး Top 3 ကစားသမားတွေကတော့—
1. Harry Kane — 78 ဂိုး
2. Wayne Rooney — 53 ဂိုး
3. Bobby Charlton — 49 ဂိုး
ဂိုးဖန်တီးမှု (Assists) အများဆုံး Top 3 ကစားသမားတွေကတော့—
1. David Beckham — 36 Assists
2. Harry Kane — 22 Assists
3. Wayne Rooney — 21 Assists
စိတ်ဝင်စားစရာကတော့
* Harry Kane က အင်္ဂလန်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ဖြစ်ရုံမက ဂိုးဖန်တီးမှု မှာလည်း ထိပ်တန်းစာရင်းဝင်နေပါတယ်။
* David Beckham က သူ့ရဲ့ တိကျတဲ့ ဖြတ်တင်ဘော (cross) နဲ့ free-kick တွေကြောင့် အင်္ဂလန်ရဲ့ assist king အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
06/06/2026
ဘိုင်ယန်လူငယ်ကစားသမားလေး လန်းနရန့်ကားလ်အတွက်ကတော့ တကယ့်ကမ္ဘာ့ဖလားကိုမှ အနားနီးမှ ဒဏ်ရာကြောင့်လွှဲချော်ခဲ့ရပီး ၎င်းနေရာအတွက် လိုက်ဇစ်အသင်းရဲ့အသက် ၂၀အရွယ် ကွင်းလယ်ကစားသမားလေး အဆန်အူအဲဒရာအိုဂို ကိုအစားထိုးခေါ်ယူလိုက်ကြောင်းသိရှိရပါတယ်။
06/06/2026
Patrice Evra က ဟာသနှောပြီး
“ကျွန်တော့်ရဲ့ Prime (အကောင်းဆုံးကစားနိုင်ခဲ့တဲ့အချိန်) မှာဆိုရင် Lamine Yamal ကို ကျွန်တော် လုံးဝထိန်းချုပ်နိုင်မှာပါ။ တောင်းပန်ပါတယ် Lamine ရေ၊ မင်းကို ကျွန်တော် သဘောကျပါတယ်…”
“ဒါပေမဲ့ Cristiano Ronaldo ကိုမေးကြည့်ပါ၊ Lionel Messi ကိုမေးကြည့်ပါ၊ ကျွန်တော်နဲ့ ရင်ဆိုင်ဖူးတဲ့ ကစားသမားတွေကို မေးကြည့်ပါ။ ကွင်းထဲမှာဆိုရင် ကျွန်တော်က မိတ်ဆွေကောင်းတစ်ယောက် မဟုတ်ပါဘူး။”
အီဗရာတော်တော်ပြောင်နေတာအခုတလော 😃😃😃
06/06/2026
ဖာဘရီဇီရို ရိုမာနိုရဲ့အဆိုအရ Enrique Riquelme က သူတို့အသင်းရဲ့ နည်းပြသစ်အကြောင်း အရိပ်အမြွက် ပြောထားတာပဲဖြစ်ပါတယ်။
“တနင်္ဂနွေနေ့မတိုင်ခင် နည်းပြသစ်ရဲ့ နာမည်ကို ကြေညာနိုင်ဖို့ မျှော်လင့်ပါတယ်။ သူဟာ အရမ်းကောင်းတဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး လိုအပ်တဲ့ အတွေ့အကြုံတွေလည်း ရှိပါတယ်။”
“ကျွန်တော်ကတော့နည်းပြခန့်အပ်တဲ့နေရာမှာ စမ်းသပ်မှု (experiment) မလုပ်နိုင်ပါဘူး။ ထိပ်တန်းလိဂ်တွေမှာရော၊ UEFA Champions League မှာပါ အတွေ့အကြုံရှိတဲ့ နည်းပြမျိုး လိုပါတယ်။ အဲဒီလို နည်းပြမျိုး ရှာရတာ မလွယ်ပါဘူး။”
“ဒါပေမယ့် ကျွန်တော်တို့ ဆွေးနွေးနေတာက သက်သေပြပြီးသား (proven) နည်းပြတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ စမ်းသပ်ဖို့ ခန့်မယ့် နည်းပြမျိုး မဟုတ်ပါဘူး။”
06/06/2026
မိုက်ကယ်ကားရစ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ လူခေါ်ယူမှုအစီစဉ်တွေမှာပါဝင်ခွင့်ရမှာဖြစ်ပေမယ့် ဆုံးဖြတ်ချက်ချရာမှာတော့ ပါဝင်ခွင့်မရှိကြောင်း သိရှိရပါတယ်
06/06/2026
နော်ဝေအသင်းရဲ့ ကမ္ဘာ့ဖလားပွဲကြိုဓာတ်ပုံရိုက်အစီစဉ်ထဲကပုံဟာ လူမှုကွန်ရက်တွေမှာကြည့်ရှုမှုရေပန်းစားနေကြောင်းသိရှိရပါတယ်။
06/06/2026
၂၀၂၆-၂၇ အီတလီစီးရီးအေရဲ့ ပွဲစဉ်၁ ဇယားထွက်ပေါ်လာခဲ့ပီပဲဖြစ်ပါတယ်။