Retro Fitness Center

Retro Fitness Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Retro Fitness Center, Gym/Physical Fitness Center, Yangon.

31/07/2026

"အရင်ကဆို ဗလကြီးပြီး ဓာတ်တိုင် ၂ တိုင်လောက် ပြေးလိုက်ရင်ပဲ မောနေတာ..." 😅🏃‍♂️

​Gym မှာ အလေးတွေ အများကြီး နိုင်ခဲ့ပေမဲ့ ဓာတ်တိုင် ၂ တိုင်လောက် ပြေးလိုက်ရုံနဲ့ အသက်ပါ ထွက်မတတ် မောဟိုက်သွားတာ၊ အပြေးမမြန်တာ၊ သက်လုံ (Endurance) လုံးဝ မရှိတာတွေကို ကြုံဖူးကြလား?

​ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဒီအတိုင်းပါပဲ။
​ကာယဗလ (Bodybuilding) အတွက် အလေးအများကြီး ကစားခဲ့တော့ ခန္ဓာကိုယ်မှာ ကြွက်သားထုတော့ ကြီးလာပါရဲ့...

ဒါပေမဲ့ အားကစားတစ်ခုခု သွားကစားရင် ဖြစ်ဖြစ် (ဥပမာ- ဘောလုံးကန်တာ) ရုတ်တရက် အပြေးအလွှား လှုပ်ရှားရရင်ဖြစ်ဖြစ် သက်လုံက လုံးဝလိုက်မမှီဘဲ မောပန်းလွယ်ခဲ့ပါတယ်။

​ဒါနဲ့ပဲ Hybrid Training (Athletic Conditioning) ဘက်ကို စနစ်တကျ ပြောင်းလဲကစားခဲ့တယ်။
​Hybrid Training ရဲ့ အဓိက လျှို့ဝှက်ချက်ကတော့ -
​Heavy Strength Lifts ကို ထိန်းဆော့တာမို့ ကြွက်သားထု (Muscle Mass) နဲ့ အင်အားက လုံးဝ ကျမသွားဘူး။
​Tactical Functional Lifts + Cardio (HIIT & Zone 2) တွေကို ပေါင်းစပ်လိုက်တာမို့ အဆုတ်နဲ့ နှလုံး သက်လုံ (Stamina & Endurance) က Peak Level ကို ရောက်လာတယ်။

​အခု ရရှိလာတဲ့ ရလဒ်? 👇
ခန္ဓာကိုယ်က အရင်လို ကြွက်သားကြီးတွေ ကြောက်စရာကြီး ပြူးပြဲမနေတော့ဘဲ ပိုမို ကျစ်လျစ်၊ တောင့်တင်း၊ သွယ်လျတဲ့ Athletic Muscle Shape ဖြစ်လာတယ်။ ဒါ့အပြင် သက်လုံ၊ Speed နဲ့ Agility တွေပါ တစ်ပြိုင်နက်တည်း အပြည့်အဝ ရရှိလာခဲ့ပါတယ်။

​muscle လည်း တက်ချင်တယ်၊ အပြင်မှာလည်း တကယ် သက်လုံကောင်းပြီး သွက်လက်တဲ့ ခန္ဓာကိုယ်မျိုး ရချင်ရင်တော့ Hybrid Training ကို ကစားကြည့်စေချင်ပါတယ်။! 💪🔥

ဒါကတော့ ကျွန်တော် ဒီနေ့ကစားတဲ့ Lower Body Strength ဖြစ်ပါတယ်။

Photos from Retro Fitness Center's post 08/06/2026

Retro FC

နေ့လည် ၂ နာရီ သုဝဏ္ဏကွင်း မှာ ကန်ပါမယ်။

01/06/2026

ကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ ဖေဖေ မေမေတို့လည်း သားသားမီးမီးတို့ကို ကျောင်းပို့ပြီး အားလပ်ချိန်လေးတွေ ရလာပြီပေါ့။ 😍

ဒီလိုအချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ Body Shape လေးအတွက် Gym ပြန်ဆော့ဖို့ အကောင်းဆုံး အချိန်ပါပဲ။ အခုရက်ပိုင်း မီးလည်းမှန်၊ ရာသီဥတုကလည်း မိုးတွင်းဆိုတော့ အေးအေးလူလူနဲ့ Gym ဆော့လို့ အလွန်ကောင်းတဲ့ အနေအထားပါ။

ဝိတ်ချချင်တာပဲဖြစ်ဖြစ်၊ ဝိတ်တင်ချင်တာပဲဖြစ်ဖြစ် လူကြီးမင်းတို့ရဲ့ Fitness Goal တွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ Retro Fitness Center မှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။ 🥰

🏋️‍♂️ Retro Fitness Center မှာ ဘာတွေရမလဲ?
တစ်လကို ၃၅,၀၀၀ ကျပ်တည်း နဲ့ စက်ပစ္စည်းအစုံအလင် သုံးစွဲနိုင်မယ့်အပြင် ရလဒ်ကောင်းကောင်းရဖို့အတွက် အပတ်စဉ်အလိုက် အောက်ပါ Program တွေကို နည်းစနစ်တကျ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

Cardio Training: နှလုံးနဲ့ အဆုတ်အားကောင်းပြီး ဖြတ်လတ်တက်ကြွစေဖို့။

Weight Gain: စနစ်တကျနဲ့ ခန္ဓာကိုယ်ထည်တက်လာပြီး ကြွက်သားထု တိုးပွားစေဖို့။

Fat Loss: အဆီပိုတွေကို ထိထိရောက်ရောက် ချေဖျက်ပြီး သွယ်လျလှပစေဖို့။

✨ ကျွန်ုပ်တို့ဆီမှာ ကစားခြင်းဖြင့် ရရှိမယ့် အကျိုးကျေးဇူးများ
Professional တကျ လေ့ကျင့်မှု: ဆော့ရုံဆော့တာမျိုးမဟုတ်ဘဲ ရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင် အပတ်စဉ် နည်းစနစ်တကျ လမ်းညွှန်ပေးခြင်း။

အသက်သာဆုံး ဈေးနှုန်း: တစ်လကို ၃၅,၀၀၀ ကျပ်တည်း ဖြင့် အတန်ဆုံး ဝန်ဆောင်မှုပေးခြင်း။

အေးချမ်းတဲ့ ပတ်ဝန်းကျင်: မိုးရာသီ အအေးဓာတ်လေးနဲ့အတူ Retro Style အောက်မှာ စိတ်အပန်းပြေပြေ Gym ဆော့နိုင်ခြင်း။

💡 "ကျန်းမာရေးက အဓိကပဲမို့ ကိုယ့်အတွက်ပေးတဲ့ အချိန်လေးကို အကျိုးရှိရှိ အသုံးချလိုက်ရအောင်။"

ဖေဖေ မေမေတို့လည်း သားသားမီးမီးတို့ ကျောင်းတက်နေတုန်း အားတဲ့အချိန်လေးမှာ စနစ်တကျနဲ့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ အခုပဲ Retro Fitness Center ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ 👋

𝐌𝐨𝐧𝐭𝐡𝐥𝐲 𝐅𝐞𝐞𝐬 - 𝟑𝟓,𝟎𝟎𝟎 𝐌𝐌𝐊
𝐃𝐚𝐢𝐥𝐲 - 𝟐𝟓𝟎𝟎 𝐌𝐌𝐊

📍 Retro Fitness Center
📞 Phone: 𝟎𝟗𝟒𝟐𝟎𝟏𝟎𝟓𝟑𝟎𝟎 , 𝟎𝟗𝟕𝟖𝟎𝟐𝟗𝟖𝟑𝟗𝟏
🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝐁𝐮𝐢𝐥𝐝 𝟐𝟐,𝐀𝟏 မြေညီထပ်, 𝐂 လမ်း, ၄၁ ရပ်ကွက်,
မဟာမြိုင်အိမ်ရာ, မြောက်ဒဂုံ။

Photos from Retro Fitness Center's post 28/05/2026

🦁 Retro FC Ready ဖြစ်ပါပြီ! အောင်ပွဲဆီသို့ အတူတူချီတက်ကြစို့ ⚽🔥

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပမည့် "Fire Dragon Futsal Amateur Cup" ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ Retro FC အသင်းသားတွေ
ကာယ၊ ဉာဏ အစွမ်းကုန် ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီခင်ဗျာ။ 🏆💪

ဒီလို အောင်ပွဲခရီးစဉ်မှာ ကျွန်တော်တို့နဲ့အတူ လက်တွဲပြီး အဓိက Sponsor အဖြစ် အားဖြည့်ပံ့ပိုးကူညီပေးခဲ့တဲ့ "နေသူရိန် စိန်ရွှေရတနာဆိုင်" အား Retro မိသားစုတစ်ခုလုံးမှ
အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပထမဦးစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ။

အဖိုးတန်ရတနာတွေလိုပဲ တောက်ပတဲ့ အောင်မြင်မှုတွေကို "နေသူရိန်" နဲ့အတူ ကွင်းထဲမှာ သယ်ဆောင်လာခဲ့ပါ့မယ်။ ✨💎

🏟️ "Gym ထဲမှာတင် မဟုတ်ဘဲ ဖူဆယ်ကွင်းထဲမှာပါ Retro ရဲ့ ပေါက်ကွဲအားနဲ့ စည်းလုံးမှုကို ပြသသွားမှာပါ" 😎👊

ဒါကြောင့် Retro ရဲ့ အားမာန်တွေ၊ သွေးစည်းမှုတွေကို သုဝဏ္ဏ ကွင်းထဲအထိ လိုက်ပါကြည့်ရှုပြီး အားအကျယ်ဆုံး အော်ဟစ်အားပေးကြဖို့ Retro Member များအားလုံးကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါတယ်ဗျာ။

အားပေးသံတွေက အသင်းသားတွေအတွက် အကြီးမားဆုံး ခွန်အားတွေ ဖြစ်လာမှာပါ။

📅ပွဲစဉ်နဲ့ ကန်ရမယ့် အချိန်ဇယားအသေးစိတ်ကို Page မှာ မကြာခင် ထပ်မံကြေညာပေးသွားပါ့မယ်။📢

13/04/2026

မုန့်လုံးရေပေါ် 💦

03/04/2026

📣📣 Retro Fitness Center ရဲ့ သင်္ကြန် အထူးပျော်ပွဲရွှင်ပွဲ📣📣

💦💦 Retro Members များအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ 💦💦

ဒီနှစ်သင်္ကြန်မှာ Retro Fitness Center ကနေ Members တွေ အားလုံးအတွက် ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်လေးတွေ စီစဉ်ထားပါတယ်။ 😊✨

🌊🗓 ဘယ်တော့လဲ - ၁၂.၄.၂၀၂၆ (တနင်္ဂနွေ)
🌊🕧 ဘယ်အချိန်လဲ - မနက် ၁၀ နာရီ မှ စတင်ပါမည်။
🌊📍 ဘယ်နေရာလဲ - Retro Fitness Center

သင်္ကြန်အထူးအစီအစဉ်များ ✨:
🍡 မုန့်လုံးရေပေါ် လုံးပါမည်။
သင်္ကြန်သီချင်းများသီဆို၍ ယိမ်းကပါမည်။
💧 ပျော်ရွှင်စရာ ရေပါတီ။

အားလုံးပဲ သင်္ကြန်ရဲ့ ပျော်ရွှင်စရာ အငွေ့အသက်တွေကို RETRO Gym မှာ လာရောက်ခံစားပြီး RETRO Gym မှာ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ။ 🙏💦

06/03/2026

မင်္ဂလာပါ...
ဝိတ်တင်၊ ဝိတ်ချပဲဖြစ်ဖြစ်
ကျန်းမာရေး အတွက်ပဲ ဖြစ်ဖြစ်...လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်
🅡🅴🅣🆁🅞 🅕🅸🅣🅽🅔🆂🅢 🅒🅴🅝🆃🅔🆁 မှ ကြိုဆိုနေပါတယ်ခင်ဗျာ....

𝐌𝐨𝐧𝐭𝐡𝐥𝐲 𝐅𝐞𝐞𝐬 - 𝟑𝟎,𝟎𝟎𝟎 𝐌𝐌𝐊
𝐃𝐚𝐢𝐥𝐲 - 𝟐𝟓𝟎𝟎 𝐌𝐌𝐊

🏠 𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝐁𝐮𝐢𝐥𝐝 𝟐𝟐,𝐀𝟏 မြေညီထပ်, 𝐂 လမ်း, ၄၁ ရပ်ကွက်,
မဟာမြိုင်အိမ်ရာ, မြောက်ဒဂုံ။
☎ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗𝟒𝟐𝟎𝟏𝟎𝟓𝟑𝟎𝟎 , 𝟎𝟗𝟕𝟖𝟎𝟐𝟗𝟖𝟑𝟗𝟏

03/03/2026

Retro မှာတော့ သင်္ကြန် Mood ဝင်နေပါပြီ 🥰

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon

Opening Hours

Monday 06:30 - 21:00
Tuesday 06:30 - 21:00
Wednesday 06:30 - 21:00
Thursday 06:30 - 21:00
Friday 06:30 - 21:00
Saturday 06:30 - 21:00