ibet 789 Betting Myanmar

ibet 789 Betting Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ibet 789 Betting Myanmar, Sports Team, Yangon.

03/04/2025

ဗီလာအတွက် ဂိုးတွေစသွင်းနိုင်ခဲ့ပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ကတော့ ညက ပရီးမီးယားလိဂ်ပွဲမှာလည်း ဂိုးထပ်သွင်းခဲ့ပါတယ်။ အဝေးကွင်းမှာ ဗီလာက ဘရိုက်တန်ကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီး ရက်ရှ်ဖို့ဒ်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါ။

အက်ဖ်အေပွဲမှာ ၂ဂိုးသွင်းပြီးနောက် ဆက်တိုက်ကို သူက ဂိုးထပ်ရခဲ့တာပါ။ ဂိုးထပ်သွင်းနိုင်ပြီးနောက်မှာ ရက်ရှ်ဖို့ဒ်က ဗီလာအတွက် သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ဂိုးရခဲ့လို့ အားမာန်အပြည့်နဲ့ကို အောင်ပွဲခံသွားခဲ့ပါတယ်။

အဆန်စီယိုကလည်း ထုံးစံအတိုင်း လူစားဝင်လာပြီး ဂိုးသွင်းခဲ့တာမို့ ဗီလာဟာ အငှားကစားသမားနှစ်ဦးဆီကနေ အကျိုးအမြတ်တွေကို ရရှိနေပါပြီ။ ရက်ရှ်ဖို့ဒ်တယောက် လအနည်းငယ်ကြာပြီးမှ ပထမဆုံးအကြိမ် နှစ်ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

03/04/2025

အက်သလက်တီကိုမက်ဒရစ်ကို ၁-၀ နဲ့ အနိုင်ယူပြီး ဘာကာတို့ ကိုပါဒယ်ရေးဗိုလ်လုပွဲကို တက်သွားခဲ့ပါပြီ။ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ဒီနှစ်သင်း ကိုပါဒယ်ရေးဗိုလ်လုပွဲ ပြန်ကစားရတော့မှာပါ။

နောက်ဆုံးတွေ့ခဲ့တဲ့ ၂၀၁၄ ကတော့ တကယ်ကို အမှတ်ရစရာပွဲပါ။ အဲဒီပွဲမှာ ရီးရဲလ်က ၂-၁ နဲ့ နိုင်ခဲ့ပြီး ဂါရတ်ဘေးလ်ရဲ့ ၈၅ မိနစ်သွင်းဂိုးက နာမည်ကျော်ခဲ့တာမို့ပါ။ ဘာကာနောက်ခံလူနဲ့ အပြိုင်ပြေးခဲ့ရာမှာ ကွင်းဘေးစည်းအပြင်ဘက်ကနေတောင် ဘေးလ်က ကွေ့ဝိုက်ပြေးပြီး ဆွဲပြေးယူခဲ့ကာ ဂိုးသမားနဲ့ အနီးကပ်အတွေ့ အပိုင်ကန်သွင်းခဲ့တာပါ။

အဲဒီဂိုးက ဘောလုံးသမိုင်းမှာ အထင်ရှားဆုံးတွေထဲက တခုဖြစ်လာခဲ့ပါတယ်။ အခု လာမယ့်ဗိုလ်လုပွဲကလည်း သေချာပေါက် အကြိတ်အနယ်ဖြစ်လာဦးမှာပါ။ ဒီရာသီ ဘာကာနဲ့တွေ့တိုင်း ရလဒ်တွေဆိုးနေခဲ့တဲ့ ရီးရဲလ်အတွက် လက်စားပြန်ချေရမယ့်ပွဲလည်းဖြစ်ပါတယ်။ စပိန်စူပါဖလားရှုံးကြွေး၊ လာလီဂါရှုံးကြွေးတွေကို ပြန်ဆပ်ရမယ့်ပွဲပါ။ သူတို့ လုပ်နိုင်မလား၊ ဒါမှမဟုတ် ဘာကာကပဲ အနိုင်ထပ်ယူသွားမလားဆိုတာ သိပ်မကြာခင် တွေ့ရတော့မှာပါ။

03/04/2025

မော်ရင်ဟိုတယောက် ရှုံးမဲမဲတယ်လို့ ပြောရမလားပဲ။ တူရကီဖလားကွာတားဖိုင်နယ်မှာ ဂါလာတာကို ရှုံးခဲ့ပြီးနောက် ပြိုင်ဘက်နည်းပြ ဘူရွတ်ကို အနောက်ကနေ လှမ်းပြီး နှာခေါင်းဆွဲညှစ်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ နှစ်ယောက်သား အနည်းငယ်စကားများခဲ့ပြီး ဘူရွတ်က ပြန်လှည့်သွားချိန် အနောက်ကနေ လိုက်ပြီး ဆွဲညှစ်လိုက်တာပါ။

ရုပ်သံပြကွက်တွေအရတော့ နှာခေါင်းကို ရည်ရွယ်ခဲ့တာမျိုးမဟုတ်ဘဲ မီရာကို လှမ်းပြီးလုပ်ခဲ့တယ်လို့ ထင်ရပါတယ်။ ဘူရွတ်တယောက် ချက်ချင်းပဲ လဲကျသွားခဲ့ပြီး တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတွေ ဝင်ပြီးတော့ ဟန့်တားခဲ့ရပါတယ်။ ရီးရဲလ်မှာတုန်းကလည်း ဘာကာနဲ့ပွဲမှာ ပြသနာဖြစ်တော့ မော်ရင်ဟိုက ဗီလာနိုဗာ (အဲတုန်းက ဘာကာနည်းပြ)ရဲ့ မျက်လုံးကို နှိုက်ခဲ့ပါသေးတယ်။

အခုက ကိုယ်ထိလက်ရောက် နောက်တကြိမ် သူ လုပ်ခဲ့တာပါ။ အရေးယူခံရမှာလည်း သေချာပါတယ်။ ဂါလာတာနဲ့ ဒီရာသီမှာ ၃ခါတွေ့ပြီး တပွဲမှမနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ ညကတော့ စိတ်မထိန်းနိုင်ဘဲ လုပ်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ကတော့ ဆိုးရွားတယ်လို့ ပြောရမှာပါ။

30/03/2025

ရီးရဲလ်မက်ဒရစ်-လီဂါနက်စ်တို့ရဲ့ ညကပွဲစဉ်မကန်ခင်မှာ မြန်မာပြည်ငလျင်အတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် တမိနစ်ကြာ ငြိမ်သက်ပြီး ဆုတောင်းပေးခဲ့ပါတယ်။

28/03/2025

‘အင်တာမီလန်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ ရော်နယ်ဒိုကို ကျနော်ဘယ်လိုမှ မထိန်းနိုင်ခဲ့ဘူး၊ အသင်းဖော်မွန်တာရိုဆီ သွားပြီး ဒီကောင်က ဘာလဲကွာ၊ ငါ့ဆီကနေပဲ လွတ်လွတ်ထွက်သွားနေတယ်လို့ ပြောခဲ့ရတယ်၊ ဒက်ချမ့်စ်က တိတ်တိတ်နေကြစမ်းကွာ၊ ငါတို့က ဂျူဗီနော်၊ ကမ္ဘာကြီးရှေ့မှာ ငါတို့ကို အရှက်မခွဲနဲ့လို့ လှမ်းပြောတယ်”

“ဒါပေမယ့် ၁၈ မိနစ်အကြာမှာတော့ ဒက်ချမ့်စ်က ကွင်းဘေးနားမှာ ထိုင်နေရပြီ၊ သူ့ကို လူစားလဲပေးဖို့အတွက် အသင်းကို လှမ်းပြောနေရတယ်၊ ကျနော်လည်း ၃၈ မိနစ်တည်းပဲ ကစားရသေးတယ် လျှာထွက်နေပြီ၊ ငါ့ရဲ့ သက်လုံပိုင်းက ဘာဖြစ်သွားတာလဲလို့တောင်မှ ပြန်တွေးနေခဲ့ရပါတယ်”

- ဂျူဗင်တပ်စ်နောက်ခံလူဟောင်း အူလီယာနို

28/03/2025

ရော်နယ်ဒိုရဲ့ ဒီရာသီ ထူးရှယ်မှတ်တမ်း

- အာရှချန်ပီယံလိဂ်
- ဆော်ဒီပရိုလိဂ်
- နေးရှင်းလိဂ်
- ပေါ်တူဂီ
- အယ်လ်နာဆာ

အဆိုပါပြိုင်ပွဲတွေနဲ့ အသင်းတွေမှာ ရော်နယ်ဒိုက ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရှိနေတာပါ။ အသက် ၄၀ အရွယ် တိုက်စစ်မှူးကြီးရဲ့ စွမ်းဆောင်ရည်က မျက်ကွယ်ပြုထားလို့မရပါဘူး။ မတူညီတဲ့ ပြိုင်ပွဲ ၃ခုနဲ့ အသင်း ၂သင်းမှာ ဂိုးအများဆုံးသွင်းထားတယ်ဆိုတာကိုက ချီးကျူးဖွယ်ရာအတိပါပဲ။

28/03/2025

ကစားသမားဘ၀က အနားယူပြီးမှ ဘာကာက ကမ်းလှမ်းလို့ ပြန်ကစားခဲ့တဲ့ ဆက်ဇနီ :

- ၁၇ ပွဲကစား
- ၁၅ ပွဲနိုင်
- ၂ ပွဲသရေ
- ရှုံးပွဲမရှိ
- ၉ ပွဲပေးဂိုးမရှိ

ဆက်ဇနီရဲ့ အလှည့်အပြောင်းကတော့ တကယ်ကို ထူးခြားလွန်းပါတယ်။ အပန်းခြေခရီးထွက်နေပြီး ဆေးလိပ်တွေပါ ခဲနေတဲ့အချိန် ဘာစီလိုနာရဲ့ ထင်မှတ်မထားတဲ့ ကမ်းလှမ်းမှုကို ရပြီး ဘောလုံးလောကထဲ တကျော့ပြန်ရောက်ခဲ့တာပါ။ အခု ဖလား ၄ လုံးပါ တပြိုင်တည်းဆွတ်ခူးနိုင်ဖို့ သူ မျှော်လင့်နေနိုင်ပါပြီ။

28/03/2025

ဘာကာတို့ ပွဲကျန်ကို အနိုင်ကစားပြီး ရီးရဲလ်ကို ၃မှတ်ဖြတ်လိုက်ပါပြီ။ အိုဆာဆူနာကို ၃ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး ဟန်ဆီဖလစ်ရဲ့ အသင်းက တကယ်ကို ရပ်တန့်မရအောင်ပါပဲ။ ဒီပွဲမှာ ဖာရန်တောရက်စ်က ဂိုးထပ်သွင်းခဲ့ပြီး ဘာကာရဲ့ လူမသိသူမသိ သူရဲကောင်းဖြစ်နေတာပါ။

ဘာကာအတွက် ဒီရာသီမှာ ၁၁ ပွဲသာ ပွဲထွက်ကစားခွင့်ရထားပေမယ့် ၁၄ ဂိုးအထိ သွင်းထားပြီး အသင်းရဲ့ တတိယမြောက်ဂိုးသွင်းအများဆုံးဖြစ်နေတာပါ။ သူ့ထက် ဂိုးပိုသွင်းထားတာ ရာဖင်ဟာနဲ့ လီဝန်ဒေါစကီးပဲ ရှိပါတယ်။

ဘာကာဟာ ဒီလိုမျိုး ကစားသမားတွေကအစ ခြေစွမ်းပြနေတာကြောင့်လည်း ရပ်တန့်မရဖြစ်နေတာပါ။ လီဝန်၊ ရာဖင်ဟာတို့မပါရင်တောင် ကျန်ကစားသမားတွေက ခြေစွမ်းပြပြီး အသင်းလောင်စာကို အစွမ်းကုန်တောက်လောင်နေစေတာလည်းဖြစ်ပါတယ်။

27/03/2025

"ဂျော်ဂျီနာက အာဂျင်တီးနားသူဆိုတာကို အစောပိုင်းမှာ လူတွေသိပ်မသိပါဘူး၊ စပိန်သူလို့ပဲ ထင်နေခဲ့တာပါ၊ ကျနော့်ကိုလည်း အာဂျင်တီးနားဆိုရင် သဘောမကျဘူးလို့ တော်တော်များများက ထင်ခဲ့တယ်၊ မဟုတ်ပါဘူး၊ ကျနော် အာဂျင်တီးနားကိုလည်း သဘောကျပါတယ်၊ အရမ်းသဘောကျတာပါ"

- ရော်နယ်ဒို

27/03/2025

"ငါတို့က ကွင်းထဲမှာပဲ ဘောလုံးနဲ့ စကားပြောတယ်၊ ပွဲကောင်းတပွဲ ကစားနိုင်ခဲ့လို့ မင်းတို့အတွက် ဂုဏ်ယူပါတယ်၊ ငါ ဘယ်ကိုပဲ ရောက်နေနေ အသင်းနဲ့အမြဲတမ်းအတူရှိနေတာပါ"

- မက်ဆီ

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon