21/06/2026
ချစ်ရပါသော Wolf Football Club ရဲ့ အားပေးသူ ချစ်အမျိုးများ ခင်ဗျာ ။ ကျနော် တို့ အသင်းမှာ တပါတ်တပွဲပုံမှန်လာကန်နိုင်တဲ့သူ 8 ယောက်သာ ကျန်ရှိတော့လို့ (လူထပ်ခေါ် လည်း လာတဲ့သူက ၂ ပွဲကန်ပြီး ပျော်ပျောက်သွားလို့) ယခု မိုးရာသီကုန်ဆောင်းပေါက်မှလူစုပြီး ပြန်ကန်ပါမယ် ။ အခုတော့ အသင်းခဏ နားပါစေ ခင်ဗျာ ။
ကျိုက်ကစံ ဆိုတော့ မိုးရွာရင် တော့ရုံ သူက လာမကစားချင်ကြတာ ကြောင့် လူသစ်ခေါ်ရင် အခက် အတော့ကိုတွေ့ရလို့ပါဗျာ။ ဆောင်းပေါက်မှလူစုပြီး Wolfy တွေ ပြန်ကစားပါမယ် လို့ ယနေ့ ပွဲကန်အပြီးမှာ အသင်းတာဝန်ခံ က ဆုံးဖြတ်လိုက်ပါတယ်။
မှတ်ချက် ။ ၁ ။ ယနေ့မှ စ၍ Wolf fc သည် နားနေမည် ဖြစ်ပါသဖြင့် Wolf အသင်းရဲ့ လက်ရှိ ကစားနေတဲ့ ကစားသမားများ သည် အခြားသောအပျော်တမ်းအသင်းများ ထံသို့ လွပ်လပ်စွာသွားကစားနိုင်တယ် ။ အခြားသော မိတ်ဖက် အပျော်တမ်း အသင်းများ မှာလည်း ၄င်းတို့ကို ဆက်သွယ်ပြီး ကစားဖို့ခေါ်နိုင်ပါသည်။
မှတ်ချက် ။ ၂ ။ Wolf fc
အသင်းသည် ယနေ့မှစ၍ နားထားပါသဖြင့် Wolf fc အသင်းရဲ့ နာမည်ကို သုံး၍ အသင်းချိန်းခြင်းနဲ့ ကွင်းယူခြင်း များကို လုပ်ဆောင်မည် မဟုတ်ပါ။ အထူးသတိထား ရမှာ ပါ လူလိမ်တွေက Wolf fc ကပါ ကွင်းရထားပါတယ် ဆိုပြီး အပျော်တမ်း အသင်းတွေကို လိမ်လည်မယ် ဆိုးပါသဖြင့် အသိပေးပါတယ် ။
Wolf fc သည် ယနေ့မှစ၍ နားနေပါသည် ။ Wolf fc နာမည် နှင့် ကွင်းကိစ္စ ငွေကြေး ကိစ္စ များ ဖြစ်ပေါလာပါ က လိုက်လံဖြေရှင်းပေးမည် မဟုတ်ပါ ။
လေးစားစွာဖြင့် အသိပေးအပ်ပါသည် ။
Wolf fc ယနေ့မှစ၍နားနေပါသည် ။
အားပေးသူများကို ကျေးဇူးတင်ပါတယ် ။
အသင်းတာဝန်ခံ
ကိုဇော်ကြီး
09-755-116-119
21/06/2026
ယနေ့ပွဲရဲ့ရလဒ်ကတော့
Wolf Football Club -3
Vs
Warriors fc -4
မိုးထဲရေထဲ ပျော်ပျော်ပဲ ကစားခဲ့ပါတယ်။ ယနေ့ပွဲ မှာ Wolf အတွက် လာကစားပေးတယ့် (လူမစုံလို့ အခြားသော အပျော်တမ်း အသင်းက လာရောက် အားဖြည့်ပြီး ကစားပေးသော ညီငယ်လေး များ) ကစားသမား များကို ကျေးဇူးတင်ပါတယ် ။
15/06/2026
21 june 2026 sunday မှာ
ပွဲရှိတယ်နော် 🥰
ကျိုက်ကစံကွင်း ၃ မှာ
အသင်းသစ်တသင်း နဲ့ ကန်ပါမယ် ။
အချိန်ကတော့ 10 နာရီပွဲ စပါမယ် ။
Wolf Football Club
Vs
Warriors fc
ကွင်းကို မနက် ၉နာရီခွဲ တော့ အရောက်လာခဲ့ ကြပါ။
14/06/2026
ယနေ့ပွဲ ကစားပြီးတော့ ကျနော်တို့ အသင်းရဲ့ GK #1 အာကာ နှလုံးသွေးကြောတချောင်းကပိတ်သွားပြီး ရင်ဘတ်အောင့် လာလို့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန ကို ပို့ဆောင်လိုက်ရပါတယ်။
အခုတော့ ညီလေး အာကာ ရန်ကုန်ဆေးရုံကြီး နှလုံးဆောင် မှာ ဆေးရုံတက်ကုသနေပါတယ်။
သျှင်ပါကူ ဆေးခန်းကနေ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို Ambulance ကားနဲ့ ကိုယ်တိုင်လိုက်ပို့ ပေးပြီး အစစ အရာရာ ကူညီ ဂရုစိုက် ပေးပါသော ကိုကြီးရော်နယ်ဘို ကို ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ
ကျနော်တို့ရဲ့ ညီလေး အာကာ အမြန်ဆုံးသက်သာပြီး ကျန်းမာဖို့ ကျနော်တို့ Wolf Football Club ညီကိုများက ဆုတောင်းနေကြပါတယ်။
08/06/2026
21 june sunday
ပွဲရှိတယ်နော် 🥰
ကျိုက်ကစံကွင်း ၃ မှာ
အသင်းသစ်တသင်း နဲ့ ကန်ပါမယ် ။
အချိန်ကတော့ ထုံးစံအတိုင်း ၉ နာရီပွဲ စပါမယ် ။
Wolf Football Club
Vs
Warriors fc
ကွင်းကို မနက် ၉ နာရီမထိုးခင်တော့ အရောက်လာခဲ့ ကြပါ။
08/06/2026
14 june sunday
ပွဲရှိတယ်နော် 🥰
ကျိုက်ကစံကွင်း ၃ မှာ
ေရွှပြည်သာ အခြေစိုက် အသင်းသစ်တသင်း နဲ့ ကန်ပါမယ် ။
အချိန်ကတော့ ထုံးစံအတိုင်း ၉ နာရီပွဲ စပါမယ် ။
Wolf Football Club
Vs
9G Fc
အသင်းသားများ ဂျာစီအဖြူရောင်ဘောင်းဘီ အနက်ရောင် ဝတ်ပါမယ်။
ကွင်းကို မနက် ၉ နာရီမထိုးခင်တော့ အရောက်လာခဲ့ ကြပါ။
07/06/2026
ယနေ့ပွဲရဲ့ ရလဒ်ကတော့
Wolf Football Club -3
Vs
Eternal Friendship Fc-4
Wolfy တွေအတွက် ဂိုးတွေကိုတော့
#10 Messi Win (ခ) Goat Pu
က အထူးခြေစွမ်းပြပြီး 2ဂိုး သွင်းယူပေးခဲ့ပါတယ် ။
ကျန်တဂိုး ကတော့ တဘက် အသင်းက ထောင့်ကန်ဘော မှာ OG ဖြစ်သွားတာပါ🥰
ဒီနေ့ပွဲကို ထိုင်း ကနေ မောင်းထုတ်လိုက်လို့ ဗမာပြည် ပြန်ရောက်လာတဲ့ မိုးစက် က ရောက်ရောက်ခြင်း မနားပဲ လာကန်ပေးတာကတော့ အမှတ်တရပါပဲ။
မိုးစက်ကြောင့်ပဲ ပင်နယ်တီ ကန်ဖို့ ရတယ်ဗျာ
ပိုပြီး ထူးခြားတာကတော့ အသင်းရဲ့ အားအထားရဆုံးသော အသင်းရဲ့ ဝါရင့်တိုက်စစ် မှူးကြီး ကိုကြီးရော်နယ်ဘို က ပင်နယ်တီကို ဂိုးရဲ့ ဘေးကို အားရပါးရကို ဘန်ကေး တာကတော့ ထူးခြားတဲ့ အမှတ်တရ ပါပဲ😂 (စတာနော် ကိုကြီးဘိုရေ ချစ်လို့စတာပါ 🥰)
ကဲ ဘာပဲဖြစ်ဖြစ် June လရဲ့ အစပွဲ ကတော့ သွင်းဂိုး ၃ ဂိုးရတာက အမြတ်ပါပဲ။
ချစ်သော Wolfy အမျိုးများ နောက်ပွဲတွေလည်း ဆက်လက် အားပေးကြပါဦး ခင်ဗျာ 🙏🙏