Divine Futsal Club

Divine Futsal Club

Share

Women Futsal Club based in Yangon,Myanmar.�

17/02/2026

အာဆီယံ ချန်ပီရှစ် ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်း ပဏာမ ပဏာမ ကစားသမား ၁၆ ဦးစာရင်းထုတ်ပြန်
-----------------------------
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Asean Women's Futsal Championship 2026 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီး အသင်း၏ ပဏာမ ကစားသမား (၁၆)ဦး စာရင်းကို အသင်း၏ နည်းပြချုပ်ဖြစ်သူ ဒေါ် ဝါဝါခိုင် က ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသမီးအသင်းမှ ကစားသမားများကို ၂၀၂၅ခုနှစ် ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကစားသမားများနှင့် AYA Women's League 2025 ပြိုင်ပွဲမှ ကစားသမားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသမီးအသင်းသည် ဇန်နဝါရီ ၁၉ ရက်မှ စတင်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖေ‌ဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံသို့သွားရောက်၍ စခန်းသွင်းလေ့ကျင့်မှုများကို ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် Asean Women's Futsal Championship 2026 ပြိုင်ပွဲ၏ အုပ်စု(ခ)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။











-D

17/01/2026

အာဆီယံ ချန်ပီရှစ် ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်း ပဏာမ ကစားသမားစာရင်း ထုတ်ပြန်
-----------------------------
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Asean Women's Futsal Championship 2026 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း၏ ပဏာမ ကစားသမားစာရင်းကို အသင်း၏ နည်းပြချုပ်ဖြစ်သူ ဒေါ် ဝါဝါခိုင် က ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသမီးအသင်းမှ ကစားသမားများကို ၂၀၂၅ခုနှစ် ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကစားသမားများနှင့် AYA Women's League 2025 ပြိုင်ပွဲမှ ကစားသမားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသမီးအသင်းသည် ဇန်နဝါရီ ၁၉ ရက်မှ စတင်၍ လက်ရွေးစင် ကစားသမားများ အဆောင်တွင်နေထိုင်၍ စခန်းသွင်းလေ့ကျင့်မှုများကို ပြုလုပ်သွားမည်။











-D

Photos from Myanmar Football Federation's post 11/12/2025
Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon
1121