01/08/2026
A message from our National Director. 💙
Thank you for leading us through our very first Supranational journey with dedication and determination.
We learn, we grow, and we come back stronger. 🇲🇲
See you next year! 👑
SUPRANATIONAL MYANMAR 2026 — END OF OUR JOURNEY 🇲🇲
Supranational Myanmar 2026 ရဲ့ Journey ကတော့ ဒီနေရာမှာ ပြီးဆုံးခဲ့ပါပြီ။
National Director တစ်ယောက်အနေနဲ့ ဒီနှစ်မှာ မျှော်လင့်ထားသလို အကောင်းဆုံးရလဒ်တစ်ခုကို မယူဆောင်ပေးနိုင်ခဲ့တဲ့အတွက် ပထမဦးဆုံး ကျွန်တော်တို့ကို ယုံကြည်အားပေးခဲ့ကြတဲ့ Pageantry ပရိသတ်များနဲ့ နယ်ပယ်အသီးသီးမှ အားပေးသူများအားလုံးကို အားနာစွာ တောင်းပန်ချင်ပါတယ်။
ကျွန်တော့်အတွက်လည်း ဒါဟာ Supranational နဲ့ ပထမဆုံး Journey ဖြစ်ခဲ့ပြီး Unplaced ဆိုတဲ့ရလဒ်နဲ့ အဆုံးသတ်ခဲ့ရပေမယ့် ဒီအတွေ့အကြုံကနေ ဘာတွေလိုအပ်ခဲ့လဲ၊ ဘာတွေပြင်ဆင်ရမလဲ၊ ဘယ်နေရာတွေမှာ ပိုကောင်းအောင်လုပ်နိုင်မလဲဆိုတာ အများကြီးသင်ယူခွင့်ရခဲ့ပါတယ်။
ဒီနှစ်ရလဒ်ကို အဆုံးသတ်တစ်ခုအဖြစ် မမြင်ဘဲ နောက်တစ်ကြိမ် ပိုကောင်းအောင်ပြန်လာဖို့အတွက် သင်ခန်းစာတစ်ခုအဖြစ်ပဲ မှတ်ယူထားပါတယ်။ နောက်နှစ်တွေမှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်မှုကို မပျက်စေဖို့ ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေနဲ့ အကောင်းဆုံးပြန်လာမယ်လို့ ကတိပေးပါတယ်။
တစ်ဆက်တည်းမှာပဲ လတ်တလော အထင်အမြင်လွဲမှားမှုအချို့နဲ့ပတ်သက်ပြီး ရှင်းလင်းထားချင်တာတစ်ခုရှိပါတယ်။
ကျွန်တော်ဟာ ယနေ့အချိန်အထိ မည်သည့်အလှမယ်၊ မည်သည့်အဖွဲ့အစည်းကိုမှ ရည်ရွယ်၍ စောင်းမြောင်းပြောဆိုခြင်း၊ ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ကိုယ့်တာဝန်၊ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ်လုပ်ရမယ့်အလုပ်တွေအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။
မဟုတ်မမှန်သော စွပ်စွဲချက်များ၊ Drama များနဲ့ပတ်သက်ပြီးတော့လည်း အပြန်အလှန်ငြင်းခုံဖြေရှင်းသွားဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော့်ရဲ့လုပ်ရပ်နဲ့ အလုပ်ရလဒ်တွေကပဲ အဖြေဖြစ်ပါလိမ့်မယ်။
ဒီ Journey တစ်လျှောက် အားပေးခဲ့ကြသူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ 🇲🇲
We learned. We grew. And we will come back stronger.
See you next year.
We will be back better and stronger. 👑🇲🇲
31/07/2026
✨ Tonight is the Night! ✨
Join us in cheering for Zin Moe Pyae as she represents Myanmar at the Miss Supranational 2026 Grand Final. 🇲🇲💙
📺 Myanmar Time: 12:30 AM
Best of Luck, Zin Moe Pyae! 👑✨
TeamMyanmar BestOfLuck
29/07/2026
“ လှပဝင့်ထည် ကွမ်းတောင်ကိုင်မယ် “
မြန်မာ့ရိုးရာ အလှူမင်္ဂလာပွဲတွေ၊ ရှင်ပြုနားသ အခမ်းအနားတွေမှာ မြင်တွေ့ရတတ်တဲ့ အလှပဆုံးနဲ့ ကျက်သရေအရှိဆုံး မြင်ကွင်းတစ်ခုကတော့ “ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်” အပျိုချောလေးတွေရဲ့ လှပတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးရှင်းရှင်း အလှပြရုံတင်မကဘဲ ရှေးနှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ မွန်မြတ်လှတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။
ကွမ်းတောင်ဆိုတာက ရှေးခေတ် မင်းညီမင်းသားတွေ၊ မှူးမတ်တွေနဲ့ အထက်တန်းလွှာတွေရဲ့ ပွဲလမ်းသဘင်တွေမှာ သုံးဆောင်ဖို့အတွက် ကွမ်းယာတွေကို အနုပညာမြောက် ဒီဇိုင်းတွေနဲ့ ကတော့ပုံစံ၊ စေတီပုံစံ ထည့်သွင်းစီမံထားတဲ့ အဆောင်အယောင်ဖြစ်ပါတယ်။
ပန်းတောင်ဆိုတာက ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ပူဇော်ဖို့အတွက် ပန်းမျိုးစုံကို အနုပညာလက်ရာမြောက်စွာ ကတော့သဏ္ဌာန် စီမံထားတဲ့ ပန်းခိုင်၊ ပန်းအလှပဲ ဖြစ်ပါတယ်။
မြန်မာ့ဓလေ့မှာ အလှူလှည့်လည်တဲ့အခါ ကွမ်းတောင်ပန်းတောင်ကိုင် မိန်းမပျိုလေးက စီတန်းလှည့်လည်မှုရဲ့ အရှေ့ဆုံးနေရာကနေ ဒီ ကွမ်းတောင်၊ ပန်းတောင်တွေကို ရိုရိုသေသေ ကိုင်ဆောင်ပြီး လိုက်ပါကြရပါတယ်။ ဝတ်စားဆင်ယင်မှုမှာတော့ မြန်မာ့ရိုးရာ ဆံထုံး၊ ဇာပုဝါ ခြုံထည်၊ လှပတဲ့ ချိတ်ထမီတို့နဲ့ တင့်တယ်လျောက်ပတ်စွာ ဆင်ယင်ထုံးဖွဲ့လေ့ ရှိကြပါတယ်။
ဒီလို လှပတဲ့ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်ပုံကို Miss Supernational Myanmar 2026 Zin Moe Pyae ရဲ့ National Costume အဖြစ် ရိုးရိုးရှင်းရှင်း ဖန်တီးပုံဖော်ထားပြီး မြန်မာ မိန်းကလေးတွေရဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ အနုပညာမြောက်တဲ့ ရိုးရာဝတ်စုံနဲ့ မြင့်မြတ်တဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတစ်ခုကို ကမ္ဘာကသိအောင် TK Team ကနေ ဂုဏ်ယူစွာဖြင့် ထုတ်ဖော်ပြသလိုက်ရပါတယ်။
𝐌𝐢𝐬𝐬 𝐒𝐮𝐩ranational 𝐌𝐲𝐚𝐧𝐦𝐚𝐫 2026
𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐬𝐭𝐮𝐦𝐞 𝐛𝐲 𝐓𝐊 𝐓𝐞𝐚𝐦
𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 TK ( Team Leader )
𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 Than Htaik
𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 Khin Yadana Lin Lae
𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 Phyo Thu Zar Aung
𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 Ei Ei Aung
𝐌𝐚𝐤𝐞𝐮𝐩 & 𝐇𝐚𝐢𝐫𝐝𝐨 - Ko Pan
𝐒𝐭𝐲𝐥𝐢𝐬𝐭 - Gu Gue
𝐒𝐡𝐨𝐨𝐭𝐢𝐧𝐠 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 - Lwin Bhone Ko
𝐏𝐡𝐨𝐭𝐨𝐠𝐫𝐚𝐩𝐡𝐲/ 𝐄𝐝𝐢𝐭𝐢𝐧𝐠 - Khant Min Htin
HK Illustrations/2026
𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐉𝐞𝐰𝐞𝐥𝐫𝐲 - Ko Htut ( Myanmar Traditional)
𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐓𝐡𝐚𝐧𝐤𝐬 𝐭𝐨 ROYAL KANOK - Fabric House