29/07/2026
🧘♀️ စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာစေဖို့ Fit Zone ရဲ့ Online Yoga Class လေးနဲ့ မိတ်ဆက်ပေးပါရစေ! ✨
တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စိတ်၏အေးချမ်းမှုကို ရရှိစေဖို့ အိမ်မှာတင် ပေါ့ပါးလွတ်လပ်စွာ လေ့ကျင့်နိုင်မယ့် Yoga Class လေး ရောက်ရှိလို့လာပါပြီ။ 🧘♂️💚
မိသားစုဝင်တွေပါ အတူတူ ပါဝင်လေ့ကျင့်လို့ရတာမို့ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးအချိန်ပါပဲနော်။
📅 သင်တန်းအသေးစိတ် အချက်အလက်များ
📅 သင်တန်းကာလ: (၄.၈.၂၀၂၆ - ၂၇.၈.၂၀၂၆) အထိ
⏰ အချိန်: ည 7:00 PM - 8:00 PM (Myanmar Time)
💻 သင်ကြားမည့်ပုံစံ: Zoom Online Class Live
🗓 အတန်းချိန်: တစ်လလျှင် (၁၂) ကြိမ်
💰 သင်တန်းကြေး: 100,000 MMK
✨ "One Breath at a Time" - ပေါ့ပါးကျန်းမာတဲ့ မနက်ဖြန်တွေကို ပိုင်ဆိုင်ဖို့ ဒီနေ့ပဲ Fit Zone နဲ့အတူ စတင်လိုက်ရအောင်! 💪✨
📩 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန်:
Page Chat Box (သို့မဟုတ်) ဖုန်းနံပါတ် [ဖုန်းနံပါတ်ထည့်ရန်] သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
29/07/2026
“ယနေ့သည် မြတ်ဗုဒ္ဓ၏ ဓမ္မစကြာတရားဦး ဟောကြားတော်မူရာနေ့၊ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ပြာဋိဟာ ဟူသော ထူးခြားသည့် အခြင်းအရာလေးပါးနှင့် ပြည့်စုံသည့် မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်ပါသည်။ ယနေ့မှစ၍ ဝါတွင်းသုံးလပတ်လုံး အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကုသိုလ်တရားများ ပွားများအားထုတ်နိုင်ကြပါစေ။”
30/06/2026
(1)ရက်ကို (၁)နာရီ (၁) ပတ်ကို (၃) ရက်ခန့် ယောဂလေ့ကျင့်ပေးခြင်းဖြင့် :
Stretching :တစ်နေ့တာလုံး ထိုင်ရလွန်းလို့ ညောင်းညာကိုက်ခဲတာတွေနဲ့ ဇက်ကြောတက်တာတွေကို ထိရောက်စွာ သက်သာစေပါတယ်။
Strength : တချို့သော ယောဂနည်းစနစ်တွေက Flexibility နဲ့ Core Strength ကို မြှင့်တင်ပေးလို့ ကိုယ်ဟန်အနေအထားကို ပိုမိုလှပစေပါတယ်။
Stress relief : ယောဂကျင့်စဉ်တွေရဲ့ အခြေခံအကျဆုံး အသက်ရှူနည်းစနစ် (Pranayama) နှင့် စိတ်တည်ငြိမ်မှု လေ့ကျင့်ခန်းများကြောင့် စိတ်ကြည်လင်ပြီး အိပ်ပျော်ရလွယ်ကူစေပါတယ်။
ဒါကြောင့် နီးစပ်ရာမှာ ယောဂကျင့်ပါ 🥰
Online ကနေ ထိထိရောက်ရောက်လေ့ကျင့်ချင်ရင်တော့ “July” လအတွက် သင်တန်းလေးဖွင့်ပြီနော် ☺️
🗓️ (01.07.2026 - 28.07.2026)
⏰ (7:00 to 8:00) pm
🗒️ (အင်္ဂါ/ ဗုဒ္ဓဟူး/ ကြာသာပတေး)
💵 100,000 (12 times)
21/06/2026
🧘♀️ International Yoga Day 2026 အထိမ်းအမှတ် 🧘♂️
Fit Zone Yoga and Wellness မိသားစုဝင်များမှ International Yoga Day 2026 ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်ဆေးရုံကြီး ကင်ဆာဆေးကုသဆောင်ရှိ လူနာ (၂၇) ဦးအတွက် ကြက်သားကြေးအိုးနှင့် ကြက်ဥပြုတ်များကို သွားရောက်လှူဒါန်းခဲ့ပါသည်။
Yoga ၏ အနှစ်သာရဖြစ်သော ကိုယ်စိတ်နှလုံး ကျန်းမာခြင်း၊ မေတ္တာနှင့် ကြင်နာမှုတို့ကို လူမှုအသိုက်အဝန်းအတွင်း မျှဝေလိုသည့် ရည်ရွယ်ချက်ဖြင့် ဤလှူဒါန်းမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ဤကုသိုလ်ကောင်းမှုတွင် ပါဝင်အားဖြည့်လှူဒါန်းပေးကြသော Fit Zone Yoga and Wellness မိသားစုဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
လူနာများအားလုံး ကျန်းမာရေးကောင်းမွန်ပြီး အမြန်ဆုံး ပြန်လည်သက်သာပျောက်ကင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏 မေတ္တာမျှဝေခြင်းဖြင့် ပိုမိုလှပသော လူမှုအသိုက်အဝန်းကို အတူတကွ တည်ဆောက်ကြပါစို့ 🙏