YOGA With Y

YOGA With Y

Share

Healthy & Happy Life

16/08/2026

လှိုင်သာယာက ယောဂချစ်သူတွေ ဆုံကြမယ်နော်…🫶🩵🧘🏻‍♀️

ကျန်းမာလှပမှုကို တန်ဖိုးထားကြတဲ့ ယောဂဝါသနာရှင် မမတို့၊ ညီမတို့အတွက် Thiri Yoga Studio (BOC ပန်းခြံခွဲ) ရဲ့ အတန်းသစ်တွေကို တာဝန်ယူ သင်ကြားပြသပေးတော့မယ့် Instructor Tr. Yu နဲ့ စတင် မိတ်ဆက်ပေးပါရစေရှင်။ 🧘‍♀️
​🌸 ဆရာမ Tr. Yu အကြောင်း တစ်စေ့တစ်စောင်း
​Tr. Yu ဟာ ယောဂလောကထဲမှာ စတင်လေ့ကျင့်ခြင်းနှင့် ပြန်လည်မျှဝေ သင်ကြားခြင်း အတွေ့အကြုံ (၅) နှစ်ပြည့် သက်တမ်းရှိပြီး နိုင်ငံတကာအဆင့် အသိအမှတ်ပြု အရည်အချင်းများကို ပြည့်ပြည့်စုံစုံ ပိုင်ဆိုင်ထားတဲ့ Professional Instructor တစ်ဦး ဖြစ်ပါတယ် -
​RYT 200hr International Certificate ရရှိထားသူ
​YTTC 200hr Alliance Certificate (Patanjali Yoga Vida School - Pyin Oo Lwin) သင်တန်းဆင်း
​အိန္ဒိယနိုင်ငံ HARI OM Yoga Centre မှ Yoga Therapy for Women's Health Certificate ရရှိထားပြီး အမျိုးသမီးများ၏ ဟော်မုန်းနှင့် အတွင်းပိုင်းကျန်းမာရေးဆိုင်ရာ ယောဂကုထုံးများကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပေးနိုင်သူ
​Doctor Yoga မှလည်း Yoga Anatomy 20 Hours Course Certificate ရရှိထားသဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်အညီ ဒဏ်ရာအန္တရာယ်ကင်းကင်းဖြင့် နည်းစနစ်ကျကျ လမ်းညွှန်ပေးနိုင်သူလည်းဖြစ်ပါတယ်ရှင်🧘‍♀️

​🧘‍♀️ Tr. Yu ၏ သင်ကြားမှုပုံစံနှင့် ရရှိမည့် အတွေ့အကြုံများ
​Alignment & Adjustment ပိုင်းမှာဆိုရင် Asana အနေအထားတစ်ခုချင်းစီကို နည်းစနစ်မှန်ကန်ပြီး တိကျသေသပ်စေရန် အနီးကပ် စိတ်ရှည်စွာ ထိန်းကျောင်း ပြင်ဆင်ပေးခြင်း
​posture များကို လေ့ကျင့်ရင်း တရားထိုင်နည်း (Guided Meditation) များဖြင့် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး တည်ငြိမ်အေးချမ်းမှုဆီသို့ အကောင်းဆုံး ခေါ်ဆောင်သွားပေးခြင်း
​ မေမေတို့နှင့် အမျိုးသမီးများအတွက် အထူးသင့်လျော်သော ယောဂကုထုံးများဖြင့် သွေးလေလည်ပတ်မှုနှင့် ခန္ဓာကိုယ်အတွင်းပိုင်းကျန်းမာရေးကို ပြန်လည်မြှင့်တင်ပေးခြင်းစတဲ့ အ​တွေ့အကြုံအသစ်​လေး​တွေရရှိခံစားရ​စေမှာဖြစ်ပါတယ်ရှင်

​📍ခုဆိုရင် တီချယ်Yuက ကျွန်မတို့ BOC ပန်းခြံ studioမှာ တစ်ပတ်လျှင် (၂) ရက်သင်ကြားပြသ​ပေး​တော့မှာဖြစ်ပါတယ်​🩷

ဆရာမကိုယ်တိုင် အနီးကပ် သေချာ ဂရုစိုက်သင်ကြားပြသ​ပေးမှာမိုလို့ လူဦးရေ​လေးလည်း ကန့်သတ်ထားလို့
​Tr. Yu နဲ့အတူ စနစ်ကျပြီး နွေးထွေးတဲ့ ယောဂအတွေ့အကြုံသစ်ကို ရယူဖို့ အခုပဲ Chat Box (သို့) ☎️09254000600 ကနေတစ်ဆင့် နာမည်နှင့် ဖုန်းနံပါတ်လေး ပေးပို့ပြီး နေရာကြိုတင် ရယူလိုက်ပါရှင်။ 🙏






30/07/2026

🤍🧘🏻‍♀️🌿

29/07/2026

🧘🏻‍♀️💛

23/07/2026

အင်မတန်ကြိုးစားသော မေမေ🧘🏻‍♀️🩵

23/07/2026

🧘🏻‍♀️🩵

05/07/2026

❎No Pain
❎No Gain

“Pain မရှိဘဲ Flow မဖြစ်လာနိုင်ဘူး”ဆိုတဲ့စကားလေးက Yoga နယ်ပယ်မှာ ကြားဖူးကြမယ်ထင်ပါတယ်။Yoga ခရီးမှာ ယောဂီ အတော်များများက Pain Level ကိုမကျော်နိုင်ကြတာများပါတယ်။

Yoga လေ့ကျင့်ရင် အကြောတွေပြေလျော့ပြီး ပေါ့ ပါးလန်းဆန်းစေတယ်ဆို Yoga လေ့ကျင့်ပြီးရင်အင်မတန်မှ နေလို့ထိုင်လို့ကောင်းပြီး စိတ်ကိုကြည်လင်စေတယ်ဆို Yoga ဆရာမ တွေက ဂျင်းထည့်နေကြတာလားဆိုပြီး ထင်ကောင်းထင်နိုင်ကြပါတယ်။

Yoga ဆရာမတွေ ဂျင်းမထည့်ပါဘူး Yoga လေ့ကျင့်ခြင်းအားဖြင့် အပေါ်ကကောင်းကျိုးတွေ အားလုံးကို အမှန်တကယ်ခံစားရရှိရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မတို့ Pain Level တစ်ခုကိုတော့ မဖြစ်မနေ ကျော်ကိုကျော်ဖြတ်ရပါတယ်။

ကျွန်မတို့အားလုံးရဲ့ခန္ဓာကိုယ်ကြီးဟာ နေ့စဉ်လည်ပတ်နေတဲ့ Body Machine ကြီးတစ်ခုလိုပါပဲ အသက် ၂၀ အရွယ်မှ Yoga စလေ့ကျင့်တဲ့သူက နှစ်ပေါင်း ၂၀ စာသံချေးတက်နေတဲ့ Body Machine ကြီးကို သန့်ရှင်းရေးလုပ်နေရတာဖြစ်ပြီး
အသက် ၃၀ မှ Yoga စလေ့ကျင့်တဲ့သူ နှစ် ၃၀ စာ
အသက် ၄၀ မှ Yoga စလေ့ကျင့်တဲ့သူက နှစ် ၄၀ စာ စသဖြင့်ပေါ့ စဉ်းစားကြည့်ပါ ဒီလိုနှစ်ပေါင်းများစွာ မရပ်မနားလည်ပတ်နေရတဲ့ Machine တစ်ခုကို ခုမှစပြီး Maintain လုပ်ကြရတာဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ သံချေးတက်ပြီးကြပ်နေတဲ့ Joint တွေကို movement လုပ်ရတဲ့အခါ Muscle တွေကိုဆွဲဆန့်ရတဲ့အခါ မနာပဲရှိပါ့မလား နာတာပေါ့ အဲဒီ Pain ကိုကျော်လွှားလို့မရနိုင်ဘူး မဖြစ်မနေရင်ဆိုင်ရမှာဖြစ်တယ် ဒါပေမယ့် Suffering ကိုတော့ ကျွန်မတို့ ကျော်လိုက်လို့ရနိုင်ပါတယ်။ ဘယ်လိုကျော်လွှားကြမလဲဆိုရင် အဲဒီ Pain ဟာ Good Pain ဖြစ်တယ်ဆိုတာကိုကျွန်မတို့က သိပြီးလက်ခံတတ်ဖို့ပဲလိုပါတယ်။ ငါ့ခန္ဓာကိုယ် ကျန်းမာကြံ့ခံဖို့ရာ ကောင်းဖို့အရအတွက်ဖြစ်လာတဲ့နားကျဉ်မှုပဲလို့ လက်ခံလိုက်တာနဲ့ Pain Level ကိုကျော်လွှားနိုင်သွားပါတယ်။

ဒါပေမယ့် တချို့ကစိတ်ပျော့တယ် Physical Pain က 50% ဆို Mental Suffering က 100% ထိဖြစ်တတ်ပါတယ် ဒီအခါမှာ Pain Level ကိုမကျော်နိုင်တော့ Yoga ခရီးကနေ ပျောက်ကွယ်သွားတတ်ကြတယ်။ တချို့ကလည်း ကိုယ့်ခန္ဓာကိုယ်ရဲ့ဖြစ်တည်မှုတိုင်းကို လက်မခံနိုင်ဘဲ အားမလိုအားမရစိတ်တွေနဲ့ပြစ်တင်ဝေဖန်ရင်း ငါလုပ်နိုင်မှာမဟုတ်ပါဘူးဆိုပြီး လက်မြှောက်အရှုံးပေးသွားကြပြန်တယ်။

ကျွန်မရဲ့အတန်းလေးတွေမှာတော့ Pain Level ကိုမကျော်နိုင်လို့ ပျောက်သွားတဲ့သူတွေလည်းရှိသလို Pain Level ကိုကျော်လွန်ဖြတ်သန်းပြီး သက်သောင့်သက်သာနဲ့ Yoga ခရီးကို ၆ လ/ ၁နှစ်ထိ အတူတူခရီးဆက်နေကြတဲ့ Yogi တွေလည်းရှိပါတယ်။

ဒါဆိုရင် Pain Level ကိုအချိန်ဘယ်လောက်ထိယူပြီးကျော်ဖြတ်ရမလဲလို့ မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ ဒီနေရာမှာ တခါတည်းဖြေရရင် တစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရရော၊ စားသောက်ခဲ့တဲ့အစာအာဟာရတွေအရရော၊ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေအရရော ကိုယ်လက်လှုပ်ရှားမှုအနည်းအများအရရော မတူညီနိုင်ကြတာကြောင့်တသမတ်တည်းပြောဖို့ရာခက်ခဲပါတယ်။

ကျွန်မရဲ့အတွေ့အကြုံအရတော့ အားလုံးကို ယေဘုယျအားဖြင့် ခြုံပြောရရင် ၁ လကနေ ၃လလောက်ထိ ပြင်းထန်တဲ့ Pain Level ကိုကျော်ဖြတ်ရနိုင်ပါတယ် ဒါတောင်တစ်ယောက်နဲ့တစ်ယောက် Pain ရတဲ့ Asana Posture တွေမတူညီကြပါဘူး။
၄/၅ နှစ်လေ့ကျင့်လာတဲ့ ကျွန်မကိုယ်တိူင်တောင်မှ အမြဲပုံမှန်လေ့ကျင့်မရှိတဲ့ Asana တွေလေ့ကျင့်တဲ့အခါ Pain ရနေတုန်းပါပဲ။

ဒါကြောင့် Yoga ခရီးဟာ ရေရှည်ခရီးဖြစ်တာကြောင့် စိတ်ရှည်ရပါတယ် စိတ်ဓာတ်သန်မာရပါတယ်။ ဘာလာလာရင်ဆိုင်ကျော်ဖြတ်ရမယ်ဆိုတဲ့ စိတ်ရဲ့သန်မာမှုကို ပြုစုပျိုးထောင်ရတာဖြစ်သလို သီးခံမှု လက်ခံတတ်မှုကိုလည်း တပြိုင်နက်တည်းမှာ တည်ဆောက်နေရတာဖြစ်ပါတယ်။

Yoga ဆိုတာ
ကိုယ့်ခန္ဓာကိုယ်ရဲ့ ဖြစ်တည်မှုအားလုံးကို ချစ်ခြင်းမေတ္တာနဲ့ အပြည့်အဝလက်ခံပေးပြီး စိတ်ရှည်သီးခံမှုကိုပြုစုပျိုးထောင်ရင်း ဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်သန်မာမှုကိုတည်ဆောက်ယူရတာ၊ တပြိုင်နက်တည်းမှာ စိတ်ရောခန္ဓာပါ ပျော့ပြောင့်မှုနဲ့ဟန်ချက်ညီမှုကိုရရှိပြီး Ease State ဆိုတဲ့သက်သောင့်သက်သာဖြစ်မှုဆီကိုရောက်ရှိလာတာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့လူ့သဘာဝကိုက ဘဝမှာ ကိုယ်လိုချင်တာကို ပင်ပင်ပန်းပန်း အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူရချင်ကြတယ်။
ဒါပေမယ့် ဘယ်အရာမှ အလွယ်တကူမရနေတာကလည်းဘဝပဲဖြစ်ပါတယ်။

ဒီစာလေးကလေ တခြား Exercise တွေထက် Yoga က ညင်ညင်သာသာလေးနဲ့ ပိုသက်သာမယ်ထင်လို့ဆိုတဲ့ တချို့ Yogis တွေအတွက်ပါ။ Yoga ဟာ Exercise အမျိုးအစားလည်းမဟုတ်သလို ဘာကိုမှအလွယ်တကူရဖို့မမျှော်လင့်ပါနဲ့ Yoga ခရီးကိုလျှောက်ရင် အေးချမ်းနေမယ် ကြည်လင်နေမယ်ဆိုပေမယ့် အေးချမ်းတဲ့ ကြည်လင်တဲ့ဆီရောက်ဖို့ရာက အဆင့်ဆင့်တွေကျော်ဖြတ်ရပါမယ်နော်။

💜Yogis Y🤍

04/07/2026

Plank Pose (Phalakasana) တွေလေ့ကျင့်ရတာဟာ အဓိက Core and Gluteus muscles Engagement လုပ်ပြီး လေ့ကျင့်ရတာမို့ ဝမ်းဗိုက်နဲ့တင်ပါးလေးတွေ နာကျင်မှုရှိပါတယ်…

သို့သော်လည်း သူ့ရဲ့ ကောင်းကျိုးတွေကတော့ အင်မတန်များပါတယ် pose ကိုကြာကြာထိန်းထားနိုင်ရင် ထိန်းထားနိုင်သလောက် ခန္ဓာကိုယ်ရဲ့ ဝမ်းဗိုက် ပေါင်နဲ့ လက်မောင်းက မလိုအပ်တဲ့အဆီပိုတွေကို လျော့ချပေးနိုင်ပြီး ခါးနာခြင်းကိုသက်သာစေသလို ပခုံးနဲ့ ကျောရိုးကို aline ဖြစ်စေတာကြောင့် ခါးကိုင်းတာ လက်ပြင်ကုန်းတာ စတဲ့ Body posture မမှန်တာတွေကို အကောင်းဆုံးပြုပြင်ပေးနိုင်ပါတယ်…

လေ့ကျင့်ကြည့်ပါနော်…

02/07/2026

အားရကျေနပ်ရပါသော Baby လေးတွေမေမေ ကိုယ့်ကိုယ်ကိုအချိန်လေးရအောင် ယူတတ်လို့လည်း အများကြီး ဂုဏ်ယူရပါတယ်…🫶🧘🏻‍♀️

31/03/2026

Tr. အသံလေးကြားနေရမှဆိုတဲ့ အဖွဲ့က သီးသန့်ရှိတာ…🧘🏻‍♀️🧘🏻‍♀️🧘🏻‍♀️

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

701, Naing Group Classic Strand Condo, Corner Of 27th Street , 12 Floor, Strand Road, Pabedan Township Yangon
Yangon
11141