Future Stars Football Training

Future Stars Football Training

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Stars Football Training, Sports & Fitness Instruction, Yangon.

🏆 AFC Best Grassroots Club Award 2025
🏅 MFF Special Grassroots Award 2025

⭐Nurturing Future Stars aged 7–15 through quality grassroots football, discipline & passion ⚽✨
Since 2019, across 14 classes in Yangon, we’ve shaped 4,000+ young football dreams.

02/07/2026

Match Day Moments ⚽🔥🥅

​Future Stars Football Training ရဲ့ နွေရာသီသင်တန်းသားလေးများ နှင့် သက်လုံအကယ်ဒမီအသင်းတို့ရဲ့ Friendly Match အမှတ်တရများကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 🤗

​ဒီပွဲလေးမှာ နှစ်ဘက်အသင်းလုံးမှ ကလေးတွေဟာ တက်တက်ကြွကြွနဲ့ Chances တွေဖန်တီး၊ ဂိုးတွေသွင်းယူရင်း အားကျစရာ Team Spirit ကို ပြသခဲ့ကြပါတယ်။ ကွင်းထဲမှာ ကစားရင်းနဲ့တင် ကလေးတွေရဲ့ Communication, Positioning နဲ့ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မှုတွေကို သိသိသာသာ မြင်တွေ့ခဲ့ရလို့ တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ် 👏

​Friendly Match တွေရဲ့ အကျိုးကျေးဇူးက ဘာတွေလဲ?
• ​Game Situation ကို ပိုမိုနားလည်လာခြင်း
• ​Decision Making ပိုမိုမြန်ဆန်လာခြင်း
• ​မိမိကိုယ်ကိုယ် Confidence ပိုမိုတိုးတက်လာခြင်း တို့ဖြစ်ပါတယ်

​ပွဲပြီးဆုံးချိန်မှာ အပြန်အလှန်လက်ဆွဲနှုတ်ဆက်ပြီး အမှတ်တရပုံရိပ်တွေ ရိုက်ကူးခဲ့ကြတာက ဘောလုံးအားကစားရဲ့ စစ်မှန်တဲ့ချစ်ကြည်ရေး True Spirit ပါပဲ 🤝📸

​🌟 Future Stars Football Training မှာတော့
Training ထဲမှာ သင်ယူထားတဲ့ Skills တွေကို
Match မှာ အသုံးချနိုင်အောင်
Friendly Matches တွေကစားဖို့ စီစဉ်ပေးနေပါတယ်

🏆 AFC Best Grassroots Club Award 2025 ဆုရရှိထားတဲ့ တစ်ခုထဲသော မြန်မာ့ဂုဏ်ဆောင် Grassroots Football Academy တစ်ခုဖြစ်ပြီး
၂၀၁၉ ခုနှစ်ကတည်းက ကလေးတွေအတွက် Quality Training တွေကို
Professional Coaches တွေနဲ့အတူ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါတယ်

☎️ စုံစမ်းရန် - 09-405276076 / 09-405276077

30/06/2026

🎉🎊 ပြည်သူ့ရင်ပြင်ကွင်းမှာ စနေ တနင်္ဂနွေ မနက်ပိုင်း တန်းခွဲလေးကို ဖွင့်လှစ်သင်ကြားပေးနေပါပြီ 🌟

စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက် မနက်ပိုင်း တန်းခွဲလေးဖြစ်တာကြောင့် Future Stars လေးတို့အတွက် အဆင်ပြေဆုံးဖြစ်မှာပါနော် 🤗

🥅 သင်တန်းနေရာကလည်း သွားလာရလွယ်ကူတဲဲ့ - ပြည်သူ့ရင်ပြင်ဝန်းထဲက Central Sports Complex (CSC ဖူဆယ်မြက်ခင်းတုကွင်း)၊ မြေနီကုန်း၊ ပြည်သူ့ရင်ပြင် ပြည်လမ်းဝင်ပေါက်အနီးမှာ ဖြစ်ပါတယ်

📍Google map location
https://maps.app.goo.gl/U9VgoXQe8md276Zc7

⏰ သင်တန်းအချိန် - အပတ်စဥ် စနေနဲ့ တနင်္ဂနွေ မနက် ၇ နာရီ မှ ၈း၃၀ နာရီအထိ။

⚽🏃အစမ်းလာရောက်လေ့ကျင့်ကစားချင်တဲ့ ကလေးများအတွက်လည်း Free Trial တစ်ချိန်စီ လေ့ကျင့်ကစားဖို့ စီစဥ်ပေးပါမယ်။

🏆 အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်တဲ့ "AFC Best Grassroots Club Award 2025" ဆုရ Future Stars မှာ အသက် ၇ နှစ်မှ ၁၅ နှစ်အရွယ် ကလေးငယ်တွေကို AFC နည်းပြလိုင်စင်ရ Professional နည်းပြများက အခြေခံကစပြီး စနစ်တကျ လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ တန်းခွဲ (၁၄) ခုမြောက်အထိ တိုးချဲ့နိုင်ခြင်းဟာ Future Stars လေးတွေနဲ့ မိဘများရဲ့ ယုံကြည်မှုကြောင့်ပဲ ဖြစ်ပါတယ်!

☎ သင်တန်းအကြောင်း အသေးစိတ်စုံစမ်းဖို့နဲ့ စာရင်းပေးသွင်းဖို့အတွက် ဖုန်းနံပတ် 09405276076 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်

​⚽ Future Stars နဲ့အတူ ကြယ်ပွင့်လေးတွေဖြစ်ဖို့ အခုပဲ စတင်လိုက်ရအောင်! ⚽

​

28/06/2026

🌟 သုဝဏ္ဏကွင်းမှာ Waiting List စောင့်စရာမလိုတော့ဘူးနော်! Future Stars လေးတွေအတွက် မိုးရာသီတန်းခွဲလေးမှာ လေ့ကျင့်ကစားနိုင်ပါတယ် 🌟

​Future Stars Football Training မှာ လေ့ကျင့်ကစားချင်ပေမယ့် လူပြည့်နေလို့ စောင့်နေရတဲ့ သားသားမီးမီးတို့အတွက် သတင်းကောင်းပါ! သုဝဏ္ဏမြက်ခင်းတု လေ့ကျင့်ရေးကွင်းကြီး မှာ မိုးရာသီ တန်းခွဲအသစ်လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ 🤗

​✨ ဘာကြောင့် Future Stars ကို ရွေးချယ်သင့်တာလဲ?
Future Stars Football Training ဟာ အာရှဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်ချီးမြှင့်တဲ့ "AFC Best Grassroots Club Award 2025" ဆုကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ ဘောလုံးအကယ်ဒမီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ရန်ကုန်မြို့တစ်ခွင်မှာ တန်းခွဲပေါင်း (၁၄) ခုဖွင့်လှစ်ပြီး AFC နည်းပြလိုင်စင်ရ Professional နည်းပြများ ကိုယ်တိုင် စနစ်တကျ သင်ကြားပေးနေတာကြောင့် ယုံကြည်စိတ်ချစွာ လေ့ကျင့်ကစားနိုင်ပါတယ်။

​📅 သင်တန်းအသေးစိတ်
📍 သင်တန်းနေရာ: သုဝဏ္ဏအကယ်ဒမီ မြက်ခင်းတုကွင်းကြီး (Goal Hotel ဘေး၊ ဝေဇယန္တာလမ်းမပေါ်)

📍Google Map Location
https://maps.app.goo.gl/aryKwLceoCA7scWz6

⏰ အချိန်: အပတ်စဉ် ဗုဒ္ဓဟူးနဲ့ သောကြာနေ့ ညနေ ၆:၃၀ နာရီ မှ ည ၈:၃၀ နာရီအထိ

👦 အသက်အရွယ်: ၇ နှစ် မှ ၁၅ နှစ်အထိ

​🎁 အထူးအစီအစဉ်:
အစမ်းလေ့ကျင့်ကြည့်ချင်တဲ့ ကလေးငယ်များအတွက် Free Trial (၁) ကြိမ် အခမဲ့ လာရောက်ကစားနိုင်ဖို့ စီစဉ်ပေးထားပါတယ်

​📞 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်:

တန်းခွဲလေးမှာ နေရာမပြည့်ခင် အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြရအောင်နော်။
📲 09-405276076, 09-405276077

​🌟 Future Stars လေးတွေရဲ့ သုဝဏ္ဏတန်းခွဲနဲ့ ​မြောက်ဒဂုံတန်းခွဲတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ယှဥ်ပြိုင်ကစားကြပုံများကို တင်ဆက်ပေးလိုက်ပါတယ် 🤗

​

27/06/2026

🌟 ခန့်ညားမှုနှင့် ထည်ဝါခြင်းတို့ ပေါင်းစပ်ရာ Future Stars Football Training ရဲ့ White & Gold Edition ဂျာစီအသစ် 🌟

​"ဘယ်အသင်းနဲ့မှမတူတဲ့ ထူးခြားမှု၊ စွဲမက်ဖွယ်ကောင်းတဲ့ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ "
Future Stars ဂျာစီလေးတွေဟာ ရိုးရှင်းတဲ့ အားကစားဝတ်စုံတစ်ခုထက်မကဘဲ အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ခွန်အားကို ဖော်ဆောင်ပေးတဲ့ ပြိုင်ဘက်ကင်းတဲ့ ဝတ်စုံများ ဖြစ်ကြပါတယ်။

​လှပသစ်လွင်တဲ့ ဂျာစီဒီဇိုင်းတိုင်းမှာ ထူးခြားချက်တစ်ခုအနေနဲ့ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေကို ကိုယ်စားပြုထားတဲ့ "တောက်ပတဲ့ ကြယ်ပွင့်လေးများ" က အမြဲတမ်းဂုဏ်ယူစွာဖြင့် ကိန်းအောင်းပါဝင်လို့နေပါတယ် ✨🌟

​✨ ယခုတစ်ခေါက်မှာတော့ ခန့်ညားထည်ဝါပြီး စမတ်ကျလှပစေမယ့် "အဖြူရောင်နှင့် ရွှေရောင်တို့ရဲ့ White & Gold" ပေါင်းစပ်မှုကို ဆန်းသစ်ပြီး ဒီဇိုင်းဖန်တီးထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

​ Future Stars လေးတို့ရဲ့ ခန့်ညားလှပလွန်းတဲ့ ဂျာစီများကို အကောင်းဆုံး အရည်အသွေး၊ အလှပဆုံး ပုံစံဖြင့် ထွက်ရှိလာအောင် အမြဲတမ်း အစစအရာရာ ပံ့ပိုးစီစဉ်ပေးခဲ့ကြတဲ့ Olympic Sports Collection နှင့် Rhino Sportswear Myanmar တို့ကိုလည်း Future Stars မိသားစုများမှ အထူးပင် ကျေးဇူးတင်ရှိအပ်ပါတယ် 🤗

​ဂျာစီအသစ်လေးတွေ ကိုယ်စီဝတ်ဆင်ပြီး၊ ကွင်းထဲမှာ ပိုမိုတောက်ပ ခန့်ညားလှပနေတဲ့ Future Stars လေးတွေရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ် 🥰

​☎ အသေးစိတ်စုံစမ်းရန်နှင့် သင်တန်းစာရင်းပေးသွင်းရန်-
ဖုန်း - 09405276076

​

26/06/2026

🏆⚽️ Future Stars Football Training ၏ နွေရာသီဘောလုံးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး ⚽️🏆

Future Stars Football Training ၏ Summer Football Classes 2026 ဆုပေးပွဲအခမ်းအနားကို 14.6.2026 ရက်နေ့တွင် StarCity Sports Club ရှိ Sunset Field ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

မိုးဦးရာသီ၏ မိုးသည်းထန်စွာ ရွာသွန်းမှုများကြားမှပင် Future Stars လေးများ၏ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှုများနှင့် မိဘများ၏ တစ်ခဲနက် အားပေးမှုများကြောင့် "Future Stars Skill Challenge" ပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ 🌧️⚽️

ယခု နွေရာသီဘောလုံးသင်တန်းတွင် တန်းခွဲ (၁၂) ခုမှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ လေ့ကျင့်ရေးကာလတစ်လျှောက် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြသော ဘောလုံးသမားလေးများကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 🌟

🙏 အထူးကျေးဇူးတင်ရှိခြင်း
ယခု နွေရာသီသင်တန်းများနှင့် ဆုပေးပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော -
⚽️ သင်တန်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ
⚽️ Future Stars Football Training မှ နည်းပြဆရာများနှင့် တာဝန်ရှိသူများ
📸 အခိုက်အတန့်များကို မှတ်တမ်းတင်ရိုက်ကူးပေးခဲ့သော Blade Photography
🥤🏅 ဆုတံဆိပ်များနှင့် Recharging Drinks များအား ပံ့ပိုးကူညီပေးခဲ့သော Royal D
🏟️ အခမ်းအနားကျင်းပရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စေရန် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သော StarCity Sports Club မှ တာဝန်ရှိသူများ
အားလုံးကို Future Stars Football Training မိသားစုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

📌 အနူးအညွတ် တောင်းပန်အပ်ခြင်း
အခမ်းအနားကျင်းပနေစဉ် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ဆုပေးရန် အရေးပေါ် နေရာပြောင်းလဲကျင်းပခဲ့ရပါသည်။ နေရာထိုင်ခင်း အဆင်မပြေမှု တစ်စုံတစ်ရာ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် Future Stars Football Training မှ အနူးအညွတ် တောင်းပန်အပ်ပါသည်။

⛈️⚽️ မိုးရာသီဘောလုံးသင်တန်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိ

နွေရာသီသင်တန်းများ ပြီးဆုံးသွားသော်လည်း Future Stars လေး များ၏ ဘောလုံးစွမ်းရည်နှင့် ကိုယ်ကာယကြံ့ခိုင်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးရာသီဘောလုံးသင်တန်းများကို ရန်ကုန်မြို့နယ်အသီးသီးရှိ မိုးလုံလေလုံကွင်းများနှင့် မြက်ခင်းတုကွင်းများတွင် တန်းခွဲ (၁၂) ခုဖြင့် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ဘောလုံးအားကစားကို စနစ်တကျ သင်ယူလိုသော အသက် (၇) နှစ်မှ (၁၅) နှစ်အရွယ် ကလေးငယ်များအတွက် စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။

☎️ 09-405276076

25/06/2026

🌧️⚽ မိုးရွာနေလို့ ဘောလုံးမကစားရတော့ဘူးလား? 🤔

Future Stars Football Training မှာတော့ မိုးရာသီရောက်လည်း Training မရပ်ပါဘူးနော်! 💪🔥

မိုးရေမစို၊ နေမပူဘဲ အေးအေးချမ်းချမ်း လေ့ကျင့်ချင်တဲ့ Future Stars လေးတွေအတွက် 🏟️✨ မိုးလုံလေလုံ Indoor Training Ground တွေမှာ ပုံမှန်လေ့ကျင့်နိုင်ပါတယ်။

Indoor မြက်ခင်းတုကွင်းတွေက အမိုးအကာ အပြည့်အစုံရှိတဲ့အတွက် 🌧️❌ မိုးရွာနေလည်း စိတ်ချလက်ချ လာရောက်လေ့ကျင့်နိုင်ပြီး ⚽️ Skill Development, Fitness နဲ့ Technical Ability တွေကို အဆက်မပြတ် တိုးတက်အောင် လေ့ကျင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ 💯🔥

🏟️ မိုးလုံလေလုံ မြက်ခင်းတုကွင်း တန်းခွဲများ

📍 တန်းခွဲ (၃) 🏟️ Zabu Futsal (ဇမ္ဗူဖူဆယ်ကွင်း)၊ ဦးဝိစာရလမ်း၊ မြောက်ဒဂုံ
📅 Every Tuesday & Thursday
⏰ 4:00 PM – 6:00 PM

📍 တန်းခွဲ (၁) 🏟️ Indoor Artificial Turf Futsal Ground၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်
📅 Every Monday & Wednesday
⏰ 4:00 PM – 5:30 PM

🌟 မိုးရွာလည်း မရပ်ဘူး... 🌟 လေ့ကျင့်မှုလည်း မပျက်ဘူး... 🌟

⚽️ Future Stars လေးတွေနဲ့အတူ ပိုကောင်းတဲ့ ကစားသမားဘဝကို နေ့စဉ် တည်ဆောက်ကြရအောင်!

📞 အသေးစိတ်စုံစမ်းရန် - 09 405 276 076

Photos from Future Stars Football Training's post 24/06/2026

🏆 စိန်ခေါ်မှုတွေကြားက အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ "Future Stars Skill Challenge Final ပွဲစဥ်များ" 🏆

​မိုးဦးရာသီရဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေက Future Stars လေးတွေရဲ့ ဘောလုံးအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ပါဘူး! 🌧️⚽️

​မိဘများရဲ့ တစ်ခဲနက်အားပေးမှု၊ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အတူ "Future Stars Skill Challenge" ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဥ် ကို StarCity Sports Club ရှိ Sunset Field ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာနဲ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်

​🎯 ပြိုင်ပွဲ၏ ရည်ရွယ်ချက်နှင့် ထူးခြားချက်များ
​ဒီပြိုင်ပွဲကို ကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ ဘောလုံးစွမ်းရည် (Football Skills) များ ပိုမိုမြင့်မားလာစေရန် နှင့် ၎င်းတို့ လေ့ကျင့်ထားသမျှကို စနစ်တကျ ပြသခွင့်ရရှိစေရန် ဖြစ်ပါတယ်။
​ပွဲစဉ်တစ်လျှောက်လုံးမှာ Future Stars လေးတွေဟာ မိမိတို့ရဲ့ Skill တွေကို အားကြိုးမာန်တက် ထုတ်ဖော်ပြသပြီး အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။

​🥇 ဂုဏ်ပြုဆုချီးမြှင့်ခြင်း
​ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းရည်ပြသပြီး ထိုက်ထိုက်တန်တန် အနိုင်ရရှိသွားခဲ့ကြတဲ့ အရည်အချင်းရှိတဲ့ ကလေးငယ်များကိုလည်း ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပါတယ်။ စွမ်းဆောင်ရည်ကောင်းများကို ပြသခဲ့တဲ့ Future Stars လေးများအားလုံးကို FSFT မိသားစုမှ အထူးပင် ဂုဏ်ယူမိပါတယ်။

​🙏 အထူးကျေးဇူးတင်လွှာ
​ယခုပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော -
⚽️ သင်တန်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ
⚽️ Future Stars Football Training မှ နည်းပြဆရာများနှင့် တာဝန်ရှိသူများ
📸 အမှတ်တရအခိုက်အတန့်များကို မှတ်တမ်းတင်ရိုက်ကူးပေးခဲ့သော Blade Photography
🥤🏅 ဆုတံဆိပ်များနှင့် Recharging Drinks များအား ပံ့ပိုးကူညီပေးခဲ့သော Royal D
🏟️ အခမ်းအနားကျင်းပရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စေရန် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သော StarCity Sports Club မှ တာဝန်ရှိသူများ
အားလုံးကို Future Stars Football Training မိသားစုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ရှေ့ဆက်ပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့အတူ ကလေးတို့ရဲ့ အနာဂတ်ကို ပြုစုပျိုးထောင် ပေးသွားဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်

သင်တန်းအကြောင်း အသေးစိတ်စုံစမ်းရန်
📲 09405276076 ကို ဆက်သွယ်နိုင်ပါတယ်

​

21/06/2026

Future Stars Football Training ရဲ့ ကြယ်ပွင့်လေးတွေအတွက် ယုံကြည်မှုနဲ့ စိတ်ဓာတ်ခွန်အားတွေကို ပေးစွမ်းနိုင်မယ့် White & Gold Edition Jersey ကို အကောင်းဆုံး ဖန်တီးပေးခဲ့တဲ့အတွက် Rhino Sportswear Myanmar ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဂျာစီလေးကို ​ဝတ်ဆင်လိုက်တာနဲ့ ကလေးတွေရဲ့ မျက်နှာမှာ ယုံကြည်မှုတွေ၊ ပျော်ရွှင်မှုတွေ ချက်ချင်း ပေါ်လွင်လာစေတဲ့အထိ Quality ရော Design ပါ တကယ့်ကို စိတ်တိုင်းကျရပါတယ်။ လူငယ်ကစားသမားလေးတွေရဲ့ အိပ်မက်တွေကို အခုလို တစ်ဖက်တစ်လမ်းကနေ အမြဲပံ့ပိုးပေးနေတဲ့အတွက် အများကြီး ဂုဏ်ယူမိပါတယ်။ ရှေ့ဆက်ပြီးလည်း နှစ်ပေါင်းများစွာ အတူတူ လက်တွဲသွားကြမယ်လို့ မျှော်လင့်ပါတယ် 🤝

ကွင်းထဲမှာ Confidence ရှိဖို့ Skill တစ်ခုတည်း မလုံလောက်ပါဘူး။
ကိုယ့်အသင်းကို ကိုယ်စားပြုနိုင်တဲ့ Identity တစ်ခု၊ ဂုဏ်ယူစွာ ဝတ်ဆင်နိုင်တဲ့ Jersey တစ်ထည်လည်း လိုအပ်ပါတယ်။ ✨
Future Stars Football Training အတွက် အထူးဖန်တီးထားတဲ့ White & Gold Edition Jersey ဟာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေအတွက် ရည်ရွယ်ထားတဲ့ Design တစ်ခုဖြစ်ပြီး ယုံကြည်မှု၊ စိတ်ဓာတ်ခွန်အားနဲ့ အသင်းစိတ်ဓာတ်ကို ဖော်ပြပေးနိုင်ဖို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။
Rhino Sportswear Myanmar အနေနဲ့ လူငယ်ကစားသမားလေးတွေရဲ့ အိပ်မက်တွေကို ပံ့ပိုးပေးနိုင်တဲ့ Teamwear တွေကို ဆက်လက်ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ ⚽💛

Photos from Future Stars Football Training's post 20/06/2026

🏆⚽️ Future Stars Football Training ၏ နွေရာသီဘောလုံးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး ⚽️🏆

Future Stars Football Training ၏ Summer Football Classes 2026 ဆုပေးပွဲအခမ်းအနားကို 14.6.2026 ရက်နေ့တွင် StarCity Sports Club ရှိ Sunset Field ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

မိုးဦးရာသီ၏ မိုးသည်းထန်စွာ ရွာသွန်းမှုများကြားမှပင် Future Stars လေးများ၏ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှုများနှင့် မိဘများ၏ တစ်ခဲနက် အားပေးမှုများကြောင့် "Future Stars Skill Challenge" ပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ 🌧️⚽️

ယခု နွေရာသီဘောလုံးသင်တန်းတွင် တန်းခွဲ (၁၂) ခုမှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ လေ့ကျင့်ရေးကာလတစ်လျှောက် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြသော ဘောလုံးသမားလေးများကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 🌟

🙏 အထူးကျေးဇူးတင်ရှိခြင်း
ယခု နွေရာသီသင်တန်းများနှင့် ဆုပေးပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော -
⚽️ သင်တန်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ
⚽️ Future Stars Football Training မှ နည်းပြဆရာများနှင့် တာဝန်ရှိသူများ
📸 အမှတ်တရအခိုက်အတန့်များကို မှတ်တမ်းတင်ရိုက်ကူးပေးခဲ့သော Blade Photography
🥤🏅 ဆုတံဆိပ်များနှင့် Recharging Drinks များအား ပံ့ပိုးကူညီပေးခဲ့သော Royal D
🏟️ အခမ်းအနားကျင်းပရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စေရန် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သော StarCity Sports Club မှ တာဝန်ရှိသူများ
အားလုံးကို Future Stars Football Training မိသားစုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

📌 အနူးအညွတ် တောင်းပန်အပ်ခြင်း
အခမ်းအနားကျင်းပနေစဉ် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ဆုပေးရန် အရေးပေါ် နေရာပြောင်းလဲကျင်းပခဲ့ရပါသည်။ နေရာထိုင်ခင်း အဆင်မပြေမှု တစ်စုံတစ်ရာ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် Future Stars Football Training မှ အနူးအညွတ် တောင်းပန်အပ်ပါသည်။

⛈️⚽️ မိုးရာသီဘောလုံးသင်တန်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိ

နွေရာသီသင်တန်းများ ပြီးဆုံးသွားသော်လည်း Future Stars လေး များ၏ ဘောလုံးစွမ်းရည်နှင့် ကိုယ်ကာယကြံ့ခိုင်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးရာသီဘောလုံးသင်တန်းများကို ရန်ကုန်မြို့နယ်အသီးသီးရှိ မိုးလုံလေလုံကွင်းများနှင့် မြက်ခင်းတုကွင်းများတွင် တန်းခွဲ (၁၂) ခုဖြင့် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ဘောလုံးအားကစားကို စနစ်တကျ သင်ယူလိုသော အသက် (၇) နှစ်မှ (၁၅) နှစ်အရွယ် ကလေးငယ်များအတွက် စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။

☎️ 09-405276076

Photos from Future Stars Football Training's post 16/06/2026

🌟 ခန့်ညားမှုနှင့် ထည်ဝါခြင်းတို့ ပေါင်းစပ်ရာ Future Stars Football Training ရဲ့ White & Gold Edition ဂျာစီအသစ် 🌟

​"ဘယ်အသင်းနဲ့မှမတူတဲ့ ထူးခြားမှု၊ စွဲမက်ဖွယ်ကောင်းတဲ့ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ "
Future Stars ဂျာစီလေးတွေဟာ ရိုးရှင်းတဲ့ အားကစားဝတ်စုံတစ်ခုထက်မကဘဲ အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ခွန်အားကို ဖော်ဆောင်ပေးတဲ့ ပြိုင်ဘက်ကင်းတဲ့ ဝတ်စုံများ ဖြစ်ကြပါတယ်။

​လှပသစ်လွင်တဲ့ ဂျာစီဒီဇိုင်းတိုင်းမှာ ထူးခြားချက်တစ်ခုအနေနဲ့ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေကို ကိုယ်စားပြုထားတဲ့ "တောက်ပတဲ့ ကြယ်ပွင့်လေးများ" က အမြဲတမ်းဂုဏ်ယူစွာဖြင့် ကိန်းအောင်းပါဝင်လို့နေပါတယ် ✨🌟

​✨ ယခုတစ်ခေါက်မှာတော့ ခန့်ညားထည်ဝါပြီး စမတ်ကျလှပစေမယ့် "အဖြူရောင်နှင့် ရွှေရောင်တို့ရဲ့ White & Gold" ပေါင်းစပ်မှုကို ဆန်းသစ်ပြီး ဒီဇိုင်းဖန်တီးထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

​ Future Stars လေးတို့ရဲ့ ခန့်ညားလှပလွန်းတဲ့ ဂျာစီများကို အကောင်းဆုံး အရည်အသွေး၊ အလှပဆုံး ပုံစံဖြင့် ထွက်ရှိလာအောင် အမြဲတမ်း အစစအရာရာ ပံ့ပိုးစီစဉ်ပေးခဲ့ကြတဲ့ Olympic Sports Collection နှင့် Rhino Sportswear Myanmar တို့ကိုလည်း Future Stars မိသားစုများမှ အထူးပင် ကျေးဇူးတင်ရှိအပ်ပါတယ် 🤗

​ဂျာစီအသစ်လေးတွေ ကိုယ်စီဝတ်ဆင်ပြီး၊ ကွင်းထဲမှာ ပိုမိုတောက်ပ ခန့်ညားလှပနေတဲ့ Future Stars လေးတွေရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ် 🥰

​☎ အသေးစိတ်စုံစမ်းရန်နှင့် သင်တန်းစာရင်းပေးသွင်းရန်-
ဖုန်း - 09405276077, 09405276076

​

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00