ဘောလုံးသတင်းစုံ

ဘောလုံးသတင်းစုံ

Share

‌စိတ်ဝင်စားဖွယ် ဘောလုံးသတင်းများ
𝟭𝘅𝗯𝗲𝘁 𝗽𝗿𝗼𝗺𝗼𝗰𝗼𝗱𝗲 : 𝗕𝗮𝗹𝗹𝘁𝗵𝗮𝗱𝗶𝗻

03/06/2026

ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ကြီးဟာ ထူးခြားချက်တွေ၊ ဆန့်ကျင်ဘက် အစွန်းတရားတွေနဲ့ ပြည့်နှက်နေပြီး တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းနေပါပြီ။ ကမ္ဘာ့ဖလားဝင်ပြိုင်မယ့် ၄၈ သင်းရဲ့ ကစားသမားစာရင်း အပြီးသတ် ထွက်ပေါ်လာခဲ့ရာမှာ အသက်အရွယ်အပိုင်းအခြားအရ အလွန်အမင်း ကွာခြားလှတဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကို စုစည်းဖော်ပြပေးထားပါတယ်။

အသက်အကြီးဆုံး ဂန္ထဝင်တွေကနေ သမိုင်းသစ်ရေးမယ့် ဆယ်ကျော်သက်လေးတွေအထိ ကမ္ဘာ့ဖလားရဲ့ ရင်ခုန်စရာ အစုအဖွဲ့တွေကို အသေးစိတ် ကြည့်လိုက်ရအောင်ဗျာ။
ဒီနှစ်ကမ္ဘာ့ဖလားမှာ အသက် ၄၀ နဲ့ အထက်ရှိတဲ့ ဝါရင့်ကစားသမား ၇ ဦး အထိ ပါဝင်လာတာဟာ မယုံနိုင်စရာ စံချိန်တစ်ခုပါပဲ။

စကော့တလန်အသင်းရဲ့ ဂိုးသမားကြီး ခရစ်ဂ် ဂေါ်ဒွန် (၄၃ နှစ်၊ ၁၆၂ ရက်)ဟာ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အသက်အကြီးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ သူဟာ စကော့တလန်အသင်းအတွက် ၂၀၀၄ ခုနှစ်ကတည်းက ပထမဆုံးပွဲ ထွက်ခဲ့တာဖြစ်လို့ သူ့ရဲ့ လက်ရှိအသင်းဖော် တချို့ မမွေးခင်ကတည်းက လက်ရွေးစင် ဖြစ်နေခဲ့တာပါ။ သူသာ ကွင်းထဲ ခြေချခွင့်ရရင် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမား ဖြစ်လာမှာပါ။

အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုကတော့ ပေါ်တူဂီအသင်းကို ဦးဆောင်ပြီး သူ့ရဲ့ သမိုင်းဝင် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆင်နွှဲဖို့ အသင့်ဖြစ်နေပါပြီ။ အသက်က ကိန်းဂဏန်းတစ်ခုမျှသာဆိုတာကို ကမ္ဘာကြီးကို သက်သေပြဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အနာဂတ်ဘောလုံးလောကကို စိုးစံမယ့် အသက် ၂၀ အောက် ဆယ်ကျော်သက် ကြယ်ပွင့်လေး ၂၂ ဦးအထိ ကမ္ဘာ့ဖလား စင်မြင့်ထက်ကို တက်လှမ်းလာကြပါတယ်။
မက္ကဆီကိုအသင်းရဲ့ ကွင်းလယ်ပါရမီရှင်လေး "မိုရီတာ"(၁၇ နှစ်၊ ၂၄၀ ရက်) ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်ပါတယ်။ သူဟာ မက္ကဆီကိုလိဂ်မှာ အသက် ၁၅ နှစ်နဲ့ ဂိုးသွင်းပြီး စံချိန်ချိုးခဲ့သူဖြစ်သလို အခု ကမ္ဘာ့ဖလားမှာသာ ပွဲထွက်ခွင့်ရရင် မက္ကဆီကိုရဲ့ သမိုင်းတစ်လျှောက် အငယ်ဆုံး ကမ္ဘာ့ဖလား ကစားသမားအဖြစ် နှစ်ပေါင်း ၉၆ နှစ်ကြာ တည်ရှိနေတဲ့ စံချိန်ဟောင်းကို ဖျက်ဆီးပစ်နိုင်မှာ ဖြစ်ပါတယ်။

စပိန်အသင်းရဲ့ တိုက်စစ်မှူးလေး ယာမယ်(၁၈နှစ်)ကတော့ အသက် ၂၀ အောက် လူငယ်အစုအဖွဲ့ကို ဦးဆောင်လာမယ့် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးပါ။ သူ့ရဲ့ ပါရမီနဲ့ ကစားဟန်ဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ စပိန်ကို ချန်ပီယံဖြစ်စေဖို့ အဓိကသော့ချက်အဖြစ် ပရိသတ်တွေ မျှော်လင့်ထားကြပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ အသက် ၄၃ နှစ်အရွယ် ဂေါ်ဒွန်ရဲ့ ဝါရင့်မှုတွေနဲ့ ၁၇ နှစ်အရွယ် မိုရာတို့ရဲ့ တက်ကြွမှုတွေ ပေါင်းစပ်ပြီး ဘယ်လို စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေ၊ အံ့အားသင့်စရာ ရလဒ်တွေ ထွက်ပေါ်လာဦးမလဲဆိုတာ ကမ္ဘာ့ဘောလုံးဝါသနာရှင်တွေ ရင်ခုန်စွာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ⚽🔥

02/06/2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး နီးကပ်လာတာနဲ့အမျှ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရဆုံးအသင်း ဖြစ်လာတာကတော့ ပေါ်တူဂီအသင်း ပဲ ဖြစ်ပါတယ်။ အခုခေတ် ပေါ်တူဂီဟာ ဂန္ထဝင်တိုက်စစ်မှူးကြီး ခရစ်စတီယာနို ရော်နယ်ဒို တစ်ယောက်တည်းအပေါ်မှာပဲ မှီခိုနေတဲ့အသင်း မဟုတ်တော့ပါဘူး။

မေလ ၃၀ ရက်နေ့ညက PSG အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးပြီး ပူပူနွေးနွေး အောင်ပွဲခံထားတဲ့ "PSG ရဲ့ ပေါ်တူဂီ အန္တရာယ်ရှိ စွမ်းအားစု ၄ ဦး"ကြောင့် ပေါ်တူဂီရဲ့ စွမ်းပကားဟာ ပိုမိုကြောက်မက်ဖွယ်ကောင်းပြီး ပြီးပြည့်စုံတဲ့ "ရွှေရောင်မျိုးဆက်" တစ်ခု ဖြစ်လာခဲ့ပါပြီ။ PSG အသင်းရဲ့ ဥရောပအောင်မြင်မှုနောက်ကွယ်မှာ ပေါ်တူဂီကစားသမားတွေရဲ့ အခန်းကဏ္ဍက အဓိကကျခဲ့ပြီး အခုဆိုရင် အဲဒီကြောက်စရာအစုအဖွဲ့ဟာ ရော်နယ်ဒိုနဲ့ လက်တွဲဖို့ ပေါ်တူဂီစခန်းဆီ ဦးတည်နေပါပြီ။

ဗီတင်ညာ - ကွင်းလယ်ဖန်တီးရှင်ကြီး
အာဆင်နယ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမား (Man of the Match) ဆုရှင်ပါ။ ကွင်းလယ်ကို လိုသလို ထိန်းချုပ်မောင်းနှင်နိုင်ပြီး ပါးနပ်တဲ့ ဖြတ်တောက်မှု၊ လှပတဲ့ ဖန်တီးမှုတွေကြောင့် ပေါ်တူဂီကွင်းလယ်ရဲ့ အဓိကအင်ဂျင် ဖြစ်လာပါလိမ့်မယ်။

နူနို မန်ဒက်စ် - လျှပ်စီးလက်တိုက်စစ်ဆင်မယ့် နောက်ခံလူ
ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူစာရင်းဝင်ဖြစ်ပြီး နည်းပြ လူးဝစ်စ် အင်းနရစ်အောက်မှာ ခြေစွမ်းအတောက်ပဆုံး ဖြစ်နေသူပါ။ လျင်မြန်တဲ့ အရှိန်အဟုန်၊ အဆုတ်မရှိသလို ပြေးလွှားနိုင်တဲ့ ကြံ့ခိုင်မှုတွေနဲ့အတူ ဘယ်တိုက်စစ်ကြောင်းကို အသက်သွင်းပေးမယ့်သူ ဖြစ်ပါတယ်။

ဂျိုအို နိဗ်စ် - ကွင်းလယ်ရဲ့ သက်စောင့်အသက်
ငယ်ရွယ်ဖျတ်လတ်ပြီး ကြိုးစားအားထုတ်မှု အပြည့်ရှိတဲ့ ကွင်းလယ်ဖျက်ကစားသမားပါ။ ပြိုင်ဘက်တွေရဲ့ ကစားကွက်ကို ကြိုတင်ဖြတ်တောက်ရာမှာ ဆရာကျပြီး ဗီတင်ညာ၊ ဘရူနိုတို့ စိတ်ကြိုက်တိုက်စစ်ဆင်နိုင်ဖို့ ခံစစ်တံတိုင်းအဖြစ် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ဂွန်ကာလို ရာမို့စ် - သွေးအေးတဲ့ ဂိုးသွင်းစက်
ဧရိယာအတွင်းမှာ အခွင့်အရေးကို အပိုင်အသုံးချနိုင်တဲ့ တိုက်စစ်မှူးဖြစ်ပြီး ရော်နယ်ဒိုနဲ့အတူ ပေါ်တူဂီရဲ့ တိုက်စစ်အရောင်ကို ပိုမိုစုံလင်စေမယ့် ဂိုးသွင်းမုဆိုးတစ်ဦး ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အရှိန်အဝါနဲ့ ဂိုးသွင်းဗီဇက လျော့မသွားတဲ့ ကမ္ဘာ့ဂိုးသွင်းအများဆုံး အသင်းခေါင်းဆောင်ကြီး ခရစ်စတီယာနို ရော်နယ်ဒို ဟာ သူ့ရဲ့ သမိုင်းဝင် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပွဲစဉ် ကို ဆင်နွှဲဖို့ အသင့်ဖြစ်နေပါပြီ။ ဒါတင်မကသေးဘဲ ပေါ်တူဂီအသင်းမှာ သူတို့နဲ့အတူ တွဲဖက်ကစားမယ့်သူတွေကလည်း ကမ္ဘာ့အဆင့်တွေချည်းပါပဲ -

တိုက်စစ် - ရာဖေးလ် လီယောင်း ၊ ဖရန်စစ္စကို ကွန်ဆီဆာအို ၊ ဂျိုအို ဖီးလစ်
ကွင်းလယ် - ဘရူနို ဖာနန်ဒက်စ် ၊ ဘာနာဒို ဆေးလ်ဗား
ခံစစ် - ရူဘင် ဒီယက်စ် ၊ ဂျိုအို ကန်ဆယ်လို
ဂိုးသမား - ဒီယိုဂို ကော်စတာ

> ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် နေရာစုံမှာ ကမ္ဘာ့အဆင့် ချန်ပီယံတွေနဲ့ ပြည့်နှက်နေပြီး ရော်နယ်ဒိုလို ဂန္ထဝင်ခေါင်းဆောင်တစ်ဦးပါ ရှိနေတဲ့ ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားကြီးရဲ့ အကြောက်ရဆုံး ဗိုလ်စွဲမယ့် အသင်းကြီးတစ်သင်း ဖြစ်နေတာကတော့ ငြင်းပယ်လို့ မရနိုင်တဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။

> "Who will stop Portugal at the World Cup?" ဆိုတဲ့အတိုင်း ဒီတစ်ခါ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီရဲ့ ချန်ပီယံအိပ်မက်ကို ဘယ်အသင်းကများ တားဆီးနိုင်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

01/06/2026

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ညက ပြီးဆုံးသွားခဲ့တဲ့ ၂၀၂၆ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာရှင်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး ဖြစ်နေတာကတော့ PSG အသင်းရဲ့ တိုက်စစ်မှူး အူစမန် ဒမ်ဘီလီ ပဲ ဖြစ်ပါတယ်။ PSG အသင်းကို ချန်ပီယံလိဂ်ဖလား ၂ နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကိုပါ ထပ်မံသိမ်းပိုက်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လာခဲ့ပါပြီ။

ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့် တွေမှာ ဒမ်ဘီလီ ပြသခဲ့တဲ့ ခြေစွမ်းဟာ ကမ္ဘာ့အဆင့်ထက် ပိုလွန်နေပြီး ပြိုင်ဘက် ခံစစ်ကစားသမားတွေအတွက်တော့ တကယ့် "အိပ်မက်ဆိုး" တစ်ခုပါပဲ။ ဒမ်ဘီလီဟာ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ အရေးကြီးဆုံး ပွဲစဉ်တိုင်းမှာ အမြဲတမ်း ဂိုးသွင်းယူပြီး အသင်းကို ပခုံးထမ်း တင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ စံချိန်မှတ်တမ်းတွေကိုအသေးစိတ် ကြည့်လိုက်ရင် ရင်သပ်ရှုမောစရာပါပဲ -

ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာတင် သူ့ရဲ့ တားဆီးမရတဲ့ တိုက်စစ်အရှိန်အဟုန်ကို စတင် မီးညှိပြခဲ့ပြီး အဖိုးတန်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်ရဲ့ အင်အားကြီး လီဗာပူးလ်အသင်းနဲ့ ကွာတားဖိုင်နယ် တွေ့ဆုံချိန်မှာလည်း ဒမ်ဘီလီဟာ ထိန်းမနိုင်သိမ်းမရ ခြေစွမ်းပြကာ ခံစစ်ကြောင်းကို မွှေနှောက်ပြီး ၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်နဲ့ ပွဲကတော့ ဒမ်ဘီလီရဲ့ အကောင်းဆုံးညလို့ ပြောရပါလိမ့်မယ်။ အဝေးကွင်း၊ အိမ်ကွင်း နှစ်ကျော့စလုံးမှာ ဘိုင်ယန်ခံစစ်ကို ကစားကွက်မျိုးစုံနဲ့ ဖျက်ဆီးပြီး ဟက်ထရစ် (၃ ဂိုး) သွင်းယူခဲ့တဲ့အပြင် ဂိုးဖန်တီးမှု (၁) ကြိမ်ပါ ပြုလုပ်ကာ PSG ကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲကြီးမှာလည်း အသင်း ၁ ဂိုး - ၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဖိအားဝင်နေချိန် ပွဲချိန် ၆၅ မိနစ်မှာ အဖိုးတန်လှတဲ့ ချေပဂိုး (ပင်နယ်တီ) ကို တည်တည်ငြိမ်ငြိမ် သွင်းယူပေးခဲ့ကာ အသင်းကို ချန်ပီယံဆုဆီ လမ်းဖောက်ပေးခဲ့ပါတယ်။
ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ရာသီကလည်း အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ Ballon d'Or ဆုကို ဆွတ်ခူးထားခဲ့တာ ဖြစ်လို့ အခုတစ်ကြိမ်သာ ထပ်မံရရှိခဲ့ရင် Back-to-Back Ballon d'Or ချန်ပီယံအဖြစ် သမိုင်းသစ် ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့်တွေမှာတင် ၇ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီး နိုင်ခဲ့တဲ့ ဒမ်ဘီလီရဲ့ ဒီလို အံ့မခန်း ဂိုးသွင်းစံချိန်နဲ့ အသင်းကို ဥရောပဘုရင် ဖြစ်အောင် လုပ်ပေးနိုင်ခဲ့တဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ၂၀၂၆ ခုနှစ်ရဲ့ Ballon d’Or ရွှေဘောလုံးဆုဟာ သူ့လက်ထဲကိုပဲ ပြန်လည် ရောက်ရှိလာဖို့ ရာခိုင်နှုန်း အတော်လေး သေချာနေပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
သူ့ရဲ့ ရည်မှန်းချက်ကတော့ ရှင်းပါတယ်။ "Dembélé wants another one" ဆိုတဲ့အတိုင်း နောက်ထပ် ရွှေဘောလုံးတစ်လုံးကို အိမ်အရောက် သယ်ဆောင်သွားဖို့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဦးတည်နေပါပြီ။ ✨

31/05/2026

PSG အသင်းဟာ မေလ ၃၀ ရက်နေ့ညက ကစားခဲ့တဲ့ ၂၀၂၆ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းကို အသည်းယားစရာ အဆုံးအဖြတ်တွေနဲ့ ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။ ဒါဟာ PSG အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးပြီး သရဖူကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ခေတ်သစ်သမိုင်းမှာ Real Madrid ပြီးရင် ဥရောပဆုဖလားကို ၂ နှစ်ဆက်တိုက် ယူနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့ရှိ Puskás Aréna မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒီဗိုလ်လုပွဲဟာ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ ပွဲချိန် ၆ မိနစ် မှာအာဆင်နယ်အသင်းက ပွဲစစချင်းမှာတင် တိုက်စစ်မှူး ကိုင် ဟာဗက်ဇ် ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့လို့ PSG တို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၆၄ မိနစ် မှာတော့ ကာဗာရက်စကယ်လီယာ ပင်နယ်တီဧရိယာထဲ အဖျက်ခံရတာကြောင့် PSG ပင်နယ်တီ ရရှိခဲ့ပြီး အူစမန် ဒမ်ဘီလီ က အမှားအယွင်းမရှိ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

မိနစ် ၉၀ နဲ့ အချိန်ပို ၁၂၀ မိနစ်အထိ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။
ပင်နယ်တီကန်သွင်းရာမှာတော့ စိတ်ဓာတ်ပိုင်း ပိုမိုတည်ငြိမ်တဲ့ PSG က ၄-၃ ရလဒ် နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဘက်က အီဇီ နဲ့ နောက်ခံလူ ဂါဘရီရယ် တို့ ပင်နယ်တီ လွဲချော်ခဲ့ကြတာကြောင့် အာဆင်နယ်ရဲ့ ပထမဆုံး ဥရောပအိပ်မက် ပျက်ပြယ်ခဲ့ရပြီး နည်းပြ လူးဝစ်စ် အင်းနရစ် ရဲ့ PSG အသင်းကတော့ ဥရောပဘုရင်အဖြစ် ဆက်လက်စိုးစံခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။

30/05/2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ခြိမ်းခြောက်နေတဲ့ ထိပ်သီးအသင်းကြီးတွေရဲ့ ရှေ့တန်းတိုက်စစ်အတွဲတွေကတော့ ပြိုင်ဘက်ခံစစ်မှူးတွေကို အိပ်မက်ဆိုးတွေပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တစ်သင်းချင်းစီရဲ့ တိုက်စစ်အင်အားက တကယ့်ကို ထိတ်လန့်စရာကောင်းလှပါတယ်။

အာဂျင်တီးနား 🇦🇷 ဂန္ထဝင် မက်ဆီ ရဲ့အတွေ့အကြုံတွေနဲ့အတူ လော်တာရို ၊ အယ်လ်ဗာရက်ဇ် တို့လို သွေးသစ်စက်ပွားတွေ ပေါင်းစပ်ထားတဲ့ လက်ရှိချန်ပီယံတို့ရဲ့ သေနတ်သုံးပြောင်းတိုက်စစ်တန်း။
ပေါ်တူဂီ 🇵🇹 (၆) ကြိမ်မြောက် ကမ္ဘာ့ဖလားကို စံချိန်တင်ဆင်နွှဲမယ့် ဂိုးသွင်းဘုရင် ရော်နယ်ဒို ကို အထိုင်ထားပြီး ဉာဏ်ကြီးရှင် ဘာနာဒို နဲ့ ဂျိုအာဖီးလစ် တို့ ဝန်းရံထားတဲ့ နည်းဗျူဟာမြောက် တိုက်စစ်။
ဘရာဇီး 🇧🇷 ဆမ်ဘာအကအလှတွေနဲ့အတူ လျှပ်စီးလိုမြန်တဲ့ ဗီနီစီယပ်စ် ၊ ကူညာ နဲ့ ရီဖင်ညာ တို့ရဲ့ ထိန်းမနိုင်သိမ်းမရ အဖျက်စွမ်းအားပြင်း ရှေ့တန်းအတွဲ။
ပြင်သစ် 🇫🇷 ကမ္ဘာ့အန္တရာယ်အရှိဆုံး တိုက်စစ်မှူး ဘာပေ ရဲ့ ဦးဆောင်မှုအောက်မှာ အမြန်နှုန်းမြင့် ဒမ်ဘီလီ နဲ့ လူငယ်ကြယ်ပွင့် ဒူယေး တို့ ပါဝင်တဲ့ တားဆီးရခက်ခဲမယ့် တိုက်စစ်အင်ပါယာ။
အင်္ဂလန် 🏴󠁧󠁢󠁥󠁮󠁧󠁿 ဂိုးသွင်းစက်ကြီး ဟာရီကိန်း ၊ သမိုင်းဝင်မှတ်တိုင်တွေ ချိုးဖျက်ထားတဲ့ ဆာကာ နဲ့ အားကိုးရတဲ့ ဝတ်ကင်စ် တို့ရဲ့ ပရီးမီးယားလိဂ်အဆင့်အတန်းမြင့် တိုက်စစ်စွမ်းပကား။

ဒီလို နာမည်ကြီးပြီး ကြောက်စရာကောင်းတဲ့ တိုက်စစ်အတွဲတွေထဲမှာ ဘယ်နိုင်ငံရဲ့ တိုက်စစ်က ဂိုးအများဆုံး သွင်းယူပြီး ပြိုင်ဘက်တွေကို အမှုန့်ကြိတ်နိုင်မယ်လို့ ထင်သလဲဗျ? 👀💥

29/05/2026

ပရီးမီးယားလိဂ်အသင်းတွေဟာ ဒီရာသီ ဥရောပမြေပေါ်မှာ တကယ့်ကို အံ့မခန်း စွမ်းဆောင်ရည်တွေနဲ့ စိုးမိုးပြနေပြီး "ကမ္ဘာ့အကောင်းဆုံးလိဂ်" ဆိုတဲ့ အဆင့်အတန်းကို သက်သေပြဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။

ဖလား (၃) လုံးမှာ (၂) လုံးက အင်္ဂလန်မြေပေါ်ရောက်ပီးဖြစ်နေပါပြီ။ အက်စတွန်ဗီလာ က ယူရိုပါလိဂ် ဖလားကို သိမ်းပိုက်ခဲ့သလို၊ ခရစ္စတယ်ပဲလေ့စ် ကလည်း ကွန်ဖရင့်လိဂ် ဖလားကို အောင်မြင်စွာ ရယူပေးထားပြီးပါပြီ။ 🏆🏆 တကယ်လို့ အခု နောက်ဆုံးကျန်ရှိနေတဲ့ အမြင့်ဆုံးစင်မြင့် ချန်ပီယံလိဂ် ဖိုင်နယ်မှာ အာဆင်နယ် သာ ထပ်မံဗိုလ်စွဲခဲ့ရင် ပရီးမီးယားလိဂ်ဟာ တစ်ရာသီတည်းမှာတင် ဥရောပမေဂျာဖလား (၃) လုံးလုံးကို အကုန်အစင် သိမ်းပိုက်တဲ့ သမိုင်းဝင် စံချိန်ကြီးကို စိုက်ထူသွားမှာ ဖြစ်ပါတယ်။ ⏳🔴

ဒါဟာ ပရီးမီးယားလိဂ်ရဲ့ အင်အားတောင့်တင်းမှုနဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုကို တစ်ကမ္ဘာလုံးက ဘယ်လိုမှ ငြင်းလို့မရအောင် သက်သေပြလိုက်ခြင်းပါပဲ။ အမြောက်တပ်သားတို့ကော ဒီနောက်ဆုံး ပဟေဠိအပိုင်းအစကို ဖြည့်ဆည်းပေးပြီး ပရီးမီးယားလိဂ်ရဲ့ ဥရောပသိမ်းပိုက်မှုကြီးကို ပြီးပြည့်စုံအောင် လုပ်ပြနိုင်မလားဆိုတာ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ! 👀🏆

မိတ်ဆွေတို့ကရော... အာဆင်နယ်ပါ ဖလားရပြီး ပရီးမီးယားလိဂ်က ဥရောပကို အပိုင်စိုးမိုးသွားနိုင်မယ်လို့ ထင်ပါသလားဗျ?

29/05/2026

🏆၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး နီးကပ်လာတာနဲ့အမျှ နာမည်ကြီး Polymarket ရဲ့ နောက်ဆုံးတွက်ချက်မှုတွေအရ ဘယ်နိုင်ငံက ဖလားကို ကိုင်မြှောက်နိုင်ခြေ အရှိဆုံးလဲဆိုတဲ့ ရာခိုင်နှုန်းတွေ ထွက်ပေါ်လာပါပြီ။

(၁) စပိန် 🇪🇸 — 17%: လက်ရှိမှာ ဖလားရဖို့ ရေပန်းအစားဆုံးအဖြစ် ထိပ်ဆုံးကနေ အရှိန်အဟုန်နဲ့ ဦးဆောင်နေပါတယ်။
(၂) ပြင်သစ် 🇫🇷 — 16%: စပိန်ရဲ့နောက် ကပ်လျက်မှာတင် ကမ္ဘာ့အဆင့် (၁) ပြင်သစ်က ဒုတိယမြောက် အခွင့်အရေးအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
(၃) အင်္ဂလန် 🏴󠁧󠁢󠁥󠁮󠁧󠁿 — 11% & (၄) ပေါ်တူဂီ (Portugal) 🇵🇹 — 10%: ဒီနှစ်သင်းလုံးကလည်း အင်အားတောင့်တင်းတဲ့ လူစာရင်းတွေနဲ့အတူ ဗိုလ်စွဲဖို့ ထိပ်ဆုံးက အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။

( ၅ ) ဘရာဇီး 🇧🇷 _ 9% & ( ၆ ) အာဂျင်တီးနား 🇦🇷 _ 8%
တောင်အမေရိကရဲ့ ဘုရင်တွေဖြစ်တဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားတို့က အဆင့် ၅ နဲ့၆ တို့မှာအစဉ်လိုက် အသီးသီးရှိနေပါတယ်။
( ၇ ) ဂျာမနီ 🇩🇪 _ 5% အစဉ်အလာကြီးမားတဲ့ ဂျာမနီအသင်းက အဆင့် ၇ နေရာ ရှိနေပီး ဝါရင့်ကစားသမားတွေနဲ့ လူငယ်သွေးသစ်တွေပေါင်းစပ်ထားတဲ့ နာမည်ကြီး နယ်သာလန် 🇳🇱 ကအဆင့် (၈) မှာ 4%နဲ့ ရပ်တည်နေပါတယ်။

( ၉ )နော်ဝေ 🇳🇴 _ 3% ဟာလန်းရဲ့ နော်ဝေနဲ့ ( ၁၀ ) ဂျပန် 🇯🇵 _ 2% ~ အာရှဂုဏ်ဆောင် ဂျပန်အသင်းတို့ပါ ထိပ်ဆုံး ၁၀ သင်းစာရင်းထဲ ဝင်လာတာကြောင့် ဒီတစ်ခေါက် ကမ္ဘာ့ဖလားကတော့ တကယ့်ကို အကြိတ်အနယ်ရှိပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်လာတော့မှာ အသေအချာပါပဲ။ ⚽ ဆန္ဒနဲ့ လက်တွေ့ ဘယ်သူတွေ ထပ်တူကျမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။

28/05/2026

ခရစ္စတယ်ပဲလေ့စ် ပရိသတ်တွေအတွက်တော့ မယုံနိုင်စရာ အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာခဲ့ပါပြီ။ နည်းပြ အိုလီဗာ ဂလတ်စနာ ရဲ့ ဦးဆောင်မှုနဲ့အတူ ပဲလေ့စ်အသင်းဟာ ၂၀၂၅-၂၆ ကွန်ဖရင့်လိဂ် ဖလား ကြီးကို သိမ်းပိုက်ပြီး ဥရောပချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။

သမိုင်းသက်တမ်း ၁၂၀ အတွင်း မေဂျာဖလား တစ်လုံးမှ မရဖူးခဲ့တဲ့ ပဲလေ့စ်အသင်းဟာ ဂလတ်စနာ ရောက်လာပြီးနောက်ပိုင်းမှာတော့ သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ပါပြီ။ ဂလတ်စနာဟာ အသင်းကို ၂၀၂၄-၂၅ ရာသီမှာ FA Cup၊ ၂၀၂၅ မှာ ကွန်မြူနတီဒိုင်း နဲ့ အခုနောက်ဆုံး ၂၀၂၅-၂၆ ရာသီမှာ ကွန်ဖရင့်လိဂ်ဖလား အပါအဝင် မေဂျာဖလား ၃ လုံးအထိ အရယူပေးခဲ့ပါတယ်။

ပဲလေ့စ်အသင်းကို သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ရွှေခေတ်တစ်ခု ဖန်တီးပေးခဲ့ပြီးနောက် ဂလတ်စနာဟာ အသင်းရဲ့ "ထာဝရဂန္ထဝင်နည်းပြကြီး" အဖြစ် အားလုံးရဲ့ လေးစားချစ်ခင်မှုနဲ့အတူ ဂုဏ်ယူစွာ လမ်းခွဲနှုတ်ဆက်သွားခဲ့ပါပြီ။

အောက်ခြေအဆင့်ကနေ ဥရောပရဲ့ ရာဇပလ္လင်ထက်အထိ တက်လှမ်းပြသွားခဲ့တဲ့ "လင်းယုန်" တို့ရဲ့ စွန့်စားခန်းကတော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။ 🦅✨

27/05/2026

အင်တာမိုင်ယာမီ အသင်း ရဲ့ စူပါစတား လီယွန်နယ်မက်စီ ရဲ့ ဂျာစီဟာ အခုဆိုရင် တစ်လောကလုံးက ဘောလုံးပရိသတ်တွေကို အကြီးအကျယ် ရင်ခုန်စိတ်လှုပ်ရှားသွားစေခဲ့ပါပြီ။ မက်စီရဲ့ ဂန္ထဝင် ကျောနံပါတ် (၁၀) အတွင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ တက်လှမ်းခွင့်ရရှိထားတဲ့ ၄၈ နိုင်ငံလုံးရဲ့ နိုင်ငံတော်အလံတွေ ကို အသေးစိတ် လှပသေသပ်စွာ ထည့်သွင်းချုပ်လုပ်ထားတာ ဖြစ်ပါတယ်။

"We're nearly there" ဆိုတဲ့အတိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပဖို့ သိပ်မလိုတော့တဲ့အချိန်မှာ မက်စီရဲ့ ဒီဂျာစီအပြင်အဆင်က ပရိသတ်တွေရဲ့ ကမ္ဘာ့ဖလားရောဂါကို ပိုမိုအရှိန်တက်လာစေခဲ့ပါတယ်။

ကမ္ဘာ့ဖလားရဲ့ အငွေ့အသက်တွေနဲ့အတူ တော်ဝင်ဆန်လွန်းတဲ့ မက်စီရဲ့ ဂုဏ်ပြုဆန်းသစ်မှုပုံရိပ်ကတော့ တကယ့်ကို အလန်းစားပါပဲ! 🏆✨

26/05/2026

ဂျာမန်ဘွန်ဒက်စ်လီဂါရဲ့ တန်းတက်/တန်းဆင်း ပလေးအော့ဖ်ပွဲစဉ်မှာတော့ ဘောလုံးပရိသတ်တွေကို ထိတ်လန့်တုန်လှုပ်စေမယ့် သမိုင်းဝင် ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ SC ပါဒါဘွန်း ဟာ ဝုဗ်ဘတ်အသင်းကို နှစ်ကျော့ပေါင်း ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး ထိုက်ထိုက်တန်တန် တန်းတက်လှမ်းသွားခဲ့တာ ဖြစ်ပါ။

၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျာမန်ထိပ်တန်းစင်မြင့် ဘွန်ဒက်စ်လီဂါဆီကို အောင်မြင်စွာ ပြန်လည်တက်လှမ်းနိုင်ခဲ့တာကြောင့် အသင်းသားတွေနဲ့ ပရိသတ်တွေ အားရပါးရ အောင်ပွဲခံနေကြပါတယ်။

တစ်ဖက်မှာလည်း ဂျာမန်ကလပ်ကြီး အတွက်တော့ ရင်ကွဲနာကျစရာ ညတစ်ည ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ နှစ်ပေါင်း ၃၀ နီးပါး အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒုတိယတန်း (2. Bundesliga) ဆီကို တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။
တစ်ဖက်မှာ ကောင်းကင်ဘုံလို ပျော်ရွှင်နေပြီး၊ တစ်ဖက်မှာတော့ ဆို့နင့်စွာ ပူဆွေးနေရတဲ့ ဘောလုံးလောကရဲ့ တကယ့်အလှည့်အပြောင်း ဒရမ်မာပွဲကောင်းတစ်ပွဲပဲ ဖြစ်ပါတယ်။ 📉🏆

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon

Opening Hours

Monday 07:00 - 01:00
Tuesday 07:00 - 01:00
Wednesday 07:00 - 01:00
Thursday 07:00 - 01:00
Friday 07:00 - 01:00
Saturday 07:00 - 01:00
Sunday 07:00 - 01:00