MCG Myanmar

MCG Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MCG Myanmar, No. (202/A), Lower Kyee Daing Road, Ahlone Township, Yangon.

25/08/2026

Customer ကြီးတွေထဲမှာ 𝗠𝗖𝗚 𝗔𝗶𝗿𝗰𝗼𝗻 ကို မသိတဲ့သူဆိုတာအတော်လေးရှားပါ လိမ့်မယ် ။

🇲🇲Myanmar နိုင်ငံရဲ့ After Sales Service အကောင်းဆုံး Aircon Company ကနေ ဖြန်ဖြူးရောင်းချ‌ ပေးလျက်ရှိနေတဲ့ 𝗠𝗖𝗚 𝗔𝗶𝗿𝗰𝗼𝗻 တွေကို 𝑹𝒂𝒕𝒊𝒏𝒈 𝑺𝒕𝒂𝒓 ပေးရမယ်ဆိုရင် ဘယ်နှလုံးပေးကြမလဲ…❓

A. ⭐⭐⭐⭐⭐
B. ⭐⭐⭐⭐
C. ⭐⭐⭐
D. ⭐⭐

✨𝗠𝗖𝗚 𝗔𝗶𝗿𝗰𝗼𝗻 တွေကို သုံးဖူးကြတဲ့ Technician၊ Customer ကြီးတွေအနေနဲ့ ကိုယ်ပေးချင်တဲ့ ကြယ်အရေအတွက်လေး Comment မှာ မန့်ပေးခဲ့ကြပါဦးခင်ဗျာ ။💁

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



22/08/2026

Aircon ကိုအချိန်နည်းနည်းကြာကြာသုံးမိတာနဲ့ မီးအားစားတာက သိသိသာသာ တက်သွားတာမျိုးကြုံဖူးကြလား…❓

💁ဒါက Aircon မကောင်းတော့လို့မဟုတ်ဘဲ..အသုံးပြုတဲ့အလေ့အထပေါ်မူတည်ပြီး မီးအားစားနှုန်းကပြောင်းလဲသွားတာပဲဖြစ်ပါတယ် ။

✨ဒါကြောင့်ဒီနေ့မှာတော့ MCG Aircon ကနေ Aircon သုံးရင်း မီးအားစားသက်သာစေဖို့ ပြုလုပ်လို့ရတဲ့အချက် (၅) ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ။

1️⃣ အပူချိန်ကို 25-26°C မှာထားပါ ။
အခန်းအေးဖို့အတွက် အအေးဆုံးအထိ ထားစရာမလိုပါဘူး။ 25-26°C မှာထားခြင်းက အခန်းကိုအေးမြစေနိုင်သလို မီးအားစားမှုကိုလည်းထိရောက်စွာချွေတာပေးပါတယ် ။

2️⃣ Filter ကို လစဉ် သန့်ရှင်းရေးလုပ်ပါ
Aircon ထဲမှာ ရှိနေတဲ့ Filter ညစ်ပတ်နေရင် Aircon က အေးအောင်ပိုအားစိုက်ရတာကြောင့် မီးအားပိုစားကာ ပိုကုန်တတ်ပါတယ်။

3️⃣ တံခါး၊ပြတင်းပေါက်တွေ လုံအောင်ပိတ်ပါ

အခန်းတံခါးတွေ ၊ ပြတင်းပေါက်တွေကို အပူဝင်လာနိုင်တဲ့ ကြားလပ်တွေ ရှိမနေအောင် စစ်ဆေးပါ။

4️⃣ Timer function သုံးပါ

ညဘက်အိပ်ချိန်တွေမှာ တစ်ညလုံး Aircon ကဖွင့်ထားစရာမလိုပဲ အလိုအလျောက် ပိတ်အောင် Timer Function ကိုအသုံးပြုနိုင်ပါတယ် ။

5️⃣ Aircon Servicing ပုံမှန်ပြုလုပ်ပေးပါ ။

Gas အခြေအနေ၊ Compressor အခြေအနေတွေကို ကျွမ်းကျင Technician တွေနဲ့ အချိန်မှီ ပုံမှန်စစ်ဆေးထိန်းသိမ်းပေးပါ ။

ဒီအချက် (၅) ချက်ကိုသာပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် Aircon ဖွင့်တိုင်း မီးအားစားမှုတွေကသိသိသာသာလျော့နည်းသွားမှာ အသေအချာပါပဲ ။

နောက်ထပ်တွေမှာလည်း Aircon နဲ့ပတ်သတ်တဲ့ ဗဟုသုတရစရာ အကြောင်းအရာများကိုပြောပြပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေးလုပ်ပေးခဲ့ကြပါဦးနော် ။

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



18/08/2026

🌇အပြင်ကပြန်လာလို့ အိမ်ထဲခြေလှမ်းလိုက်တာနဲ့ လှောင်ပိတ်နေတဲ့ အပူဒဏ်ရဲ့ ဆီးကြိုတာကိုကြုံဖူးလား…❓

တစ်ခါတလေ Aircon ဖွင့်ထားပေမယ့် လိုချင်တဲ့ အအေးဓာတ်မရဘဲ လေထွက်သလိုပဲဖြစ်နေတဲ့ Aircon တွေကြောင့် စိတ်ညစ်နေရတဲ့ Customer ကြီးတွေအတွက်…

✨ပျောက်ဆုံးနေတဲ့ အေးမြမှုတွေကို 𝗠𝗖𝗚 𝗔𝗶𝗰𝗼𝗻 ကပြန်လည်ရှာဖွေပေးနိုင်ပါတယ် ။

မြန်မာနိုင်ငံရဲ့ 𝗔𝗳𝘁𝗲𝗿 𝗦𝗮𝗹𝗲𝘀 𝗦𝗲𝗿𝘃𝗶𝗰𝗲 အကောင်းဆုံး Company ဖြစ်တဲ့ “𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗖𝗹𝗮𝘀𝘀𝗶𝗰 𝗚𝗿𝗼𝘂𝗽 𝗖𝗼.,𝗟𝘁𝗱” ကနေဖြန့်ဖြူးရောင်းချပေးလျက်ရှိနေတဲ့…

🇲🇲MCG ရဲ့ Aircon က ခေတ်မီစက်ပစ္စည်းတွေ ၊ နိုင်ငံတကာအဆင့်မီနည်းပညာတွေနဲ့ ဖန်တီးထားတဲ့ Aircon တွေပဲဖြစ်ပါတယ် ။

ဒါ့အပြင်…

🔷𝑭𝒂𝒔𝒕 𝑪𝒐𝒐𝒍𝒊𝒏𝒈 𝒘𝒊𝒕𝒉 𝑻𝒖𝒓𝒃𝒐 𝑴𝒐𝒅𝒆
🔷𝑪𝒐𝒎𝒇𝒐𝒓𝒕 𝑺𝒍𝒆𝒆𝒑 𝑾𝒊𝒕𝒉 𝑺𝒍𝒆𝒆𝒑 𝑴𝒐𝒅𝒆
🔷𝑬𝒄𝒐 𝑴𝒐𝒅𝒆
🔷𝑨𝒖𝒕𝒐 𝑺𝒘𝒊𝒏𝒈 စတဲ့ထူးခြားတဲ့ Function တွေပါဝင်တာကြောင့် သက်တောင့်သက်သာနဲ့အေးမြမှုတွေကို 𝗠𝗖𝗚 𝗔𝗶𝗰𝗼𝗻 ကဖန်တီးပေးနိုင်ပါတယ် ။

🏠ဒါကြောင့် အိမ်ပြန်ရောက်တိုင်း စိတ်အမောပြေပြီး ကောင်းမွန်စွာ အနားယူနိုင်ဖို့အတွက်…

⏳အချိန်ကြာကြီးပျောက်ဆုံးနေတဲ့ အအေးဓာတ်တွေကို ပြန်လည်ဖော်ထုတ်ပေးနိုင်တဲ့…

✨𝗠𝗖𝗚 𝗔𝗶𝗰𝗼𝗻 ကိုအခုပဲရွေးချယ်လိုက်တော့နော်….

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



14/08/2026

🔥 "Aircon Coil ကို High-Pressure Water Jet နဲ့ ဆေးလို့ ရရဲ့လား…❓

📌Aircon ကို Service လုပ်တော့မယ်ဆိုရင် Technician အများစုက High-Pressure Water Jet နဲ့ Aircon Outdoor ကိုထိုးပြီးဆေးကြောတတ်ကြပါတယ် ။

💁ဒါပေမယ့်တချို့ Technician တွေကတော့ High-Pressure Water Jet ကအရှိန်ပြင်းလွန်းတာကြောင့် Aircon Outdoor ကိုထိုးပြီးဆေးကြောတဲ့အခါမှာ ရေအားပြင်းပြီး Aluminum Fin တွေကွေးသွားတာ ၊ ရေထိလို့မရတဲ့ Electric part တွေကို ထိမိပြီးပျက်စီးနိုင်တာကြောင့် High-Pressure Water Jet ကိုမသုံးပဲ Chemical Foam တွေကိုသာသုံးပြီးဆေးကြောတတ်ကြပါတယ် ။

ကဲ... Technician ကြီးတို့ကော ဘယ်နည်းလမ်းကို ပိုသဘောကျလဲ❓

A ."Water Jet နဲ့ပဲ ဆေးတယ်" ဆိုတဲ့ Water Jet သမားလား❓

B."Coil ထိခိုက်မှာ စိုးလို့ Chemical Foam နဲ့ပဲ အေးဆေး စိမ်ဆေးတယ်" ဆိုတဲ့ Chemical Foam သမားလား❓

🧑‍🔧 လက်တွေ့မှာ ဘယ်လိုနည်းလမ်းတွေသုံးပြီး ဆေးကြောနေကြလဲ…❓ကိုယ်လုပ်ခဲ့ဖူးတဲ့ Safe အဖြစ်ဆုံးနဲ့ အပြောင်ဆုံး နည်းလမ်းလေးတွေကို Comment မှာ ဆွေးနွေးသွားကြပါဦးဗျာ။ 👇

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



10/08/2026

အချစ်ရဆုံး မိသားစုဝင်တွေနဲ့အတူတူရှိချိန်တိုင်းဟာ ဘာနဲ့မှလဲလို့မရတဲ့ အခိုက်အတန့်တွေပါပဲ…။

🧑‍🧑‍🧒‍🧒ဒီလိုမိသားစုဝင်တွေ စုံစုံလင်လင်နဲ့ စကားစမြည်ပြောရင်း၊ တီဗီကြည့်ရင်း ရယ်မောပျော်ရွှင်နေရတဲ့ အခိုက်အတန့်တိုင်းကို ပိုမိုပြည့်စုံစေဖို့…

✅ကျန်းမာအတွက်ကောင်းမွန်တဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေထုနဲ့အတူ MCG Aircon က အမြဲတမ်း အနားမှာ ရှိနေပေးမှာပါ။

📌MCG Aircon တွေက မိသားစုဝင်တွေ သက်တောင့်သက်သာနဲ့ အနားယူနိုင်စေဖို့ ပြင်းထန်တဲ့ အအေးဒဏ်မျိုးမဟုတ်ဘဲ ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျစေပြီး ကလေးလူကြီးမရွေး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် သဘာဝကျတဲ့ အအေးဓာတ်ကို ပေးစွမ်းနိုင်ပါတယ် ။

📌အိမ်တွင်းမှာရှိတဲ့ ဖုန်မှုန့်နဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ Filter ပါဝင်လို့ မိသားစုဝင်တွေရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ကာကွယ်ပေးပါတယ်။

📌Quiet Operation စနစ်ကြောင့် ညဘက်အိပ်စက်တဲ့အခါ အသံဆူညံမှု လုံးဝမရှိတာကြောင့် အနှောင့်အယှက်ကင်းကင်းနဲ့ အနားယူနိုင်စေမှာပါ ။

🏡အိမ်ဆိုတာ... ပျော်ရွှင်ခြင်းတွေ စုဝေးရာနေရာလေးမို့ "မိသားစုရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တိုင်းကိုပြီးပြည့်စုံစေဖို့အတွက် အမြဲရှိနေမှာ MCG ပါ။👨‍👩‍👧‍👦✨

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸
https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



07/08/2026

👨‍💻အလုပ်လုပ်နေရတဲ့ ပတ်ဝန်းကျင်က ပူအိုက်နေရင် အလုပ်ပေါ်မှာအာရုံစူးစိုက်ရ ခက်ခဲတတ်ပါတယ်။

👬အထူးသဖြင့် လူများတဲ့ ရုံးခန်းလိုနေရာတွေမှာ ရာသီဥတုပူပြင်းလာပြီဆိုရင် အာရုံစူးစိုက်ရခက်ပြီးအလုပ်ပေါ်မှာပါ ထိခိုက်လာနိုင်ပါတယ်။

🏢ဒီလို ရုံးခန်းကျယ်ကြီးတွေ ၊ လုပ်ငန်းခွင်တွေနဲ့ အစည်းအဝေးခန်းမတွေမှာ ခံစားနေရတဲ့ ရာသီဥတု ရဲ့အပူဒဏ်ကြောင့် အလုပ်ပျက်နေရတဲ့ပြဿနာတွေကို…

ဘယ်လောက်ပဲပူပူ အချိန်တိုတွင်း အေးမြမှုကိုပေးစွမ်းနိုင်မယ့် MCG ရဲ့ MFH Floor Stand Aircon ကတာဝန်ယူဖြေရှင်းပေးနိုင်ပါတယ် ။

✨ MCG MFH Floor Stand Aircon အသစ်မှာ…

📌လျင်မြန်တဲ့အအေးစနစ်

အားကောင်းတဲ့ Airflow စနစ်ကြောင့် အခန်းအကျယ်အဝန်း ဘယ်လောက်ပဲကြီးကြီး မိနစ်ပိုင်းအတွင်း တစ်ခန်းလုံး အနှံ့ အေးမြစေနိုင်ပါတယ် ။

📌ဆိတ်ငြိမ်အေးချမ်းတဲ့ လုပ်ငန်းခွင်

အလုပ်လုပ်နေစဉ် အသံဆူညံမှုကြောင့် အာရုံမပျက်ရအောင် Quiet Operation စနစ်နဲ့ အသံတိတ် ငြိမ့်ငြိမ့်ညောင်းညောင်း လည်ပတ်ပေးမှာပါ။

📌ခေတ်မီ Premium ဒီဇိုင်း

Slim & Stylish ဖြစ်တဲ့ ဒီဇိုင်းကြောင့် နေရာစားသက်သာပြီး ရုံးခန်းရဲ့ ဂုဏ်ဒြပ်ကိုပါ ပိုမိုတင့်တယ်လှပစေပါတယ်။

📌စွမ်းအင်ချွေတာမှု မြင့်မားခြင်း

မီးအားစားမှုကို အကောင်းဆုံး ထိန်းညှိချွေတာပေးနိုင်မယ့် ECO Mode Function ပါဝင်ပါတယ် ။

📌တပ်ဆင်ရ လွယ်ကူခြင်း

ပုံမှန် Aircon တွေလိုမျိုးနံရံတွေကို အပေါက်ဖောက်စရာမလိုဘဲ ကြမ်းပြင်ပေါ်မှာ အလွယ်တကူ အထိုင်ချ တပ်ဆင်နိုင်ပါတယ်။

💁ဒါကြောင့် လုပ်ငန်းခွင်မှာ အပူဒဏ်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဘဲ အလုပ်ခွင်ထဲမှာ စိတ်အေးချမ်းသာစွာနဲ့ Performance အပြည့် ထုတ်နိုင်ဖို့…

MCG ရဲ့ MFH Floor Stand မှတာဝန်ယူပါရစေ…။ 💼❄️

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1



04/08/2026

Aircon တွေမှာသုံးတဲ့ ယခု နောက်ဆုံးပေါ် R32 Gas ပြီးရင် Generation Gas က ဘာဖြစ်မလဲ? 🌍🔮

အရင်တုန်းက Aircon တွေမှာအများဆုံး အသုံးပြုထားတဲ့ Gas တွေကို လေ့လာကြည့်မယ့်ဆိုရင် Global Warming Point မြင့်မားတဲ့ R22 နဲ့ R410A Gas တွေကို အဓိကအသုံးပြုခဲ့ကြတာပါ ။

ဒါပေမယ့်ခုနောက်ပိုင်းမှာတော့…ပတ်ဝန်းကျင်အန္တရာယ်နည်းပြီး Global Warming Point နည်းတဲ့အပြင် အအေးပေးနိုင်စွမ်းပိုကောင်းတဲ့ R32 Gas ကို ပြောင်းလဲအသုံးပြုနေကြပါပြီ။

ဒါဆိုရင် နည်းပညာတွေ ထပ်တိုးတက်လာမယ့် အနာဂတ်မှာ R32 ပြီးရင် ဘာ Gas တွေ ထပ်လာဦးမလဲ?

ကမ္ဘာ့ Aircon ထုတ်လုပ်ရေး နည်းပညာကုမ္ပဏီကြီးတွေ ခြေလှမ်းပြင်နေကြတဲ့ Next-Generation Gases တွေထဲက အလားအလာအရှိဆုံး မျိုးဆက်သစ် Gas အသစ် (၂) မျိုးရှိနေပါတယ် ။

အဲ့ဒီ Gas (2) မျိုးကတော့…

(A) - R290 Gas (Propane)
(B) - "R454B Gas" တွေပဲဖြစ်ပါတယ် ။

🍃"R290 Gas" (Propane)

အိမ်သုံးအဲကွန်းတွေအတွက် R32 ရဲ့နောက်ပိုင်း R32 Gas ရဲ့ Generation Gas ဖြစ်လာဖို့ အလားအလာအရှိဆုံးကတော့ R290 Gas ပဲ ဖြစ်ပါတယ်။ သူက သဘာဝအတိုင်းရတဲ့ Natural Refrigerant (ပရိုပိန်းဂတ်စ်) ဖြစ်လို့ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့နှုန်း (GWP) က "၃" သာရှိပြီး ဓာတ်ငွေ့ယိုစိမ့်ရင်တောင် ကမ္ဘာကြီးကို လုံးဝ မထိခိုက်စေပါဘူး။ R32 ထက်တောင် အအေးပေးနိုင်စွမ်း ပိုကောင်းပြီး မီးအား ပိုချွေတာနိုင်ပါတယ်။

🏢"R454B Gas"

အခုခေတ်မှာ R410A ကနေ အဆင့်မြှင့်တင်ဖို့အတွက် R32 နဲ့အတူ အပြိုင်ပေါ်လာတာကတော့ R454B ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မြင့် စည်းမျဉ်းတွေအရ အဆောက်အအုံကြီးတွေ၊ ကွန်ဒိုတွေနဲ့ ဗဟိုအဲကွန်းစနစ် (Commercial HVAC/VRF Systems) တွေမှာ R32 ထက် ကမ္ဘာကြီးပူနွေးမှုနှုန်း (GWP) ပိုမိုနည်းပါးတဲ့ R454B ကို ပိုပြီး အစားထိုးသုံးစွဲဖို့ အတွက်လည်း အလားလာများနေတဲ့ Generation Gas တစ်မျိုးဖြစ်လာနိုင်ပါတယ် ။

ကဲမိတ်ဆွေတို့ရော နည်းပညာတွေ ပိုမိုမြင့်မားလာမယ့် အနာဂတ်မှာ ဘယ် Gas အသစ်က လူသုံးအများဆုံး ကိုယ်ထင်တဲ့ Generation Gas ကိုရွေးချယ်ပြီး Comment မှာ ဆွေးနွေးပေးခဲ့ပါဦးနော်။ 👇👇

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺
https://t.me/mcgairconmyanmar
𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿
https://invite.viber.com/...
𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸
https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH...



01/08/2026

ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ AI နည်းပညာတွေပေါ်ထွက်လာခဲ့သလို နယ်ပယ်မျိုးစုံမှာ နည်းပညာတွေလည်းတဖြည်းဖြည်း တိုးတက်လာကြပါတယ် ။ 🪐

ဒီလို တိုးတက်လာတဲ့ နယ်ပယ်တွေထဲမှာ Aircon Industry လည်းပါဝင်နေပါတယ် ။

Aircon တွေကို ပိုမို Smart ဖြစ်အောင် AI ကိုအသုံးပြုပြီး ဖန်တီးလာကြသလို ၊ နေ့စဉ်လူနေမှုဘဝကို ပိုမိုသက်တောင့်သက်သာရှိစေဖို့အတွက် အံ့သြစရာကောင်းတဲ့ Function အသစ်တွေကိုပါ ထည့်သွင်းစမ်းသပ်လာကြပြီ ဖြစ်ပါတယ်။ ✨

1. AI Auto Cooling
2. AI Eco Mode
3. Intelligent Eye / AI Sensor
4. AI ThinQ Geofencing
5. AI Air Purification စတဲ့ Function တွေက AI ကို အသုံးပြုပြီးဖန်တီးထားတဲ့ Model မြင့် Aircon တွေရဲ့ Function တွေပဲဖြစ်ပါတယ် ။🚀

🤖ဒါဆိုရင် အနာဂတ်မှာ AI နည်းပညာကို အဲကွန်းတွေထဲမှာ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ခဲ့ရင် …

မိတ်ဆွေတို့ရော Aircon မှာ ဘယ်လို Function တွေပါဝင်စေချင်လဲ၊စမ်းသပ်ချင်လဲ Comment မှာ ကျွန်တော်တို့နဲ့အတူ ဆွေးနွေးပေးခဲ့ကြပါဦး…

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1




28/07/2026

❝ ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့ ❞

မြတ်စွာဘုရားရှင် ဖွားမြင်တော်မူသော ဝါဆိုလပြည့်နေ့ ထူးမြတ်တဲ့ အချိန်ခါသမယမှာ…

မြန်မာပြည်သူများအပေါင်း ကပ်ကြီးသုံးပါးမှ ဘေးမသီရန်မခ ကျော်လွှားနိုင်ပြီး ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ ချမ်းသာပါစေလို့ MCG Aircon Myanmar မှ ဆုမွန်ကောင်းပို့သလိုက်ရပါတယ်ခင်ဗျာ..

MCG Aircon Myanmar




#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့

25/07/2026

လူတော်တော်များက ကိုယ့်အိမ်မှာတပ်ထားတဲ့ Aircon တွေရဲ့ Indoor ကို ဂရုစိုက်တတ်ကြပေမယ့်…

အပြင်မှာအထီးကျန်စွာရှိနေတဲ့ Aircon ရဲ့ Outdoor လေးတွေကိုတော့မေ့နေတတ်ကြပါတယ် ။🥺

ဒီလိုမိုးရွာမရှောင်နေပူမရှောင် ကိုယ့်ရဲ့အခန်းလေးကို အေးအောင်ကူညီပေးနေကြတဲ့ Aircon ရဲ့ Outdoor လေးတွေသာစကားပြောနိုင်မယ်ဆိုရင် ကိုယ့်ကိုဘာပြောကြမယ်ထင်လဲ…?🤔❓

၁။ လေထွက်ပေါက်နားမှာအမှိုက်တွေပိတ်မနေအောင်သန့်ရှင်းပေးပါ ။

Aircon ရဲ့ Outdoor Unit ရဲ့ လေဝင်လေထွက်ပေါက်တွေမှာ ဖုန်တွေ၊ သစ်ရွက်ခြောက်တွေ ၊ အမှိုက်တွေ ပိတ်ဆို့နေရင် အပြင်ကိုအပူမစွန့်ထုတ်နိုင်တော့ဘဲ Outdoor ထဲမှာတင် အပူတွေလုံနေကာ အိမ်ထဲမှာ အအေးထုတ်ပေးနိုင်စွမ်းလျော့ကျသွားတာကြောင့် လေထွက်ပေါက်နားမှာအမှိုက်တွေ ပိတ်မနေအောင်သန့်ရှင်းပေးပါ ။

၂။ နေရာကျယ်ကျယ်ဝန်းဝန်းရှိနေရာမှာထားပေးပါ ။

Aircon ရဲ့ Outdoor Unit ကို လေဝင်လေထွက်မကောင်းတဲ့နေရာ ကျဉ်းမြှောင်းတဲ့နေရာတွေမှာ တပ်ထားတဲ့အခါ အိမ်ထဲကအပူတွေကို အပြင်ကို ကောင်းကောင်းမမှုတ်ထုတ်နိုင်တော့ပါဘူး ။ ဒါကြောင့် အိမ်ထဲမှာအအေးဓာတ်ရရှိအောင် Aircon ရဲ့ Compressor ကပိုရုန်းရပါတယ် ။ Compressor ရုန်းရတာ အချိန်ကြာလာတာနဲ့အမျှ Aircon သက်တမ်းတိုလာပြီး မီးအားစားနှုန်းတွေပါပိုမြှင့်တက်လာနိုင်ကြောင့် Aircon ရဲ့ Outdoor Unit ကိုနေရာကျယ်ကျယ်ဝန်းဝန်းရှိနေရာမှာထားပေးပါ ။

၃။ ၆ လတစ်ကြိမ် (သို့မဟုတ်) ၁ နှစ် တစ်ကြိမ် ဆေးကြောပေးပါ ။

တစ်နှစ်ပတ်လုံးအလုပ်လုပ်နေရတဲ့ Aircon လေးတွေက Indoor Unit မှာသိပ်မသိသာပေမယ့် မိုးဒဏ် ၊လေဒဏ် ၊ ရာသီဥတုဒဏ် ၊ ဖုန်မှုန့် ၊ သဲမှုန့်တွေဒဏ် တိုက်ရိုက်ခံနေရတဲ့ Aircon Outdoor တွေက အညစ်အကြေးတွေပိတ်ပြီး ညစ်ပတ်နေတတ်ပါတယ် ။

ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ အညစ်အကြေးတွေက အပူစွန့်ထုတ်ပေးနေတဲ့ Outdoor ကိုပိတ်ဆို့သွားရင် အပူလွန်ကဲလာပြီး Aircon ရဲ့ အသက်ဖြစ်တဲ့ ကွန်ပရက်ဆာ (Compressor) လောင်သွားတတ်တတ်ပါတယ် ။ ဒါကြောင့် Aircon ရဲ့ Outdoor Unit တွေကို အနည်းဆုံး ၆ လတစ်ကြိမ် (သို့မဟုတ်) ၁ နှစ် တစ်ကြိမ် ကျွမ်းကျင်တဲ့ အဲကွန်းဆားဗစ်သမားများနှင့် စနစ်တကျ ရေဆေးသန့်စင်ပေးပါ။

ကဲ ဒီလောက်ဆိုရင် ကိုယ့်ရဲ့အခန်းလေးကို အေးအောင်ကူညီပေးနေကြတဲ့ Aircon ရဲ့ Outdoor လေးတွေသာစကားပြောနိုင်မယ်ဆိုရင် ကိုယ့်ကိုဘာပြောကြမယ်ဆိုတာ ခန့်မှန်းမိလောက်မယ်ထင်ပါတယ် ။

မိတ်ဆွေတို့ရော Aircon ရဲ့ Outdoor တွေကို ကိုယ့်ကိုဘာတွေထပ်ပြောနေဦးမယ်လို့ထင်လဲ ၊ Comment မှာအတူတူဆွေးနွေးပေးခဲ့ကြပါဦး…။
နောက်ထပ်တွေမှာလည်း Aircon နဲ့ပတ်သတ်တဲ့ ဗဟုသုတများကိုဝေမျှပေးသွားဦးမှာဖြစ်လို့ Page ကိုဆက်စောင့်ကြည့်ပေးပါကြဦးနော် ။

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1






Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

No. (202/A), Lower Kyee Daing Road, Ahlone Township
Yangon

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00