Arsene Guson Fantasy Premier League

Arsene Guson Fantasy Premier League

Share

Road to England

Photos from Arsene Guson Fantasy Premier League's post 28/08/2026

***ပွဲနေ့နော် ပွဲနေ့***

GW - 1 နဲ့ပတ်သက်ပြီးလိုရင်းတိုရှင်းပြောရရင် FPL မန်နေဂျာအများစု စိတ်ကျေနပ်မှုမရဘူးလို့ပဲပြောရမယ်

အေးဆေးပါ၊ GW - 1 ပဲရှိပါသေးတယ်ဂျာကြီးတို့

ကျွန်တော်တို့တွေက အပတ်စဉ်အလိုက်ဘယ်အသင်းကရလာဒ်ကောင်းနိုင်တယ်၊ ဘယ်ပလေယာကအမှတ်ရနိုင်တယ် ဆိုပြီးသုံးသပ်ကြပေမယ့် တကယ်တမ်းကျွန်တော်တို့လက်ဝယ်ရှိတာက FT တစ်ခုတည်းရယ်ပါ

ကိုယ့်ရပိုင်ခွင့် FT တစ်ခုကိုအသုံးချပြီးအသေချာဆုံးအပြောင်းအလဲကိုလုပ်ရတာပါ၊ တခါတရံ FT နှစ်ခု သုံးခု လောက်စုပြီးမှလုပ်တဲ့အပြောင်းအလဲက အကျိုးအမြတ်ပိုရနိုင်တယ်လို့တွက်မိရင် စိတ်ရှည်ရှည်နဲ့ FT စုရပါသေးတယ်

အနည်းဆုံးငါးပတ်စာလောက်ရည်ရွယ်ပြီးစိတ်တိုင်းကျတည်ထားတဲ့အသင်းမို့ အလျင်စလို WC နဲ့ Minus တွေမစဉ်းစားကြပါနဲ့ဦး

FPL ရဲ့လိုက်နာရမယ့်စည်းမျဉ်းတစ်ခုက Be Patient ပါ၊ စိတ်ရှည်ဖို့ပါပဲ၊
အတွေ့အကြုံရင့်ဂျာကြီးတွေအတွက်နားလည်ပြီးသားဆိုပေမယ့် ဒီနှစ်မှ FPL ကိုထိတွေ့တဲ့ဂျာကြီးတွေအတွက်ပါ၊

ကဲ GW - 2 deadline က ဒီည ၁၂ နာရီတိတိပါ၊ ကိုယ်စီအသင်းကို ပြင်စရာလိုရင်လဲပြင် တည်စရာလိုရင်လဲတည်လိုက်ကြပါဦး၊ ကျွန်တော်ကတော့မဖြစ်မနေလိုအပ်လို့ရယ်မဟုတ်ပေမယ့် Mykolenko ကိုရောင်းပြီး De Cuyper ကိုပြန်ဝယ်လို့ 0.1 စုဆောင်းလိုက်ပါတယ်

GW - 2 အတွက်ပေါက်ကောင်ခန့်မှန်းပြိုင်ပွဲဆက်ရှိပါမယ်၊ ပြီးခဲ့တဲ့အပတ်ကပေါက်ကောင်မှန်ကန်သူမရှိခဲ့ပေမယ့် ဒီတပတ်ကတော့ မှန်ကန်သူများလို့ မဲနှိုက်ရွေးချယ်ရမယ့်အနေအထားရှိလာမယ်လို့အာရုံရနေပါပြီ

ဒီပို့စ်အောက်မှာပဲပေါက်ကောင်ကိုမန့်ပေးပါ၊ အဲဒီပေါက်ကောင်ကိုဂျာကြီးတို့ရဲ့အသင်းမှာ Captain ဒါမှမဟုတ် VC လေးပေးထားပေးပါ၊ ဒီည Deadline မတိုင်ခင်မန့်ပေးပါ၊ ဒီလောက်ပါပဲ

ဆုကတော့ ယောင်း - ရိုးရာ အထည်မျိုးစုံ ရဲ့အဆင်အသွေးလှပတဲ့ပုဆိုးလေးပါပဲ၊ ဂျာကြီးတို့အားလုံး ပေါက်ကောင်မန့်ရင်း ပုဆိုးဝတ်ကြပါစို့။

27/08/2026

အဘကင်းရေ ခုတော့ဆော်ဒီကြွတော့မယ်ပေါ့

ရှေ့နှစ်တွေက အဘမပြီးအမှတ်ရခဲ့တာတွေမမေ့သလို ပြီးခဲ့တဲ့နှစ်က အဘဆွဲချလို့ကြမ်းကပ်ခဲ့တာကိုလည်းမမေ့ပါဘူး

ဆော်ဒီရောက်ရင် မိတ်ဟောင်းဆွေဟောင်းတွေနဲ့သေချာပျော်ပါ၊ ဂါဘီအငယ်ကောင်လေးရောက်လာရင်လည်းစောင့်ရှောက်ပေးပါနော်အဘ

25/08/2026

GW-6 မှာခေါ်ဖို့စာရင်းတို့ထားပါတယ်

ဒါမျိုးမိမိကြိုက်သည်။

Photos from Arsene Guson Fantasy Premier League's post 25/08/2026

ဒီအပါတ် De Cuyper ရွေးချယ်ခဲ့တဲ့ မန်နေဂျာတစ်ဦးမှ မရှိတဲ့အတွက် ပေါက်ကောင်မန့်ကို နောက်တပါတ်ထပ်မန့်ကျပါဦးခင်ဗျာ။ ၄-၅ ပါတ်ထိ မှန်တဲ့လူမရှိရင်တော့ မနှစ်ကလိုပဲ တခုခုစဉ်းစားပြီး အမှတ်အများဆုံးလူရွေးပါ့မယ်ခင်ဗျာ။

24/08/2026

GW-1 ပဲရှိသေးတယ် ဆန္ဒမစောကြပါနဲ့ဦးဂျာကြီးတို့

B.Fernandes Mbeumo Haaland အရောင်းမစောကြပါနဲ့ဦး

Panic Selling မလုပ်ကြပါနဲ့ဦး ဈေးတွေထိုးကျကုန်ပါဦးမယ်

ကျွန်တော်အရင်ရောင်းပြီးမှ ရောင်းကြပါ 🙏🙏🙏

Send a message to learn more

22/08/2026

စနေညနေအစောဆုံးပွဲတွေရဲ့ Captain အများစုမအောင်လေ့ရှိတဲ့အစဉ်အလာက ဒီနှစ်လဲရှိပုံရတယ်

Photos from Arsene Guson Fantasy Premier League's post 21/08/2026

*ပေါက်ကောင် GW - 1***

Arsene Guson - Fantasy Premier League နဲ့ ယောင်း - ရိုးရာ အထည်မျိုးစုံ တို့ပူးပေါင်းစီစဉ်တဲ့ FPL ပေါက်ကောင်ရွေးချယ်တဲ့အစီအစဉ်ကတော့ ဒီနှစ်မှာတော့ GW-1 မှာတင်စတင်လိုက်ပါပြီ

ဂျာကြီးတို့အနေနဲ့ GW ရဲ့အမှတ်အများဆုံးအသင်းဖြစ်စရာမလိုပါဘူး၊ GW ရဲ့အမှတ်အများဆုံးရမယ့်ပေါက်ကောင်ကို ကိုယ့်အသင်းမှာခေါ်ထားပြီး Captain (or) Vice Captain ပေးထားရုံပါပဲ

စည်းကမ်းချက်ရယ်လို့မဟုတ်ပေမယ့် AG FPL ရဲ့ free league ကို join ပေးပါ၊ ဂျာကြီးတို့အသင်းမှာ အပတ်စဉ်ပေါက်ကောင်ကိုခေါ်ထားပြီး Captain (or) Vice Captain ရွေးထားပေးပါ၊ အဲဒီပေါက်ကောင်ကိုပို့စ်အောက်မှာမန့်ပေးပါ၊ ဒီလောက်ပါပဲ

AG နဲ့ ယောင်း ကပြန်လည်ချီးမြှင့်ပေးမှာကတော့ သက်ဆိုင်ရာ GW ရဲ့အမှတ်အများဆုံးရတဲ့ပေါက်ကောင်ကိုမှန်ကန်စွာရွေးချယ်နိုင်ခဲ့ရင် ယောင်း - ရိုးရာ အထည်မျိုးစုံ ရဲ့အရည်အသွေးမြင့် ပုဆိုး တစ်ထည်ပါ၊

ပေါက်ကောင်မှန်ကန်သူတစ်ဦးထက်ပိုရင်တော့ ကံထူးရှင်တစ်ဦးကိုပွင့်လင်းမြင်သာစွာနဲ့ရွေးချယ်ပေးမှာဖြစ်ပြီး အမှတ်အများဆုံးအတူရရှိတဲ့ပေါက်ကောင်ပလေယာတစ်ဦးထက်ပိုလာရင်တော့ FPL ရဲ့ပေါက်ကောင်ကိုသာအတည်ပြုမှာပါ

အပတ်စဉ်ပေါက်ကောင်ခန့်မှန်းရင်း AG FPL League မှာဆုချိတ်ခဲ့ရင်တော့ AGFPL, ယောင်း - ရိုးရာ အထည်မျိုးစုံ နှင့် ရာဇာပွါး ခရီးသွားလုပ်ငန်းတို့ကချီးမြှင့်မယ့် ဆုတွေကိုလည်းရယူနိုင်ဦးမှာပါ၊ ဆုအသေးစိတ်ကို ပြန်ပြောရရင်

Winner - ရာဇာပွါး ခရီးသွားလုပ်ငန်းမှချီးမြှင့်မယ့် Premium ခရီးသွားလက်မှတ်
1st Runner Up - ယောင်း - ရိုးရာ အထည်မျိုးစုံ မှပုဆိုးတစ်ထည်နှင့် ဆုငွေကျပ်ငါးသောင်းတိတိ
2rd Runner Up - ယောင်း - ရိုးရာ အထည်မျိုးစုံ မှပုဆိုးတစ်ထည် တို့ပဲဖြစ်ပါတယ်

Arsene Guson - FPL ရဲ့ Leage Code ကတော့ "vzu6uh" ပါ

ကဲ Join ပြီးသားဂျာကြီးတွေရော Join ဖို့ကျန်သေးတဲ့သူတွေလဲ ခုပဲ league ကို join ပြီး ဒီတပတ်ရဲ့ပေါက်ကောင်ကိုဒီပို့စ်အောက်မှာပဲမန့်ပေးကြပါဦး၊ Deadline ကတော့ FPL Deadline အတိုင်းပါပဲ

အားလုံးပဲပေါက်ကောင်မှန်ပြီး အမှတ်များကြပါစေဗျာ

21/08/2026

***ပွဲနေ့နော် ပွဲနေ့***

၉ လကျော် ၁၀ လနီးပါးကြာမယ့် season တစ်ခုဒီနေ့ပြန်စမယ်

ပျော်စရာရှားပါးလှတဲ့လောကကြီးမှာ FPL ကပေးတဲ့ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတွေကို ရရှိခံစားနေရခြင်းကိုက ကောင်းခြင်းတစ်ပါးပါ

လောင်စရာရှိရင်လောင်ကြမယ်၊ လှောင်စရာရှိရင်လဲလှောင်ကြမယ်၊ မျှဝေစရာရှိရင်လဲအတူမျှဝေကြမယ်

ရာသီအဖွင့်မှာ FPL Page တော်တော်များများကလည်း သတင်းအချက်အလက်စုံသလောက်ကိုမျှဝေကြပြီးဖြစ်သလို ဂျာကြီးတော်တော်များများကလည်းစိတ်တိုင်းကျအသင်းတွေတည်ပြီးသလောက်ဖြစ်နေပြီမို့ ထွေထူးပြောစရာသတင်းအသစ်တွေတော့မရှိပါဘူး

ကျွန်တော့ရဲ့ Cap က Haaland ပါ၊ အစဉ်အလာမပျက် Differential ပေါက်ကောင်ဆိုရင်တော့ "Isak" ကြိုက်ပါတယ်

Differential ကိုဆိုလိုတာပါ၊ နားလည်မှုလွဲမှာစိုးလို့ပါ။

Let's start the new season !

19/08/2026

***Alert***

Konsa အာဆင်နယ်ရောက်ဖို့နီးစပ်နေပြီဆိုတော့ 4.5m နဲ့အာဆင်နယ်နောက်တန်းဝယ်လို့ရမယ်ဆိုတဲ့သဘောပဲ

ကျွန်တော်တော့ကြိုဝယ်ပါပြီ

17/08/2026

***ရာသီကြိုကို ခြေရာပြန်ကောက်ခြင်း***

>>>Joao Pedro (G 7, A 2) သူ့မဝယ်ရင်ဘယ်သူ့ဝယ်မလဲ

>>>Tzolis (G 1, A 6) Arsenal မှာသူ့နေရာတခြား premium player ရောက်မလာမခြင်း သူ့ပဲသုံးမှာပဲ (6.5m ကဈေးချိုလွန်းတယ်ပြောရမယ်)

>>>Buendia (G 2, A 4) သူဆို 6.0m ပဲ

>>>Madjo (G 5) အတင်းကြီးချိန်ရွယ်လိုက်ကြတာ ခုတော့နာသွားရှာပြီ

>>>Lewin (G 3, A 2) 6.0m သူ့ဈေးလေးလဲမဆိုးဘူး

>>>Evanilson (G 3, A 2) Lewin နဲ့ဈေးတန်းတူ လယ်ဗယ်တူပဲ

>>>Semenyo (A 5) ဒီနှစ်ကစားတဲ့နေရာအရ မနှစ်ကလိုဂိုးတွေမျှော်လင့်လို့မရနိုင်တော့

>>>Igor Jesus (G 4) Forest ရဲ့ တိုက်စစ်ရွေးစရာ option များနေတာကပြသနာ

>>>Mbeumo (G 3, A 1) Bruno ကိုမခေါ်ဘူးဆိုရင်တော့ သူ့ကိုခေါ်ထားသင့်

>>>Thiago (G 3, A 1) Differential Option တစ်ခုဖြစ်မယ်ထင်တယ်

အချိုအချောင်တွေထဲကလိုက်ရှာကြည့်ရင်

>>>Tel (G 1, A 3) 6.0m သန်းထဲနဲ့ စပါးတောင်ပံတခြမ်းအပိုင်စားရရင်တော့သုံးသင့်တယ်၊ သို့ပေမယ့် 6.0m Mid ထဲမှာရွေးစရာတွေကတော့အများသားပဲ

>>>Schade (G 2, A 2) သူလဲ 6.0m ပဲ၊ G 2 A 2 ဆိုတာတပွဲတည်းနဲ့ယူထားတာကတော့သတိထားသင့်တယ်

>>>Le Fee (G 3) 6.0m Mid Player, Penalty လဲသူပဲစားတယ်

>>>Barnes (G 2) သူ့လိုအနေအထားနဲ့ 6.0m ကတန်လွန်းတယ်၊ ကာဆယ်အနေအထားမတည်ငြိမ်သေးတာကပြသနာ

ရာသီကြိုခြေစွမ်းကြည့်ပြီးအပြည့်အဝကောက်ချက်ဆွဲလို့တော့မရဘူးဂျာကြီးတို့၊ ထိပ်ဆုံးကသခင်လေးဆို ရာသီကြိုမှာတစ်ဂိုးမှရခဲ့တာမဟုတ်ဘူးလေ၊ Bruno ကြီးဆိုရင်လဲ ဂိုးမရတဲ့အပြင် ပယ်နတီ ၂ လုံးတောင်လွဲခဲ့သေးတာ

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Kaba Aye Pagoda Road
Yangon
11201