20/07/2026
We’re doing it again this year! 🥋🎉
【ဩဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ကျင်းပမည့် Japan Culture & Education Fair 2026 မှာ ဂျပန်အငွေ့အသက်လေးတွေကို အတူတူခံစားကြရအောင်!】
The Japan Foundation Yangon (JFYG) သည် License Academy Co., Ltd.၊ မြန်မာနိုင်ငံ ဂျပန်ပြန်ကျောင်းသားဟောင်းများအသင်း (MAJA) တို့နှင့် ပူးပေါင်းပြီး Japan Culture & Education Fair 2026 ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဂျပန်နွေရာသီပွဲတော်ယဉ်ကျေးမှုကိုကိုယ်တိုင်ကိုယ်ကျ ပါဝင်ခံစားနိုင်မယ့်
KIRA KIRA☆ဂျပန်နွေရာသီပွဲတော် နဲ့အတူ ဂျပန်နိုင်ငံမှ လာရောက်ပြသကြမည့် တက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းကောလိပ်များ၊ ဂျပန်ဘာသာစကားကျောင်းများနှင့် ပညာသင်ဆု/ပညာရေးဆိုင်ရာ အကြံဉာဏ်များ ရယူနိုင်မယ့် ဂျပန်ပညာတော်သင်ဆွေးနွေးပွဲ နှစ်ခုစလုံးကို နေရာတစ်ခုတည်းမှာ တစ်ပြိုင်နက်တည်း ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။
Cosplayer များရဲ့ စင်မြင့် ဖျော်ဖြေတင်ဆက်မှုများ၊ ကန်ဒို (Kendo) နှင့် ကရာတေး (Karate) ပြသပွဲများ၊ ဂျပန်ယဉ်ကျေးမှုကို လေ့လာနိုင်မယ့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဂိမ်းကစားနည်း အစီအစဉ်များ၊ lucky draw အစီအစဉ်၊ ယုကတ (Yukata) ဝတ်ဆင်မှု အတွေ့အကြုံများနှင့် ဂျပန်ပညာတော်သင် အကြံပေးကောင်တာများ စသည့်
ပျော်ရွှင်စရာကောင်းပြီး ဂျပန်ယဉ်ကျေးမှုကို အခမဲ့
ထိတွေ့လေ့လာနိုင်မယ့် အစီအစဉ်များစွာကိုလည်း ပြင်ဆင်ပေးထားပါတယ်။
ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်အကြောင်းကြားပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်!
✨ပွဲအစီအစဉ်အကျဉ်းချုပ်✨
🏮 နေ့ရက် ။ ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက် (စနေနေ့) နှင့် ၂ ရက် (တနင်္ဂနွေနေ့)
🎆အချိန် ။ ။ မနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲ (last entry time ညနေ ၃ နာရီ)
🏮နေရာ ။ ။ Melia Yangon (Inya Ballroom, Function Room 1)
🎆ကြီးမှူးကျင်းပမည့်အဖွဲ့အစည်းများ ။ ။
[KIRA KIRA☆ဂျပန်နွေရာသီပွဲတော်]
The Japan Foundation, Yangon (JFYG), Myanmar Association of Japan Alumni (MAJA)
[ဂျပန်ပညာတော်သင်ဆွေးနွေးပွဲ]
Licence Academy
🏮ပူးပေါင်းပါဝင်ကူညီသည့်အဖွဲ့အစည်းများ။ ။ Myanmar Japan Center (MJC)၊ Okayama University Japan Educational Information Center (OJEIC)
🎆 Sponsor ကုမ္ပဏီများ။ ။ All Nippon Airways (ANA), Marubeni, MIYAKO FOOD MYANMAR Co., Ltd
🏮 Study in Japan ပြပွဲတွင် ပါဝင်ပြသမည့် အဖွဲ့အစည်းများ။ ။
TAMA University, Kyoto Tachibana University, Kyoshin Language Academy, Kyoto Language Academy, SYONAN JAPANESE ACADEMY HAMAMATSU CAMPUS, Yu Language Group, Global Innovation Consulting, Licenseacademy Inc.
🎆 ဝင်ကြေး။ ။ အခမဲ့
🏮စုံစမ်းမေးမြန်းရန်။ ။
KIRA KIRA☆ဂျပန်နွေရာသီပွဲတော် အတွက်
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
(ဖုန်း 01-43920/1၊ မေးလ် [email protected])
ဂျပန်ပညာတော်သင်ဆွေးနွေးပွဲ အတွက်
Nice Myanmar (ဖုန်း 09-409122212/09-897408617၊ မေးလ် [email protected])
ဂျပန်ပညာတော်သင်ဆွေးနွေးပွဲကို လာရောက်ကြမယ့်သူများ အောက်ပါလင့်ကနေ ကြိုတင်နာမည်စာရင်းပေးသွင်းထားရပါမယ်။ KIRA KIRA☆ဂျပန်နွေရာသီပွဲတော်ကို လာရောက်ကြသူတွေကြတော့ ကြိုတင်နာမည်စာရင်း ပေးစရာမလိုပါဘူး။
https://docs.google.com/forms/d/e/1FAIpQLSc2uCW_qOSRBFn8qhsCBOqVvPslKSObrgnNwkZlj4uXV-owWw/viewform
☆★☆★☆★☆★☆★☆
【8月1・2日開催】 Japan Culture & Education Fair 2026で日本気分を楽しもう!
国際交流基金ヤンゴン日本文化センター(JFYG)は、ライセンスアカデミー社及びミャンマー元日本留学生協会(MAJA)と共催で、 Japan Culture & Education Fair 2026を開催します。 本イベントでは、日本の夏祭りを体験できる「キラキラ☆夏祭り」と、日本から出展する大学、専門学校、日本語学校等と留学に関する相談ができる「日本留学フェア」の二つを同じ会場で一度にお楽しみいただけます。コスプレイヤーによるステージパフォーマンス、剣道や空手のデモンストレーション、日本文化について学べるクイズ大会、各種ゲームコーナー、ラッキードロー、浴衣着付け体験、日本留学相談ブース等、楽しみながら無料で日本に触れることができる企画を多数ご用意しています。
イベントの詳細はこれから随時お知らせしていきますので、どうぞお楽しみに!
✨イベント概要✨
🏮日付:2026年8月1日(土)、2日(日)
🎆時間:10:00am~3:30pm(最終入場3:00pm)
🏮場所:: Meliá Yangon (Inya Ballroom及びFunction Room 1)
🎆主催:
[キラキラ☆夏祭り]国際交流基金ヤンゴン日本文化センター(JFYG)、ミャンマー元日本留学生協会(MAJA)
[日本留学フェア]ライセンスアカデミー
🏮協力:ミャンマー日本人材開発センター(MJC)、岡山大学日本留学情報センター(OJEIC)
🎆 協賛:全日本空輸(ANA)ヤンゴン支店、丸紅ヤンゴン支店、ミヤコフードミャンマー
🏮日本留学フェア出展団体: TAMA University, Kyoto Tachibana University, Kyoshin Language Academy, Kyoto Language Academy, SYONAN JAPANESE ACADEMY HAMAMATSU CAMPUS, Yu Language Group, Global Innovation Consulting, Licenseacademy Inc.
🎆入場料:無料
🏮問い合わせ:
[キラキラ☆夏祭り]国際交流基金ヤンゴン日本文化センター(電話番号:01-43920/1、メールアドレス:[email protected])
[日本留学フェア]Nice Myanmar(電話番号:09-409122212 / 09-897408617 、メールアドレス: [email protected] )
※「日本留学フェア」に来場される方は、以下のリンクから事前登録をしていただくようご協力をお願いいたします。「キラキラ☆夏祭り」については、事前登録なしでご来場いただけます。
https://docs.google.com/forms/d/e/1FAIpQLSc2uCW_qOSRBFn8qhsCBOqVvPslKSObrgnNwkZlj4uXV-owWw/viewform