အဖွဲ့အစည်းတစ်ခု တိုးတက်နေဖို့ဆိုရင် အဲဒီအဖွဲ့အစည်းထဲက လူတွေလည်း တိုးတက်နေဖို့လိုပါတယ်။
လူတွေ တိုးတက်ဖို့ သင်ယူမှု ဆက်ရှိနေဖို့လိုတယ်။
လုပ်ငန်းခွင်မှာ ကြုံရတဲ့ အတွေ့အကြုံတွေကနေ သင်ယူတယ်။
အမှားလုပ်မိရင်လည်း အဲဒီအမှားကနေ ဘာရလိုက်လဲဆိုတာ ပြန်သင်ယူတယ်။
မသိသေးတာတွေကို လေ့လာတယ်။
လိုအပ်နေတဲ့ အရည်အချင်းတွေကို Training & Development တွေနဲ့ ဆက်ပြီး ဖြည့်တယ်။
ဒီလို သင်ယူနေတဲ့ လူတွေ များလာတဲ့အခါ အဖွဲ့အစည်းထဲမှာ Continuous Learning Culture တစ်ခု ဖြစ်လာပါတယ်။
ဒီနေ့သိထားတာနဲ့ပဲ မနက်ဖြန်ကို ဆက်သွားနေလို့ မရပါဘူး။
လုပ်ငန်းတွေ ပြောင်းနေတယ်။
နည်းပညာတွေ ပြောင်းနေတယ်။
လူတွေရဲ့ လိုအပ်ချက်တွေလည်း ပြောင်းနေတယ်။
ကိုယ်က မသင်ယူတော့တဲ့အချိန်မှာ တခြားသူတွေကတော့ သင်ယူပြီး ရှေ့ကို ဆက်သွားနေကြမှာပါ။
ဒါကြောင့် အဖွဲ့အစည်းတစ်ခုမှာ သင်ယူမှု ရပ်သွားပြီဆိုရင် တိုးတက်မှုလည်း တဖြည်းဖြည်း ရပ်သွားမှာပါ။
WinningLife
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WinningLife, Coach, Yangon.
Winning Life empowers individuals and organizations, reach their full potential through tailored personal, professional, and organizational development services. Winning Life is an outstanding personal development training, coaching, and consultancy services company in Myanmar that assists individuals in achieving ultimate success and happiness, as well as for private sector development and the development of NGOs/CBOs.
Team တစ်ခုရဲ့ Culture က ဘယ်ကနေ စလာတာလဲ။
အဲဒီ Team ကို ဦးဆောင်နေတဲ့ Leader ဆီကနေ စလာတာပါ။
Leader က လူတွေကို ဘယ်လိုဆက်ဆံသလဲ။
ပြဿနာတစ်ခုကြုံရင် ဘယ်လိုကိုင်တွယ်သလဲ။
ဆုံးဖြတ်ချက်တွေကို ဘယ်လိုချသလဲ။ကိုယ်ပြောထားတဲ့အတိုင်း ကိုယ်တိုင် လုပ်ပြသလား။
ဒီအရာတွေကို Team Member တွေက နေ့တိုင်း မြင်နေရတယ်။
အချိန်ကြာလာတဲ့အခါ သူတို့လည်း အဲဒီပုံစံအတိုင်း လိုက်ပြီး ပြုမူလာတတ်ကြပါတယ်။
Leader က တာဝန်ယူတတ်ရင် Team ကလည်း တာဝန်ယူတတ်လာမယ်။
Leader က လူတွေကို လေးစားရင် Team ထဲမှာလည်း အပြန်အလှန် လေးစားမှုရှိလာမယ်။
Leader က အမှားတွေကို ဖုံးကွယ်တတ်ရင် Team ထဲမှာလည်း အမှားကို ဝန်မခံချင်တဲ့ Culture ဖြစ်လာနိုင်တယ်။
ဒါကြောင့် Leader တစ်ယောက်ရဲ့ နေ့စဉ်အပြုအမူတွေဟာ သူတစ်ယောက်တည်းနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။
အချိန်ကြာလာတာနဲ့အမျှ အဲဒီအပြုအမူတွေက သူဦးဆောင်နေတဲ့ Team ရဲ့ Culture ဖြစ်လာတာပါ။
ဒါကြောင့် Team Culture ကောင်းတစ်ခု တည်ဆောက်ချင်ရင် စည်းမျဉ်းတွေ ထုတ်နေရုံနဲ့ မရပါဘူး။
Leader ကိုယ်တိုင်က ကိုယ်လိုချင်တဲ့ Culture ရဲ့ စံနမူနာ ဖြစ်နေဖို့လိုပါတယ်။
ပဋိပက္ခမရှိတဲ့ Team ဆိုတာ မရှိပါဘူး။
လူမတူဘူး၊ အမြင်မတူဘူး၊ အလုပ်လုပ်ပုံမတူဘူးဆိုတော့ ပဋိပက္ခတွေ ကြုံရမှာပါပဲ။
အရေးကြီးတာက ပဋိပက္ခဖြစ်လာတဲ့အခါ Leader က ဘယ်လိုကိုင်တွယ်သလဲ ဆိုတာပါ။
စိုးရိမ်တာ၊ ကြောက်တာ၊ ရှောင်လွှဲတာထက် ပဋိပက္ခကို Growth Opportunity တစ်ခုအနေနဲ့ မြင်တတ်ဖို့လိုပါတယ်။
ဘာကြောင့် ဒီလိုဖြစ်လာတာလဲဆိုတာ ဆန်းစစ်မယ်။
နှစ်ဖက်စလုံးရဲ့ အမြင်ကို သေချာနားထောင်မယ်။
ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်အောင်လုပ်ပြီး အဖြေကို အတူရှာမယ်။
ဒီလိုကိုင်တွယ်နိုင်ရင် ပဋိပက္ခတစ်ခုက Team ကို ပိုကွဲသွားစေတာထက် တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်လာဖို့၊ အလုပ်လုပ်ပုံတွေ ပိုကောင်းလာဖို့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
Leadership ဆိုတာ ပဋိပက္ခမဖြစ်အောင် ရှောင်နိုင်တာ မဟုတ်ဘူး။
ဖြစ်လာတဲ့ပဋိပက္ခကို Team အတွက် တိုးတက်မှုတစ်ခု ဖြစ်လာအောင် ကိုင်တွယ်နိုင်တာပါ။
Team တစ်ခုမှာ Trust ပျက်သွားရင် Teamwork လည်း အားနည်းသွားပါတယ်။
ဒါကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့် Team နဲ့ ကိုယ့်ကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးပါတယ်။
ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ။
ပြောထားတဲ့အတိုင်း လက်တွေ့လုပ်ပြဖို့ လိုတယ်။ပေးထားတဲ့ကတိကို တည်ဖို့လိုတယ်။
Team Member တစ်ယောက်နဲ့တစ်ယောက်ကို မျှမျှတတ ဆက်ဆံဖို့လိုတယ်။
ပြီးတော့ ခေါင်းဆောင်ဆိုတာကလည်း လူဖြစ်တဲ့အတွက် အမှားမကင်းနိုင်ပါဘူး။
အရေးကြီးတာက မှားတဲ့အခါ ကိုယ့်အမှားကို ဝန်ခံတတ်ဖို့ပါ။
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို တခြားသူတွေဆီက မျှော်လင့်နေလို့ မရပါဘူး။
ကိုယ်လိုချင်တဲ့ အပြုအမူကို ခေါင်းဆောင်က ကိုယ်တိုင်ကစပြီး လုပ်ပြဖို့လိုပါတယ်။
Trust ဆိုတာ တစ်ရက်တည်းနဲ့ တည်ဆောက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ အချိန်ယူပြီး တဖြည်းဖြည်း တည်ဆောက်ရတာပါ။
ဒါပေမယ့် ပျက်သွားဖို့ကတော့အချိန်ခဏလေးပဲ လိုပါတယ်။
လုပ်ငန်းခွင်မှာ လူတွေကို ဦးဆောင်ရတဲ့အခါ ကိုယ်ပြောချင်တာကိုပဲ ပြောနေလို့ မရပါဘူး။
ကိုယ့် Team က ဘာပြောနေသလဲ၊ ဘာလိုအပ်နေသလဲဆိုတာကိုလည်း အလေးထားပြီး နားထောင်ပေးဖို့ လိုပါတယ်။
အပြန်အလှန် လေးစားမှုနဲ့ ပြောဆိုဆက်ဆံတတ်ဖို့ လိုသလို ကိုယ်ပြောချင်တဲ့အရာကိုလည်း တစ်ဖက်လူ နားလည်လွယ်အောင် ပြောတတ်ဖို့ လိုပါတယ်။
Team ရဲ့ လိုအပ်ချက်အလိုက် အချိန်မှန် Feedback ပေးတာကလည်း Communication ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
တချို့ Leader တွေက ကိုယ်ပြောရမယ့်အရာကိုပဲ အာရုံစိုက်တတ်ကြတယ်။
Leader ကောင်းတစ်ယောက်ကတော့ ကိုယ်ဘာပြောမလဲဆိုတာထက် သူများဘာပြောနေလဲဆိုတာကိုလည်း အလေးထားတယ်။
ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကိုယ့်စကားကို နားထောင်တဲ့သူထက် ကိုယ့်စကားကို နားလည်ပေးတဲ့သူနဲ့ ပိုပြီး လက်တွဲချင်ကြလို့ပါ။
ခေါင်းဆောင်မှုမှာ ပြောတတ်ဖို့ အရေးကြီးသလို နားထောင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။
Team တစ်ခုရဲ့ တိုးတက်မှုက Feedback ရှိ၊ မရှိပေါ်မှာ အများကြီး မူတည်ပါတယ်။
တချို့လူတွေက Feedback ကို ကြားလိုက်တာနဲ့ အပြစ်တင်တာ၊ ဝေဖန်တာ၊ အမှားရှာတာလို့ပဲ ထင်တတ်ကြပါတယ်။
တကယ်တော့ Feedback ဆိုတာအပြစ်တင်ဖို့ မဟုတ်ပါဘူး။
တိုးတက်လာဖို့ လမ်းညွှန်ပေးတာပါ။
ဒါကြောင့် Leader ကောင်းတစ်ယောက်က Feedback ပေးတဲ့အခါလူကို မဝေဖန်ဘူး။
အပြုအမူကိုပဲ ပိုကောင်းလာအောင် ကူညီပေးတယ်။
Feedback ကောင်းတစ်ခုရဲ့ ရည်ရွယ်ချက်က
"မင်းမှားတယ်" လို့ ပြောဖို့ မဟုတ်ဘူး။
"မင်း ဒီထက်ပိုကောင်းလာနိုင်တယ်" ဆိုတာကိုသိမြင်လာအောင် ကူညီပေးဖို့ပါ။
လစာတိုးပေးရုံနဲ့ Team တစ်ခုကို အချိန်အကြာကြီး Motivation ပေးလို့ မရပါဘူး။
လစာက အရေးကြီးပါတယ်။ ဒါပေမယ့် အဲဒါတစ်ခုတည်းတော့ မဟုတ်ပါဘူး။
သူတို့လုပ်ထားတဲ့ အလုပ်ကို အသိအမှတ်ပြုပေးတာ။
သူတို့ တိုးတက်နိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးတာ။
သူတို့လုပ်နေတဲ့ အလုပ်က တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရအောင် လုပ်ပေးတာ။
ဒါတွေက Team တစ်ခုကို ပိုပြီး စိတ်အားထက်သန်လာစေပါတယ်။
အဲဒီအချိန်မှာ Team က အလုပ်လုပ်နေတာ မဟုတ်တော့ဘူး။ အောင်မြင်မှုတစ်ခုကို အတူတူ တည်ဆောက်နေကြတာပါ။
Leader ကောင်းတစ်ယောက်ဆိုတာ လူတွေကို စီမံခန့်ခွဲရုံ မဟုတ်ဘူး။
သူတို့ရဲ့ အကောင်းဆုံးစွမ်းရည်တွေ ထွက်လာအောင် Inspire လုပ်ပေးနိုင်တဲ့သူပါ။
Winning Life ရဲ့ YouTube Channel မှာလည်း ဆရာဦးကိုကိုလွင်ရဲ့ Personal Development, Leadership, Management နဲ့ လူမှုဘဝ၊ လုပ်ငန်းခွင်အတွက် အသုံးဝင်မယ့် အကြောင်းအရာတွေကို ဆက်လက်မျှဝေပေးနေပါတယ်။
ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာဖို့၊ အတွေးအမြင်သစ်တွေ ရရှိဖို့နဲ့ သိထားတဲ့ အသိပညာတွေကို လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ အထောက်အကူဖြစ်စေမယ့် Video တွေကို အချိန်နဲ့အမျှ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဆရာ့ရဲ့ မျှဝေမှုတွေကို စိတ်ဝင်စားတယ်ဆိုရင် YouTube Channel ကို Subscribe လုပ်ထားပြီး Video တွေကို ဝင်ရောက်လေ့လာနိုင်ပါတယ်။
▶️ YouTube Channel
https://youtube.com/?si=Mq68mRM_u1GbXwaC
အသိပညာတစ်ခုက အတွေးတစ်ခုကို ပြောင်းလဲစေနိုင်သလို၊ ပြောင်းလဲသွားတဲ့ အတွေးတစ်ခုကလည်း ဘဝရဲ့ လမ်းကြောင်းတစ်ခုကို ပြောင်းလဲစေနိုင်ပါတယ်။
Leader တစ်ယောက်ရဲ့ အရည်အချင်းက သူဦးဆောင်တဲ့ Team အပေါ်ထင်ဟပ်စေပါတယ်။
Great Leaders Build Great Teams.
Leader ကောင်းတစ်ယောက်ဆိုတာ
လူတွေကို အမိန့်ပေးရုံ မဟုတ်ဘူး။
သူ့ Team ကို နားထောင်ပေးတယ်။
နားလည်ပေးတယ်။
လူမှန် နေရာမှန် ဖြစ်စေတယ်။
လိုအပ်တဲ့ အရည်အချင်းတွေကို ဖွံ့ဖြိုးလာအောင် ကူညီပေးတယ်။
ခက်ခဲတဲ့အချိန်တွေမှာလည်း အားပေးတယ်၊ ယုံကြည်မှုပေးတယ်၊ ရှေ့ကို ဆက်လျှောက်နိုင်အောင် အားပေးပံ့ပိုးတယ်။
Leader ကောင်းတစ်ယောက်ရဲ့ အောင်မြင်မှုကို သူ့တစ်ယောက်တည်းရဲ့ ရလဒ်နဲ့ မတိုင်းတာပါဘူး။
သူတည်ဆောက်ထားတဲ့ Team ရဲ့ Outcome က သူ့ Leadership ရဲ့ အကောင်းဆုံး သက်သေပါပဲ။
လုပ်ငန်းတစ်ခုတည်းမှာ အတူဝင်လုပ်ကြတယ်။တစ်ယောက်က နှစ်အနည်းငယ်အတွင်း Leader ဖြစ်သွားတယ်။နောက်တစ်ယောက်ကတော့ နှစ်တွေကြာသွားပေမယ့် အရင်အတိုင်းပဲ။
အရည်အချင်းကြောင့်ပဲလားအမြဲတမ်းတော့ မဟုတ်ပါဘူး။ကွာသွားတာက သူတို့ရဲ့ Mindset ပါ။
တချို့လူတွေက ပြဿနာတစ်ခုကြုံရင် အဲဒီပြဿနာအကြောင်းကိုပဲ အကြာကြီး ပြောနေတတ်ကြတယ်။
တချို့လူတွေကတော့ အဖြေကို စရှာနေပြီ။ခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ့် လမ်းကြောင်းက အဲဒီကတည်းက စကွာသွားတာပါ။
Leadership ဆိုတာ ရာထူးရပြီးမှ သင်ယူရတဲ့အရာမဟုတ်ပါဘူး။
ရာထူးမရခင်ကတည်းက Leadership Mindset ကို မွေးမြူထားတဲ့သူက ရာထူးရလာတဲ့အခါ Leader ဖြစ်လာတာ မဆန်းပါဘူး။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |