ဘောလုံးလောကရဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေနဲ့ ရင်ခုန်စရာ အကြောင်းအရာတွေကိုBallTalk - Myanmarနဲ့အတူ လက်မလွှတ်တမ်း ခံစားလိုက်ရအောင် 😎။
အခုပဲ ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုအားပေးကြပါဦး ⚽🔥
BallTalk - Myanmar
Lets Talk About Football ! Your Trusted Football Source ⭐
07/07/2026
🚨 ကွာတားဖိုင်နယ် ပွဲစဉ်များ စတင်တော့မည်! 🍿⚔️
🇲🇦 မော်ရိုကို vs ပြင်သစ် 🇫🇷
🇳🇴 နော်ဝေ vs အင်္ဂလန် 🏴
🇪🇸 စပိန် vs ဘယ်လ်ဂျီယံ 🇧🇪
🇦🇷 အာဂျင်တီးနား/အီဂျစ် vs 🇨🇭 ဆွစ်ဇာလန်/ ကိုလံဘီယာ
၂၀၂၆ ကမ္ဘာ့ဖလားကို ဘယ်သူတွေ ဗိုလ်စွဲသွားမလဲ? 🌎🤩
17/06/2026
ဒီနေ့ ကမ္ဘာ့ဖလားပွဲစဉ်များရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမား (Man of the Match - MOTM) ဆုရရှိသူများ
အိုလီဆေး (ပြင်သစ် Vs ဆီနီဂေါ)
အာလင်းဟာလန်း (အီရတ် Vs နော်ဝေး)
လီယွန်နယ်မက်ဆီ (အာဂျင်တီးနား Vs အယ်လ်ဂျီးရီယား)
အလီအိုလ်ဝန် ( ဩစတြီးယား Vs ဂျော်ဒန်)
17/06/2026
အမ်ဘာပေ (သို့)သမိုင်းစာမျက်နှာကို တရွေ့ရွေ့ လှန်နေသူ!" 🚀
ပြင်သစ် (၃-၁) ဆီနီဂေါ။
ပြင်သစ်တို့ရဲ့ ကမ္ဘာ့ဖလားခရီးလမ်းမှာ အမ်ဘာပေဆိုတဲ့ နာမည်က ထပ်မံတောက်ပလာပြန်ပါပြီ။ ဒီနေ့ပွဲမှာ ၂ ဂိုးသွင်းယူရင်းနဲ့ သူဟာ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ "ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်လိုက်ပါပြီ။
ဒါတင်မကသေးဘူး! ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးဖြစ်တဲ့ ကလိုဆေးရဲ့ (၁၆) ဂိုးစံချိန်ကို ချေဖျက်ဖို့အတွက် သူ့မှာ နောက်ထပ် (၂) ဂိုးပဲ လိုပါတော့တယ်။ မြန်နှုန်းမြင့်၊ အဆုံးသတ်ရက်စက်တဲ့ အမ်ဘာပေတစ်ယောက် ဒီစံချိန်ကို ဘယ်တော့ လိုက်မီသွားမလဲဆိုတာ ကမ္ဘာ့တစ်ဝန်းလုံးက အားကစားပရိသတ်တွေ အသက်အောင့်ပြီး စောင့်ကြည့်နေရပါပြီ! 👑🔥
17/06/2026
အီရတ်ကိုဂိုးပြတ်အနိုင်ယူပြီး အဖွင့်လှခဲ့တဲ့ ဂိုးသွင်းစက် ဟာလန်းတို့ရဲ့ နော်ဝေး
ကမ္ဘာ့ဖလားဇာတ်ခုံပေါ် ပြန်ရောက်လာတဲ့ နော်ဝေးတို့ရဲ့ ပထမဆုံးခြေလှမ်းကတော့ တကယ်ကို လှပခဲ့ပါတယ်။
ဟာလန်းရဲ့ အဆုံးသတ်တွေက ပရိသတ်တွေကို အားရစေခဲ့သလို၊ ဟက်ထရစ်နဲ့ ထိုက်တန်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အီရတ်
အတွက်တော့ ကမ္ဘာ့ဖလားခရီးလမ်းအစမှာ ခါးသီးတဲ့ ရှုံးပွဲနဲ့ စတင်လိုက်ရတာဟာ အာရှအသင်းတွေအတွက်တော့ စိတ်ပျက်စရာ ပထမဆုံးရလဒ်ပဲ ဖြစ်ပါတယ်။
17/06/2026
ကမ္ဘာ့ဖလား ပွဲပြီးရလဒ်များ (17-6-2026)
ပြင်သစ် Vs ဆီနီဂေါ (3-1)
အီရတ် Vs နော်ဝေး (1-4)
အာဂျင်တီးနား Vs အယ်လ်ဂျီးရီးယား (3-0)
ဩစတြီးယား Vs ဂျော်ဒန် (3-1)
17/06/2026
ကမ္ဘာ့ဖလားမှာ ဟက်ထရစ်သွင်းပြီးလို့
လူစားလဲ အနားယူပြီးနောက် လက်ကျန်မိနစ်တွေကိုထိုင်ကြည့်နေတဲ့ Goat တယောက်ရဲ့ အရံခုံတန်းက ပုံရိပ်တစ်ခုပါ
သာမန်ကစားသမားတယောက်အနေနဲ့ အသင်းကို ငါကယ်တင်ထားတာကွ၊ငါက ဟက်ထရစ်ဆုရှင် ငါကစံချိန်တွေတစ်ခုပြီးတစ်ခုချိုးနေတဲ့ သူကွ ၊ပွဲပြီးရင် MOTMလဲ ထပ်ရဦးမှာပဲ ဆိုပြီးမြှောက်ကြွမြှောက်ကြွ ဖြစ်ကာ ဂုဏ်ဆာပြီး
ဟိတ်ဟန်အပြည့်နဲ့ ဘုရင်တစ်ယောက်လို ခုံပေါ်မှာ ထိုင်နေမှာပါ
ဒီနေရာမှာ မက်ဆီ ဖြစ်နေလေတော့မြင်တွေ့ရတဲ့ ပုံရိပ်က လည်း ပြောင်းလဲသွားပါတယ်
သူဟာငါက ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံးသူ ဖြစ်သွားပြီ ငါက ကမ္ဘာ့ဖလားရဲ့အသက်
အကြီးဆုံး ဟက်ထရစ် ရှင်ပဲ ဆိုတဲ့ဂုဏ်ဆာမှူမျိုး အနည်းငယ်တောင် သူ့ဆီမှာ ရှိမနေတာတော့ ကျွန်တော်ရော ခင်ဗျားတို့ရော မျက်မြင်ကိုယ်တွေ့ပါပဲ ။
အဲလိုဂုဏ်ဆာမှုမျိုးရှိမနေလို့လဲသူ့အပေါ် ကထိုင်ခုံမှာ ဆံပင်စုပ်ဖွားလေး နဲ့ ထိုင်နေတဲ့ Barco ဆိုတဲ့ ချာတိတ်လေးရဲ့ အောက်ခြေနားမှာ အေးအေးလူလူ ထိုင်နေနိူင်တာပေါ့
17/06/2026
ကမ္ဘာ့ဘောလုံးလောကရဲ့ မျိုးဆက်တစ်ခုလုံးကို မင်းကပဲ အဓိပ္ပာယ်ဖွင့်ဆိုသွားခဲ့တာပါ။ မင်းရဲ့ ခြေလှမ်းတိုင်း၊ ဂုဏ်ဒြပ်တိုင်းကို ငါတို့ရဲ့ နောက်ဆုံးအချိန်ထိတိုင် မေ့မရနိုင်တဲ့ အမှတ်တရတွေအဖြစ် ရင်ဝယ်ပိုက်ထားပါ့မယ်။
17/06/2026
Hat-trick for the 🐐
38 နှစ်လား ? 18 နှစ်လား?
လွန်လွန်းတယ်ကွာ✨
Click here to claim your Sponsored Listing.