Fit Lady Gym

Fit Lady Gym

Share

Take care of your body �� It's the only place you have to live

16/08/2026

🌸 ဝိတ်ကျချင်လို့ ဗိုက်ဆာခံစရာ မလိုပါဘူး

“ထမင်းလျှော့စားလိုက်ရင် ဝိတ်ကျမယ်”

ဆိုတာ လူအများစု ထင်ကြတဲ့အရာပါ။

ဒါပေမယ့် အရမ်းလျှော့စားလိုက်တဲ့အခါ

❌ ဗိုက်ပိုဆာလာတယ်
❌ စိတ်ပင်ပန်းလာတယ်
❌ ပြန်စားတဲ့အခါ ဝိတ်ပိုတက်လာတယ်

ဝိတ်ကျဖို့အတွက်

✅ အစားအသောက်ကို မျှတအောင်စားပါ
✅ ရေများများသောက်ပါ
✅ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
✅ အိပ်ရေးဝအောင်အိပ်ပါ

ကျန်းမာတဲ့ ခန္ဓာကိုယ်တစ်ခုကို အချိန်ယူပြီး တည်ဆောက်ရပါတယ်။

တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာဖို့ပဲ အာရုံစိုက်ပါ။ 💪🌸

Fitness Coach- Su Thaw Tar Linn




10/08/2026

B***y Camp session 🍑💪
ရလဒ်က တစ်နေ့ချင်းစီ စုဆောင်းလာတဲ့ ကြိုးစားမှုရဲ့အသီးအပွင့်ပါ။ 🤍

Fitness Coach -Su Thaw Tar Linn



31/07/2026

🌸 “အလေးမရင် အကောင်ကြီးသွားမယ်” ဆိုတာ တကယ်မှန်လား?

Training စလုပ်တဲ့ မိန်းကလေးတော်တော်များများမှာ ဒီစိုးရိမ်မှုရှိတတ်ပါတယ်။

တကယ်တော့…

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အမျိုးသားတွေနဲ့ မတူတာကြောင့် ပုံမှန် Strength Training လုပ်ရုံနဲ့ အကောင်ကြီးသွားတာ မဟုတ်ပါဘူး။

Strength Training က

✅ Body Shape ပိုလှလာစေတယ်
✅ ခွန်အားပိုကောင်းလာစေတယ်
✅ အဆီကျဖို့ အထောက်အကူပြုပါတယ်

Fitness Coach -Su Thaw Tar Linn




22/07/2026

Season တစ်ခု ပြီးသွားတိုင်း နောက် Season တစ်ခု စပါတယ်။

Consistency ဆိုတာ တစ်နှစ်လုံး မပျက်မကွက်လုပ်နိုင်တာကိုပဲ မဆိုလိုပါဘူး။

World Cup Season မှာ Training ပျက်တာ၊ Sleep Schedule ပျက်တာ၊ Clean Food မဟုတ်တဲ့အစားစာတွေအများကြီးစားမိတာ… အားလုံးကပုံမှန်ပါပဲ။

အရေးကြီးတာက ဘယ်လောက်ပျက်ခဲ့လဲ မဟုတ်ဘူး။ ပြန်စနိုင်ဖို့ ဆုံးဖြတ်တဲ့နေ့ကစပြီး ကိုယ့် Routine ကို ပြန်တည်ဆောက်နိုင်ဖို့ပါ။

See you back in the gym.👊

Fitness Coach-Su Thaw Tar Linn


18/07/2026

📍Gym Notice Announcement

Gym အတွင်းထားရှိပေးထားသော Member များ၏ Yoga Mat နှင့်ဖိနပ်များအား ယခုမှစ၍ သိမ်းဆည်းပေးတော့မည်မဟုတ်ပါ။

မိုးရာသီကာလဖြစ်သဖြင့် Gym ၏အနံ့အသက်နှင့် သန့်ရှင်းရေးကို အထူးဂရုပြုနေရပါသဖြင့် Yoga Mat Area နှင့် Shoes Area များကို ရှင်းလင်းသွားမည်ဖြစ်ပါသည်။

Gym တွင်လက်ရှိထားရှိထားသော Yoga Mat၊ ဖိနပ်၊ ခြေအိတ်၊ လက်အိတ်များကို 24.7.2026 (Friday) နောက်ဆုံးထား၍ ပြန်လည်ယူဆောင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


22/05/2026

📍Trainer အလိုရှိသည်

🟠 Female Trainer - (2) ဦး

✅ သက်ဆိုင်ရာ certificate ရရှိထားသူဖြစ်ရမည်။

✅ အဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။

✅ အသက် 18 မှ 35နှစ်အတွင်းဖြစ်ရမည်။

✅ 𝐆𝐲𝐦 မှ ချမှတ်ထားတဲ့ စည်းကမ်းများ၊ စံနှုန်းများနှင့် အညီ လုပ်ကိုင်နိုင်ရမည်။

✔️အလုပ်ချိန် - 3:00Pm to 7:30Pm
or
3:00Pm to 8:00Pm

✔️နားရက် - တနင်္ဂနွေနှင့်အများပြည်သူရုံးပိတ်ရက်အချို့

✔️Salary - အခြေခံလစာ +ရက်မှန်ကြေး +Bonus +လုပ်သက်ခံစားပိုင်ခွင့်

✔️Location-မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်(Fit Lady Gym)

𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ဖြေဆိုအောင်မြင်ပြီးရင် အလုပ်ခန့်ပါမည်။

လျှောက်ထားလိုပါက 𝐂𝐕 𝐟𝐨𝐫𝐦 နဲ့ တကွ 𝐁𝐨𝐝𝐲 ရှေ့၊ ဘေး၊ နောက် ၃ ပုံ ကို 𝐂𝐡𝐚𝐭 𝐁𝐨𝐱 𝐨𝐫 𝐕𝐢𝐛𝐞𝐫 𝐍𝐨 𝟎𝟗252599611 ကို ပေးပို့ လျှောက်ထားနိုင်ပါပြီ။

မင်္ဂလာတောင်ညွှန့်၊တာမွေအနီးတစ်ဝိုက်ဦးစားပေးမည်။

29/04/2026

📢 Gym Closed Notice

မေလ (၁) ရက်နေ့ May Day (အလုပ်သမားနေ့)
Gym တစ်ရက်ပိတ်ပါသည်။

05/04/2026

📣 Thingyan Promotion 🔥
6.4.2026 မှ 11.4.2026အထိ Member Joinမည့်လူသစ်လူဟောင်းအားလုံးအတွက်အထူး promotion

2 months membership >15% Off
4 months membership >1 month Free

ပရိုမိုးရှင်းကာလမကုန်ခင် အမြန်ဆုံးလာရောက်စာရင်းသွင်းဖို့ဖိတ်ခေါ်လိုက်ပါတယ်🥰


20/03/2026

Eid Mubarak to All ❣️

လမြင်ပီဖြစ်တာကြောင့် Eid al-Fitr
21.3.2026(Saturday) Gym ပိတ်ပါသည်။

Photos from Fit Lady Gym's post 06/12/2025

Healthy Morning• Happy Team• Fit Lady Energy✨📸🏃‍♀️🏃‍♀️🏃‍♀️




Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

No. 67, 94 Street, Kantawkalay
Yangon