26/09/2026
Signကြောင်တော့မဟုတ်ပါဘူး
ဘဝတစ်ခုလုံး လူတိုင်းက ကျွန်မကို
တစ်ခုခုဆို ကြောက်တတ်တယ်ထင်ကြတယ်
ကျွန်မက လည်း ကြောက်တာကို ကြောက်ကြောင်းမကြောက်မရွံ့ပြောတတ်တယ်😊 ကလိမ်ကကျစ်ဟန်မဆောင်ဘူး😊ဘာမှ မသိသလိုဖြူစင်ရိုးသားဟန်မဆောင်ဘူး
ချစ်တာကိုချစ်ကြောင်းရိုးရိုးသားသားပြောချချစ်
ပြတတ်တယ်♥️
မသိတာဆို သိအောင်ကြိုးစားလေ့ရှိတယ်
တကယ်မသိတာဆို မသိကြောင်းပြောအမှန်အတိုင်းပြောရဲတယ် မရှက်ပါဘူး😁
လူတွေက နင်မလုပ်နိုင်ပါဘူးပြောသမျှတွေကို တစ်ခုချင်းဆီ ငါလုပ်ချင်ရင်ဖြစ်အောင်လုပ်မှာဆိုတဲ့စိတ်နဲ့ ကိုယ်လမ်းကိုယ်ဖောက်ပြီး လျှောက်ခဲ့တယ် ယုံကြည်တာဆိုဝေဖန်
ဆန်းစစ်ပြီးဆက်လျှောက်တယ်
အမှားတွေမှန်သမျှကြုံလာတာကို လက်ခံတယ်
အရှူံးတွေကိုဆင်ခြင်တယ် စဉ်းစားတွက်ချက်တာကိုကြိုက်တယ်တွေဝေလေးလံတာကိုမုန်းတယ်စနစ်တကျလုပ်သွားရတာကိုသဘောကျတယ်
♈ ARIES ဆိုတာ လမ်းရှိမှ သွားတတ်တဲ့သူတွေမဟုတ်ဘူး၊ သွားရင်းနဲ့ လမ်းဖြစ်လာအောင် လုပ်တတ်တဲ့သူတွေ
Aries တွေအကြောင်းပြောရင် စိတ်မြန်တယ်၊ ဒေါသထွက်လွယ်တယ်၊ ပြိုင်ဆိုင်လိုစိတ်ရှိတယ်၊ ခေါင်းမာတယ်၊ impulsive ဖြစ်တယ်ဆိုတဲ့အချက်တွေကို အရင်ဆုံးပြောလေ့ရှိကြပေမဲ့ ကျမအမြင်မှာတော့ Aries တို့ရဲ့ တကယ့်ထူးခြားမှုဟာ ဒေါသကြီးခြင်း၊ ရဲရင့်ခြင်းတစ်ခုတည်းမှာ မရှိဘဲ တခြားသူတွေ “ဖြစ်နိုင်ပါ့မလား” လို့ စဉ်းစားနေတဲ့အချိန်မှာ သူတို့က “စမ်းကြည့်လိုက်ရအောင်” ဆိုပြီး ပထမဆုံးခြေလှမ်းကို လှမ်းရဲခြင်း မှာ ပိုရှိတယ်။
Astrology မှာ Aries ဟာ Zodiac ရဲ့ ပထမဆုံး sign ဖြစ်သလို သူတို့ရဲ့သဘာဝထဲမှာလည်း စတင်ခြင်း ဆိုတဲ့ energy က တော်တော်ထင်ရှားတတ်တယ်။
အရာအားလုံးပြည့်စုံသွားမှ၊ အခြေအနေကောင်းသွားမှ၊ လူတွေအားလုံးထောက်ခံလာမှ စမယ်ဆိုတာထက် ကိုယ်တကယ်လုပ်ချင်တဲ့အရာတစ်ခုရှိလာပြီဆိုရင် ဘာဖြစ်လာမလဲဆိုတာ မသေချာသေးတဲ့အချိန်မှာတောင် စတင်ရဲတတ်ကြပြီး၊ တခါတလေ အဲဒီအလျင်စလိုစတင်တတ်မှုကြောင့် အမှားတွေလည်းလုပ်မိနိုင်ပေမဲ့ Aries တို့အတွက်တော့ မစမ်းကြည့်ခဲ့လို့ တစ်သက်လုံးတွေးနေရခြင်းထက် စမ်းကြည့်ပြီးမှားသွားခြင်းက ပိုလက်ခံနိုင်စရာကောင်းတတ်တယ်။
ဒါကြောင့် Aries တစ်ယောက်ရဲ့အနားမှာ နေရတာဟာ တခါတလေ အားရှိစရာကောင်းတယ်။
ကိုယ်က “ငါလုပ်နိုင်ပါ့မလား” လို့ အကြိမ်တစ်ရာလောက် တွေးနေတဲ့အချိန် သူတို့က “ဘာလို့မလုပ်နိုင်ရမှာလဲ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ အဖြေပေးတတ်ပြီး၊ ပြဿနာတစ်ခုကို အရမ်းကြီးခက်ခဲအောင် စဉ်းစားမနေဘဲ လုပ်ကြည့်၊ မရရင် ပြန်ပြင်၊ ပြီးရင် ထပ်လုပ် ဆိုတဲ့ ရိုးရှင်းတဲ့ရဲရင့်မှုမျိုး သူတို့မှာရှိတတ်တယ်။
Aries တို့ရဲ့ နောက်ထပ်လှပတဲ့အကျင့်တစ်ခုက ရှုံးနိမ့်မှုကို ကိုယ့်identity တစ်ခုလို အကြာကြီးသယ်မထားတတ်ခြင်း ပါပဲ။
ရှုံးရင် စိတ်တိုမယ်၊ ဝမ်းနည်းမယ်၊ ကိုယ့်ကိုယ်ကိုတောင် ဒေါသထွက်ကောင်းထွက်မယ်၊ ဒါပေမဲ့ အချိန်တစ်ခုကြာသွားတဲ့အခါ ပြန်ထပြီး နောက်တစ်ကြိမ်ကြိုးစားနိုင်တဲ့စိတ်မျိုးက Aries တွေရဲ့အားသာချက်ဖြစ်တတ်တယ်။
သူတို့အတွက် “တစ်ခါမအောင်မြင်ခဲ့ဘူး” ဆိုတာဟာ “ငါမအောင်မြင်နိုင်တဲ့လူ” လို့ အဓိပ္ပါယ်မရဘူး။
ဒီတစ်ခါ မရခဲ့တာပဲ။
နောက်တစ်ခါရှိသေးတယ်။
အဲဒီစိတ်ဓာတ်ကပဲ Aries တစ်ယောက်ကို ဘဝမှာ အကြိမ်ကြိမ် ပြန်ထနိုင်စေတတ်တယ်။
ပြီးတော့ Aries တွေဟာ တခါတလေ စကားပြောရင် နူးညံ့အောင်အများကြီးပြင်ဆင်မပြောတတ်ကြဘူး၊ စိတ်ထဲမှာရှိတာကို မျက်နှာပေါ်မှာဖတ်လို့ရတတ်ပြီး မကြိုက်ရင် မကြိုက်ဘူး၊ ပျော်ရင်ပျော်တယ်၊ ချစ်ရင်ချစ်တယ်ဆိုတာကို အတော်လေးရှင်းရှင်းလင်းလင်း ပြတတ်ကြတယ်။
အဲဒီသဘာဝကြောင့် တခါတလေ လူတချို့အတွက် ပြင်းထန်သလို ခံစားရနိုင်ပေမဲ့ Aries တစ်ယောက်နဲ့ရင်းနှီးလာတဲ့အခါ သိလာရတာက သူတို့ရဲ့စိတ်ထဲမှာ တစ်ခုရှိပြီး အပြင်မှာတစ်မျိုးလုပ်နေဖို့ထက် ခံစားရတဲ့အတိုင်း ရိုးရိုးသားသားနေခြင်းကို ပိုနှစ်သက်တတ်ကြတာ ပါပဲ။
Aries တို့ရဲ့ ဒေါသကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။
Fire sign ဖြစ်တာနဲ့အညီ ဒေါသဟာ မီးတောက်တစ်ခုလို မြန်မြန်တက်လာနိုင်တယ်၊ အဲဒီအချိန်မှာ ပြောတာမြန်၊ တုံ့ပြန်တာမြန်နိုင်ပေမဲ့ Aries အများစုရဲ့သဘာဝက Scorpio လို အတွင်းထဲမှာ အချိန်ကြာကြာသိမ်းထားပြီး ပြန်တွက်ချက်နေတတ်တာမျိုးထက် မီးလောင်သလို လောင်ပြီးရင် ပြန်အေးသွားတတ်တဲ့ပုံစံ ပိုများတတ်တယ်။
ဒါကြောင့် mature ဖြစ်လာတဲ့ Aries တစ်ယောက်ရဲ့ အကြီးမားဆုံးတိုးတက်မှုက မီးကိုငြှိမ်းပစ်လိုက်တာ မဟုတ်ဘူး။
ဘယ်အချိန်မှာ မီးထွန်းရမလဲ၊ ဘယ်အချိန်မှာ မီးကိုထိန်းရမလဲ သိလာခြင်း ဖြစ်တယ်။
ဘာလို့လဲဆိုတော့ Aries ရဲ့ fire ဟာ ဖျက်ဆီးဖို့ပဲ အသုံးဝင်တာမဟုတ်ဘူး။
ကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့လည်း အဲဒီမီးပဲ၊ ကိုယ့်အိပ်မက်အတွက် ဆက်တိုက်ဖို့လည်း အဲဒီမီးပဲ၊ အားလုံးလက်လျှော့သွားတဲ့အချိန် “ငါတစ်ခါထပ်စမ်းဦးမယ်” လို့ ပြန်ထစေတဲ့အရာလည်း အဲဒီမီးပဲဖြစ်တယ်။
Aries တို့ရဲ့ အချစ်မှာလည်း ဒီလိုပဲ။
သူတို့ချစ်မိရင် အများကြီးတွက်ချက်ပြီးမှ ချစ်တတ်တာထက် စိတ်ထဲမှာခံစားရတာကို ရိုးရိုးသားသားပြတတ်ကြပြီး၊ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို တခြားသူတွေမကောင်းပြောနေတဲ့အချိန် အေးအေးဆေးဆေးကြည့်နေနိုင်တာထက် ရှေ့ကထွက်ပြီး ကာကွယ်ပေးချင်တဲ့ instinct ရှိတတ်ကြတယ်။ (အရမ်း အရမ်း ကြွေရတဲ့အချက်)
ဒါပေမဲ့ Aries အတွက် relationship ထဲမှာ သင်ယူရတဲ့အရာတစ်ခုက ချစ်ခြင်းဟာ တိုက်ပွဲတစ်ခုမဟုတ်ဘူးဆိုတာပါ။
အငြင်းအခုံတစ်ခုမှာ ကိုယ်နိုင်သွားတာနဲ့ relationship က နိုင်သွားတာမဟုတ်သလို ကိုယ်မှန်ကြောင်းသက်သေပြနိုင်တာနဲ့ တစ်ဖက်လူရဲ့ခံစားချက် ပျောက်သွားတာလည်း မဟုတ်ဘူး။
ဒါကြောင့် ကိုယ့်ရဲ့ရဲရင့်မှုကို နားထောင်ရဲခြင်း၊ တောင်းပန်ရဲခြင်း၊ ကိုယ်မှားတဲ့အခါ “ငါမှားတယ်” လို့ပြောရဲခြင်း အဖြစ်ပါ ပြောင်းသုံးတတ်လာတဲ့ Aries ဟာ အရမ်းလှတယ်။
Aries ရဲ့သင်္ကေတဖြစ်တဲ့ Ram (သိုးထီး)ကိုလည်း ကျမသဘောကျတယ်။
တောင်တက်တဲ့အခါ လမ်းက ဖြောင့်နေမှတက်တာမဟုတ်ဘူး၊ ခက်ခဲတဲ့ကျောက်ဆောင်တွေကြားမှာ ကိုယ့်ခြေထောက်ထားစရာနေရာကို ကိုယ်ရှာပြီး တက်သွားသလို Aries တွေလည်း ဘဝမှာ တစ်ယောက်ယောက်က လမ်းပြပေးမှ ရှေ့ဆက်နိုင်တဲ့သူတွေမဟုတ်ဘူး။
တခါတလေ ကိုယ်သွားမယ့်နေရာကိုတောင် သေချာမသိသေးဘူး။
ဒါပေမဲ့ ဒီနေရာမှာပဲ ရပ်မနေချင်ဘူးဆိုတာတော့ သေချာသိနေတတ်တယ်။
Aries တို့ရဲ့ အကောင်းဆုံးအရည်အသွေးကို စကားတစ်ခွန်းနဲ့ပြောရမယ်ဆိုရင် ကျမကတော့ Courage ဆိုတဲ့ ရဲရင့်ခြင်း လို့ ပြောချင်တယ်။
ရဲရင့်ခြင်းဆိုတာ မကြောက်တတ်ခြင်းမဟုတ်ဘူး။
ကြောက်နေရင်းနဲ့ စတင်ရဲခြင်း၊ မသေချာသေးဘဲ ခြေလှမ်းလှမ်းရဲခြင်း၊ တစ်ခါကျရှုံးပြီးနောက် ကိုယ့်ဂုဏ်သိက္ခာကြောင့် ပုန်းမနေဘဲ ပြန်ထရဲခြင်း၊ လူတွေရယ်မှာကြောက်လို့ ကိုယ်တကယ်ဖြစ်ချင်တဲ့လူကို မစွန့်ပစ်လိုက်ခြင်းမျိုးကို ဆိုလိုတာပါ။
တချို့လူတွေဟာ လမ်းမှန်ကြောင်း သေချာသွားမှ လျှောက်တတ်ကြတယ်။
Aries ကတော့ တခါတလေ လမ်းရှိ၊ မရှိတောင် မသေချာသေးဘူး။
ဒါပေမဲ့ ပထမဆုံးခြေလှမ်းကို သူတို့လှမ်းလိုက်တယ်။
ပြီးတော့ အနောက်ကလူတွေ လိုက်လာတဲ့အချိန်ကျမှ အားလုံးသိလာကြတယ်။
အရင်က လမ်းမရှိခဲ့တာမဟုတ်ဘူး။
ပထမဆုံးလျှောက်ရဲတဲ့သူတစ်ယောက် လိုနေခဲ့တာပါ။ ♈🔥🤍
Aries လေးများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ 🤍✨🧜♀️
Witchy Candy 🍭
စာများကို တစိတ်တပိုင်းဖြစ်စေ၊ အပုဒ်လိုက်
ဖြစ်စေ ကူးယူခွင့်မပြုပါရှင်။ Share လို့ရပါတယ် 🩵