28/02/2026
ကစားကွင်းဝန်ထမ်း(မ)၁ဦး အလိုရှိသည်
အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားလျှင်
အောက်ပါph no.များသို့ ဆက်သွယ်လျှောက်ထားနိုင်ပါတယ်ရှင့်
ဖုန်း ၀၉-၉၆၇၆၄၂၇၆၈
ဖုန်း၀၉-၇၇၁၆၁၂၄၃၂
❌comment/ messenger မှ မေးမြန်းခြင်းသီးခံပါရှင့်
24/11/2025
#ဝန်ထမ်းအလိုရှိသည်
FunHouse ကလေးကစားကွင်းတွင် လုပ်ကိုင်ရန် ဝန်ထမ်း မ (၁)ဦး အလိုရှိသည်
#စိတ်ဝင်စားပါကလူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်
မြိုင်လမ်း (၂)လမ်း အရှေ့ဘက်ခြမ်း မြဟေဝန်လမ်း
09-967642768
20/10/2025
Mother Land Preschool မှ သားသားမီးမီးလေးများ
လာကစားကြပုံလေးတွေပါရှင့်❣️
သားသားမီးမီးတို့ ပျော်ရွှင်စွာဆော့ကစားကြတာတွေ့ရ
လို့ အရမ်းဝမ်းသာမိပါတယ်.... 🥰
FUNHOUSE ကစားကွင်းလေးကိုလည်း လာအားပေးတဲ့ Mother Land Preschool ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့်.... ❣️
Mother Land Preschool လည်းအောင်မြင်သည်ထက်ပိုတိုးလို့
အောင်မြင်ပါစေလို့ FUNHOUSE ကစားကွင်းမိသားစု က ဆုတောင်းလိုက်ပါတယ်ရှင့်....❣️
17/09/2025
‼️FunHouse ကစားကွင်းသို့ လာရောက်ဆော့ကစားကြ
သော customer များအား FunHouse ကစားကွင်းဖက်မှ child care service နဲ့ပတ်သတ်ပြီး နားလည်မှုလွဲမှားမှုလေးတွေကို မေတ္တာရပ်ခံပါရစေရှင်....‼️
‼️တချို့ customer များဆီမှ အပြုသဘောနဲ့ အကြံပေးသလိုရှိပေမယ့် တချို့ customer များဆီမှလည်း နားလည်မှုလွဲမှားပြီး ဒေါသရှေ့ထားပြောဆိုမှုများလည်းရှိရတဲ့အတွက် ရှင်းပြရခြင်းဖြစ်ပါတယ်ရှင်....‼️
FunHouse indoor playground သည်
⛔ ဝင်ကြေးဖြင့် ကစားကွင်းသာဖြစ်ပြီး နေ့ကလေးထိန်းကျောင်းမဟုတ်တဲ့အတွက် အနီးကပ်တဦးချင်း သီးသန့်တာဝန်ယူထိန်းပေးခြင်းမျိုးမဟုတ်ပဲ သားသားမီးမီးများကို ချစ်တဲ့စိတ် အလုပ်သဘောသက်သက်မဟုတ်ပဲ ဝါသနာအရပါဖွင့်ထားတာဖြစ်တဲ့အတွက် သားသားမီးမီးများကို အတက်နိုင်ဆုံး မိမိ တူသား မောင်နှမသဖွယ်စိတ်နဲ့ မထိခိုက်အောင် ပျော်အောင် ကလေးအများနှင့် မျှကြည့်ထိန်းပေးရပါတယ်ရှင် ....⛔
✅ ကစားကွင်းဝင်ကြေးသည် မည်သည့် အခြားသောအာမခံချက်မှမပါပဲ ဝင်ကြေးသက်သက်သာဖြစ်ပြီး မိဘများ ကလေးငယ်လို့ စိတ်မချပါကလည်း အခြားမြို့များက indoor playground များလို လူကြီးဝင်ကြေးတောင်းမထားသည့်အတွက်မိမိကလေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်ပါတယ်..... ✅
❌ ကစားကွင်းအတွင်းလာရောက်ဆော့ကစားသည့်ကလေးများကိုလည်း တညီ တညွတ် တစ်တန်းတည်းသာ ဆက်ဆံ service ပေးပီး အပို မုန့်ဖိုး ထိန်းခ မယူထားပါဘူးရှင်....❌
‼️တခါတလေ ကလေးအရမ်းများတဲ့အခါမျိုးမှာ အားလုံးမျှကြည့်ထိန်းပေးရတဲ့အတွက် လိုအပ်ချက်ရှိသည်များက တချို့customer များပြောသလို ဘက်လိုက် ဂရုမစိုက်တာမဟုတ်ပဲ အများနှင့် မျှကြည့်ပေးရတဲ့အတွက် ကစားကွင်းသဘောသဘာဝသာဖြစ်ပါတယ်.....‼️
‼️စာသင်ကျောင်းတွေဟာ ကလေးအယောက် ၁၀၀ လောက်ကို ဆရာမ ၅ယောက်လောက်က ဒီမှာထိုင် ဒီနေရာမှာစား ဒီနေရာမှာဆော့ဆိုပီး စည်းကမ်းလုပ်လို့ရပေမယ့် ကစားကွင်းအနေဖြင့် ကလေးများ စိတ်ပျော်ရာ ပြေးလွှားရာနောက်သာ service ပေးရတဲ့ နေရာလေးဖြစ်လို့ ကလေးအချင်းချင်း မတော်တဆ ဖြစ်မှုလေးတွေ ကလေးသဘောသဘာဝအလျောက် ဆော့ကစားရင်ဖြစ်သည့်ဟာများအတွက် ကစားကွင်းမှ စိတ်မကောင်းဖြစ်ရသည်မှတပါး တာဝန်မယူပေးနိုင်ပါ.....‼️
ထိုသို့ပြောရခြင်းမှာလည်း တချို့ customer များမှ
❌ ဘာဖြစ်ဖြစ် “ နင်တို့ တာဝန်ယူရမယ် ပိုက်ဆံပေး
ဆော့တာ အလကားဆော့တာမဟုတ်ဘူး ဆိုပြီး နစ်နစ်နာနာ ဆဲဆိုတဲ့အထိ” မကြာမကြာ ရင်ဖက်ဖြင့် အစစ်အမှန် service ပေးသည့်ကြားက ပြောလာသည့် အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်ရှင်....❌
✅ ကလေးအချင်းချင်း မတော်တဆ ထိမိခိုက်မိသည်များကိုလည်း ကစားကွင်းအနေဖြင့် နှစ်ဖက်မိဘ အငြင်းခုန်ဖြစ်တဲ့အခါ ကစားကွင်းမှ တဖက်အလိုကျ နှင်ခြင်း ဝင်ရောက် မှားသည် မှန်သည် ဆုံးဖြတ်ချက်မျိုး ဝင်ပေးလို့မရသည့် ကစားကွင်းလေးသာ အဆင့်ဖြစ်သည့်အတွက် နားလည်မည်လို့ မျှော်လင့်ပါသည်ရှင်.... ✅
✅ FunHouse ကစားကွင်းသို့ လာရောက်ဆော့ကစားသော သားသားမီးမီးများအားလုံးကို တညီတညွတ်တည်း စိတ်ရင်းဖြင့်သာ အမြဲ service ပေးပါသည် ..... ✅
❣️ FunHouse Children's Playground Pakokku customer များအားလုံး စိတ်နှလုံး ရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်.....🙏
16/09/2025
What actually calms children at every age
08/09/2025
Our playground will be closed for cleaning tomorrow (9 Sep 2025)....!!!!!
ချစ်သောကာကာလေးများတိုရေ❣...
Funhouseကလေးကစားကွင်းကို
သန့်ရှင်းရေးပြုလုပ်မယ်ဖြစ်ပါသဖြင့်
မနက်ဖြန်9.9.2025 Tuesday (၁)ရက်ပိတ်မည်ဖြစ်ကြောင်း
အသိပေးအပ်ပါသည်ရှင့်🙏🙏🙏
#အားပေးကျတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုFunHouseကစားကွင်းမှကျေးဇူးအထူးတင်ရှိပါတယ်ရှင့်❣️
05/09/2025
မနက်ဖြန် .....
" တော်သလင်းလပြည့် " ( ဂရုဓမ္မအခါတော်နေ့ )
✅ ကျောင်းပိတ်ရက်လေးလဲဖြစ်
✅အလုပ်ပိတ်ရုံးပိတ်ရက်လေးလဲဖြစ်
အိမ်ကသားသားမီးမီးလေးတို့အတွက်
အိမ်မပြန်ချင်ရလောက်အောင်ထိ
ပျော်ရွင်မူတွေဖန်တီးပေးချင်တယ်ဆိုရင်တော့
FunHouse Children's Playground Pakokku
ကစားကွင်းကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါရစေရှင့်❣️
ကစားကွင်းဝင်ကြေးလေးကတော့ကလေးတစ်ယောက်
(1️⃣)နာရီ=(2️⃣0️⃣0️⃣0️⃣)ကျပ်(8️⃣နှစ်အောက်)
ပျော့အိအိလေးကတော့
အသက်အရွယ်လကန့်သတ်ထားတဲ့အတွက်❣️
3️⃣0️⃣မိနစ်(နာရီဝက်) = (1️⃣0️⃣0️⃣0️⃣)ကျပ်(5️⃣နှစ်
အောက်)လေးပဲဖြစ်ပါတယ်ရှင့် 🥰 🫶
‼️လာရောက်ဆော့ကစားတဲ့သားသားမီးမီးလေးတို့ကို
လည်းFunHouseကစားကွင်းမှမေတ္တာတုံ့ပြန်တဲ့အနေဖြင့်
မုန့်များကိုလည်းမေတ္တာလက်ဆောင်အဖြစ်ပေးဝေသွားမ
ည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင့်.... 📣📣📣
အားပေးမူကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏🙏🙏
🏩 မြိုင်လမ်း 2လမ်း အရှေ့ဘက်ခြမ်း မြဟေဝန်လမ်း
📱0️⃣9️⃣7️⃣5️⃣1️⃣2️⃣1️⃣7️⃣7️⃣2️⃣6️⃣
26/08/2025
✅✅✅ Fun House ကလေးကစားကွင်းဝင်ကြေး
ပြင်ဆင်သတ်မှတ်ခြင်း 📣 📣 📣
✅✅✅ ယခု လာမည့် စက်တင်ဘာလ (1️⃣ . 9️⃣. 2️⃣0️⃣2️⃣5️⃣ ) ရက်နေ့မှစတင်ကာ ကလေးတစ်ယောက်လျှင်
⛔ ကစားကွင်းဝင်ကြေး ( 1️⃣ ) နာရီ = 2️⃣0️⃣0️⃣0️⃣ကျပ်
⛔ ပျော့အိအိကတော့ (3️⃣0️⃣မိနစ်)=1️⃣0️⃣0️⃣0️⃣ကျပ်ပါ
ပဲရှင့်(ပျော့အိအိကတော့ယခင်ဈေးနှုန်းအတိုင်းပါပဲရှင့်)
📣📣📣 FunHouse Children's Playground Pakokku
ကလေးကစားကွင်းကို လူတိုင်းကစားနိုင်ရန်အတွက်
ဈေးလေးအနည်းငယ်သာတက်ထားတာပါရှင့်🥰🥰🥰
✅✅✅ FunHouseကလေးကစားကွင်းကိုလာရောက်
ကစားတဲ့သားသားမီးမီးလေးတို့အတွက် ဘောလုံးကန်
ရောင်စုံဘောလုံးလေးတွေလည်း မကြာမှီရက်ပိုင်း
အတွင်းရောက်ပါတော့မည်ဖြစ်ကြောင်း သတင်းကောင်း
လေးပါးလိုက်ပါတယ်ရှင့်📣📣📣
❣️လာရောက်ဆော့ကစားတဲ့သားသားမီးမီးလေးများနှင့်
လိုက်ပို့ပေးကြပါသောဖေဖေမေမေဦးဦးဒေါ်ဒေါ်ကိုကို
မမ များကိုလည်း FunHouseကစားကွင်းမှအထူး
ကျေးဇူးတင်ရှိပါတယ်ရှင့်❣️
💒 အမှတ်( ၇ )ရပ်ကွက် မြဟေဝန်လမ်း
မြိုင်လမ်း အရှေ့ဘက်ခြမ်း(၂)လမ်း ပခုက္ကူမြို့
☎️0️⃣9️⃣7️⃣5️⃣1️⃣2️⃣1️⃣7️⃣7️⃣2️⃣6️⃣
25/07/2025
အိမ်မှာ ကလေးတွေရှိရင် ဒီချန်နယ်ကို ပြပေးပါ။
အရမ်းကောင်းပါတယ်။
British Council - Learn English Kids