11/03/2025
■ အာဆင်နယ်နှင့်ပွဲမတိုင်မီ ထောင်နှင့်ချီသည့် မန်ယူအသင်း ပရိသတ်များစုဝေး၍ အသင်းပိုင်ရှင်များကို ဆန္ဒပြ
ထောင်ဂဏန်းအထိရှိသည့် ပရိသတ်များသည် တစ်မိုင်နီးပါးအကွာအဝေးမှ အိုးလ်ထရက်ဖို့ဒ်ကွင်းသို့ စုဝေးချီတက်၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ပရိသတ်များသည် မီးကျည်များထွန်းညှိ၍ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ဂျိုယဲလ်ဂလေဇာနှင့် ပူးတွဲရှယ်ယာရှင်ဖြစ်သူ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်တို့ကို ရည်ရွယ်ဆဲဆိုထားသည့်သီချင်းများ သီဆိုခဲ့သလို ''ငါတို့ကလပ်ကို ပြန်လိုချင်တယ်'' ၊ ''ခိုးခံထားရတဲ့ ပေါင်တစ်ဘီလီယံ'' ၊ ''ယူနိုက်တက်အတွက် တိုက်ပွဲဝင်ပါ။ ဂလေဇာကို တိုက်ခိုက်ပါ'' ဟု ရေးသားထားသည့် စာတန်းများ၊ အလံများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။
07/03/2025
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက
Kvaratskhelia ကို ယူရိုသန်း (၁၀၀) နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက နာပိုလီအသင်းမှာ ဆက်နေချင်လို့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။
အခုတော့ PSG အသင်းကို ယူရို သန်း (၇၀) နဲ့ Kvaratskhelia က ပြောင်းရွှေ့သွားခဲ့ပါတယ်
07/03/2025
ချဲလ်ဆီးနိုင်ပြီး ၊ ဂုတ်အန်တိုနီရဲ့ ဘက်တစ် သရေနဲ့ ကျေနပ်ခဲ့ရတဲ့ ကွန်းဖရန့်လိဂ် ၁၆ သင်းအဆင့် ရလဒ်များ
---------------------------
ကိုပင် ဟေဂင် (၁-၂) ချဲလ်ဆီး
မိုလ်ဒီ (၃-၂) လက်ဂီရာဝါဇဝါ
ပင်နသီနိုင် ကောစ့် (၃-၂) ဖီအိုရင်တီးနား
ဘက်တစ် (၂-၂) ဂွီမာ ရေစ့်
ဘိုရက်ဘန်ဂျာ (၁-၁) ရက်ပစ်ဝီယန်
ဂျက်ဂီရယ်လိုနီရာ (၃-၀) ဆာဆဲဘရူဂီ
ဆဲလ်ဂျီ (၁-၀) လူဂါနို
ပါ ဖောစ့် (၁-၀) ဒီဂျားဂါးဒန်းစ်
07/03/2025
#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ မန်ယူကစားသမား အန်တိုနီ၏ ခိုင်မာသောအနာဂတ် ဆုံးဖြတ်ချက်ကို ဘက်တစ် အမှုဆောင်အရာရှိချုပ်ဖွင့်ဟ
မန်ယူကစားသမား အန်တိုနီသည် အနာဂတ်နှင့် ပတ်သက်၍ ပြတ်သားသော ဆုံးဖြတ်ချက်ကို ချမှတ်ထားပြီးဖြစ်ကြောင်း ဘက်တစ် အမှုဆောင်အရာရှိချုပ် ရာမွန်အလာကွန်က ဖွင့်ဟပြောဆိုလိုက်သည်။
အန်တိုနီသည် ၂ဝ၂၂ ခုနှစ် နွေရာသီ၌ အေဂျက်ဇ်မှ ပေါင် ၈၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် မန်ယူတွင် ခြေစွမ်းပြသနိုင်ရေး ရုန်းကန်နေခဲ့ရကာ ပြီးခဲ့သောဇန်နဝါရီဈေးကွက်တွင် ဘက်တစ်သို့ ရာသီကုန်ချိန်အထိ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ၎င်းအနေဖြင့် စပိန်တွင်သာဆက်နေလိုကြောင်း ရာမွန်အလာကွန်က ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
ရာမွန်အလာကွန်က “မကြာသေးခင်ကပဲ အန်တိုနီကိုယ်တိုင်က သူ့အနေနဲ့ ဒီမှာနောက်ထပ်တစ်နှစ် ထပ်ကစားလိုတယ်ဆိုတဲ့ ဆန္ဒကို ကျွန်တော့်ဆီ ပွင့်ပွင့်လင်းလင်းပြောလာတယ်။ ကစားသမားက ဒီမှာ သူ့အနေနဲ့ အရမ်းကိုသက်သောင့်သက်သာရှိနေပြီး သူရောက်လာတာနဲ့ မြို့ထဲမှာ သူ့အတွက်အခြေချနေထိုင်ဖို့ ပေးအပ်ခဲ့တဲ့ အဆောက်အအုံတွေကြောင့် အံ့အားသင့်မှုတွေတောင် ဖြစ်နေခဲ့တယ်”ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
အန်တိုနီသည် မန်ယူတွင်ကစားခဲ့စဉ်က ၉၆ ပွဲ ပါဝင်ကစားခဲ့ရာ တွင် ၁၂ ဂိုးသာသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ်နိုင်ခဲ့သော်လည်း ဘက်တစ်တွင်မူခုနစ်ပွဲကစားကာ သုံးဂိုးသွင်းပြီး ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပေးထားနိုင်သည် အထိတိုးတက်နေသူဖြစ်သည်။
ထို့ကြောင့် ဘက်တစ်တာဝန် ရှိသူများမှာ အန်တိုနီကို အပြီးသတ် ခေါ်ယူရန် ဆန္ဒရှိနေပြီး အငှားစာချုပ်၌ဝယ်ယူရန် ရွေးချယ်ခွင့်မပါရှိသည့်တိုင် မန်ယူ၏တောင်းဆိုမည့်ပြောင်းရွှေ့ကြေးကို ပေးချေရန်ဆုံးဖြတ်ထားသည်။
07/03/2025
နေမာ ပါဝင်လာတဲ့ လာမယ့် လက်ရွေးစင် ပွဲတွေအတွက် ဘရာဇီး လက်ရွေးစင်အသင်းရဲ့ ရွေးချယ်ထားတဲ့ လူစာရင်း
07/03/2025
အဝေးကွင်းမှာ သရေ ကစားနိုင်ခဲ့တဲ့ ယူရိုပါလိဂ် ချန်ပီယံလောင်း မန်ယူ
----------------
ဆိုစီဒက် (၁-၁) မန်ယူ (FT)
07/03/2025
ဒီpage အသစ်ကနေပီး ဘောလုံးသတင်းတွေကို ပုံမှန်တင်ပေးပါ့မယ် ⚽⚽
Like & share လည်းလုပ်ပေးကြပါ😍😍