Top Star Football Online Agent - TSFOA

Top Star Football Online Agent - TSFOA

Share

Ibet 789 ⚽
USUN Casino & Slot
Agent

20/04/2025

ကျွန်တော်တို့ စကားပြောရင် အချက်အလက်နဲ့ ပြောတာကောင်းပါတယ်။ လိုတာဆွဲရေးပြီး အထင်အမြင်တွေရေးတာတော့ လူတိုင်းရေးတတ်ပါတယ်။ page ထောင်ပြီး ငိုပြတာမျိုးလည်း လုပ်တာကလည်း ရှက်သင့်ပါတယ်။

ရော်နယ်ဒိုက မက်ဆီလောက်မကောင်းတာဟာ ဘယ်ရှုထောင့်ကကြည့်ကြည့်သိသာပြီး လက်ခံရမှာပါ။ ကိုယ်ကြိုက်တာနဲ့ ပိုကောင်းတာကိုခွဲတတ်ရင် တကယ်ဂုဏ်ယူမိမှာပါ။ ကျွန်တော်ဘယ်လောက်ပြောပြော ခင်ဗျားတို့ စိတ်ထဲမှာ မက်ဆီပိုကောင်းတယ်ဆိုတာ ထည့်လို့ရမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီနိုင်ငံမှာ ကိုယ့်ရဲ့ပြိုင်ဘက်ကောင်းတာကို ကောင်းတယ်လို့ ဝန်ခံပြီး ဂုဏ်ပြုတတ်တဲ့ ယဉ်ကျေးမှုမပေါ်သေးလို့ပါ။

တကယ်စဉ်းစားကြည့်ရင် အဲဒါ အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းခဲ့ရလို့လည်း ပါပါတယ်။ မမွေးခင်ကတည်းက စစ်အာဏာရှင်တွေမုဒိန်းကျင့်တာခံရတဲ့ စနစ်အောက်မှမွေးဖွားကြီးပြင်းတော့ ပြိုင်ဘက်ကစားသမား၊ အသင်းတသင်း အောင်မြင်ရင် အသိအမှတ်ပြုဂုဏ်ပြုရမယ့် ယဉ်ကျေးမှုအစား မနာလိုမှုနဲ့ ပူလောင်ပြီး သူဘာကြောင့် ဒီဖလားရတယ်ဆိုတာမျိုး ဆင်ခြေတွေလိုက်ရှာကြတာပါပဲ။

အချက်အလက်တွေရွတ်ပြရတာလည်း မောပါတယ်။ ကိုယ်သေချာမလေ့လာဘဲ သူများပြောတိုင်းလိုက်ယောင်တာလည်း မကွဲပြားပါဘူး။ ကိုယ်ကြိုက်တာနဲ့ ပိုကောင်းတာကို ခွဲတတ်ဖို့လည်း လိုပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုနဲ့က ဘောလုံးသမားတွေဖြစ်လို့ ဘောလုံးကစားတဲ့စွမ်းရည်နဲ့ပဲ ယှဉ်ရပါမယ်။ ယူကျု sub တို့ IG ဖော်လိုဝါတို့ ယှဉ်ရအောင်လည်း Speed တို့ Kai တို့မဟုတ်ပါဘူး။

ကျွန်တော်တောင်းပန်ပါတယ်။ အချက်အလက်တွေကို လေ့လာပါ။ ကိုယ့်ရဲ့စိတ်ကို နှိမ့်ချခြင်းနဲ့ စတင်ပါ။ အဖြူထည်သက်သက်နဲ့ အစွဲတွေမရှိဘဲ တွေးကြည့်ပါ။ ကမ္ဘာကျော်နည်းပြတွေနဲ့ ကစားသမားတွေရဲ့ 80% ကျော်က မက်ဆီကို ဘာကြောင့်ရွေးချယ်လဲဆိုတာ စဉ်းစားပါ။ ဂွါဒီယိုလာ၊ ကလော့ပ်၊ မော်ရင်ညို၊ အာဆင်ဝင်းဂါး တို့ကအစ မက်ဆီကိုပဲရွေးချယ်ကြတာဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ကိုယ်တိုင်က မက်ဆီဟာ အကောင်းဆုံးသမားလို့ထုတ်ပြောဖူးပါတယ်။ ဘန်ဇီမာကလည်း မက်ဆီကို ဝေဖန်ရင် ဘောလုံးအကြောင်းမသိလို့လို့ ပြောဖူးပါတယ်။
မိုဒရစ်က ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အပြီး မက်ဆီက ကမ္ဘာ့ဖလားနဲ့ ထိုက်တန်ပြီး ရသင့်ကြောင့် ပွဲပြီးအင်တာဗျူးမှာ ပြောပါတယ်။ ဘောလုံးလောကက ထုတ်လုပ်လိုက်တဲ့ ကစားသမားတွေထဲ မက်ဆီက အကောင်းဆုံးလို့ ရာမို့စ်က ဆိုပါတယ်။

ဒါကရီးရဲလ်ဂန္ထဝင်တွေပြောတဲ့စကားပါ။ လုပ်ကြံရေးတာလည်း တခုမှမပါသလို မယုံရင် မငြင်းခင်ရှာကြည့်ဖို့ အကြံပေးပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်တွေက မက်ဆီကို အကောင်းဆုံးဆိုတာ လက်ခံကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့လို တောသားတွေမဟုတ်ပါဘူး။ ဘယ်သူက ဘာကောင်လဲဆိုတာကို သိနိုင်စွမ်းရှိတဲ့ ဦးနှောက်တွေ၊ စဉ်းစားနိုင်စွမ်းတွေရှိပါတယ်။

ရီးရဲမက်ဒရစ် ဂန္ထဝင်တွေတောင် မက်ဆီကိုရွေးချယ်တာ ဘာစီလိုနာကစားသမားတွေဆိုရင် ပြောစရာမလိုပါဘူး။ ဒီနောက် အင်္ဂလန်က ကစားသမားတွေကိုသွားမေးကြည့်ပါ။ ဘယ်လင်ဂမ်၊ ကိုးပါးမား၊ ဂရီးလစ်ရှ်၊ ဖိုဒန်၊ ဆာကာ၊ ရိုက်စ်၊ ဝေါ်ကာ၊ ရွန်းနီ၊ ဘက်ခမ်း 90% က မက်ဆီကို ရွေးချယ်ကြကြောင်း ထုတ်ဖော်ပြောကြတဲ့သူတွေပါ။

ဒါတွေက ရော်နယ်ဒိုအတွက် လေးစားမှုမရှိလို့မဟုတ်ပါဘူး။ ဒါပေမယ့် ပိုကောင်းတဲ့သူကို ပိုကောင်းတယ်လို့ ဝန်ခံရဲတဲ့ ယဉ်ကျေးမှုရှိလို့ပါ။

ဘောလုံးသမိုင်းမှာ ရွှေဘောလုံးအများဆုံး
ဘောလုံးသမိုင်းမှာ ရွှေဖိနပ်အများဆုံး
ဘောလုံးသမိုင်းမှာ ဂိုးဖန်တီးမှုအများဆုံး
ဘောလုံးသမိုင်းမှာ ဆုဖလားအများဆုံး
ဘောလုံးသမိုင်းမှာ အကောင်းဆုံး play maker အများဆုံး
ဘောလုံးသမိုင်းမှာ ဂိုး + ဖန်တီးမှု အများဆုံး
ဒါတွေက မက်ဆီပိုင်ဆိုင်ထားတဲ့ ငြင်းလို့မရတဲ့ အချက်အလက်တွေပါပဲ။

မှန်ပါတယ် ရော်နယ်ဒိုက ဂိုးပိုသွင်းထားပါတယ်။ ဒါပေမယ့် ပွဲပိုကစားတဲ့အပြင် အချိုးအစားက မက်ဆီလောက်မကောင်းပါဘူး။

ရော်နယ်ဒိုက ပွဲပေါင်း ၁၂၇၄ ပွဲကစားပြီး ၉၃၃ ဂိုးသွင််းပါတယ်။ ဒီတော့ ပျမ်းမျှ ၁၁၂ မိနစ်တခါ တဂိုးသွင်းပါတယ်။

မက်ဆီက ပွဲပေါင်း ၁၀၉၃ ပွဲကစားပြီး ၈၅၈ ဂိုးသွင်းပါတယ်။ ဒီတော့ ပျမ်းမျှ ၁၀၅ မိနစ်ကစားတိုင်း တဂိုးသွင်းပါတယ်။

ဖန်တီးမှု - ရော်နယ်ဒို ၂၅၇ ကြိမ်
ဖန်တီးမှု - မက်ဆီ ၃၈၁ ကြိမ်

သွင်းဂိုးရော၊ ဂိုးဖန်တီးမှုကော ထည့်ပြီး goal contribution ratio တွက်ပေးရင် မက်ဆီက ၇၂ မိနစ်နေတိုင်း သွင်းဂိုး ဒါမှမဟုတ် ဖန်တီးမှုလုပ်နေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ၈၇ မိနစ်တခါ ဖြစ်ပါတယ်။

အမှန်ဆို ဒါတွေက ကျနော်ပြောပြစရာမလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် လေ့လာအားနည်းပြီး ခေါင်းပါးလွန်းလှတဲ့ အာဏာရှင်စနစ်အောက်မှာ မွေးဖွားခဲ့တဲ့လူတွေပေါများတော့ ကျနော် အလုပ်ပိုများပါတယ်။ ကျေးဇူးတင်ပါတယ်။

19/04/2025

ရီးရဲလ်မက်ဒရစ်အသင်းဟာ အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီရဲ့အနာဂတ်မရေမရာဖြစ်နေတာကြောင့် နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဦးဆောင်ကိုင်တွယ်ဖို့အတွက် နည်းပြ(၃)ဦးကို စဉ်းစားနေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းကို နှစ်ကျော့ပေါင်းရလဒ်(၁-၅)ဂိုးနဲ့အရေးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်က ထွက်ခွာခဲ့ရပြီးနောက် နည်းပြအန်ဆယ်လော့တီရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက်လည်း ကြီးမားတဲ့ချိတ်ဆက်မှုတွေကို ခံနေရတာပါ။ အန်ဆယ်လော့တီဟာ ဘာစီလိုနာအသင်းနဲ့စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြရာထူးက ထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

18/04/2025

“PSG မှာ ကစားပြီး ဘာစီလိုနာကို ပြန်ချင်ခဲ့တာပါ။ ကိုယ်အမြဲရှိချင်တဲ့နေရာကိုပြန်ချင်ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး။ ဒီတော့ မိသားစုနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ချက်တခု ချခဲ့တယ်။ ကမ္ဘာ့ဖလားရခဲ့တာကလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိခဲ့တယ်။ ဥရောပက နောက်ထပ်အသင်းသစ်တခုမှာ ကျနော်ထပ်မကစားချင်တော့တာတော့ သေချာတယ်။ ဘယ်ကိုမှ ထပ်မသွားချင်တော့ဘူးလေ”

“ကျွန်တော်လိုနေခဲ့တာ ကမ္ဘာ့ဖလားပဲရှိတယ်။ အခုတော့ အကုန်လုံးရခဲ့ပါပြီ။ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ကျွန်တော်ပါမလား၊ မပါနိုင်ဘူးလားဆိုတာ ဒီနှစ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ကစားဖို့မစဉ်းစားဘူးလို့ပြောရင်တော့ လိမ်ရာကျပါလိမ့်မယ်”

- မက်ဆီ

Photos from Top Star Football Online Agent - TSFOA's post 17/04/2025

နှစ်သစ်ကူး အခါသမယမှာ
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်ကြပါစေလို့
ဆုမွန်ကောင်း ပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏

ဒီကနေ့မှာတော့ ပြည်ကျော်လွင်(ပညာရေး)က
ရေးသားပြုစုထားတဲ့ ကွယ်လွန်သူအတွက် ရည်စူးအလှူ
ပြုလုပ်နည်း စာအုပ် ၅၅၀ ကို ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသမှာရှိသော အသက်ဆုံးရှုံးခဲ့ရတဲ့ ကျန်ရစ်သူမိသားစုများထံ တတ်စွမ်းသရွေ့လှူဒါန်းသွားမှာဖြစ်ပါတယ်

ဒီစာအုပ်လေးကို လှူဒါန်းပေးရခြင်း ရည်ရွယ်ချက်ကတော့ လူတစ်ဦးကအကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားတဲ့အခါ ကျန်ရစ်သူမိသားစုများက နည်းစနစ်တကျ လုပ်ပေးနိုင်ရန်နဲ့ ရည်စူးကုသိုလ်ပြုတဲ့အခါ လွဲမှားနေသောအပြုအမူများကို သတိထားမိနိုင်အောင်ပဲဖစ်ပါတယ် သာဓုမခေါ်နိုင်သေးတဲ့ လသားအရွယ်ကစပြီး ဘယ်လိုကုသိုလ်လုပ်ပေးရတယ်ဆိုတာကအစ ရေးသားဖော်ပြထားတာမို့လို့ ကျန်ရစ်သူမိသားစုများအတွက် တကယ်ကိုအကျိုးရှိစေမှာသေချာပါတယ်

ငလျင်ဘေးသင့်ဒေသမှာရှိတဲ့ ဒီပိုစ့်ကို တွေ့သူများအနေနဲ့
ကိုယ့်ရဲ့ရပ်ကွက် မြို့အကြောင်းကို ပိုသိတာမို့လို့ ကိုယ်တိုင်လုပ်အားဒါနပြုလုပ်ချင်သူများရှိပါက ကျွန်တော့ထံဆက်သွယ်ကာ စာအုပ်အလှူခံပြီး တဆင့်ပြန်လည်လှူဒါန်းနိုင်ပါတယ် တကယ်လိုအပ်သူများထံရောက်ရှိစေဖို့ ထိထိရောက်ရောက်တော့ လုပ်ပေးစေချင်ပါတယ်ခင်ဗျာ

စာအုပ်အလှူရှင်များကတော့
Top Star Football Online Agent - TSFOA
A Plus Football Online Agent
CROWN Football Online Agent မှပူးပေါင်းပါဝင် လှူဒါန်းထားပါသည်ခင်ဗျာ

05/04/2025

အယ်လ်နာဆာအသင်းဟာ မနေ့က ကစားခဲ့တဲ့ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်လ်ဟီလယ်အသင်းကို အဝေးကွင်းမှာ(၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုအနေနဲ့ သူ့ကစားသမားဘ၀မှာ အယ်လ်ဟီလယ်အသင်းကို နိုင်ပွဲလုံး၀မရဖြစ်နေတဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ စီရော်နယ်ဒိုစတင်ရောက်ရှိလာတဲ့ ၂၀၂၃ ခုနှစ်ကစပြီး အယ်လ်ဟီလယ်အသင်းနဲ့ ကစားခဲ့တဲ့(၇)ပွဲမှာ တစ်ပွဲမှ နိုင်ပွဲမရခဲ့ဘဲ (၂)ပွဲသရေကျပြီး (၅)ပွဲရှုံးနိမ့်ခဲ့တာပါ။
ဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ စီရော်နယ်ဒိုရဲ့ကစားသမားဘ၀မှာ ပွဲအများဆုံးရင်ဆိုင်ပြီး နိုင်ပွဲမရယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်နေတဲ့အသင်းလည်းဖြစ်ပါတယ်။
ဒီအသင်းကို ပထမဆုံးနိုင်ပွဲရယူနိုင်တဲ့ပွဲမှာ စီရော်နယ်ဒိုက ပယ်နယ်တီတစ်ဂိုးအပါအဝင် (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီ(၂)ဂိုးသွင်းယူပြီးနောက်မှာ စီရော်နယ်ဒိုရဲ့ကစားသမားဘ၀ သွင်းဂိုးအရေအတွက်စုစုပေါင်းက (၉၃၁)ဂိုးအထိရှိလာခဲ့ပြီး သူရည်မှန်းထားတဲ့ ဂိုး(၁၀၀၀)ပြည့်ဖို့ (၆၉)ဂိုးသာလိုပါတော့တယ်။
ဒီရာသီဆော်ဒီပရိုလိဂ်မှာ စီရော်နယ်ဒိုက သွင်းဂိုးစုစုပေါင်း(၂၁)ဂိုးသွင်းယူခဲ့ပြီး ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဒုတိယနေရာက ကစားသမားကို (၄)ဂိုးအထိဖြတ်ကာ ဦးဆောင်နေပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီပွဲအနိုင်ရခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရမှတ်(၅၄)မှတ်နဲ့ (အယ်လ်အစ်တီဟတ်/၆၁ မှတ်)၊(အယ်လ်ဟီလယ်/၅၇ မှတ်)တို့ရဲ့နောက် တတိယနေရာမှာရပ်တည်နေပါတယ်။

Photos from Top Star Football Online Agent - TSFOA's post 30/03/2025

Save Myanmar 🙏
ဒီကာလအတွင်း
post တင်တာလေးတွေလည်း
ခနရပ်နားထားပါဦးမယ်ခင်ဗျာ

28/03/2025

နိုင်ငံတစ်နိုင်ငံဆုတ်ယုတ်ပြီဆိုရင် အစစအရာရာ ဆုတ်ယုတ်ပါတယ်။ မြန်မာပြည်မှာ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံက အရှိန်အဟုန်မြင့်ကျဆင်းသွားပါတယ်။ မြန်မာပြည်က ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တောင် စီးပွါးရေး၊ ပညာရေး၊ အားကစား အဘက်ဘက်က ချွတ်ခြုံကျပါတယ်။

မြန်မာပြည်မှာ နာမည်အကြီးဆုံးအားကစားက ဘောလုံးဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေက မြန်မာဘောလုံးပွဲမကြည့်သည့်တိုင် ဥရောပဘောလုံးပွဲတွေကို အစဉ်မပြတ်စောင့်ကြည့်ကြပါတယ်။ များသောအားဖြင့် TV က ကြည့်တာမဟုတ်ဘဲ တရားမဝင်ဝက်ဘ်ဆိုက်တွေ၊ အက်ပ်လီကေးရှင်းတွေကနေ ဖုန်းနဲ့ကြည့်ကြတာပါ။ မြန်မာပြည်မှာ စစ်တပ်က အင်တာနက်ဖြတ်တောက်ထားတဲ့မြို့နယ် ဘယ်လောက်ရှိပါလဲ။ အဲဒီမြို့ကလူတွေ ဘောလုံးပွဲဘယ်လိုကြည့်ကြပါသလဲ။

မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာမှာ အင်တာနက်ပိတ်ပင်ခံရမှုအများဆုံးနိုင်ငံဖြစ်ကြောင်း နယူးယောက်အခြေစိုက် Access Now အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုပိတ်ပင်ကန့်သတ်မှုကို ကျူးလွန်တာက စစ်တပ်ကဖြစ်တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်တွေက ပြည်သူတွေရဲ့အသံတွေကို ထိန်းချုပ်ကန့်သတ်ချင်တဲ့အတွက် အာဏာရှင်တွေက အင်တာနက်ပိတ်ဆို့တာကို လက်နက်တစ်ခုအဖွယ်အသုံးချလာကြောင်း ဖော်ပြခဲ့တယ်လို့ VOA မြန်မာပိုင်းက ရေးပါတယ်။

ဒါကဘောလုံးပွဲကြည့်ဖို့ ခက်ခဲလာခြင်းရဲ့အဓိကအကြောင်းတွေထဲက တစ်ခုဖြစ်မှာပါ။

အဘက်ဘက်ကချွတ်ခြုံကျလာတဲ့ နိုင်ငံမှာ သတင်းတု သတင်းမှားတွေကို ပြည်သူတွေ အလွယ်တကူ ယုံကြည်ကြတာကလည်း ပြဿနာတစ်ခုဖြစ်လာပါတယ်။ နောက်ပိုင်း ဖေ့စ်ဘွတ်မှာ မှိုလိုပေါက်လာတဲ့ အာကစားသတင်းယောင်ယောင် page တွေက အဆိပ်အတောက်တွေကို ဘောလုံးပွဲကြည့်ပြည်သူတွေ စားသုံးရပါတယ်။

အများစုက လုပ်ကြံဖန်တီးတဲ့ ပြောစကားတွေကို ပွဲဆူအောင် ကိုယ့်အာဘော်အပြည့်နဲ့ရေးကြပါတယ်။ ဒါကို ပြည်သူအများစုက အမှန်တကယ်လို့ ယုံကြည်ပြီးဆဲဆိုကြတာများပါတယ်။ ဒါက ဒီနေ့ဖေ့စ်ဘွတ်မှာ ကြုံတွေ့ရတဲ့ အကြီးဆုံးပြဿနာဖြစ်ပါတယ်။

လောင်းကစားကြော်ငြာတွေ ပိုမိုပေါက်ရောက်ချင်တဲ့အခါ အချက်အလက်မှန်မှန် မမှန်မှန် ပွဲဆူအောင် လုပ်ကြံရေးကြတာများကို အတော်တွေ့ရပါတယ်။

ကျွန်တော်တို့အနေနဲ့ ကာယကံရှင်ကစားသမားက တကယ်ပြောသလား၊ လုပ်ကြံထားတဲ့စာလားဆိုတာ သေချာခွဲခြားသိဖို့လိုပါမယ်။ ဒီလိုခွဲခြားဖို့အတွက်တော့ ယုံကြည်ရတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဘောလုံးသတင်းဌာနတွေဆီမှာ ဖတ်မှပဲရပါလိမ့်မယ်။

အင်္ဂလိပ်လိုရေးထားတိုင်းလည်း ယုံလို့မရပါဘူး။ အာလုံးသိကြတဲ့ Fabrizio Romano, Bleacher Report Football, ESPN FC, Goal စတဲ့ ဌာနတွေကိုတော့ သေချာပေါက်ယုံကြည်လို့ရပါတယ်။ ဒါတောင် သူတို့ဌာနရဲ့ အာဘော်အပြင် အတို့အထောင်လုပ်ချင်တဲ့ သဘောတွေ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးပါပဲ။

ကိုယ်တိုင်က အင်္ဂလိပ်လိုမဖတ်တတ်တဲ့အခါ သူများဘာသာပြန်ပြီး ရေးထားတဲ့အပေါ်ကို မှီခိုရပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက ဖတ်တဲ့သူတွေမဟုတ်ဘဲ ရေးတဲ့သူတွေဖြစ်ပါတယ်။ လောင်းကစားကြော်ငြာပေါက်ဖို့အတွက်၊ Facebook က ပိုက်ဆံရဖို့အတွက် မဟုတ်တာတွေတင်ပြီး ပွဲဆူအောင်လုပ်တဲ့အထဲ ကိုယ်မပါဖို့သတိပြုရပါမယ်။

အင်္ဂလိပ်လိုမတတ်တာဟာ ဘယ်တုန်းကမှ ပြဿနာမဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်အောက်မှာ နှစ်ပေါင်း ၆၀ ကျော်နေခဲ့ရပြီး ပြည့်ဝတဲ့ ပညာရေးကို မသင်ယူခဲ့ရတာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလာတဲ့သဘောပါပဲ။ ဒါပေမယ့် မြန်မာလိုရေးထားတဲ့အပေါ်ကိုတော့ အချက်အလက်အမှန်လား၊ လုပ်ကြံဖန်တီးလားဆိုတာကိုတော့ ချင့်ချိန်ရပါလိမ့်မယ်။

ပွဲဆူတာချင်းအတူတူ အချက်အလက်အမှားကြီးအပေါ်မှာ ရန်ဖြစ်ငြင်းခုန်ကြတာထက် မှန်ကန်တဲ့အချက်တစ်ခုအပေါ်မှာ ငြင်းခုန်ကြတာက ပိုအဓိပ္ပာယ်ရှိမှာပါ။

အလိမ်အညာအဆိပ်အတောက်ကင်းဝေးသော သတင်းများ၊ စာများ၊ မှတ်စုများ၊ အချက်အလက်များကိုသာ စားသုံးနိုင်ကြပါစေ။

နောက်တခုက ဘောလုံးနဲ့ပတ်သက်ပြီး ပရိတ်သတ်ကို ပညာမြှင့်တင်ပေးနိုင်မယ့် ဌာန၊ အဖွဲ့အစည်း မြန်မာပြည်မှာမရှိဘူးလို့ပဲ ကျွန်တော်ထင်ပါတယ်။

ဥရောပဘောလုံးပွဲတွေကို တရားဝင်ဝယ်ယူပြီး မြန်မာနောက်ခံအသံနဲ့ ကြေညာတင်ဆက်တာက SkyNet တစ်ခုလောက်သာ ရှိပုံရပါတယ်။ အခြား channel တွေက တခါတလေ ပြသတာတွေ့ရတတ်ပါတယ်။ ဒါပေမယ့် SkyNet က အကြီးမားဆုံးဆိုတာ တွေ့ရပါတယ်။

ဒါပေမယ့် SkyNet ဟာအရမ်းပျင်းဖို့ကောင်းလွန်းပါတယ်။ commentary လို့ ခေါ်တဲ့ သူတို့တင်ဆက်တဲ့ ဘောလုံးပွဲကြေညာမှုပုံစံက အရမ်းရိုးရှင်းပြီး ပျင်းဖို့ကောင်းလွန်းပါတယ်။ မြင်တာကိုပဲထိုင်ပြောနေကြတဲ့ သဘောဖြစ်ပါတယ်။

ဂိုးရင် “ဂိုးပြီခင်ဗျာ”၊ ဘောလုံးတင်ပေးလိုက်ရင် “ခုတ်တင်ပေးလိုက်ပြီ” စသဖြင့် မြင်တာကိုပဲ ထိုင်ပြောကြတာများပါတယ်။ အရမ်းပျင်းရိဖွယ်ကောင်းပါတယ်။ ကျွန်တော်တို့က ပရိတ်သတ်ကို ဖျော်ဖြေမှုပေးဖို့ဆိုရင် ကမ္ဘာကျော် ဘောလုံးတင်ဆက်သူတွေကို အတုယူဖို့လိုပါတယ်။

အင်္ဂလိပ်လူမျိုး နာမည်ကြီးဘောလုံးပွဲကြေညာသူ ပီတာဒရူရီ (Peter Drury) က မက်ဆီကမ္ဘာ့ဖလားရတော့

“Lionel Messi has conquered his final peak.
Lionel Messi has shaken hands with paradise.
The little boy from Rosario, Santa Fe, has just pitched up in heaven” လို့ ကြက်သီးထဖွယ် တင်ဆက်ခဲ့ပါတယ်။

အနီးစပ်ဆုံး ဗမာလိုရေးရရင်

“လီယွန်နယ်မက်ဆီက သူ့ရဲ့နောက်ဆုံးပစ်မှတ်ကို သိမ်းပိုက်ခဲ့ပါပြီ။
လီယွန်နယ်မက်ဆီက သုခံဘုံနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါပြီ။
ရိုဆာရီယို ဆန်တာဖေးကကောင်လေးဟာ ကောင်းကင်ဘုံမှာ စတင်ခြေချခဲ့ပါပြီ” လို့ ဖြစ်ပါတယ်။

အစအဆုံး ကျွန်တော်ဘာသာပြန်ထားတာကို ကြည့်ချင်ရင် ဒီလင့်ခ်မှာ ကြည့်လို့ရပါတယ်။ https://www.facebook.com/share/v/15w2xQEcCU/?mibextid=UalRPS

“မက်ဆီ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီခင်ဗျာ” လို့ ပျင်းရိဖွယ်မတင်ဆက်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပရိတ်သတ်ကို ဖျော်ဖြေမှုပေးဖို့ဆိုရင် ကိုယ်တိုင်ကလည်း ဗမာစကားအသုံးအနှုန်းကြွယ်ဝရမယ့်အပြင် ဘောလုံးအကြောင်းအရာကိုလညိး နှံ့စပ်ဖို့လိုအပ်ပါမယ်။

ဒါမျိုးကြေညာတင်ဆက်နိုင်ဖို့ဆိုတာ တန်ဖိုးရှိတဲ့ စာတွေ၊ ကဗျာတွေအများကြီးဖတ်ခဲ့ဖို့လည်း လိုအပ်ပါတယ်။ မဟုတ်ရင်တော့ လက်ဖက်ရည်ဆိုင်မှာ၊ ဘီယာဆိုင်မှာ အပေါင်းအသင်းတွေနဲ့ ဘောလုံးပွဲအကြောင်းထိုင်ပြောတာနဲ့ မထူးခြားနားပဲဖြစ်နေမှာပါ။ ဒါမျိုးပြောရတာ အားနာပါတယ်။

SkyNet ကို ရွှေသံလွင်ကုမ္ပဏီပိုင်ဆိုင်တာဖြစ်ပြီး သူတို့ကုမ္ပဏီတည်ထောင်သူ ဦးကျော်ဝင်းက စစ်အာဏာရှင်တွေနဲ့ ပေါင်းစားတဲ့ ခရိုနီတစ်ဦးသာဖြစ်ပါတယ်။ ဦးကျော်ဝင်းက ရန်ကုန်မြို့သစ်စီမံကိန်းအတွက် စစ်အာဏာရှင် မင်းအောင်လှိုင်အစိုးရရဲ့တာဝန်ပေးခြင်းကို ခံထားရတဲ့သူပဲဖြစ်ပါတယ်။ ဒီတော့ SkyNet ဆီကလည်း ဘာမှမျှော်လင့်စရာမရှိတဲ့သဘောပါပဲ။

ဒီတော့ ကျွန်တော်တို့ဟာ ဒီနိုင်ငံမှာလူဖြစ်နေသ၍ ဘယ်သူ့ကိုမှ အားကိုးလို့ရမှာမဟုတ်ဘဲ ကိုယ့်ကိုကိုယ်မြှင့်တင်ပြီး ပိုအသိပညာပြည့်ဝလာအောင် ကိုယ်တိုင်ပဲလုပ်ကြရမှာသာဖြစ်ပါတယ်။

#ဘောလုံး #မြန်မာ #အင်တာနက် #ရွှေပြည်အေး

27/03/2025

ဘောလုံးလောကရဲ့ လာဘ်ကောင်လေး
_________________________

ဟူလီယန် အဲဗာရက်ဇ်က အာဂျင်တီးနားဘောလုံးလောကရဲ့ လာဘ်ကောင်လေးဖြစ်ပါတယ်။ အဲဗာရက်ဇ်က ၂၃ နှစ်အရွယ်မှာတင် ဖလားအစုံရရယူသိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူက ကံကောင်းလို့ရတာတင် မဟုတ်ဘဲ သူကွင်းထဲ ဝင်လာတဲ့အချိန်တိုင်း ကိုယ့်အသင်းကို တစ်နည်းမဟုတ် တစ်နည်း အကျိုးပြုပါတယ်။

ပထမဆုံးအနေနဲ့ သူရဲ့ နိုင်ငံအသင်းဖြတ်ကျော်လာမှုကိုကြည့်ရင် ၂၀၂၁ မှာ ကိုပါအမေရိက ပြန်ရတဲ့ အာဂျင်တီးနားအသင်းမှာ သူပါလာခဲ့ပါတယ်။

၂၀၂၂ ဇွန်လ ၁ ရက်နေ့မှာကစားခဲ့တဲ့ ဖီနယ်လီဆီမာဖလားမှာ အာဂျင်က အီတလီကို ၃-၀ နဲ့အနိုင်ယူပြီးဖလားထပ်ရခဲ့ပါတယ်။

သိပ်မကြာခင် အဲဒီနှစ် ၂၀၂၂ ဒီဇင်ဘာလမှာ သူ့ဘဝရဲ့ အခမ်းနားဆုံး ဆုဖလားဖြစ်တဲ့ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ခြေစွမ်းပြီး ဂိုးတွေ တောက်လျှောက်သွင်းယူခဲ့ပါတယ်။

လေးလအကြာ ၂၀၂၃ မေမှာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ရခဲ့ပြန်ပါတယ်။ ပရီးမီးယားလိဂ်ရပြီး နောက်တစ်လအကြာ ဇွန်လ ၃ ရက်မှာ မန်ယူကိုနိုင်ပြီး FA ဖလားထပ်ရခဲ့ပြန်ပါတယ်။ FA ဖလားရပြီး ၇ ရက်အကြာ ဇွန်လ ၁၀ ရက်နေ့မှာ မန်စီးတီးနဲ့အတူ အင်တာကိုနိုင်ပြီး ချန်ပီယံလိဂ်ဖလားပါ ရယူခဲ့ပါတယ်။

နောက်နှစ်လအကြာမှာ ဩဂုတ်လမှာ ဆီးဗီးယားကိုနိုင်ပြီး ဥရောပစူပါဖလား ရခဲ့ပါသေးတယ်။ ဒီဇင်ဘာအရောက်မတော့ ကလပ်ကမ္ဘာ့ဖလား ထပ်ယူနိုင်ခဲ့ပါတယ်။ ၂၀၂၄ ရောက်တော့ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ထပ်ရခဲ့သလို အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလား နောက်ထပ်တစ်လုံး ထပ်ရခဲ့ပါတယ်။

သူ မန်စီးတီးကိုမပြောင်းခင် အာဂျင်တီးနားမှာ ဖလားစုံရခဲ့သလို အကောင်းဆုံးကစားသမားဆုလည်း ရခဲ့ပါတယ်။

ဒါတွေအကုန်လုံးကို အယ်ဘာရက်ဇ်က အသက် ၂၃ နှစ်အရွယ်မှာတင် လုပ်ပြခဲ့တာပါ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံအသင်းအတွင်းလည်း ဖလားစုံလင်သွားပြီဖြစ်သလို ဥရောပဘောလုံးလောကမှာလည်း မရဖူးတာ မရှိတော့ပါဘူး။ ပြည်တွင်းလိဂ်ချန်ပီယံ၊ ပြည်တွင်းဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား အကုန်လုံး သူရခဲ့ပါတယ်။

အခုလည်း အက်သလက်တီကိုမက်ဒရစ်မှာ ခြေစွမ်းပြနေပြီး သူ့ရဲ့အနာဂတ်က တောက်ပနေဦးမှာပါ။
_______________________

#အဲဗာရက်ဇ် #အာဂျင်တီးနား #ကမ္ဘာ့ဖလား #မန်စီးတီး #ဘောလုံး #ရွှေပြည်အေး

27/03/2025

၂၀၂၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဘယ်သူဖြစ်မလဲ။ ဒါက ခန့်မှန်းရခက်ပါတယ်။ ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာထက် ချန်ပီယံဘယ်သူမဖြစ်နိုင်လဲတွေးကြည့်တာက ပိုလွယ်မှာပါ။ ချန်ပီယံမဖြစ်နိုင်တဲ့အသင်းတွေကို တွေးကြည့်ရင် အကြမ်းအားဖြင့် ဘယ်အသင်းတွေကို ထည့်စဉ်းစားမလဲ။

၂၀၂၆ ကမ္ဘာ့ဖလား ရောက်ဖို့စောသေးတဲ့အပြင် ခြေစစ်ပွဲအောင်တဲ့အသင်းတောင် လက်ချိုးပြီးရေလို့ရနေပါသေးတယ်။ ဒါပေမယ့် ယျေဘုယျစဉ်းစားကြည့်ရင် နာမည်အကြီးဆုံးအသင်းတွေထဲက ဘယ်သူတွေမရနိုင်မလဲ၊ နာမည်ကြီး ထမင်းငတ်အမြဲဖြစ်တာ ဘယ်သူတွေလဲ တွေးကြည့်ရအောင်ပါ။

အင်္ဂလန်၊ ပေါ်တူဂီ၊ အီတလီနဲ့ ဘရာဇီးတို့ ၂၀၂၆ ကမ္ဘာ့ဖလား မရဘူးလို့ပြောရင် လွန်မလားမသိပါဘူး။ ဒါက ကျွန်တော် မိုက်ရူးရဲဆန်စွာ တွေးမိတဲ့အတွေးပါ။ ဒီထဲမှာ အင်္ဂလန်က ရနိုင်ချေအရှိဆုံးလို့ တွေးကြည့်လို့ရနိုင်ပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာ သူတို့က ကိုယ့်ဇာတ်ကို အဆုံးမသတ်နိုင်တာ တွေ့ရပါတယ်။ ဘယ်တုန်းကမှ ပိပိရိရိမလုပ်ဘဲ၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်တို့မှာတင် ပြုတ်ကျကျန်ခဲ့တာ သူတို့ သဘာဝပါ။

အစုအဖွဲ့ကောင်းတာမှန်သည့်တိုင် အသင်းလိုက်စုဖွဲ့မှုမကောင်းရင် ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။ တစ်ဦးချင်းကောင်းတာများပြီး အသင်းလိုက် မဆော့တတ်တဲ့အသင်းတွေဟာ ဘယ်တုန်းကမှမအောင်မြင်တာ ကျနော်တို့အသိပါပဲ။

ဘရာဇီးအနေနဲ့ ဒီကမ္ဘာ့ဖလားရဖို့အတွက်ဆိုရင် ရုန်းကန်ရဦးမှာပါ။ သူတို့လည်း မဖြစ်နိုင်လောက်သလောက်ပါပဲ။ ဒီအစုအဖွဲ့က ပုံမှန်ကြည့်ရင် ပြဿနာမရှိပေမယ့် သမိုင်းထဲက ဘရာဇီးနဲ့ယှဉ်ရင်တော့ ရေမြွေသာသာပါပဲ။

၂၀၂၂ ကမ္ဘာ့ဖလား မက်ဆီရသွားလို့ ၂၀၂၆ မှာရော်နယ်ဒိုကိုရစေချင်တယ်တို့၊ ဂုတ်နှစ်ပါးကို ကမ္ဘာ့ဖလားတူတူရစေချင်တယ်တို့ဆိုတာ နေ့ခင်းကြောင်တောင် ထမက်တဲ့ အိပ်မက်ထက်မပိုပါဘူး။ အဲဒီအချိန်ဆို ရော်နယ်ဒိုက ၄၂ နှစ်ကပ်နေပါပြီ။ ကျန်တဲ့ ပေါ်တူဂီအစုအဖွဲ့ကလည်း ကမ္ဘာ့ဖလားရယူနိုင်လောက်တဲ့ အစုအဖွဲ့မျိုးဟုတ်မနေတာ လက်ခံရပါမယ်။

အီတလီသာ ခြေစစ်ပွဲအောင်ခဲ့ရင် ချန်ပီယံဖြစ်ဖို့နေနေသာသာ ဝေးဝေးတောင်ရောက်မယ်လို့မထင်ပါဘူး။ နောက်ပိုင်းမှာ လျော့ရဲလာတဲ့ လူစာရင်းနဲ့အတူ အရည်အသွေးရှိကစားသမား ပေါ်ထွက်မှုက ပြိုင်ဘက်တွေနဲ့စာရင် သိသိသာသာ နိမ့်ကျနေတာပါ။

ဒီတော့ ဘယ်သူတွေရနိုင်မလဲ။ ထိပ်ဆုံးမှာ လက်ရှိချန်ပီယံ အာဂျင်တီးနား၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီတို့ရှိနေပါတယ်။

ကမ္ဘာ့ဖလားရသွားတာ နှစ်နှစ်ကျော်ရှိပြီဖြစ်ပေမယ့် အာဂျင်က အခုချိန်ထိ ပုံစံကောင်းပြဆဲပါပဲ။ ကမ္ဘာ့ဖလားအပြီး ကိုပါအမေကတောင် ထပ်ရခဲ့ပါသေးတယ်။ ပြီးတော့ သူတို့ကြောက်တဲ့အသင်း ဒီကမ္ဘာမှာ မရှိတော့ပါဘူး။ ဘယ်သူလာလာ အမဲဖျက်မယ့်ပုံစံနဲ့ ကစားကြတဲ့ အာဂျင်သားတွေပါ။

အာဂျင်တီးနားက ပြင်သစ်လောက်၊ အင်္ဂလန်လောက် နေရာစုံမှာ အရည်အသွေးပြည့်ဝတဲ့ကစ ားသမားရှားပါတယ်။ သူတို့လူစာရင်းက စာရွက်ပေါ်မှာ သူလိုကိုယ်လိုပါ။ ဒါပေမယ့် စုဖွဲ့မှု စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းအားကောင်းပြီး နိုင်လိုစိတ်အရမ်းပြင်းပြကြပါတယ်။ အဲဒီအချိန်ထိ မက်ဆီ ဆက်ကစားနေမယ်ဆိုရင် ၃၉ နှစ်ပြည့်ခါစဖြစ်နေပါပြီ။ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ တော်တော်ရင်ခုန်ဖို့ကောင်းပြီး အာဂျင်တီးနားက ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေဦးမှာပါ။

ပြင်သစ်ကတော့ ငြင်းစရာမရှိပါဘူး။ ဒီဆယ်စုနှစ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်ခုဖြစ်ပြီး အမ်ဘာပေ ပါပါတယ်။ ကမ္ဘာ့ဖလားက အမ်ဘာပေရဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ပြင်သစ်မှာ ကျန်တဲ့လူမပါရင်နေ အမ်ဘာပေပါတာနဲ့တင် ကမ္ဘာ့ဖလားမှာ သူတို့ ခရီးရှည်မယ်ဆိုတာ သိသာပါတယ်။

ယူရိုချန်ပီယံ စပိန်ကိုလည်း မေ့ထားလို့မရပါဘူး။ လူငယ်သွေးသစ်တွေနဲ့ အမြင်ပျံနေတဲ့ စပိန်က ယူရိုတုန်းကလည်း ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်တို့ကို အဆင့်ဆင့်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။ ပက်ဒရီ၊ လာမီးယာမယ်၊ နီကိုးဝီလျံ၊ ဒန်နီအော်လ်မိုတို့ အစုအဖွဲ့ တိုက်စစ်က ငယ်ရွယ်သွက်လက်နေပါတယ်။ ကွင်းလယ်က ဖာဘီယန်ရူအီကလည်း အတော်ငြိမ်အောင် ထိန်းကျောင်းနိုင်ပါတယ်။

စပိန်ကိုလည်း ထည့်တွက်ချင်ပါတယ်။ ပြီးရင်တော့ ဂျာမနီ ရှိပါလိမ့်မယ်။ ဒီနောက်မှာတော့ အင်္ဂလန်၊ ဘရာဇီးနဲ့ ပေါ်တူဂီတို့ အစဉ်လိုက်ရှိနေမှာပါ။

ဒါက ကျွန်တော်မြင်တဲ့အမြင်ဖြစ်ပြီး ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တာကို သတိချပ်ရပါမယ်။ ခြေစစ်ပွဲအောင်တဲ့အသင်းတောင် သိပ်မရှိသေးတဲ့အချိန် ဒါမျိုး ခန့်မှန်းတာ ရယ်စရာကောင်းနိုင်ပါတယ်။ အချိန်ကလည်း တစ်နှစ်ကျော်လိုသေးတာမို့ ဘာဖြစ်လာမလဲဆိုတာ ကြိုပြောဖို့အတော်ခက်ပါတယ်။ နောက်ဆုံး ပေါ်တူဂီတို့ အင်္ဂလန်တို့ ကမ္ဘာ့ဖလားရသွားလည်း အံ့ဩစရာမရှိသလို အာဂျင်တီးနား နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်သွားလည်း အံ့ဩစရာမရှိပါဘူး။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တာကို သတိပြုမိရင် ရပါပြီ။

#ကမ္ဘာ့ဖလား #အာဂျင်တီးနား #အင်္ဂလန် #ဘရာဇီး #ပြင်သစ် #ဘောလုံး #ရွှေပြည်အေး

26/03/2025

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ပူးတွဲအိမ်ရှင် (၃)နိုင်ငံအပြင် ခြေစစ်ပွဲအောင်(၄)နိုင်ငံရှိလာတာကြောင့် ဝင်ခွင့်ရ(၄၈)သင်းမှာ (၇)သင်းအမည်စာရင်းထွက်ပေါ်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်(၂၀)ရက်နေ့မှာ ဂျပန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးခြေစစ်ပွဲအောင်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး မတ်(၂၄)ရက်နေ့မှာ နယူးဇီလန်၊ မနေ့က(မတ် ၂၅ ရက်နေ့မှာ)အီရန်၊ ဒီမနက်မှာ အာဂျင်တီးနားတို့က ဝင်ခွင့်လက်မှတ်တွေ အသီးသီးရရှိခဲ့ကြတာပါ။
မနေ့က ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့်ပွဲမှာ ဥဇဘက်ကစ္စတန်အသင်းနဲ့ (၂-၂)ဂိုး သရေကျခဲ့ပြီးနောက် အီရန်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လက်မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

အီရန်အသင်းဟာ လာမယ့်ဇွန်လအတွင်း ကာတာ၊ မြောက်ကိုရီးယားအသင်းတို့နဲ့ အုပ်စုနောက်ဆုံးပွဲ (၂)ပွဲကစားဖို့ ကျန်နေသေးပေမယ့် အုပ်စုတွင်းရမှတ်အနေအထားအရ အုပ်စုပထမနေရာနဲ့ ဒုတိယနေရာတွေကို ရဖို့သေချာနေတာကြောင့် ဂျပန်၊ နယူးဇီလန်တို့အပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တဲ့ တတိယမြောက်အသင်းဖြစ်ခဲ့ပါတယ်။
ဒီမနက်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်(၁၄)မှာ ဘိုလစ်ဗီးယားအသင်းနဲ့ ဥရုဂွေးအသင်းတို့ ဂိုးမရှိသရေကျခဲ့တာကြောင့် အာဂျင်တီးနားအသင်းဟာ ဘရာဇီးလ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မကစားမီမှာပဲ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လက်မှတ်ရသွားခဲ့ပါတယ်။

တကယ်လို့ ဒီပွဲရလဒ်ကို မကြည့်ရင်လည်း အာဂျင်တီးနားအသင်းဟာ ဒီနေ့မနက်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ်အသင်းကို အိမ်ကွင်းမှာ (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် လိုအပ်တဲ့ရမှတ်ကိုရခဲ့ပြီး ဒီပွဲစဉ်(၁၄)အပြီးမှာပဲ ခြေစစ်ပွဲအောင်လက်မှတ်ကို သေချာပေါက်ရရှိမှာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းအနေနဲ့ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ (၁၄)ကြိမ်ဆက်တိုက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက်(၁၉)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။
၁၉၇၈ ခုနှစ်မှာ ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့တဲ့ အီရန်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၇)ကြိမ်မြောက်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

နယူးဇီလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၈၂ နဲ့ ၂၀၁၀ ပြိုင်ပွဲတွေမှာ (၂)ကြိမ်သာ ယှဉ်ပြိုင်ဖူးပြီး တတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ရမှာပါ။
ဂျပန်အသင်းကတော့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ (၇)ကြိမ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၈)ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Myawadi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Myawadi