07/08/2026
🚨 အီဗရာ – "ပီအက်စ်ဂျီနဲ့ပွဲက ကာရစ်အတွက် ကြီးမားတဲ့ စာမေးပွဲပါ!" 🔥
မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ပက်ထရစ် အီဗရာ က လာမယ့် ပီအက်စ်ဂျီနဲ့ ရာသီကြိုခြေစမ်းပွဲဟာ မိုက်ကယ် ကာရစ်အတွက် အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာမယ် လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
🎙️ အီဗရာက –
«"လူးဝစ် အင်းနရစ်ရဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့်ပွဲက ကာရစ်အတွက် တကယ်ကို ကြီးမားတဲ့ စာမေးပွဲတစ်ခုပါ။ လက်ရှိဥရောပချန်ပီယံတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရာသီကြိုကာလရဲ့ အကြီးမားဆုံး စမ်းသပ်ချက်လည်း ဖြစ်ပါတယ်။"»
အီဗရာက ပီအက်စ်ဂျီဘက်မှာ ဒမ်ဘီလီ၊ ဘာကိုလာ၊ ဒူးယေး၊ ယာအိုနီဗက်စ်၊ ဗီတင်ညာ အပါအဝင် အဓိကကစားသမားတွေ အပြည့်အဝ ပြင်ဆင်ထားနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
🔥 ဒါ့အပြင် "ရာသီကြိုပွဲပဲဆိုပြီး ဆင်ခြေပေးတာမျိုး မကြားချင်ဘူး။ ကာရစ်အနေနဲ့ ပြိုင်ဘက်တွေကို သတင်းစကားတစ်ခု ပေးပို့ဖို့လိုတယ်" လို့ အီဗရာက ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။
👀 အီဗရာတောင် စနေနေ့ကို မစောင့်နိုင်တော့ဘူးတဲ့... ကာရစ်ကရော ပီအက်စ်ဂျီကို ဘယ်လိုတုံ့ပြန်မလဲ?
05/08/2026
🚨 ဂျေမီ ကာရေဂါ – "ဒီရာသီလည်း ပရီးမီးယားလိဂ်ဖလားအတွက် အာဆင်နယ်နဲ့ မန်စီးတီးပဲ အဓိကပြိုင်မယ်"
လီဗာပူးလ်ဂန္ထဝင် ဂျေမီ ကာရေဂါ က လာမယ့် ပရီးမီးယားလိဂ်ရာသီမှာလည်း အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး တို့ပဲ ချန်ပီယံဆုအတွက် အဓိကအားပြိုင်ကြမယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
🎙️ ကာရေဂါ က –
«"အပြောင်းအရွှေ့ဈေးကွက် ပိတ်ဖို့ အချိန်ကျန်သေးတယ်။ မန်စီးတီးက ကစားသမားသစ် ထပ်ခေါ်နိုင်သေးတယ်။ ဒါပေမယ့် ဒီနှစ်လည်း အာဆင်နယ်နဲ့ မန်စီးတီးရဲ့ အားပြိုင်မှုကိုပဲ မြင်ရမယ်လို့ ထင်ပါတယ်။"»
ဒါ့အပြင် ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စကာ ရဲ့ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပြီး၊
«"မာရက်စကာက ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ နည်းပြပါ။ သူ့ရဲ့ နည်းစနစ်နဲ့ ချဲလ်ဆီးမှာ ပြသထားတာတွေက အထင်ကြီးစရာကောင်းပါတယ်" လို့ ဆိုခဲ့ပါတယ်။»
နောက်ဆုံးမှာတော့ ရိုဒရီ ဟာ မန်စီးတီးရဲ့ အရေးအပါဆုံး ကစားသမားဖြစ်ပြီး၊ သူ့ကိုသာ အသင်းမှာ ဆက်ထိန်းထားနိုင်မယ်ဆိုရင် မန်စီးတီးဟာ အာဆင်နယ်အတွက် အကြီးမားဆုံး ပြိုင်ဘက်အဖြစ် ဆက်ရှိနေဦးမယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။
💬 မင်းတို့အမြင်ကရော... ၂၀၂၆-၂၇ ပရီးမီးယားလိဂ် ချန်ပီယံက ဘယ်အသင်းဖြစ်မလဲ? 👇
28/07/2026
💰🐐 ရော်နယ်ဒိုရဲ့ အယ်လ်နာဆာဝင်ငွေက ဒေါ်လာ ၇၃၅ သန်းအထိ ရှိလာပြီ
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာ အသင်းကို ရောက်ရှိလာပြီးနောက် လစာနဲ့ အပိုဆုကြေးတွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၃၅ သန်း ရရှိခဲ့တယ်လို့ ဖော်ပြထားတဲ့ အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။
၄ နှစ်မပြည့်သေးတဲ့ ကာလအတွင်းမှာပဲ ပေါ်တူဂီစူပါစတားဟာ ဘောလုံးသမိုင်းတစ်လျှောက် စာချုပ်ဝင်ငွေ အများဆုံးရရှိတဲ့ ကစားသမားတွေထဲက တစ်ယောက် အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။
📊 ဖော်ပြထားတဲ့ ဝင်ငွေအသေးစိတ်
💵 အခြေခံလစာ (၃ နှစ်ခွဲ) – ဒေါ်လာ ၇၀၀ သန်း
⚽ သွင်းဂိုး (၁၂၉) ဂိုး အပိုဆု – ဒေါ်လာ ၁၂.၉ သန်း
🎯 ဂိုးဖန်တီးမှု (၂၃) ကြိမ် အပိုဆု – ဒေါ်လာ ၁.၁၅ သန်း
👟 ရွှေဖိနပ်ဆု (၂) ကြိမ် – ဒေါ်လာ ၁၀ သန်း
🏆 ဆော်ဒီပရိုလိဂ် ချန်ပီယံဆု – ဒေါ်လာ ၁၀ သန်း
💰 စုစုပေါင်း – ဒေါ်လာ ၇၃၅ သန်း
🔥 အကယ်၍ ဒီရာသီမှာလည်း ရော်နယ်ဒိုက လက်စွမ်းကောင်းတွေ ဆက်လက်ပြသပြီး စာချုပ်ပါ အပိုဆုတွေ ထပ်မံရရှိခဲ့မယ်ဆိုရင်၊ စုစုပေါင်း စာချုပ်ဝင်ငွေဟာ ဒေါ်လာ ၁ ဘီလီယံ နီးပါးအထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
25/07/2026
🧤🇨🇻 OFFICIAL! ကမ္ဘာ့ဖလားစတား ဗိုဇင်ညာ ကိုလိုကိုလိုသို့ ပြောင်းရွှေ့
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိပ်ဗာဒီအသင်းနဲ့အတူ လက်စွမ်းပြသခဲ့တဲ့ ဂိုးသမား ဗိုဇင်ညာ ဟာ ချီလီထိပ်သီးကလပ် ကိုလိုကိုလို အသင်းကို တရားဝင် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
ကိုလိုကိုလိုအသင်း ဥက္ကဋ္ဌ အနီးဘား မိုဆာ က ဒီအပြောင်းအရွှေ့ကို သောကြာနေ့ညမှာ အတည်ပြုခဲ့ပြီး၊ ဗိုဇင်ညာဟာ ချီလီကို သွားရောက်ကာ ဆေးစစ်မှုခံယူပြီးနောက် မိုနူမန်တယ်ကွင်းမှာ ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
🌍 ကမ္ဘာ့ဖလားအပြီး အသင်းလက်မဲ့ ဖြစ်နေချိန်မှာ ဗိုဇင်ညာကို ဘရာဇီးကလပ်အသင်းတွေအပြင် အင်တာမိုင်ယာမီ ကလည်း စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
🗣️ CBS နဲ့ အင်တာဗျူးတစ်ခုမှာ ဗိုဇင်ညာက "အနည်းဆုံး ၁ နှစ်၊ ဒါမှမဟုတ် ၂ နှစ်လောက် ဆက်ကစားချင်သေးတယ်" လို့လည်း ပြောကြားထားပါတယ်။
🏆 ၂၀၂၆ ကမ္ဘာ့ဖလားမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့တဲ့ ဗိုဇင်ညာဟာ ပရိသတ်မဲပေးရွေးချယ်မှု ၃၉.၆% ရရှိကာ Team of the Tournament ထဲက ဂိုးသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။
👏 ကမ္ဘာ့ဖလားကနေ စတင်ခဲ့တဲ့ အောင်မြင်မှုခရီးစဉ်ဟာ အခုတော့ ချီလီဘောလုံးလောကမှာ ဆက်လက်ရေးသားသွားတော့မှာ ဖြစ်ပါတယ်။
23/07/2026
🏆 OFFICIAL! FIFA က ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ Team of the Tournament ကို ထုတ်ပြန်လိုက်ပြီ
FIFA က ရွေးချယ်ထုတ်ပြန်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အကောင်းဆုံးအသင်းမှာ ကိပ်ဗာဒီဂိုးသမား ဗိုဇင်ညာ ပါဝင်လာတာက အကြီးမားဆုံး အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။
ကိပ်ဗာဒီဟာ ဗိုလ်လုပွဲမတက်နိုင်ခဲ့ပေမယ့် ဗိုဇင်ညာက စပိန်၊ အာဂျင်တီးနားတို့နဲ့ ပွဲစဉ်တွေမှာ လက်စွမ်းပြသခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အခြားနေရာတွေမှာတော့ ရွေးချယ်မှုအများစုဟာ ထိုက်တန်တယ်လို့ သုံးသပ်ခံနေရပေမယ့်၊ ပြိုင်ပွဲတစ်လျှောက် ပေးဂိုး (၁) ဂိုးသာ ခွင့်ပြုခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုရရှိခဲ့တဲ့ ပါအု ကူဘာစီ မပါဝင်ဘဲ၊ ဒါယို အပ်ပါမီကာနို ပါဝင်လာတာ ကတော့ ပရိသတ်တွေကြား အငြင်းပွားစရာ ဖြစ်နေပါတယ်။
🌍 ၂၀၂၆ ကမ္ဘာ့ဖလား Team of the Tournament
🧤 GK – ဗိုဇင်ညာ 🇨🇻
🛡️ DEF – ကူကူရီယာ 🇪🇸 | အပ်ပါမီကာနို 🇫🇷 | လီဆန်ဒရို မာတီနက်ဇ် 🇦🇷 | ပက်ဒရို ပေါ်ရို 🇪🇸
🎯 MID – ဂျုဒ် ဘယ်လင်ဟမ် 🏴 | ရိုဒရီ 🇪🇸 | မိုက်ကယ် အိုလီဆေး 🇫🇷
⚽ FWD – လီယွန်နယ် မက်ဆီ 🇦🇷 | အာလင်း ဟာလန်း 🇳🇴 | ခီလီယန် အမ်ဘာပေ 🇫🇷
💬 မင်းအမြင်မှာ ဒီအသင်းထဲ မပါသင့်တဲ့သူ ဒါမှမဟုတ် ပါသင့်ပြီး မပါလာတဲ့သူ ရှိလား?
22/07/2026
🔴 အီရာအိုလာ – "လီဗာပူးလ်က ထပ်ပြီး အားဖြည့်ဖို့ လိုသေးတယ်"
လီဗာပူးလ်နည်းပြ အန်ဒိုနီ အီရာအိုလာ က လက်ရှိအသင်းရဲ့ လူစာရင်းမှာ အားနည်းချက်အချို့ ရှိနေသေးတာကြောင့် အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ထပ်မံအားဖြည့်သွားဖို့ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
🎙️ "ကျွန်တော်တို့အသင်းမှာ တိုးတက်အောင်လုပ်ရမယ့် နေရာတွေ ရှိနေသေးပါတယ်။ အထူးသဖြင့် တောင်ပံတိုက်စစ်ပိုင်းအပါအဝင် နေရာအချို့ကို ထပ်ပြီး အားဖြည့်နိုင်မယ်ဆိုရင် အသင်းအတွက် ပိုကောင်းလာမှာပါ။"
လီဗာပူးလ်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်အချို့ကို ခေါ်ယူထားပေမယ့် နည်းပြအီရာအိုလာကတော့ အသင်းရဲ့ လူစာရင်းကို ပိုမိုပြည့်စုံအောင် ဆက်လက်တည်ဆောက်လိုနေဆဲ ဖြစ်ပါတယ်။
👀 အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် လီဗာပူးလ်က ဘယ်ကစားသမားကို ထပ်မံခေါ်ယူမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။
16/07/2026
🐐✨ အသက်က နံပါတ်တစ်ခုသာ... အရည်အသွေးကတော့ မက်ဆီရဲ့ အမှတ်တံဆိပ်ပါ။
အသက် (၃၉) နှစ်ဆိုတာ ကစားသမားအများစုအတွက် ဘောလုံးကွင်းကို နှုတ်ဆက်ပြီး အတိတ်က အောင်မြင်မှုတွေကို ပြန်လည်အမှတ်ရနေမယ့် အရွယ်ပါ။
ဒါပေမယ့် လီယွန်နယ် မက်ဆီ အတွက်တော့ အဲဒီအသက်အရွယ်ဟာ သမိုင်းစာမျက်နှာသစ်တွေကို ဆက်လက်ရေးသားနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
အင်္ဂလန်လို အင်အားကြီးအသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာတောင် မက်ဆီဟာ သူ့ရဲ့ အတန်းအစားကို ထပ်မံပြသခဲ့ပါတယ်။ Rating (9.0) နဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရယူခဲ့ပြီး အသင်းကို ဦးဆောင်နိုင်ခဲ့တာက သူ့ရဲ့ အရည်အသွေးကို ထင်ဟပ်စေခဲ့ပါတယ်။
ကစားပုံ၊ အမြင်ကျယ်မှု၊ ဘောလုံးထိန်းချုပ်နိုင်စွမ်းနဲ့ ပွဲအပေါ် လွှမ်းမိုးနိုင်မှုတွေက အသက်အရွယ်ကို ကျော်လွန်နေဆဲဖြစ်ပြီး၊ သူဟာ ဘောလုံးလောကရဲ့ အထူးခြားဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။
🌍 သမိုင်းမှာ နာမည်ကျန်ရစ်တဲ့ ကစားသမားတွေ အများကြီးရှိပေမယ့် မက်ဆီလို ခေတ်တစ်ခေတ်ကို ကိုယ်စားပြုနိုင်တဲ့သူကတော့ ရှားပါးပါတယ်။
07/07/2026
🇵🇹 "ကျွန်တော်တို့ မကျရှုံးခဲ့ပါဘူး... ပွဲတစ်ပွဲကိုပဲ ရှုံးခဲ့တာပါ" — ရောဘတ်တို မာတီနက်ဇ်
ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ ပေါ်တူဂီအသင်း ထွက်ခွာခဲ့ပြီးနောက် နည်းပြရာထူးမှ နုတ်ထွက်ခဲ့တဲ့ ရောဘတ်တို မာတီနက်ဇ်က သူ့ရဲ့နောက်ဆုံး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။
🎙️ "ကျွန်တော်တို့ မကျရှုံးခဲ့ပါဘူး။ ကျွန်တော်တို့ ပွဲတစ်ပွဲကိုပဲ ရှုံးခဲ့တာပါ။ ရေပန်းစားတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ကစားသမားတွေက တစ်ဦးချင်းစွမ်းဆောင်ရည် အကောင်းဆုံးကို ပြသခဲ့ကြပါတယ်။
ပွဲကြီးတွေမှာ အဆုံးအဖြတ်ပေးတာက အသေးစိတ်အချက်လေးတွေပါ။ တိုင်ထိတဲ့ ဘောလုံးတစ်လုံး၊ အခွင့်အရေးတစ်ကြိမ်... ဒီလို အခိုက်အတန့်တွေကပဲ ကမ္ဘာ့ဖလားရဲ့ ရလဒ်ကို ဆုံးဖြတ်ပေးပါတယ်။
ကျွန်တော်တို့က နောက်ဆုံးမိနစ်အထိ အနိုင်ရဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုအဆင့်မှာ အမြဲတမ်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ထိန်းထားနိုင်ဖို့က ဘယ်အသင်းအတွက်မဆို အလွန်ခက်ခဲပါတယ်။"
မာတီနက်ဇ်ဟာ ၂၀၂၃ ခုနှစ်ကစပြီး ပေါ်တူဂီအသင်းကို ကိုင်တွယ်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်မှာ UEFA Nations League ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
📊 မာတီနက်ဇ်၏ ပေါ်တူဂီအသင်း မှတ်တမ်း
🏟️ ၄၅ ပွဲ
✅ ၃၀ ပွဲနိုင်
🤝 ၉ ပွဲသရေ
❌ ၆ ပွဲရှုံး
ပေါ်တူဂီအသင်းနဲ့ လမ်းခွဲခဲ့ပေမယ့် မာတီနက်ဇ်ရဲ့ ခရီးစဉ်ကတော့ ပရိသတ်တွေအတွက် မှတ်မိစရာတွေ ချန်ထားခဲ့ပါတယ်။
04/07/2026
🗣️ လီယွန်နယ် မက်ဆီ
"ဒီပွဲက တကယ်ကို ခက်ခဲမယ့်ပွဲဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒီကမ္ဘာ့ဖလားမှာ ဘယ်အသင်းကမှ အခွင့်အရေးကို လွယ်လွယ်ပေးမှာ မဟုတ်ပါဘူး။
အခုတော့ ကျွန်တော်တို့ အနားယူမယ်၊ အားပြန်ဖြည့်မယ်၊ ပြီးရင် နောက်လာမယ့်ပွဲအတွက် အပြည့်အဝ အာရုံစိုက်သွားမှာပါ။
ကိပ်ဗာဒီအသင်းကိုလည်း ဂုဏ်ယူတယ်လို့ ပြောချင်ပါတယ်။ သူတို့ တကယ်ကို အကောင်းဆုံး ကြိုးစားကစားခဲ့ကြပါတယ်။"
💙 ခက်ခဲတဲ့နိုင်ပွဲတစ်ပွဲပြီးနောက် ပြိုင်ဘက်ကို လေးစားမှုအပြည့်နဲ့ ချီးကျူးခဲ့တဲ့ မက်ဆီ။ ဒါဟာ ကွင်းထဲက အရည်အသွေးတင်မကဘဲ ကွင်းပြင်ပက ခေါင်းဆောင်မှုကိုပါ ထင်ဟပ်စေတဲ့ စကားလုံးတွေပါ။
29/06/2026
🔥🏆 ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ရဲ့ အကြိတ်အနယ်ဆုံးည ရောက်လာပါပြီ!
ဒီနေ့ညနဲ့ မနက်ဖြန်မနက်မှာတော့ ရှုံးထွက်အဆင့်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲစဉ်တွေကို စောင့်ကြည့်ရတော့မှာပါ။
🇧🇷 ဘရာဇီး 🆚 ဂျပန် 🇯🇵
ဒီပွဲဟာ ပွဲစကနေ ပွဲပြီးအထိ အရှိန်မလျော့နိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
အသင်းလိုက်စည်းလုံးမှုကို အားထားတဲ့ ဂျပန်နဲ့ စတားကစားသမားတွေရဲ့ အရည်အသွေးကို အားထားတဲ့ ဘရာဇီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အရမ်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။
ဗီနီစီယပ်စ်၊ ကွန်ညာနဲ့ ဘရူနို ဂွီမာရက်စ်တို့ ခြေစွမ်းပြနိုင်ရင် ဘရာဇီးက အသာရနိုင်ပေမယ့် မပြနိုင်ခဲ့ရင်တော့ ဂျပန်က Surprise Result ဖန်တီးသွားနိုင်ပါတယ်။ အချိန်ပိုအထိ ရောက်သွားနိုင်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။
🇳🇱 နယ်သာလန် 🆚 မော်ရိုကို 🇲🇦
ဒီပွဲကလည်း ဘရာဇီး-ဂျပန်ပွဲထက် မလျော့တဲ့ အရည်အသွေးရှိပါတယ်။
ဖရန်ကီ ဒီယွန်၊ ရိန်းဒါးစ်၊ ဂရာဗန်ဘာ့ချ်တို့ရဲ့ နယ်သာလန်ကွင်းလယ်နဲ့ မော်ရိုကိုရဲ့ သန်မာတဲ့ ကွင်းလယ်တိုက်ပွဲက ပွဲရဲ့ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။
နှစ်သင်းစလုံး ခံစစ်ကောင်းတဲ့အတွက် ဂိုးမများဘဲ အချိန်ပို၊ ပင်နယ်တီအထိတောင် ရောက်သွားနိုင်ပါတယ်။ ဘယ်အသင်း အနိုင်ရမယ်ဆိုတာ ခန့်မှန်းရခက်တဲ့ ၅၀-၅၀ ပွဲစဉ်တစ်ပွဲပါ။
🇩🇪 ဂျာမနီ 🆚 ပါရာဂွေး 🇵🇾
ဂျာမနီသာ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်မယ်ဆိုရင် အနိုင်ရဖို့ အလားအလာများနေပါတယ်။
👀 မင်းတို့ကတော့ ဒီည ဘယ်အသင်းတွေ နိုင်မယ်လို့ ထင်လဲ?